Golden Island Cottages - Nampan Hotel

Golden Island Cottages - Nampan Hotel Golden Island Cottages Hotel is belong to the Pa O regional community. It is a community business. natural swimming pool
(301)

 #မင်္ဂလာဥရုတိုင်ကို_အောင်မြင်စွာစိုက်ထူပြီးကြောင်း၁၃၅၈ခု တန်ခူးလဆန်း(၁၅)ရက် လပြည့်နေ့ (၁/၄/၂၀၂၆) ဗုဒ္ဓဟူးနေ့သိကြားမင်းမ...
01/04/2026

#မင်္ဂလာဥရုတိုင်ကို_အောင်မြင်စွာစိုက်ထူပြီးကြောင်း

၁၃၅၈ခု တန်ခူးလဆန်း(၁၅)ရက် လပြည့်နေ့
(၁/၄/၂၀၂၆) ဗုဒ္ဓဟူးနေ့
သိကြားမင်းမြေခံရက်နေ့
မင်္ဂလာအချိန်ဖြစ်သော နံနက် ၅ နာရီ ၄ မိနစ်အချိန်တွင်
မင်္ဂလာဥရုတိုင်ကို စတင်စိုက်ထူကြကာ
"ရွှေကျွန်းမျောဟိုတယ်" Golden Island Cottages Hotel (Nampan) အဆောင်သစ်ကို အောင်မြင်စွာ ဆောက်လုပ်ကြပါပြီ။

ဤဟိုတယ်နှင့်ဆက်စပ်သမျှ ပုဂ္ဂိုလ်များအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါ‌စေ ချမ်းသာကြပါစေ .....

ဘေးဘယာဝေးကွာကြ၍
ကောင်းခြင်းမင်္ဂလာ အဖြာဖြာတို့နှင့် ပြီးပြည့်စုံကြပါစေ.....

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ.....

ရွှင်လန်း ချမ်းမြေ့ကြပါစေ.....

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုးလိုရာဆန္ဒ ပြီးပြည့်စုံကြပါစေ.....

မိမိတို့၏ခန္ဓာ့ဝန် သာသနာ့ဝန်ကို လွယ်ကူစွာ ရွက်ဆောင်နိုင်ကြပါစေ.....
🙏💐🌹🌿🙏

26/03/2026

အခု အဆောင်မကြီးအတွက်
တိုင်ကျင်း တူးနေပါပြီ
Come on 👏🥰👏

ဒီအချိန်ရွာတဲ့ မိုးကိုဘာမိုးလို့ ခေါ်ရမလဲ ?ဆောင်းနှင်းမိုး လို့ပဲ ခေါ်ရမလားမိုးနှောင်း လို့ပဲ ခေါ်ရမလားမြူနှင်းမိုး လားဘ...
19/11/2025

ဒီအချိန်ရွာတဲ့ မိုးကို
ဘာမိုးလို့ ခေါ်ရမလဲ ?
ဆောင်းနှင်းမိုး လို့ပဲ ခေါ်ရမလား
မိုးနှောင်း လို့ပဲ ခေါ်ရမလား
မြူနှင်းမိုး လား
ဘာမိုးလေးလဲ ဖြေပေးပါလား ?

Contact
Phone & Viber 095210182

မွေတော်ကက္ကူဘုရားဖူးရင်း တောသဘာဝအလှအပကို ခံစားကြည့်ရှုရင်း တည်းခိုနိုင်တဲ့ ဘုရားအနီးမျက်နှာချင်းဆိုင်က လှိုင်ကွန်းဟိုတယ်
17/11/2025

မွေတော်ကက္ကူဘုရားဖူးရင်း
တောသဘာဝအလှအပကို ခံစားကြည့်ရှုရင်း တည်းခိုနိုင်တဲ့ ဘုရားအနီးမျက်နှာချင်းဆိုင်က လှိုင်ကွန်းဟိုတယ်

ဟိုတယ်ရောက်ရင် ကိုယ်ကိုယ်တိုင် လှေလှော်နိုင်တယ် နော်ဆက်သွယ်ရန်Phone & Viber 095210182
14/11/2025

ဟိုတယ်ရောက်ရင် ကိုယ်ကိုယ်တိုင် လှေလှော်နိုင်တယ် နော်

ဆက်သွယ်ရန်
Phone & Viber 095210182

၂၀၂၅ခုနှစ် ၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၂၉.၁၀.၂၀၂၅ မှ ၅.၁၁.၂၀၂၅ အထိ ညမီးကြီးစိန်နားပန် လွတ်တင်မည် အစီအစဉ္( * )ပြထားသော...
24/10/2025

