Hotelier Association Chaung Tha Zone

Hotelier Association Chaung Tha Zone Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hotelier Association Chaung Tha Zone, Hotel, Chaung Tha, Pathein.

30.11.2013 ရက်နေ့ တွင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ရွက်လှေအားကစားပြိုင်ပွဲ အတွက် ပြင်ဆင်ထားမှုကို Ngwe Saung Yacht Cl...
03/12/2013

30.11.2013 ရက်နေ့ တွင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ရွက်လှေအားကစားပြိုင်ပွဲ အတွက် ပြင်ဆင်ထားမှုကို Ngwe Saung Yacht Club & Marina Development Ltd ငွေဆောင်ဇုန်အစည်းဝေးခန်းမ တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မှ လမ်းညွှန်မှာကြားစဉ်

02/12/2013
(1.12.2013) ရက်နေ့ ချောင်းသာကမ်းခြေ Grand Hotel တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊...
02/12/2013

(1.12.2013) ရက်နေ့ ချောင်းသာကမ်းခြေ Grand Hotel တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန မှ ၀န်ကြီး ဦးလှခိုင်၊ ဧရာဝတီတိုင်းဒေသကြီး (ပုသိမ်ရုံးခွဲ) ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးလှမိုး၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း တို့မှ ရွှေသောင်ယံမြို့နယ်ခွဲ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ချောင်းသာကမ်းခြေရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ ပိုင်ရှင်များ၊ မန်နေဂျာများအား တွေ့ဆုံပြီး ဒေသအကျိုးပြုရန် အချက်များအားလမ်းညွှန် မှာကြား ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်၊ ငွေဆောင်/ချောင်းသာဟိုတယ်ဇုန်တာဝန်ရှိသူများအားတွေ့ဆုံမှာကြား၊ ရွက်လှေအားကစားပြိုင်ပွဲ အားက...
16/11/2013

ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်၊ ငွေဆောင်/ချောင်းသာဟိုတယ်ဇုန်တာဝန်ရှိသူများအားတွေ့ဆုံမှာကြား၊ ရွက်လှေအားကစားပြိုင်ပွဲ အားကစားသမားများနေရာချထားမည့်နေရာများ လိုက်လံစစ်ဆေး၊

ပုသိမ်၊ နိုဝင်ဘာ(၉)

