Agga Nay Pyi Taw

Agga Nay Pyi Taw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Agga Nay Pyi Taw, Hotel, Pyinmana.

နေပြည်တော် ၊ ပျဉ်းမနားရှိ အဂ္ဂအဆင့်မြင့်တည်းခိုခန်းတွင် လုပ်ကိုင်ရမည် ။ ချက်ချင်းအင်တာဗျူး ဝင်ရမည် ။ - House Keeping -3(...
10/12/2025

နေပြည်တော် ၊ ပျဉ်းမနားရှိ အဂ္ဂအဆင့်မြင့်တည်းခိုခန်းတွင် လုပ်ကိုင်ရမည် ။

ချက်ချင်းအင်တာဗျူး ဝင်ရမည် ။

- House Keeping -3( Male / Female )

သက်ဆိုင်ရာနယ်ပယ်တွင် လုပ်သက်ရှ်ိသူများကို ပိုဦးစားပေးမည် ။ အလုပ် လုပ်ချင်စိတ်အပြည့်အဝရှိရမည် ။ Day / Night duty ဝင်နိုင်ရမည် ။

လုပ်သက်မရှိသေးသူများအား ရန်ကုန်ဟိုတယ်တွင် ( လစာ + နေစားငြိမ်း )တစ်လ training သင်ကြားပေးမည်ဖြစ်သောကြောင့် ရေရှည်လုပ်ကိုင်နိုင်သူများသာ လျှောက်ထားပေးကြပါရန် ။

လစာ - အရည်အချင်း / လုပ်သက် / နေစားငြိမ်း နေလို ၊ မနေလို ပေါ်မူတည်ပြီး တောင်းယူနိုင်သည်

CV form တင်ရန် ..
Viber ph no - 09891140506

အောက်ပါဝန်ထမ်းများ အမြန်အလိုရှိသည် ။ ချက်ချင်းအင်တာဗျူး ဝင်ရမည် ။ - House Keeping -3( Male / Female ) သက်ဆိုင်ရာနယ်ပယ်တွ...
08/12/2025

အောက်ပါဝန်ထမ်းများ အမြန်အလိုရှိသည် ။

ချက်ချင်းအင်တာဗျူး ဝင်ရမည် ။

- House Keeping -3( Male / Female )

သက်ဆိုင်ရာနယ်ပယ်တွင် လုပ်သက်ရှ်ိသူများကို ပိုဦးစားပေးမည် ။ အလုပ် လုပ်ချင်စိတ်အပြည့်အဝရှိရမည် ။ Day / Night duty ဆင်းနိုင်ရမည် ။

လစာ - အရည်အချင်း / လုပ်သက် / နေစားငြိမ်း နေလို ၊ မနေလို ပေါ်မူတည်ပြီး တောင်းယူနိုင်သည်

CV form တင်ရန် ..
Viber ph no - 09891140506

28.3.25 တွင် ကျရောက်သွားသော ငလျှင်ဘေးတွင် Agga မှ ကြီးကြီးမားမား ပျက်စီးမှုများ မဖြစ်သွားသော်လည်း အခြေအနေအရပ်ရပ်ကို စောင...
25/04/2025

28.3.25 တွင် ကျရောက်သွားသော ငလျှင်ဘေးတွင် Agga မှ ကြီးကြီးမားမား ပျက်စီးမှုများ မဖြစ်သွားသော်လည်း အခြေအနေအရပ်ရပ်ကို စောင့်စားပြီး ခေတ္တခဏ ပိတ်ထားရပါသော …

Agga Naypyitaw အား 26.4.2025 ရက်တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်ပါကြောင်း အနယ်နယ်အရပ်ရပ်မှ ဧည့်သည်တော်ကြီးများကို အသိပေးအကြောင်းကြားအပ်ပါသည် ခင်ဗျား ။

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်နှစ်ဆန်းတစ်ရက်နေ့မှစတင်ပြီး Agga Hotel ရဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံးနှစ်ဟောင်းမှ အတိတ်ဟောင်...
17/04/2025

