18/10/2025
ပြည်ဝင်ပြည်ထွက်ပြုလုပ်ကြမည့်
မိတ်ဆွေများအတွက်ပါရှင်
{{ ပြည်၀င်ပြည်ထွက် ယတြာ }}
အင်မတန်အစွမ်းထက်မြက်သည်ဟု နာမည်ကြီးထင်ရှားနေအံ့သော ပြည်၀င်ပြည်ထွက်ယတြာကို ပြုလုပ်လိုသော မိတ်ဆွေများအတွက် အသေးစိတ်ဖော်ပြပေးလိုက်ပါတယ် …။ လောကီ ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကျေးဇူးများ ရရှိစေနိုင်သော ယတြာနည်းတစ်ခုလည်းဖြစ်ပါတယ်။
ပဲခူးတိုင်း ပြည်မြို့သို့ နေ့ချင်းပြန်သော်၄င်း ၊ တစ်ညအိပ်သော်၄င်း သွားရောက် ပြုလုပ်ဆောင်ရွက်ရမှာဖြစ်ပါတယ်...။
ဦးစွာပထမ ပြည်၀င်ပြည်ထွက်ယတြာကို စီရင်တော်မူခဲ့လတ္တံ့သော မူရင်းပညာရှင်ကို ဂါ၀ရပြုလေးစား အသိအမှတ်ပြုပါတယ်။
စီးပွားရေး၊ငွေရေးကြေးရေး၊အချစ်ရေး၊အိမ်ထောင်ရေး အဆင်မပြေသူများ ၊ စီးပွားကျနေသူများ ၊ အမှုအခင်းကြုံတွေ့နေရသူများ ၊ အခက်အခဲအကြပ်အတည်းများနှင့်ကြုံတွေ့နေရသူများ ၊ အကြွေးတင်ပြီး အကြွေးအမြန်ကြေလိုသူများ ၊ ကျန်းမာရေးဆိုးဆိုးဝါးဝါး ညံ့နေသူများ ၊ ရာထူးတိုးနေရာကောင်းရလိုသူများ ၊ ကြီးမားသော လုပ်ငန်းဆောင်တာရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်လိုသူများ ၊ ကံဇာတာပွင့်လန်းတိုးတက်ပြီး လက်ရှိအခြေအနေထက် အစစအရာရာ အဆမတန်မြင့်တက် ကြီးပွားတိုးတက် အောင်မြင်ချမ်းသာလိုသူများ ပြည်၀င်ပြည်ထွက်ယတြာကြီးကို ပြုလုပ်နိုင်ပါတယ်။
တစ်ချို့ကလည်း ဘ၀တစ်ဆစ်ချိုးပြောင်းလဲမြင့်တက်ဖို့ ၊ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်း၊အခိုက်အညံ့များမှ လွတ်မြောက်ဖို့ဆိုပြီး ချေလေ့ရှိကြပါတယ်။.....×.......×.......×..........
ပြည်၀င်ယတြာ (ပြည်မြို့ထဲသို့ ရန်ကုန်ဘက်မှအ၀င်)
#ရွှေနတ်တောင်စေတီတော်တွင်ပြုလုပ်ရန် -
တနင်္လာထောင့်တွင် သောက်တော်ရေ(၁၅)ခွက် ၊ သပြေ (၁၅)ခက် ကပ်လှူပြီး သိဒ္ဒိ၀င်ဂါထာ (၁၅)ခေါက်ရွတ်ပါ။
ကြာသပတေးထောင့်တွင် သောက်တော်ရေ(၁၉)ခွက် ၊ သပြေ(၁၉)ခက် ကပ်လှူပြီး သိဒ္ဒိ၀င်ဂါထာ (၁၉) ခေါက်ရွတ်ပါ။
သောကြာထောင့်မှာ သောက်တော်ရေ (၂၁) ၊ သပြေ (၂၁) ခက် ၊ သိဒ္ဒိ၀င်ဂါထာ (၂၁)ခေါက်ရွတ်ပါ။
#ရွှေဘုံသာမုနိစေတီတော်တွင်ပြုလုပ်ရန် -
တနင်္လာထောင့်တွင် သောက်တော်ရေ(၁၅)ခွက် ၊ သပြေ (၁၅)ခက် ကပ်လှူပြီး သိဒ္ဒိ၀င်ဂါထာ (၁၅)ခေါက်ရွတ်ပါ။