၂၀၂၅ခုနှစ် ၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
၂၉.၁၀.၂၀၂၅ မှ ၅.၁၁.၂၀၂၅ အထိ ညမီးကြီး
စိန်နားပန် လွတ်တင်မည် အစီအစဉ္

( * )ပြထားသောအရာစိန်နားပန်

-channel

သမုဒ္ဒရာ ဝမ်းတထွာအင်းရေပြင်မှာနေ့စဉ်ဖွေရှာကိုတံငါ
24/10/2025

သမုဒ္ဒရာ
ဝမ်းတထွာ
အင်းရေပြင်မှာ
နေ့စဉ်ဖွေရှာ
ကိုတံငါ

 #တောင်ကြီးတန်ဆောင်တိုင် လည်ပတ်မည့် ဧည့်သည်များအတွက် သတိပြုရန် (1) ဘွတ်ဖိနပ် မဖြစ်မနေ စီးစေချင်ပါတယ်။ ပြီးတော့ တချို့နှစ...
22/10/2025

#တောင်ကြီးတန်ဆောင်တိုင် လည်ပတ်မည့် ဧည့်သည်များအတွက် သတိပြုရန်

(1) ဘွတ်ဖိနပ် မဖြစ်မနေ စီးစေချင်ပါတယ်။
ပြီးတော့ တချို့နှစ်တွေ တော်တော်အေးလို့ မာဖလာ(သို့) ခြုံသဘက်များ ဆောင်ပေးပါ။
ပွဲခင်းထဲ ထိုင်ရန် ယိုးဒယားဖျာ များယူသွားနိုင်ပါသည်။
ပွဲခင်းထဲတွင် ဇာလာအိတ်များ ရောင်းသည်။

(2)ပွဲတော်ထဲတွင်း ရောင်းသောဆိုင်များတွင်ဖြစ်နိုင်ရင် မဝယ်စားပါနဲ့
စျေးအရမ်းကြီးလွန်းပါတယ်
ဆိုင်ခန်းခ စျေးကြီးသောကြောင့်ဖြစ်ပါတယ်
ပွဲလည်ပြီးတာနဲ ညစျေးမှာ ဝင်စားလိုက်ပါညလုံးပေါက်ဖွင့်ပါတယ်

(2) မိန်းကလေးများ ကုတ်အကျီအရှည်ဖြင့် လည်ပတ်လျှင်ပို၍သင့်တော်ပါမည်။
မိမိ မိန်းကလေးအဖွဲ့မှာ အနည်းဆုံး ယောက်ကျားလေး နှစ်ယောက် (သို့) အဒေါ်အရွယ် များပါ လျှင် ပိုကောင်းပါမည်။
ခါးပတ်နိူက် သတိပြုပါ။
မီးပုံးပျံ လွှတ်တင်ခြင်း အချိန်ဇယားယူထားပါ။
တည ပျမ်းမျှ 12 လုံးခန့်လွှတ်တင်သည်။

စိန်နပန်း (မီးပုံးဖြင့်အလှဆင်) နှင့်
ညမီးကြီး(မီးရူးမီးပန်း) အမျိုးအစားတွေက ညလွှတ်များဖြစ်သည်။

(3) လမ်းပိတ်သောကြောင့် ကားနှင့်သွားသော ဧည့်သည်များ
စောစော ပွဲခင်းသို့ သွားသင့်သည်။
၆ နာရီ ၇ နာရီခန့် ။
ဖွင့်ပွဲနေ့တွင် 3 နာရီ ခန့်အရောက်သွားမှ အဆင်ပြေပါလိမ့်မယ်နော်။
အဖိတ်နေ့နဲ့ လပြည့်နေ့ ကားနဲ့သွားမယ်ဆို
နေ့လည် ၁၂နာရီလောက်ကတည်းကသွားမှ အဆင်ပြေပါ့မယ်
(နောက်ကျရင်မိုးလင်းသွားမယ် ကွင်းထဲမရောက်ဘူးဖြစ်မယ်) ။
တောင်ပေါ်ဒေသ၏ ယဉ်ကျေးမှု ရိုးရာအလှ အကများမြင်တွေ့နိုင်တဲ့
အရမ်းလှတဲ့ဖွင့်ပွဲကို မလွတ်ပါစေနှင့်။(တကယ်လှ လွန်းလို့ပါ)

