ချောင်းသာကမ်းခြေလမ်းညွှန်&အခန်းဝန်ဆောင်မှု

  • Home
  • Myanmar
  • Pathein
  • ချောင်းသာကမ်းခြေလမ်းညွှန်&အခန်းဝန်ဆောင်မှု

ချောင်းသာကမ်းခြေလမ်းညွှန်&အခန်းဝန်ဆောင်မှု Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ချောင်းသာကမ်းခြေလမ်းညွှန်&အခန်းဝန်ဆောင်မှု, Chaung Thar Beach, Pathein.

05/05/2022
Chaung Tha Beach😍😍😘
20/11/2021

Chaung Tha Beach😍😍😘

12/08/2020
Hotel Aung Min Galar
21/01/2020

Hotel Aung Min Galar

🚌 ကမ်းခြေအပန်းဖြေ ခရီးသွား ကားလိုင်းများ 🚌ခရီးတစ်ခုသွားဖို့အတွက်ဆို ဟိုတယ်စီစဉ်ရတာနဲ့အတူတူ အရေးကြီးတာက ကားလက်မှတ်စီစဉ်ရတ...
13/10/2019

🚌 ကမ်းခြေအပန်းဖြေ ခရီးသွား ကားလိုင်းများ 🚌

ခရီးတစ်ခုသွားဖို့အတွက်ဆို ဟိုတယ်စီစဉ်ရတာနဲ့အတူတူ အရေးကြီးတာက ကားလက်မှတ်စီစဉ်ရတာပါ။ ဟိုတယ် booking တင်ထားပြီး ကားလက်မှတ်မရလို့လည်း မဖြစ်သလို၊ ကားလက်မှတ်ရပြီး ဟိုတယ်ရှာမရသေးဘူးဆိုရင်လည်း မဖြစ်ပြန်ပါဘူး။ ဒါကြောင့် ရန်ကုန် - ချောင်းသာ - ရန်ကုန် Express Bus တွေ အကြောင်း ပြောပြပေးချင်ပါတယ်။

ကားလိုင်းအများစုရဲ့ ပင်ရင်းဂိတ်တွေက ကျောက်မြောင်းမှာ ရှိကြပါတယ်။ ခရီးသည်တွေကိုတော့ ကားလမ်းကြောင်းတစ်လျှောက် နီးစပ်ရာဂိတ်တွေမှာ အကြိုအပို့လုပ်ပေးပါတယ်။

ပထမဆုံး ရန်ကုန်ဘူတာကြီး အောင်ဆန်းကွင်းမှာ ဖယ်ရီကားနဲ့ လာကြိုပေးပါတယ်။ အောင်ဆန်းကွင်းမှာ ည ၉ နာရီဝန်းကျင်လောက် လာစီးရပါတယ်။ ပြီးရင် ကျောက်မြောက်ကားဂိတ်ကို ခေါ်လာပေးပြီး သက်ဆိုင်ရာဘတ်စ်ကားတွေဆီ ပို့ဆောင်ပေးပါတယ်။

ကျောက်မြောင်းကနေ တာမွေ၊ ရွှေဂုံတိုင်၊ မြေနီကုန်း၊ ပြည်လမ်း၊ လှည်းတန်း၊ အင်းစိန်လမ်း၊ ဘုရင့်နောင်လမ်း၊ လှိုင်သာယာတစ်လျှောက် ကားရပ်နားရာနေရာတွေမှာ အကြိုအပို့လုပ်ပေးပါတယ်။ ကားလိုင်းတစ်ခုနဲ့တစ်ခု အချိန်နဲ့နေရာ အနည်းငယ်ကွာခြားတဲ့အတွက် ရန်ကုန်ကနေ စတင်ထွက်ခွာမယ့် ညနေမှာ ကားလိုင်းကနေ ဖုန်းဆက်ပြီး အချိန်၊ နေရာ၊ ကားနံပါတ်
ပြောပြပေးသလို ခရီးသည်များဘက်ကလည်း စတင်ဖုန်းဆက်ပြီး သေချာချိန်းဆိုမယ်ဆို ပိုအဆင်ပြေပါတယ်။