ဗုဒ္ဒဟူးထောင့်တွင် သောက်တော်ရေ(၁၇)ခွက် ၊ သပြေ (၁၇)ခက် ကပ်လှူပြီး သိဒ္ဒိ၀င်ဂါထာ (၁၇)ခေါက်ရွတ်ပါ။
ကြာသပတေးထောင့်တွင် သောက်တော်ရေ(၁၉)ခွက် ၊ သပြေ(၁၉)ခက် ကပ်လှူပြီး သိဒ္ဒိ၀င်ဂါထာ (၁၉) ခေါက်ရွတ်ပါ။
သောကြာထောင့်မှာ သောက်တော်ရေ (၂၁) ၊ သပြေ (၂၁) ခက် ၊ သိဒ္ဒိ၀င်ဂါထာ (၂၁)ခေါက်ရွတ်ပါ။
#ရွှေဆံတော်စေတီတွင်ပြုလုပ်ရန် -
တနင်္လာထောင့်တွင် သောက်တော်ရေ(၁၅)ခွက် ၊ သပြေ (၁၅)ခက် ကပ်လှူပြီး သိဒ္ဒိ၀င်ဂါထာ (၁၅)ခေါက်ရွတ်ပါ။
ဗုဒ္ဒဟူးထောင့်တွင် သောက်တော်ရေ(၁၇)ခွက် ၊ သပြေ (၁၇)ခက် ကပ်လှူပြီး သိဒ္ဒိ၀င်ဂါထာ (၁၇)ခေါက်ရွတ်ပါ။
ကြာသပတေးထောင့်တွင် သောက်တော်ရေ(၁၉)ခွက် ၊ သပြေ(၁၉)ခက် ကပ်လှူပြီး သိဒ္ဒိ၀င်ဂါထာ (၁၉) ခေါက်ရွတ်ပါ။
သောကြာထောင့်မှာ သောက်တော်ရေ (၂၁) ၊ သပြေ (၂၁) ခက် ၊ သိဒ္ဒိ၀င်ဂါထာ (၂၁)ခေါက်ရွတ်ပါ။........×........×...........×.........
ပြည်ထွက်ယတြာ (ပြည်မြို့ထဲမှ ရန်ကုန်ဘက်သို့အထွက်)
#ရွှေဆံတော်စေတီတော်ကြီးတွင်ပြုလုပ်ရန် -
တနင်္ဂနွေထောင့်တွင် ဖယောင်းတိုင် (၆)တိုင်ကပ်လှူပုဇော်ပြီး သိဒ္ဒိ၀င်ဂါထာ (၆)ခေါက်ရွတ်ပါ။
အင်္ဂါထောင့်တွင် တံခွန် (၈)လက်ကပ်လှူပြီး သိဒ္ဒ၀င်ဂါထာ (၈)ခေါက်ရွတ်ပါ။
ရာဟုထောင့်တွင် တံခွန် (၁၂)လုံး ၊ ယပ် (၁၂) ချောင်းကပ်လှူပြီး သိဒ္ဒ၀င်ဂါထာ (၁၂) ခေါက်ရွတ်ပါ။
#ရွှေဘုံသာမုနိစေတီတော်ကြီးတွင်ပြုလုပ်ရန် -
တနင်္ဂနွေထောင့်တွင် ဖယောင်းတိုင် (၆)တိုင်ကပ်လှူပုဇော်ပြီး သိဒ္ဒိ၀င်ဂါထာ (၆)ခေါက်ရွတ်ပါ။
အင်္ဂါထောင့်တွင် တံခွန် (၈)လက် ၊ ယပ် (၈)လက် ကပ်လှူပြီး သိဒ္ဒ၀င်ဂါထာ (၈)ခေါက်ရွတ်ပါ။
စနေထောင့်တွင် ဖယောင်းတိုင် (၁၀)တိုင်ကပ်လှူပြီး သဒ္ဒိ၀င် ဂါထာ (၁၀)ခေါက်ရွတ်ပါ။
ရာဟုထောင့်တွင် တံခွန် (၁၂)လုံး ၊ ယပ် (၁၂) ချောင်းကပ်လှူပြီး သိဒ္ဒ၀င်ဂါထာ (၁၂) ခေါက်ရွတ်ပါ။
#ရွှေနတ်တောင်စေတီတော်ကြီးတွင်ပြုလုပ်ရန် -
တနင်္ဂနွေထောင့်တွင် ဖယောင်းတိုင် (၆)တိုင်ကပ်လှူပုဇော်ပြီး သိဒ္ဒိ၀င်ဂါထာ (၆)ခေါက်ရွတ်ပါ။
အင်္ဂါထောင့်တွင် တံခွန် (၈)လက် ၊ ယပ် (၈)လက် ကပ်လှူပြီး သိဒ္ဒ၀င်ဂါထာ (၈)ခေါက်ရွတ်ပါ။
စနေထောင့်တွင် ဖယောင်းတိုင် (၁၀)တိုင်ကပ်လှူပြီး သဒ္ဒိ၀င် ဂါထာ (၁၀)ခေါက်ရွတ်ပါ။
ရာဟုထောင့်တွင် တံခွန် (၁၂)လုံး ၊ ယပ် (၁၂) ချောင်းကပ်လှူပြီး သိဒ္ဒ၀င်ဂါထာ (၁၂) ခေါက်ရွတ်ပါ။.....×......×......×.........