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်
နှစ်ဆန်းတစ်ရက်နေ့မှစတင်ပြီး Agga Hotel ရဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး
နှစ်ဟောင်းမှ အတိတ်ဟောင်းများပျောက်၍ နှစ်သစ်မှာ စိတ်သစ်၊ ကိုယ်သစ်၊ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေနဲ့ ပြည့်စုံပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့်
ပြည့်စုံပြီး မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ နှစ်သစ်မင်္ဂလာလေးဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်။

#နှစ်ဆန်းတစ်ရက်နေ့
#၁၃၈၇

Gong Xi Fa Caiဒီနေ့ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့လေးမှာ စီးပွားရေးတွေ တိုးတက်‌အောင်မြင်ပြီး လာဘ်လာဘ‌တွေ တိုးပွားလာဖို့ "A...
29/01/2025

Gong Xi Fa Cai

ဒီနေ့ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့လေးမှာ စီးပွားရေးတွေ တိုးတက်‌အောင်မြင်ပြီး လာဘ်လာဘ‌တွေ တိုးပွားလာဖို့ "AGGA FAMILY" မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


🎉🎉 Happy New Year 🎉🎉2025 ခုနစ် ရဲ့ ပထမဆုံး ရက်မြတ်လေးကနေနှုတ်ခွန်းဆက်သလိုက်ပါတယ်။🍀ဒီနှစ်သစ်ကစပြီး စိတ်သစ်လူသစ်နဲ့ ကံကောင...
01/01/2025

🎉🎉 Happy New Year 🎉🎉

2025 ခုနစ် ရဲ့ ပထမဆုံး ရက်မြတ်လေးကနေ
နှုတ်ခွန်းဆက်သလိုက်ပါတယ်။

🍀ဒီနှစ်သစ်ကစပြီး စိတ်သစ်လူသစ်နဲ့ ကံကောင်းခြင်းများစွာကိုပိုင်ဆိုင်နိုင်ပါစေ။

🍀စိတ်ရောကိုယ်ပါကျန်းမာချမ်းသာလို့

🍀ချမှတ်ထားတဲ့ Goal တွေလည်း Target ရောက်ပါ‌စေ။

🍀လုပ်ငန်းကိုင်ငန်းတွေလည်း ဆထက်တစ်ပိုး တိုးပွားကြပါစေလို့ Agga Family မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။


ဒီနေ့က 2024ရဲ့ နောက်ဆုံးနေ့နော်။ဒီညအတွက် Plan တွေရော ဆွဲ ပြီးကြပြီလား❓ဘယ်သူတွေနဲ့ ဘယ်နေရာတွေကို ရှိနေကြမှာလဲ ❓ချမ်းစိမ့်...
31/12/2024

ဒီနေ့က 2024ရဲ့ နောက်ဆုံးနေ့နော်။

ဒီညအတွက် Plan တွေရော ဆွဲ ပြီးကြပြီလား❓
ဘယ်သူတွေနဲ့ ဘယ်နေရာတွေကို ရှိနေကြမှာလဲ ❓

ချမ်းစိမ့်စိမ့် ဒီဇင်ဘာညလေးကို ချစ်ရခင်ရသူတွေနဲ့အတူ နှစ်သစ်ကူးရမှာမို့ Agga Family ကလည်းကြိုတွေးရင်ခုန်နေရပါပြီနော်🤭

Booking တင်ထားတဲ့သူတွေရော 𝐀ɢɢᴀ နဲ့ တူတူ နှစ်ကူးဖို့ Ready ပဲလား ရှင့် ????