(27)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး တည်းခိုနေထိုင်ရေးနှင့်အစား အသောက်ဧည့်ခံ ကျွေးမွေးရေးကော်မတီဥက္ကဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်သည် (၉-၁၁-၂၀၁၃)ရက်နေ့ မွန်းလွဲ(၁)နာရီတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ငွေဆောင်ကမ်းခြေဒေသ Myanmar Treasure Resort Hotel အစည်းအဝေးခန်းမတွင် ငွေဆောင်/ချောင်းသာဟိုတယ်ဇုန်မှ ဟိုတယ်ဆိုင် ရာတာဝန်ရှိသူများအား တွေ့ဆုံရာ၊ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန ၀န်ကြီးဦးလှခိုင်နှင့် ငွေဆောင် မြို့နယ်ခွဲမှဌာနဆိုင်ရာများ၊ ငွေဆောင်/ချောင်းသာ ဟိုတယ်ဇုန်အသင်းများမှ တာဝန်ရှိသူများ၊ ဟိုတယ်မန်နေဂျာများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးကမှာကြားရာတွင် ဒီဇင်ဘာလတွင် ပြုလုပ်မည့် ၂၇ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ပွဲစဉ်များအနက် ငွေဆောင်ဟိုတယ်ဇုန်ဒေသ၌ ရွက်လှေပြိုင်ပွဲ ပါဝင်သည် ဖြစ်ရာ၊ ဟိုတယ်များအနေဖြင့် ပြိုင်ပွဲလာပြည်ပဧည့်သည်များအား အကောင်းဆုံး ဧည့်ဝတ်ပျူငှာမှုဖော်ပြနိုင်သော အခွင့်အရေးပင်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲလာ ဧည့်သည်များ အတွက် ပြိုင်ပွဲကျင်းပမည့်နေရာရှိဟိုတယ်ဇုန်အလိုက် ဟိုတယ်များတွင် တည်းခိုနိုင်ရန် အခန်းများ လျာထားခဲ့ပါကြောင်း၊ မိမိဟိုတယ်အဆင့်အတန်းကို လာရောက်မည့် ဧည့်သည်က ဆုံးဖြတ် သွားမည်ဖြစ်ရာ၊ အထူးသဖြင့် လူပုဂိုလ်လုံခြုံရေး၊ နေရာ လုံခြုံရေးကို ဂရုပြုရန်လိုကြောင်း၊ CCTV တပ်ဆင်ထားသည်မျှဖြင့်မပြီးဘဲ၊ စောင့်ကြည့်မည့်သူ၊ ၀န်ထမ်းများ၏ အကင်းပါးမှု၊လုံခြုံရေးအသိရှိမှု သည် အဓိကကျကြောင်း၊ မကြာမီကဖြစ်ပွားခဲ့သော အဖျက်လုပ်ရပ်များကြောင့် ခရီးသွားကဏ္ဍ တုံ့ဆိုင်းခဲ့ရသော်လည်း ယခု ခရီးသွားများပုံမှန်အတိုင်းပြန်လည်ဝင်ရောက်နေပြီဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးမှုအပေါ် လုံခြုံရေး လူမှုရေးပြသနာများမရှိရန်၊ ကိုယ်တိုင်မဖျက်မိရန်လိုကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေး master planရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဒေသအလိုက် ခရီးသွားလုပ်ငန်းစနစ်တကျဖွံ့ဖြိုးတိုးတက်ရေးတွင် ထိုဒေသရှိ ဌာနဆိုင်ရာ၊ လုပ်ငန်းရှင်၊ လူထု ပေါင်းစပ်ထိန်းကျောင်းမှုသည်အဓိကကျကြောင်း၊ သို့ဖြစ်ရာ ကမ်းခြေဟိုတယ်ဇုန်ဒေသဖွံ့ဖြိုးရေးအတွက် ဖွဲ့စည်းဆောင်ရွက်နေသည့် ဌာနဆိုင်ရာ၊ လုပ်ငန်းရှင်၊ လူထုအဖွဲ့များက အသိအမြင်အချိုးညီညီ အတ္တပရမျှတစွာဆောင်ရွက်ပေးရန် ဖြစ် ကြောင်းဖြင့် အကျယ်တ၀င့် ရှင်းလင်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသော ငွေဆောင်ဟိုတယ်ဇုန်နှင့်ချောင်းသာဟိုတယ်ဇုန် တာဝန် ရှိသူများက လုပ်ငန်းဆိုင်ရာသိရှိလိုချက်များ မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဖြေကြားပြီး၊ ငွေဆောင်ဟိုတယ်ဇုန်တွင် ဟိုတယ်များပွင့်လင်းရာသီ ပြန်လည်ဖွင့်လှစ်နေမှု အခြေအနေကို မော်တော်ယာဉ်ဖြင့် လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ငွေဆောင်ဟိုတယ်ဇုန်ရှိ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၊ ရွက်လှေပြိုင်ပွဲပြလုပ်မည့် ငွေဆောင်ရွက်လှေစခန်းသို့ ရောက်ရှိရာ မြန်မာနိုင်ငံ ရွက်လှေ အားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးမိုးမြင့်က ရွက်လှေစခန်းအတွင်း ပြိုင်ပွဲဝင်အားကစားသမား များ တည်းခိုနေရာချထားရေးပြုလုပ်မည့်အစီအမံ၊ တည်ဆောက်ပြီးရွက်လှေစခန်းအဆောက်အဦ အနေ အထားများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက် များဖြည့်စွက်မှာကြားပြီး၊ ရွက်လှေစခန်းအတွင်း အားကစားပြိုင်ပွဲအတွက် စီမံဆောင်ရွက်နေမှု အခြေ အနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ကမ်းခြေ ဟိုတယ်ဇုန်(၂)ဇုန်တည်ရှိသည့်အနက် ငွေဆောင်ဟိုတယ်ဇုန်တွင် ဟိုတယ်(21)လုံး အခန်း (၁၀၀၀)ကျော်၊ ချောင်းသာဟိုတယ်ဇုန်တွင် ဟိုတယ်(20)လုံး အခန်း(၇၀၀) ကျော်ဖြင့် SEA Gamesပြိုင်ပွဲလာ ဧည့်သည်အပါအ၀င် ပွင့်လင်းရာသီလာရောက်အပန်းဖြေမည့် ခရီးသွား ဧည့်သည်များအား ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(ပုသိမ်/ဟိုတယ်ခရီးဦးစီးဌာန)

Address

Chaung Tha
Pathein
11221

Alerts

Be the first to know and let us send you an email when Hotelier Association Chaung Tha Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category