11/10/2026
အထူးခြားဆုံး ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်… ဒါပေမဲ့ သူများနဲ့မတူတဲ့ ကိုယ်ပိုင်ဟန်လေးတစ်ခုတော့ ရှိနေတဲ့ နေရာလေးက Cottage House ပါ။ 🌿
Hotel ကြီးတစ်ခုလည်း မဟုတ်သလို၊ သာမန်တည်းခိုခန်းလေးတစ်ခုလည်း မဟုတ်ပြန်ပါဘူး။
Cottage House ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူအများကြီးနဲ့ စည်ကားနေတဲ့ နေရာမျိုးမဟုတ်ဘဲ လူနည်းနည်းလေးနဲ့ အေးအေးချမ်းချမ်း အနားယူနိုင်ဖို့ပါပဲ။
အခန်း ၈ ခန်းကနေ ၁၀ ခန်းဝန်းကျင်လောက်ကိုသာ တပိုင်တနိုင် စီမံခန့်ခွဲရင်း အခန်းတစ်ခန်းချင်းစီကို ကိုယ်တတ်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။
အခန်းတိုင်းမှာလည်း ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖွဲ့စည်းမှုလေးတွေနဲ့ မတူညီတဲ့ အလှတရားတွေ ရှိနေစေဖို့ ကြိုးစားထားပါတယ်။
အခမ်းနားဆုံး ဖြစ်ဖို့ထက် အေးချမ်းဖို့၊ အကြီးကျယ်ဆုံး ဖြစ်ဖို့ထက် နွေးထွေးဖို့၊ အများကြီးရှိဖို့ထက် ရှိသမျှလေးကို အကောင်းဆုံးဖြစ်အောင် ဂရုစိုက်ပေးနိုင်ဖို့က Cottage House ရဲ့ ခံယူချက်ပါ။
တစ်ခါတည်းခိုဖူးရင် နောက်တစ်ကြိမ်လည်း ပြန်လာချင်စေမယ့် နေရာလေးတစ်ခု ဖြစ်ဖို့… သဘာဝဆန်ဆန်၊ ရိုးရိုးရှင်းရှင်းနဲ့ အေးချမ်းမှုကို အဓိကထားပြီး Cottage House လေးကို အမြဲ ကြိုးစားဖန်တီးနေပါတယ်။