လူကွဲသွားပါက ပြန်ဆုံရန် ပွဲခင်းထဲတွင် ဆုံမှတ် တခုသတ်မှတ်ပါ။

(4) ပွဲစျေးလမ်းတလျောက် သိပ်မငေးဖို့ အကြံပေးပါရစေ။
ကိုယ့် အဖော်လက်ကို တွဲထား၊ ပခုံးဖက်ပြီး သွားပါ။
လူကြပ်သောနေရာများတွင် မီးရထားလို ပုံစံ လုပ်ပြီးသွားကြသည်။
သွားမှရသည်။

(5) ညမီးကြီး မီးပုံးပျံ လွတ်တင်ရန်အနေအထားတခုတွင်
သင်က လေလမ်းကြောင်း၏ ဆန့်ကျင်ဘက်တွင် နေပါ။
( လေလမ်းကြောင်းအား မီးစာ၊ မီးဇော် အငွေ့များ မြူနှင်းအားများ ကြည့်ခြင်းဖြင့်သိနိုင်သည်။)
အိပ်နေသူများအား နိုးပါ သတိရှိပါ။
ညမီးကြီး ၏မီးရူးမီးပန်းများ ကိုယ့်ဆီအနီးကပ်လာဝှန်းပါက အပေါ်ကြည့်၊ အောက်ကြည့်၊ လှည့်ကြည့်လျက် ပြေးပါ။
ကျောပေးပြီး လျှောက်မပြေးပါနှင့်။
(ကျနော် ကျောပေးပြီး ပြေးခဲ့တုန်းက အနွေးထည် အင်ကျီ မီးရူးမှန်ပေါက်ပြဲပြီး အပေါ်မကြည်ဘဲ ပြေးသောကြောင့် မီးပုံးပျံက ကိုယ့်ခေါင်းပေါ်တည့်တည့်ရောက်နေတာမျိုး:D)။
မရယ်နှင့် တကယ်ကြုံလာရင် သွေးရူးတမ်းရူးလျောက်ပြေးကြတာ။

စိန်နပန်းမီးပုံးပျံက တော့ အန္တရာယ်နည်းပြီး အနီးကပ်ကြည့်နိုင်ပါတယ်။

(6) လောင်းကစားဝိုင်းရှိတယ် အပျော်တမ်းလောက်တာကောင်းသည်။ လောင်းကစား အစား ဒေသ အစားအစာများ၊ အဝတ်အထည်များ၊ စျေးသည်လေးများအား အားပေးဝယ်ယူသုံးဆောင်ခြင်းဖြင့် သင့်လာရောက်လည်ပတ်သောဒေသအား အထောက်အကူပြုပါစေ။

(7) အဖိတ်နေ့နှင့် လပြည့်နေသည် လူများသောကြောင့်
ကြုံဖူးမှ သိလိမ့်မယ်
တညတည လူပျောက်ကြေငြာတွေ ရာချီ ပြန်ကြားရေးအဖွဲ့မှ အော်ပေးနေရသည်။

လူများပါက ဦးဆောင်သူ လူတလောက်အား
မိုးပျံပူပေါင်းကိုင်စေခြင်းဖြင့် လူမပျောက်အောင် လုပ်ပါ
(သို့) တယောက်နှင့် တယောက် လက်တွဲခြင်း နောက်ဖက်မှ ပခုံးတွဲခြင်းများလုပ်ပါ။

( ဖုန်းလိုင်းကြပ်သောကြောင့် လူပျောက်လျှင်ရှာရခက်သည်။ ပြန်ကြားရေးတို့ အကူအညီတောင်းနိုင်သည်၊)

(8) တတ်နိုင်သလောက် သူများခြေထောက်မနင်းမိပါစေနှင့်။
ပခုံးမတိုက်မိပါစေနှင့် ။
အထူးတဖြင့် ယောက်ကျားလေးများ ပခုံးတိုက်မိလျှင်လဲ နောက်ပြန်လှည့်မကြည့်ပါနှင့်။
ပြဿနာ လာရှာပါက ရှောင်ပါ။
သင်ငေးလျှင် သင့်နောက်လူ က သင့်ဖိနပ် ဖွေးဖွေးအား နင်းလိမ့်မည်။