ညကားတွေ ဖြစ်တဲ့အတွက် ချောင်းသာကို မနက်အစောပိုင်းမှာ ရောက်တတ်ပြီး ချောင်းသာလမ်းမတစ်လျှောက် သက်ဆိုင်ရာဟိုတယ်တွေအထိ လိုက်ပို့ပေးပါတယ်။ အပြန်မှာတော့ မနက် ၉ နာရီခွဲလောက်မှာ ချောင်းသာလမ်းမတစ်လျှောက် သက်ဆိုင်ရာဟိုတယ်တွေမှာ ပြန်ကြိုပေးပါတယ်။ ရန်ကုန်ကိုတော့ ညနေ (၄) နာရီဝန်းကျင်မှာ ပြန်ရောက်ပါတယ်။

ကားလက်မှတ်များကို ရန်ကုန်မြို့တွင်းအိမ်အရောက်
ပို့ခပေးစရာမလိုပဲ ဝန်ဆောင်မှုပေးပါတယ်။
၁၀ဦးဝယ်လျှင် ၁ဦးအပိုလက်မှတ်တစ်စောင်နှုန်း
ပေးပါတယ်။

ရန်ကုန်< >ချောင်းသာ(သွား ပြန်) 15000
ရန်ကုန်< >ငွေဆောင် (သွား ပြန်) 18000
ရန်ကုန်< >ကျိုက်ထီးရိုး(သွား ပြန်) 12000

ကားလက်မှတ်များ ကြိုတင်ဝယ်ယူလိုပါက
📱09422461195သို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

🚌 ကမ်းခြေအပန်းဖြေ ခရီးသွား ကားလိုင်းများ 🚌ခရီးတစ်ခုသွားဖို့အတွက်ဆို ဟိုတယ်စီစဉ်ရတာနဲ့အတူတူ အရေးကြီးတာက ကားလက်မှတ်စီစဉ်ရတ...
09/10/2019

07/05/2019

ငါ့ သား ရေ ...

ဟိုတယ်ဆိုတာ လူအများနဲ့သက်ဆိုင်တဲ့
နေရာကွ။ ဒါကြောင့် လိုက်နာရမယ့် ကျင့်ဝတ်
လေးတွေသိထားသင့်တယ်နော် ။

- ဘူဖေးကြွေးရင် တန်းစီသင့်တယ်ကွ။
ကိုယ့်ရှေ့ကလူပြီးမှ အလိုက်သင့်လေး
လိုက်သွား။ ကျော်တက်တာ ကြားဖြတ်ဝင်တာ
မလုပ်နဲ့ကွ။ အလုအယက်မယူရဘူး။
ကိုယ်စားနိုင်သလောက်ယူရမယ်။
မစားပဲချန်မထားရဘူး။
အစားတလုပ်နဲ့ သိက္ခာကျမခံနဲ့ကွ။

- Public Area မှာ အခြားလူတွေရှိနေရင်
သူတို့ကို ငဲ့ညှာရမယ်ကွ။
အော်ကြီးဟစ်ကျယ်မပြောရဘူး။
ဖွာလောင်ဖွာလောင်မလုပ်ရဘူး။
တဝါးဝါးတဟားဟား မရယ်သင့်ဘူးကွ။
နိုင်ငံတကာမှာတော့ အဲဒါ ရိုင်းတယ်လို့
ထင်ကြတယ်။

- အခြားဧည့်သည်တွေရောရှိနေတဲ့နေရာမှာ
ဖုန်းအကျယ်ကြီးမပြောရဘူး၊ notifications
အသံတွေ တတိန်တိန် မမြည်အောင်လည်း
လုပ်ထား၊ အဲဒါ ကိုယ်နဲ့ပဲသက်ဆိုင်တယ်။
ပြီးတော့ ကိုယ့်ဖုန်းနဲ့သီချင်းဖွင့်မထားရဘူး။
လူ့အကြိုက်က တစ်ယောက်နဲ့တစ်ယောက်
မတူဘူးကွ။