#သိဒ္ဓိ၀င်ဂါထာ ... {{ သိရသ္မိံမေ ပဉ္ဇဗုဒ္ဓါ နလာဋေ ဗြဟ္မာ
ဒေဝတာ စက္ခု-ကဏ္ဏေ-ဣန္ဒောရာဇ မုခေဒေဝီ
သူရဿတီ ဟဒေယေ နာရာ ယနဉ္စ ဟတ္ထေစ
ပရမေသွာရော ဥရေ ဗဿဏု ဒေဝါစ ဧတေဒေဝါ
မဟိဒ္ဓိကာ မဟာဒေဝါ နုဘာဝေန သဗ္ဗပမ္မာနိ သိဒ္ဓိမေ
မေတ္တာစိတ္တေန မံသဗ္ဗေ သြလော ကေတု ဒိနေ }}
၄င်း ပြည်၀င်ပြည်ထွက်ယတြာကို ဓါတ်ကြီး(၄)ပါးနှင့်အညီဆောင်ရွက်ရန် နည်းလမ်းများကို အသေးစိတ်ဖော်ပြပေးခြင်းဖြစ်ပါတယ်။ အထူးပြုလုပ်ရန်မှာ ပြည်၀င်ယတြာကို ဆောင်ရွက်ပြီးပါက ပြည်ထွက်ယတြာကို မဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်။ ပြည်၀င်ပြည်ထွက် ယတြာကို ဟန်ချက်ညီညီ အ၀င်အထွက် ကိုက်ညီအောင် ပြုလုပ်ဖို့အရေးကြီးပါတယ်။
ပြည်၀င်ပြည်ထွက် ယတြာကို ဆောင်ရွက်ပြီးစီးပါက ပြည်မြို့ သီရိခေတ္တရာမြို့ကို စတင်တည်ထောင်ခဲ့သော မင်းများနှင့်တကွ ပြည်မြို့တခွင်စောင့်ရှောက်သော နတ်ကောင်းနတ်မြတ်များ ၊ ပုဂ္ဂိုလ်များကို အမျှအတန်း (၃)ခါပေးဝြေပီး မေတ္တာလည်း ပို့သပေးပါ။
ပြည်၀င်ပြည်ထွက်ယတြာကိုဆောင်ရွက်ခြင်းအားဖြင့် လက်ရှိကြုံတွေ့နေရတဲ့ အခိုက်အညံ့များ အခက်အခဲများ ကင်းစင်ပပျောက်ပြီး ကိုယ်စိတ်နှစ်ပါးချမ်းသာမှုကို ခံစာရခြင်း ၊ သွားလေရာ လာလေရာ မျက်နှာပွင့် လူချစ်လူခင်များပြီး ပြောဆိုသမျှအောင်မြင်ခြင်း ၊ တောင့်တတိုင်း လျှင်မြန်စွာရရှိလာကြခြင်း ၊ စီပွားဥစ္စာရတနာများ တစ်နေ့တခြား တိုးပွားအောင်မြင်လာခြင်း ၊ မိတ်ဆွေများကလည်း ကူညီမစခြင်း ၊ပြဿနာများ ပြေလည်ပြီး အလုပ်အကိုင်များအဆင်ပြေခြင်း ၊ အခက်အခဲများ ပြေပျောက်ခြင်း စသည့် မိတ်ဆွေတို့ရဲ့ဘ၀ ကြီးပွားတိုးတက်အောင်မြင်ချမ်းသာဖို့ ၊ လက်ရှိအခြေအနေမှနေ အဆမတန်မြင့်တက်သွားဖို့အတွက် လောကီ၊လောကုတ္တရာ နှစ်ဖြာသောအကျိုးကျေးဇူးများရရှိစေနိုင်တဲ့ ယတြာအစီအရင်ကြီးတစ်ခုဖြစ်ပါကြောင်း စေတနာအရင်းခံဖြင့် ဖော်ပြပေးလိုက်ပါတယ်။