(9) အစားလျော့စားပါ။
ရေလျော့သောက်ပါ။
မိန်းကလေးများ အပေါ့အလေး သွားဖို့ ခက်ခဲပါသည်။
ဝေးလံသည်။
ယောက်ကျားလေးများ လျော့သောက်ပါ အမူးမလွန်စေနှင့်။
မသောက်လျှင်အကောင်းဆုံးပေါ့။

(10) မီးပုံးပျံ အဖွဲ့များအား မသိလျှင် ဝင်မရောပါနှင့်။
လမ်းမှာတွေ့ပါစေ ပွဲခင်းထဲတွေ့ပါစေ
ယမ်းခွေကား အနီး မကပ်ပါနှင့်။
မီးပုံပျံ အဖွဲ့များ ကြိုးကွင်း၍သွားလေ့ရှိသည်။
ကြိုးကွင်းထဲ မဝင်ပါနှင့်
၄င်းတို့အနီးဆေးဆိပ် မသောက်ပါနှင့်။

တောင်ပေါ်သားများ၏ ဖော်ရွှေမူသည် ကြိုးကွင်းအထဲတွင် ခြွင်းချက်ဖြစ်သည်။
စပ်စုနိုင်သည် လေ့လာနိုင်သည်။ အိုးစည်ဗုံးမောင်းများကြား ပျော်ရွှင်စွာ သင် နွဲပျော်နိုင်သည်။
ကြိုးစည်းဝိုင်းထဲတော့ မဝင်ပါနှင့်။
(အရိုက်ခံရမယ်)

(11) မီးပုံပျံ တလုံးကို လူအယောက်နှစ်ဆယ်ခန့် ၄ လ၅လ ခန့်အချိန်ယူရသည်။
ပင်တိုင် အဖွဲ့ဝင်များသည် နေ့မနား ညမအိပ် လုပ်ရသည်။
လူကော စိတ်ပါပင်ပန်းရပြီ
အသက်အန္တရာယ်များလှသည်။
စည်းနှင့်ကမ်းနှင့် လုပ်ကြရပြီ
အမှားမခံ ကြပါဘူး။

တခုခုဖြစ်ခဲ့သော်
၄င်းတို့သည် စိတ်အလွန်ထိခိုက်ပြီး ဒေါသထွက်နေသောကြောင့် ဝေးဝေးနေပါ။

(13)သူတို့မီး တစ်ခုခု ဖြစ်လို့ ဝမ်းနည်းပူဆွေးနေတဲ့အချိန်
က တာတို့ စောင်းမြောင်းပြောတာတို့ မြောက်ကြွ မြောက်ကြွ လုပ်တာတို့ သွားမလုပ်ပါနဲ
ပျားအုံကို တုတ်နဲ့ထိုးသလိုဖြစ်ပြီး
ဆွမ်းအကြီးကြီးအလောင်းခံရပါမယ်
(လွှတ်အောင်ပြေးပေတော့)
တန်ဆောင်တိုင်ပွဲက အရမ်းကိုပျော်ရွှင်ဖို့ကောင်းတဲ့ ပွဲပါ။
မြေပြန့်က ဧည့်သည်များအတွက်
အန္တရာယ်မဖြစ် စေလိုသောကြောင့် သတိပိုသည်မရှိ ဆိုသည့်အတိုင်း ရေးရခြင်းသာဖြစ်ကာ
အရမ်းလဲ မစိုးရိမ်ပါနှင့်။

ပွဲလည်ဖို့ စည်းကမ်းမလိုပါဘူး။
လုပ်သင့်တာ မလုပ်သင့်တာတော့ သိထားတော့ လည်လို့ကောင်းတာပေါ့။

မူရင်းရေးသားသူအား လေးစားစွာဖြင့် 🙏🙏🙏


မှတ်ချက်။ ။ အင်းလေး ရွှေကျွန်းမျောဟိုတယ် မှာ တည်းခိုပြီး တောင်ကြီးတန်ဆောင်တိုင်ပွဲကို နွဲပျော်နိုင်ပါတယ်
Contact 👇
Phone & Viber 09 5210 182

Photo credit

တောင်ကြီးမှာ အခန်းမရတော့ရင် တောင်ကြီးတောင်ဘက် ၂၆ မိုင်ခန့်အလိုမှာ အေးအေးလူလူ အပန်းဖြေတည်းခိုနိုင်ပါတယ် 🎄🌿🌾🪴💐🌹❤️🛌
22/10/2025

