Babylon Trekking & Camping

Babylon Trekking & Camping A delightful new activity for those visiting Pindaya, Kalaw and Inle Lake regions.

A trekking&camping trip to the Babylon and it's intended for people who love nature and adventure and want to experience the traditions of ethnic groups. သဘာဝကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းတစ်ခုအဖြစ် babylon ဟာ အကောင်းဆုံးရပ်တည် လုပ်ဆောင်သွားမှာဖြစ်တယ်။

Deeply saddened by the tragic news of the avalanche on Broad Peak, our hearts go out to the families, friends, and loved...
01/08/2026

Deeply saddened by the tragic news of the avalanche on Broad Peak, our hearts go out to the families, friends, and loved ones of the climbers who lost their lives. We pray for the safety and immediate rescue of those missing and offer respect to the search teams operating in extreme conditions.

👉”မဲနယ်တောင်” သွားမယ်ဆို ဘယ်မဲနယ်တောင်လဲ? တောင်ကြီး ဟိုပုံးဘက်ကလား ပင်းတယ ရွာငံဘက်ကလား?ရှုပ်နေသူများအတွက် ရှင်းတမ်း ⛰️🌟📌...
08/07/2026

👉”မဲနယ်တောင်” သွားမယ်ဆို ဘယ်မဲနယ်တောင်လဲ? တောင်ကြီး ဟိုပုံးဘက်ကလား ပင်းတယ ရွာငံဘက်ကလား?
ရှုပ်နေသူများအတွက် ရှင်းတမ်း ⛰️🌟

📌ရှမ်းပြည်နယ်တောင်ပိုင်းကို ခရီးထွက်မယ်ဆိုရင် “မဲနယ်တောင်” ဆိုတဲ့ နာမည်ကို အားလုံးကြားဖူးကြမှာပါ။ ဒါပေမဲ့ မိတ်ဆွေတို့ သွားခဲ့ဖူးတဲ့၊ သွားဖို့ စိတ်ကူးနေတဲ့ မဲနယ်တောင်က ဘယ်မြို့နယ်က မဲနယ်တောင်လဲဆိုတာ သေချာခွဲခြားမိရဲ့လားခင်ဗျာ? 😉

လူအများစုက “မဲနယ်တောင်” ဆိုတာနဲ့ ဟိုပုံးဘက်က နေရာပဲလို့ သတ်မှတ် တွေးမိတတ်ကြပါတယ်။ တကယ်တော့ ရှမ်းတောင်မှာ “မဲနယ်တောင်” လို့ ခေါ်တဲ့ ဒေသကြီး နှစ်ခု ရှိနေပြီး ခရီးသွားတော်တော်များများ အမြဲအမှတ်မှား၊ အခေါ်မှားနေကြလို့ ဒီနေ့မှာ ဒွိဟရှင်းသွားအောင် Babylon ကနေပြီး သေချာလေး ပြောပြပေးချင်ပါတယ်။ 🤗

အလွယ်ဆုံး မှတ်ရအောင် တစ်ခုချင်းစီ ခွဲကြည့်ရအောင်နော် 👇

⛰️ ၁။ “ဟိုပုံးမြို့နယ်ဘက်က မဲနယ်တောင်”

တောင်ကြီး-ဟိုပုံးကနေ ဆီဆိုင်ဘက်ကိုသွားတဲ့လမ်းအရှေ့ဘက်ခြမ်းမှာရှိတာပါ။
ဒီတောင်တန်းရဲ့ အမြင့်ဆုံးတောင်ထိပ်ကတော့ နာမည်ကြီး “လွယ်မိုင်းတောင်” (၈,၂၆၃ ပေ)ပေါ့။ ဆောင်းတွင်းဆို တိမ်ပင်လယ်တွေ၊ တောင်ဇလပ်ပန်းတွေနဲ့ အရမ်းလှတာ။ တောင်တက်သမားတွေ သဘာဝတောတောင်နဲ့ adventure ကြိုက်သူတွေအတွက် သိပ်ကောင်းတဲ့နေရာပါ။

ဒီဒေသမှာ “ပအိုဝ်းတိုင်းရင်းသား”တွေ အဓိက နေထိုင်ကြပါတယ်။ ရုပ်ရှင်တွေထဲကလို ရှေးဟောင်းရိုးရာ သစ်သားအိမ်ခြေ ရာနဲ့ချီရှိတဲ့ “ကျောက္ကချားရွာ” တို့၊ “နမ်းဟုတ်တိုင်တစ်ရာကျောင်း” တို့ စံဖူး ဗန်းစောက်ရွာတွေရှိတာ ဒီမဲနယ်တောင်မှာပါနော်။