ထို့ပြင်တ၀ အင်မတန်ဆိုးဝါးသော ၊ ဂြိုဟ်စီးဂြိုဟ်နင်းညံ့သော ဗေဒင်ကိန်းခန်းများကို ဖြတ်သန်းနေရပါကလည်း ယခုယတြာကြီးကို ပြုလုပ်နိုင်ပါတယ်။ ဥပမာ ဘ၀ပျက်ကိန်း ဟုခေါ်သော စနေသက်ရောက်ကို ဖြတ်သန်းနေရသူများအတွက်လည်း အထူးကောင်းမွန်သော ယတြာဖြစ်ပါတယ်။
စနေသက်ရောက် ဘ၀ပျက်ကိန်းမှ လွတ်မြောက်အောင် ယတြာချေမယ့်မိတ်ဆွေများကတော့ အ၀တ်အစားအဟောင်းတစ်စုံယူသွားရပါမယ်။
စနေညကို အ၀တ်အစားဟောင်း၀တ်ပြီး ကားပေါ်တွင်သော်၄င်း ၊ ပြည်မြို့တွင်သော်၄င်း အိပ်ရပါမယ်။ ပြည်မြို့မှာအိပ်မယ်ဆိုရင် ဘာသာရေးနဲ့ပက်သက်တဲ့ ဘုန်းကြီးကျောင်း၊သီလရှင်ကျောင်း၊ဇရပ်၊ဓမ္မာရုံ၊ရိပ်သာ စသည့်နေရာများတွင်အိပ်နိုင်ရင် ပိုကောင်းပါတယ်။ အိပ်တဲ့အခါအဖိုးတန်ရတနာများချွတ်ထားရပါမယ်။လက်ထဲတွင်လည်း ငွေ များများစားစားကိုင်မထားရပါ။
နောက်နေ့(တနင်္ဂနွေ)မနက်စောစောတွင် စနေည၀တ်အိပ်ထားသော အ၀တ်အစားတစ်စုံလုံးကို လမ်းဆုံလမ်းခွတွင် (အမှိုက်ပုံး) ငါ့ဒဏ်နင်ခံဟုပြောပြီး စွန့်ပစ်ရပါမယ်။
#စနေသက်ရောက်ဘဝပျက်ကိန်းဆိုတာ မိတ်ဆွေတို့ရဲ့ ရောက်နေဆဲအသက်ကိုတည်ပြီး (၈)နဲ့စားလိုက်ပါ။ တနင်္ဂနွေသားသမီးများ (၅)ကြွင်းသော ၊ တနင်္လာသားသမီးများ (၄)ကြွင်းသော ၊ အင်္ဂါသားသမီးများ (၃)ကြွင်းသော ၊ ဗုဒ္ဒဟူးသားသမီးများ (၂)ကြွင်းသော ၊ ကြာသပတေးသားသမီးများ (၀) ကြွင်းသော ၊ သောကြာသားသမီးများ (၆)ကြွင်းသော ၊ စနေသားသမီးများ (၁) ကြွင်းသော အသက်အပိုင်းအခြားကို ဆိုလိုတာဖြစ်ပါတယ်။
ပြည်၀င်ပြည်ထွက်ယတြာကို စီရင်ခဲ့သော မူရင်းပညာရှင်ကို ဂါ၀ရပြုလေးစား အသိအမှတ်ပြုပါ၏။
Photo Crd