- corridor နေရာတွေမှာ ပိတ်ထိုင်တာမျိုး၊
ပြေးလွှားတာမျိုး၊ အချင်းချင်းတွန်းထိုးတာမျိုး
လည်းမလုပ်သင့်ဘူးကွ။ မင့်ကို ဘယ်သူမှ
လာပြောမှာမဟုတ်ပေမယ့် စိတ်ထဲကတော့
နှစ်သက်ကြမှာ မဟုတ်ဘူး။

- Hotel Staff ဆိုတာ မင့်အလုပ်သမား
မဟုတ်ဘူးနော်။ သူ့တာဝန်သူ
ထမ်းဆောင်နေတာ။ ဒါကြောင့် မမောက်မာရ
ဘူး။ သူတို့ကိုလည်း ကောင်းကောင်းမွန်မွန်
ဆက်ဆံရတယ်။ ယဉ်ကျေးတယ်ဆိုတာ
ကိုယ့်အဆင့်အတန်းကိုပြတာ။

- အလုပ်သဘောအရဖြစ်စေ၊ ဝန်ထမ်းမို့ဖြစ်စေ
ကိုယ့်ကိုဝန်ဆောင်မှုတစ်ခုခုပေးရင်
" ကျေးဇူးပါ" ပြောဖို့မမေ့နဲ့ကွ။ စာဖိုမှုးချက်
ပေးလို့ကောင်းကောင်းစားရတယ်။ သန့်ရှင်းရေး
လုပ်ပေးလို့ သန့်သန့်ပြန့်ပြန့်တည်းခိုရတာလေ။
မင်းပေးထားတဲ့ အခန်းခကြောင့် ကိုယ့်ကိုယ်ကို
အရှင်သခင်လို့ မယူဆနဲ့။
အဲဒါ တောသားအတွေးအခေါ်ပဲ။

- အခန်းပြန်အပ်ချိန်မှာ တတ်နိုင်သလောက်
သပ်သပ်ရပ်ရပ်လေးဖြစ်အောင်ထားခဲ့သင့်
တယ်ကွ။ ဘာမှတော့မဖြစ်ပါဘူး။ သူတို့ရှင်း
ကြမှာပါ။ ဒါပေမယ့်ကွာ အမှိုက်ပုံကြီးလိုထား
ခဲ့ရမှာ ရှက်စရာကြီး။ ကိုယ်အဆင့်အတန်းနိမ့်
တာ လူသိတာပေါ့။

- ဝန်ထမ်းလေးတွေကို တတ်နိုင်သမျှ tip
( မုန့်ဖိုး)လေးတွေပေးခဲ့ဦးနော်။ ဒါက
ဝန်ဆောင်မှုနယ်ပယ်ရဲ့ထုံးစံဖြစ်သလို
ကိုယ့်ရဲ့အဆင့်အတန်းကိုပြရာရောက်တယ်။
သူတို့ရရှိတာမများလှပေမယ့် အဲဒီပီတိရဲ့အကျိုး
က ဟိုတယ်ကိုလာသူအားလုံးပေါ် သက်ရောက်
တယ်ကွ။

ဒါက အခြေခံ etiquette လေးတွေပဲ
ရှိသေးတယ်။
နောင်ဆိုရင် ဟိုတယ်ရွေးချယ်တဲ့အခါ
- သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေတဲ့
ဟိုတယ်လား? အမှိုက်စွန့်ပစ်တဲ့စနစ်မှန်ရဲ့
လား? ဒေသခံတွေအပေါ် လူမှုရေးဆိုးကျိုး
သက်ရောက်သလား? စတဲ့ စဉ်းစားစရာ
အချက်တွေ ရှိသေးသကွ။
နောက်မှ ပြောပြရဦးမယ်။