ချင်းမိုင်အနီးမှာ နာမည်ကြီးတဲ့တဲ့ မဲ့ကပေါင်ရွာ လှတာလောက်တော့ ဒီနေရာတွေက အိပ်နေသလောက်ရှိပါတယ်။ (ခုတော့ ၂၀၂၀-၂၁ ကတည်းက အိပ်သွားတာ ဘယ်တော့မှနိုးလာမလဲမသိပါဘူး) 😌
လမ်းပန်းဆက်သွယ်ရေးကတော့ အဲဒီရွာတွေအထိ ကားလမ်း ကောင်းကောင်းပေါက်ပါတယ်။ ခုတော့ ၂၀၂၄ က ရေကြီးမြေပြိုဖြစ်ခဲ့လို့ လမ်းအရင်လောက်တော့ မကောင်းတော့ပါဘူး။

⛰️ ၂။ “ပင်းတယ-ရွာငံကြားက မဲနယ်တောင်”

ဒါက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ၊ ရွာငံ နဲ့ ရပ်စောက် သုံးမြို့နယ်အစပ်မှာရှိတဲ့
တောင်ကြောကြီးပါ။
အဲဒီမှာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ “မဲနယ်တောင်ရွာ” ဆိုတဲ့ ကျေးရွာအုပ်စုလည်း ရှိပါတယ်။ ပင်းတယ-ရွာငံဖြတ်လမ်း(တောင်ပေါ်ကြီး-အလယ်ချောင်လမ်း) ပေါ်မှာပါ။ တောင်တန်းရဲ့အလယ်နဲ့မြောက်ဘက်မှာ ပန်စစ် ကြံခင်းမြောင် ရွာမ ထင်းရူးပြား စတဲ့ သိပ်လှတဲ့ တောင်ပေါ်ကရွာတွေရှိပါတယ်။ Babylon Campsite က ဒီ မဲနယ်တောင်ပေါ်မှာရှိတာပါနော် ⛺️

ဒီတောင်တန်းရဲ့ အမြင့်ဆုံး တောင်ထိပ်ကတော့ တောင်တက်သမားတွေ သွားတတ်ကြတဲ့ “ရှေ့မြင်နောက်မြင်တောင်” (၇,၇၅၂ ပေ) (ဒေသခံတွေက လေးဖက်မြင်တောင်လို့လည်း ခေါ်ကြတဲ့)တောင် ဖြစ်ပါတယ်။ တောင်ထိပ်ပေါ်ရောက်ရင် အရှေ့ဘက် တောင်ကြီးဘက်ရော၊ အနောက်ဘက် ရွာငံနဲ့ အောက်က မိတ္ထီလာဘက်ကိုပါ ၃၆၀ ဒီဂရီ ပတ်လည် အကုန်မြင်ရလို့ ဒီနာမည်ပေးထားတာပါ။ ဒီမှာလည်း သိပ်လှတဲ့ တောင်ဇလပ်ပန်းတွေရှိတယ်နော် 🌸

ဒီဘက် မဲနယ်တောင်မှာတော့ ဓနုတိုင်းရင်းသားတွေ အဓိက နေထိုင်ပြီး ပအိုဝ် ပလောင် တောင်ရိုးနဲ့ ဗမာလူမျိုးအနဲငယ်လည်း နေထိုင်ကြပါတယ်။

ရှေ့မြင်နောက်မြင်တောင်ကိုတော့ လုပ်ပြင်ရွာ၊ ပန်းစစ်ရွာတွေမှာ ကား/ဆိုင်ကယ် ထားခဲ့ပြီး ခြေလျင်ခရီးကြမ်း ၅ နာရီကနေ ၆ နာရီလောက် ထမ်းပိုးအိတ်ကိုယ်စီနဲ့ တက်ရတဲ့ Camping ⛺️ လုပ်ရတာ ကြိုက်သူတွေအတွက် ရတနာသိုက်လေး ဖြစ်ပါတယ်။

💡 ကဲ... အနှစ်ချုပ်လိုက်ရင်တော့ -

🌲ဟိုပုံးသွားမယ် ကျောက္ကချားနဲ့ လွယ်မိုင်းတောင်သွားမယ် တိမ်ပင်လယ် ကြည့်မယ်၊ သိပ်လှတဲ့ ပအိုဝ်းရိုးရာရွာတွေ လည်မယ်၊ သွားမယ်ဆိုရင် ➡️ ⛰️ ဟိုပုံး မဲနယ်တောင် (လွယ်မိုင်းတောင်)

