Ayeyarwady Regional Red Cross

Ayeyarwady Regional Red Cross ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြက်ခြေနီလှုပ်ရှားမှုတွေကို ဖော်ပြပေးနေခြင်း ဖြစ်ပါသည်။

10/10/2025
ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးမောင်မောင်မြင့်သည် ယနေ့(20-9-2025)  ရက်နေ့တွင် ကွ...
20/09/2025

ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးမောင်မောင်မြင့်သည် ယနေ့(20-9-2025) ရက်နေ့တွင် ကွယ်လွန်ကြောင်း သိရသည့်အတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

ဒုတိုင်းတပ်ဖွဲ့မှူးဦးမောင်မောင်မြင့် ကောင်းရာသုဂတိလားပါစေ

ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့်တိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့

14/09/2025
ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့်ပုသိမ်တက္ကသိုလ်ကြက်​ခြေနီအသင်းခွဲတို့ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြ...
09/08/2025

ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့်ပုသိမ်တက္ကသိုလ်ကြက်​ခြေနီအသင်းခွဲတို့ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း ၁/၂၀၂၅ ဖွင့်ပွဲအခမ်းအနားကို ယနေ့ 9-8-2025 ရက်နေ့ နံနက်၉း၀၀နါရီတွင် ပုသိမ်တက္ကသိုလ် ပညာရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကြည်အောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အခမ်းအနားသို့ တိုင်းဥက္ကဌနှင့်အတူ တိုင်း၊ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ပုသိမ်တက္ကသိုလ်ပါ
မောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ်များ၊
ပုသိမ်ခရိုင်/မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ပုသိမ်မြို့နယ်/ပုသိမ်တက္ကသိုလ်ကြက်ခြေနီအသင်းခွဲဥက္ကဌများနှင့်အမှုဆောင်များ၊ပုသိမ်တက္ကသိုလ်မှ
တာဝန်ရှိသူများ၊နည်းပြဆရာ၊ဆရာမများနှင့် သင်တန်းသူ၊သားများ စုစုပေါင်း (၁၀၀)ဦးတက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ​သောင်းထိုက်မှ နှုတ်ခွန်းဆက်စကားပြောဆိုပြီး တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကြည်အောင်က အဖွင့်အမှာစကားပြောကြားပါသည်။ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကြည်အောင်က ပါမောက္ခချုပ်ဒေါက်တာသောင်းထိုက်၊ဒုတိယပါမောက္ခချုပ်များဖြစ်သော ဒေါက်တာခိုင်လယ်ဝင်းနှင့်ဒေါက်တာမိုးမိုးအေးတို့အားအမှတ်တရလက်ဆောင်ပစ္စည်းများ​ပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းကို ၉၊၁၀၊၁၆၊၁၇-၈-
၂၀၂ ၅ စနေ၊တနင်္ဂနွေ နေ့ရက်များတွင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသူ/သား (၇၅)ဦးတက်ရောက်ပါကြောင်းဖော်ပြအပ်ပါသည်။

Address

Pathein
Pathein
10011

Telephone

+959977115642

Website

Alerts

Be the first to know and let us send you an email when Ayeyarwady Regional Red Cross posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayeyarwady Regional Red Cross:

Share