ကျင့်ဝတ်ဆိုတာ စာနဲ့ရေးပြီးစည်းကမ်းသတ်မှတ်
ထားတာမဟုတ်ဘူးကွ။ မလိုက်နာလည်း
ရတယ်ဆိုပေမယ့် ဒါက လူ့အဆင့်အတန်းကို
သတ်မှတ်ပေးတယ်။
အကောင်းစားအင်္ကျီဝတ်သလို အကောင်းစား
စိတ်ဓါတ်လည်းမွေးမြူမှ ယဉ်ကျေးမှုမြင့်တဲ့ လူ
ဖြစ်မယ် ငါ့ သား ရေ။

၁၆ ဧပြီ ၂၀၁၈

🌴🌊 ချောင်းသာကမ်းခြေကို🌴🌴🌊 Aprilလနဲ့Mayလအတွင်း🌴🌴🌊 လာရောက်လည်ပတ်လိုသူများအတွက်🌴🌴🌊 ဈေးသင့်တဲ့အခန်းဈေးနှုန်းများနဲ့မိတ်ဆက်ေ...
17/04/2019

🌴🌊 ချောင်းသာကမ်းခြေကို🌴
🌴🌊 Aprilလနဲ့Mayလအတွင်း🌴
🌴🌊 လာရောက်လည်ပတ်လိုသူများအတွက်🌴
🌴🌊 ဈေးသင့်တဲ့အခန်းဈေးနှုန်းများနဲ့မိတ်ဆက်ပေးပါရစေ။

👫 2ယောက်ခန်း 30000
👪 3ယောက်ခန်း 40000
👬👭 4ယောက်ခန်း 50000
👪👫 5ယောက်ခန်း 60000
👪👪 6ယောက်ခန်း 70000

အခန်းတိုင်း အိမ်သာ/ရေချိုးခန်းတွဲလျက်ပါရှိပြီး
Aconပါရှိပါတယ်။မီးပေးချိန်ကတော့ နေ့လည်
၁နာရီမှ နေ့လည်၃နာရီထိ။ညနေ၆နာရီမှ နံနက်
၆နာရီထိဖြစ်ပါတယ်။
နေရာကတော့ Amazing Hotelရှေ့ကားလမ်းခြား
ဖြစ်ပါတယ်။ဆင်းလမ်းနီးလို့ ကမ်းခြေလမ်းလျောက်
ဆင်းလျှင် ၃မိနစ်ခန့်လမ်းလျောက်ရပါတယ်။
🌴🌊🌴🌊🌴🌊🌴🌊🌴🌊🌴🌊🌴🌊🌴🌊🌴🌊
🚃 ကားလက်မှတ်များကိုလဲ ရန်ကုန်/ချောင်းသာ
သွားပြန်လူတစ်ဦးလျှင် 15000ဖြင့်ရန်ကုန်မြို့
တွင်းဆိုလျှင်ဖုန်းဆက်ရုံဖြင့် အိမ်တိုင်ရာယောက်
ပို့ခပေးစရာမလိုပဲ ပို့ဆောင်ပေးပါတယ်။
လက်မှတ်၁၀စောင်ဝယ်လျှင် အပိုလက်မှတ်
တစ်စောင်လက်ဆောင်ပေးသည့်အပြင်
လက်မှတ်၂စောင်လျှင် သိန်း၁၅၀တန်ကြေးရှိ
ကားကံစမ်းမဲလက်မှတ်တစ်စောင် ပေးမှာဖြစ်ပါတယ်။
🌴🌊🌴🌊🌴🌊🌴🌊🌴🌊🌴🌊🌴🌊🌴🌊🌴🌊
အခန်းကြိုတင် ဘိုကင်ပြုလုပ်လိုသူများနှင့်
ကားလက်မှတ်ဝယ်ယူလိုသူများ အောက်ပါ
ဖုန်းနံပါတ်သို့ ဆက်သွယ်ဝယ်ယူ စုံစမ်းမေးမြန်း
နိုင်ပါသည်ခင်ဗျာ။

📱 09422461195

ချောင်းသာသင်္ကြန်လဲလာချင်တယ် ဈေးလဲကြီးလို့ဆိုသူများဒီကိုလာဗျာ။🌊🌊🌊🌊🌊🌊🌊🌊🌊🌴2ယောက်ခန်း 60000🌴3ယောက်ခန်း 80000🌴4ယောက်ခန်း 1000...
30/03/2019