🌲ကလော-ပင်းတယသွားမယ် ဘေဘီလုံသွားမယ် ရှေ့မြင်နောက်မြင်ကို တောင်တက်ခရီးကြမ်း လျှောက်မယ်၊ ဓနုရိုးရာကျေးရွာတွေကို ဖြတ်မယ်၊ ၄ ဖက်မြင် ရှုခင်းကြီး ကြည့်မယ်ဆိုရင် ➡️ ပင်းတယ-ရွာငံ မဲနယ်တောင် ( ⛰️ ရှေ့မြင်နောက်မြင်တောင်)

📌နောက်တစ်ခါ သူငယ်ချင်းတွေနဲ့ “မဲနယ်တောင် သွားရအောင်” လို့ တိုင်ပင်ရင် ဘယ်မဲနယ်တောင်လဲဆိုတာ သေချာမေးဖို့ မမေ့နဲ့ဦးနော်။ နို့မို့ဆို တစ်ယောက်က ပင်းတယမှာ စောင့်၊ တစ်ယောက်က ဟိုပုံးရောက်နဲ့ လွဲကုန်ဦးမယ်! 😂

ကိုယ်တိုင်ကော ဘယ်မဲနယ်တောင်ကို ရောက်ဖူးလဲဆိုတာ ရုပ်ပုံလေးတွေနဲ့တကွ အောက်က Comment မှာ ဝေမျှပေးခဲ့ကြပါဦးခင်ဗျာ... 👇🗺️🎒

#မဲနယ်တောင် #လွယ်မိုင်းတောင် #ရှေ့မြင်နောက်မြင်တောင် #ဟိုပုံး #ပင်းတယ #ရွာငံ

#

29/06/2026

💠when clouds comfort you ☁️ ⛺️



28/06/2026

❇️”Freedom is the oxygen of the soul” တဲ့…
အဲဒီလွတ်လပ်မှုကိုရဖို့ ကိုယ်ကိုကိုယ် ရှာဖွေဖို့လိုတယ်။

🌲 ဘယ်လိုနေရာမှာ ရှာတွေ့မလဲ ❓⛺️ ☁️

Good friends,Good times,Good camping 🏕️
22/06/2026

Good friends,
Good times,
Good camping 🏕️




15/06/2026

တိမ်တွေနေတဲ့ အရပ်ဆီ ခေါ်သွားပါ ⛺️ ☁️






🌧️🏕️“မိုးရွာထဲ ခရီးသွားရတာ ပျော်စရာကောင်းလို့လား?" လို့ မေးလာရင်...ပြုံးပြီးတော့ပဲ "𝐁𝐚𝐛𝐲𝐥𝐨𝐧 ရဲ့ မိုးဦးအစ တောင်တက်ခရီးစဉ်...
19/05/2026

🌧️🏕️
“မိုးရွာထဲ ခရီးသွားရတာ ပျော်စရာကောင်းလို့လား?" လို့ မေးလာရင်...

ပြုံးပြီးတော့ပဲ "𝐁𝐚𝐛𝐲𝐥𝐨𝐧 ရဲ့ မိုးဦးအစ တောင်တက်ခရီးစဉ်ကို လိုက်ခဲ့ဖူးလား" လို့ ပြန်မေးရလိမ့်မယ်။ 😉✨

တကယ်တော့ မိုးရာသီမှာ 𝐓𝐫𝐞𝐤𝐤𝐢𝐧𝐠 & 𝐂𝐚𝐦𝐩𝐢𝐧𝐠 လုပ်ရတာက တခြားရာသီတွေနဲ့မတူဘဲ ရင်ခုန်စရာ Story အသစ်အဆန်းတွေနဲ့ ပြည့်နှက်နေတာလေ။


30/03/2026

ဆီတွေရှား ကားခစျေးနှုန်းတွေတက်နေတဲ့ကြားထဲက
Babylon Camp ကို အရောက်လာခဲ့ကြတဲ့ Elite International School က ဆရာ/ဆရာမအဖွဲ့။ 🌲⛺️

ကျေးဇူးအထူးတင်ပါတယ်နော်…




#ကလောပင်းတယ

Address

On Maenal Mountain
Pindaya

Alerts

Be the first to know and let us send you an email when Babylon Trekking & Camping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Babylon Trekking & Camping:

Shortcuts

Share

Category