တောင်ကြီးမှာ အခန်းမရတော့ရင် တောင်ကြီးတောင်ဘက် ၂၆ မိုင်ခန့်အလိုမှာ အေးအေးလူလူ အပန်းဖြေတည်းခိုနိုင်ပါတယ် 🎄🌿🌾🪴💐🌹❤️🛌

ညနေ ဆည်းဆာအလှ09 5210 182
10/10/2025

ညနေ ဆည်းဆာအလှ

09 5210 182

ဟိုတယ်မှာတည်းခိုရင်းလှေလှော်နိုင်တယ် နော့Phone & Viber 09 5210 182
07/10/2025

ဟိုတယ်မှာတည်းခိုရင်း
လှေလှော်နိုင်တယ် နော့

Phone & Viber 09 5210 182

Booking မြန်မြန်တင်လိုက်တော့ #အင်းလေးရောက်ရင်နာမည်ကျော် ကမ္ဘာကျော်ဖောင်တော်ဦးဘုရားကျောင်းတော်နဲ့အနီးဆုံးအင်းလေးရဲ့ပထမဆုံ...
06/10/2025

Booking မြန်မြန်တင်လိုက်တော့

#အင်းလေးရောက်ရင်
နာမည်ကျော် ကမ္ဘာကျော်ဖောင်တော်ဦးဘုရားကျောင်းတော်နဲ့အနီးဆုံး
အင်းလေးရဲ့ပထမဆုံး
#ရေပေါ်ဟိုတယ်ဖြစ်တဲ့_ရွှေကျွန်းမျော (နန်းပန်မြို့) မှာ တည်းခိုပြီး
အေးအေးလူလူ အနားယူနိုင်ပါပြီ
🌳🌲🌾🌱🌿🍀🛌🛀🚣🏄🏊🍀🌿🌲🌳

(မြန်မာသက္ကရာဇ်ပြက္ခဒိန်ပုံသေ ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီ ခရီစဉ်ပုံပါ ထည့်ထားသည်)

🪴🌾🌿💐🌹🌳🌲🎄

#ဈေးနှုန်းသင့် ဈေးနှုန်းမှန် လုံးချင်းဘန်ဂလို အိပ်ခန်းများကတော့
နှစ်ယောက်အိပ် တညအတွက်

1. Superior Bungalow Room: 100000 MMK

2. Deluxe Bungalow Room: 120000 MMK

Extra pax - 40000 MMK
----

For Foreigners Two Pax
1. Superior Bungalow Room : 60 US$

2. Deluxe Bungalow Room: 80 US$

Extra Pax: 30 US$
---
Child policy
1. Under 5 years is free.

2. 6 to 10 years old is 30000 MMK for local and 10 US$ for foreigners.

3. Over 10 years old is 40000 MMK for local and 30 US$ for foreigners.

မနက်စာ Breakfast Included ပါပြီး ဖြစ်ပါတယ်
------
"Your perfect second home"

#ကြိုတင်ဆက်သွယ်ရန်
Phone & Viber 09 5210 182
, 09 401 621 727
-------
No - 09 253 259 426
Name -khun ba hein
------

Viber link
https://invite.viber.com/...

YouTube channel link
https://www.youtube.com/

ဟိုတယ်လမ်းညွှန်
https://m.facebook.com/story.php?story_fbid=1393114644429242&id=286718935068824&mibextid=Nif5oz
-----
Google maps မှာ nanpan market လို့ ရိုက်ရှာပါ။
ရောက်ခါနီးရင် 095210182 ကိုဖုန်းခေါ်ပါ။
စိတ်ကြိုက်စားသောက်ဆိုင်မှာ ကား ဆိုင်ကယ်အပ်ပြီး
မော်တော်လှေနဲ့လာကြိုပေးမယ်။
(၁၀) မိနစ်ခန့်မော်တော်လှေ စီးပြီး check in လုပ်နိုင်ပါပြီ။
မော်တော်လှေ ကြိုပို့ခ တကြောင်း (၈၀၀၀) ကျပ်ဖြစ်ပါတယ်။

#ရွှေကျွန်းမျောဟိုတယ်
#နန်းပန်ဟိုတယ်


#ရေပေါ်ဟိုတယ်

#အင်းလေးဟိုတယ်

Address

Nampan Village, Nyaung Shwe Township
Nyaungshwe
06085

Alerts

Be the first to know and let us send you an email when Golden Island Cottages - Nampan Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Island Cottages - Nampan Hotel:

Share

Category