ချောင်းသာသင်္ကြန်လဲလာချင်တယ်
ဈေးလဲကြီးလို့ဆိုသူများ
ဒီကိုလာဗျာ။
🌊🌊🌊🌊🌊🌊🌊🌊🌊
🌴2ယောက်ခန်း 60000
🌴3ယောက်ခန်း 80000
🌴4ယောက်ခန်း 100000
🌴6ယောကခန်း 130000
🌊🌊🌊🌊🌊🌊🌊🌊🌊
April/May သင်္ကြန်ပိတ်ရက်မှ လွဲ၍
ကျန်ရက်များတွင်
🌴2ယောက်ခန်း 30000
🌴3ယောက်ခန်း 40000
🌴4ယောက်ခန်း 50000
🌴6ယောက်ခန်း 70000
🌊🌊🌊🌊🌊🌊🌊🌊🌊
နေရာ။ ။Amazing Hotelရှေ့
ကမ်းခြေဆင်းလမ်းနီးပါတယ်။
လမ်းလျောက်ဆင်းလျှင် 4မိနစ်
လျောက်ရပါမယ်။
အခန်းတိုင်း အိမ်သာ,ရေချိုးခန်းတွဲလျှက်
ပါရှိပြီးAcon,TVပါရှိပါတယ်။
🌊🌊🌊🌊🌊🌊🌊🌊🌊
ကားလက်မှတ် များကိုလဲ
သင်္ကြန်ရက် 25000
သောကြာ 18000
အခြားရက်များ 15000
နှင့်အသွား အပြန်လက်မှတ်များ
ဝယ်ယူနိုင်ပါသည်ခင်ဗျာ။
🌊🌊🌊🌊🌊🌊🌊🌊🌊
အခန်းဘိုကင်ပြုလုပ်လိုသူများ
ကားလက်မှတ် ကြိုတင်ဝယ်ယူလိုသူများ
အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်နိုင်ပါသည်ခင်ဗျာ😃
📱 09422461195
🌴🌊🌴🌊🌴🌊🌴🌊🌴🌊🌴🌊🌴🌊🌴🌊🌴🌊

သင်္ကြန်ရက်အတွင်း ချောင်းသာခရီးစဉ်အတွက်ဈေးသင့်တဲ့ တည်းခိုခန်းလေးနဲ့မိတ်ဆက်ပေးပါရစေ။2ယောက်ခန်း 700003ယောက်ခန်း 1000004ယောက...
13/03/2019

သင်္ကြန်ရက်အတွင်း ချောင်းသာခရီးစဉ်
အတွက်ဈေးသင့်တဲ့ တည်းခိုခန်းလေးနဲ့
မိတ်ဆက်ပေးပါရစေ။

2ယောက်ခန်း 70000
3ယောက်ခန်း 100000
4ယောက်ခန်း 120000

အခန်းတိုင်းအိမ်သာ ရေချိုးခန်း တွဲလျက်
ပါရှိပါတယ်။Acon,TVပါရှိပါတယ်။

နေရာကတော့ Amazing Hotelရှေ့
ကားလမ်းခြားဖြစ်ပါတယ်။
ကမ်းခြေ ဆင်းလမ်းနီးပြီး ၃မိနစ်ခန့်
လမ်းလျောက်ရပါတယ်။

အနည်းဆုံး ၂ရက်ယူပေးရပါမယ်။
အခန်းခ များကိုအကြေပေးချေရမှာ
ဖြစ်ပြီး၊ကြိုတင်Bookingပြုလုပ်လိုပါက
အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ်
စုံစမ်းမေးမြန်းနိုင်ပါသည်။

📱09422461195

Address

Chaung Thar Beach
Pathein
358415486

Alerts

Be the first to know and let us send you an email when ချောင်းသာကမ်းခြေလမ်းညွှန်&အခန်းဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share