🎄 **Merry Christmas!** 🎄  ခရစ္စမတ်အချိန်အခါသမယလေးမှာပျော်ရွှင်ကြည်နူးခြင်း✨ကျန်းမာခြင်း✨အောင်မြင်မှု✨ တို့ဖြင့် ပြည့်စုံ...
25/12/2024

🎄 **Merry Christmas!** 🎄

ခရစ္စမတ်အချိန်အခါသမယလေးမှာ
ပျော်ရွှင်ကြည်နူးခြင်း✨
ကျန်းမာခြင်း✨
အောင်မြင်မှု✨ တို့ဖြင့် ပြည့်စုံကြ ပါစေလို့
Agga မိသားစုမှ ဆုတောင်း‌မေတ္တာပို့သ
ပေးလိုက်ပါတယ်။

ချစ်ခင်ရသူတွေနဲ့အတူ
အေးချမ်းကောင်းမွန်စွာဖြတ်သန်းခွင့်ရတဲ့
" Christmas" နေ့လေး ဖြစ်ပါစေ။🎅🏻❄️

/

သန္ဓေ ၊ တောထွက် ၊ ဓမ္မစက်ဟောမြွတ်သံချို  လဝါဆို ...။ ✨ဗုဒ္ဓဘာသာဝင်တို့ရဲ့  ထူးမြတ်သည့် “ဝါဆိုလပြည့်နေ့ “ အချိန်အခါသမယမှာ...
20/07/2024

သန္ဓေ ၊ တောထွက် ၊ ဓမ္မစက်
ဟောမြွတ်သံချို လဝါဆို ...။ ✨

ဗုဒ္ဓဘာသာဝင်တို့ရဲ့ ထူးမြတ်သည့် “ဝါဆိုလပြည့်နေ့ “ အချိန်အခါသမယမှာ
ခုနှစ်ရက်သားသမီး အပေါင်း ဘေးအန္တရာယ်များမှ ကင်းဝေးကာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းဖြင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ 🙏🙏🙏



➡️ အဂ္ဂက … ပျဉ်းမနား ရာဇဌာနီ လမ်းမကြီးပေါ်တည်ရှိတယ် ။➡️ ပေ၆၀ ပေ၈၀ ပေါ်မှာ အခန်း ၁၅ ခန်းလေးပဲ ဖွဲ့စည်းထားတယ် ။ ဘယ်လောက်အသ...
24/05/2024

➡️ အဂ္ဂက … ပျဉ်းမနား ရာဇဌာနီ လမ်းမကြီးပေါ်တည်ရှိတယ် ။

➡️ ပေ၆၀ ပေ၈၀ ပေါ်မှာ အခန်း ၁၅ ခန်းလေးပဲ ဖွဲ့စည်းထားတယ် ။ ဘယ်လောက်အသက်ရှုချောင်လိုက်လဲ 🤔

➡️ ဇုန်အရသာ တည်းခိုခန်းဇုန်မို့လို့ တည်းခိုခန်းလို့ အမည်တပ်ထားပေမဲ့ အခန်းတွင်းမှာ ဟိုတယ်တစ်ခုရဲ့ အပြင်အဆင်နဲ့ facilities ရတယ် ။

➡️ အခန်းတွေကျယ်တယ် ။ လှတယ် ။

➡️စျေးနှုန်းသင့်တင့်စွာ၊ သက်သာစွာ ရှိတယ် ( ဒါလဲအရေးကြီးတယ်လေနော့ 😁)

➡️ခြံဝန်းထဲတင် ကားပါကင်ရှိတယ် ။

➡️အနားယူဖို့အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မျိုး ။

➡️ ဘေးနား ၅ မိနစ်ဝန်းကျင်ထွက်လိုက်ပြန်တော့လဲ စားသောက်ဆိုင်တွေ ၊ ဘဏ်တွေ ၊ ပျဉ်းမနား မြို့မစျေး​တွေ နဲ့ စည်ကားလွန်းတဲ့ နေရာ အချက်အချာမှာရှိတယ် ။

