10/02/2023
ပူတာအိုသို့ ဖေဖော်ဝါရီ ၂၁ နဲ့ ၂၃ မှာ မန်းရတနာပုံလေကြောင်းလိုင်းခရီးစဉ်ရှိတယ်ဆိုတာမမေ့နဲ့နော်။ လာရောက်လည်ပတ်ဖို့လဲ ဖိတ်ခေါ်ပါတယ်ရှင့်~ 😍
အခန်းbooking များကို အောက်ဖော်ပြပါဖုန်းနံပါတ်များကိုဆက်သွယ်လို့ရပါတယ်ရှင့်
(Mon- Fri Office Hours)
01-655777, 01-651020, 0949494949
24 hours service: 09890990774, 09971215966
ရေခဲတောင်များ ဝန်းရံထားသော အေးမြသည့်ရာသီဥတုရှိတဲ့အပြင် သဘာဝ တောတောင်ရေမြေ သယံဇာတများ ပေါကြွယ်ဝသော မြန်မာပြည်ရဲ့ နှင်းမြေ ပူတာအိုမြို့သို့ သွားရောက်မည့် ခရီးသွားများအတွက် မန်းရတနာပုံလေကြောင်းလိုင်းမှ ဖေဖော်ဝါရီလ ၏၂၁ ရက်နေ့နှင့် ၂၃ ရက်နေ့ တွင် တပ်တိုးခရီးစဉ် အဖြစ် ပျံသန်းပြေးဆွဲသွားမှာဖြစ်တယ် …..
MYP Reward Program လေးလည်း ရှိနေတာကြောင့် ခရီးတွေများများသွား Points တွေများများစုပြီး နောက်ခရီးစဉ်မှာ အခမဲ့စီးနင်းခွင့် Points အဖြစ် ပြန်အသုံးပြုလိုက်ကြစို့နော်🎉🎉
MYP reward Program အသေးစိတ်ကိုအောက်ပါ link တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်
https://airmyp.com/index.php/plan-my-trip/myp-reward-program
ခရီးသွားများအနေဖြင့် လေယာဉ်လက်မှတ်များကို www.airmyp.com မှတဆင့် 💳 Visa Card, Master Card ,MPU , K pay , CB pay,AYA pay, Wave money , AYA Mobile Banking, KBZ Mobile Banking, CB Mobile Banking နှင့် အခြားသော Payment method ပေါင်း ၂၀ ကျော်ဖြင့် အလွယ်တကူငွေပေးချေနိုင်သလို
Call Center ☎️ 09404460006-7 သို့
ရုံးချိန် မနက် ၉နာရီ မှ ညနေ ၅ နာရီခွဲ အတွင်း ခရီးစဉ်အသေးစိတ်အချက်အလက်များပေး၍ ဝယ်ယူနိုင်ပြီး နီးစပ်ရာလက်မှတ်အရောင်းကိုယ်စားလှယ်(Travel & Tour) များ ထံမှလည်း ဝယ်ယူနိုင်ပါတယ်ရှင်
လေယာဉ်စီးနင်းလိုက်ပါမည့် ခရီးသွားများအနေဖြင့်
✅ လွန်ခဲ့သော ၁၄ ရက်ကျော်က ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားသော ကျန်းမာရေးဝန်ကြီးဌာနအသိအမှတ်ပြု COVID-19 ဆေးထိုးလက်မှတ်ကို ပြသရန်လိုအပ်ပါတယ်။
✅ ကိုဗစ်ကာကွယ်ဆေး မထိုးထားသော လူကြီးများနဲ့ အသက် (၁၂)နှစ် မှ (၆)နှစ် ကလေးများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြု ဆေးရုံဆေးခန်း၊ ဓာတ်ခွဲခန်းများနဲ့ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ၄၈ နာရီအတွင်း RDT Test စစ်ဆေးထားသော Covid-19 ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံချက်ကို မဖြစ်မနေပြသရန် လိုအပ်ပါတယ်ရှင်။
✅ အသက် (၆)နှစ်အောက် ကလေးများအတွက် RDT Test ကင်းလွတ်ခွင့်ရှိပါတယ်ရှင်။