➡️ဘောဂသီရိကားကွင်း နဲ့ ၅ မိနစ် အကွာအဝေး ။
ဥပ္ပါတသန္တိစေတီတော် နဲ့ ၁၀ မိနစ် ။
နေပြည်တော်ဆိုတော့ ဘယ်လောက်ဝေးဝေး တို့မှုစရာမလိုဘူးနော် ။
ကားလမ်းမပိတ်လို့ အများဆုံး မိနစ်၂၀ / ၃၀ ကို ဟိုကြည့်ဒီငေးနဲ့ stress ကင်းမဲ့စွာနဲ့ သွားလို့ရလို့ ကြာတယ်တောင်မထင်လိုက်ဘူး ဖြစ်သွားရမယ် ။

☑️ သိပ်ကိုနေလို့ကောင်းတဲ့နေရာလေး 🩵🩵🩵

မြန်မာ့နှစ်သစ်ကူးကာလမှစပြီး ကိုယ်၊စိတ်၊နှလုံး ကျန်းမာချမ်းသာပြီး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ်နေ...
13/04/2024

မြန်မာ့နှစ်သစ်ကူးကာလမှစပြီး ကိုယ်၊စိတ်၊နှလုံး ကျန်းမာချမ်းသာပြီး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ်နော်။💦

🙏🏻မင်္ဂလာရှိသော နှစ်သစ်အခါသမယ ဖြစ်ကြပါစေ။ 🙏🏻

15/03/2024

ဒီတစ်ခါ Admin ပြောပြချင်တာက 🤗🤗🤗

Superior Roomလေးတွေ အကြောင်းပေါ့ …

Superior Room တွေက 30000 kyats ပါနော် ။ ကဲ … ဘယ်လောက်တန်လဲ 🥹

Superior room တွေဟာ Agga Naypyitaw ရဲ့ အရေအတွက်အများဆုံး ရှိနေတဲ့ အခန်းအမျိုးအစားပါပဲ ။

လူကြိုက်လဲများပြီးး စိတ်ဝင်စားစရာ ဆွဲဆောင်မှုတွေ ရှိနေတဲ့ အခန်းအမျိုးအစားလေးပါ 🩵

Superior room ကို မှ မရလို့ ဆိုပြီး ဟိုတယ်ရောက်ပြီးမှ စိတ်ကောက်ပြန်သွားရတဲ့ ဧည့်သည်လေးတွေကိုတော့ Admin ဒီကနေပဲ တောင်းပန်လိုက်ပါရစေနော် 🙏

နာမည်ကျော် Superior Room တွေက …

💢အခန်းကျယ်ပါတယ်ရှင် ။ လှပါတယ်ရှင် ။

🪟Big window တွေ ပါ ပါတယ် ။

🅱️ Balcony တွေပါတယ် ( ဆေးလိပ်ထွက်သောက် / လေကောင်းလေသန့်လေးရှု / ရှုခင်းလေးကြည့် တကယ့်အရသာပဲပေါ့ )

ပြီးတော့ … …. ….
Superior double room
Superior twin room
ကြိုက်နှစ်သက်ရာ ရွေးပြီးတည်းလိုက်ရုံပါပဲနော်

🔺 အဂ္ဂအဆင့်မြင့်တည်းခိုခန်း 🔺
Agga Naypyitaw လိပ်စာက-

အမှတ်-၂၅၅,A/B၊ ရာဇဌာနီလမ်း၊ ဗုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်။
ဘောဂသီရိကားကွင်းနဲ့ နှင်းဆီပန်းအဝိုင်းကြား ပါ ။
ရာဇဌာနီ လမ်းမကြီးပေါ်မှာပဲ ရှိပါတယ် ။
ငွေကြားတိုက်ဆိုင်ရဲ့ မျက်စောင်းထိုးမှာရှိပါတယ် ။

***Booking Now***
Ph ; 0678023587 , 09882291616 , 09883355749

#အဂ္ဂ #အဆင့်မြင့်တည်းခိုခန်း #နှင်းဆီပန်းအဝိုင်း #ဘောဂသီရိကားကွင်း

Hotel

Address

Pyinmana
15012

Telephone

+95678023587

Website

Alerts

Be the first to know and let us send you an email when Agga Nay Pyi Taw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category