ဥဒေါင်းရတနာဥယျာဉ် Guesthouse

ဥဒေါင်းရတနာဥယျာဉ် Guesthouse Inn and Guesthouse

နေပြည်တော်သို့ အလည်အပတ်သော်လည်းကောင်း ရုံး/စီးပွားရေးလုပ်ငန်းအတွက်သော်လည်ကောင်း လာဖို့အစီအစဉ် လေးများရှိခဲ့ရင် ကျွန်တော်...
24/03/2025

နေပြည်တော်သို့ အလည်အပတ်သော်လည်းကောင်း ရုံး/စီးပွားရေးလုပ်ငန်းအတွက်သော်လည်ကောင်း လာဖို့အစီအစဉ် လေးများရှိခဲ့ရင် ကျွန်တော်တို့ ဥဒေါင်းရတနာ Guesthouse သို့ လာရောက်တည်းခိုကြည့်ဖို့ ဖိတ်ခေါ်ပါရစေ ခင်ဗျ 🙏🙏🙏

၂ ဧကခန့်ကျယ်ဝန်းသောခြံဝန်း အတွင်း အပန်းဖြေ လမ်းလျှောက်ရန်ပန်းခြံနှင့် ဘန်ဂလို ပုံစံ အခန်းများဖြင့် စိတ်အေးချမ်းသာစွာ တည်းခိုအနားယူ နိုင်ရန် ဝန်ဆောင်မှု ပေးပါရစေ ခင်ဗျ 👏👏👏

မနက်စာကို ဘူဖေးစနစ် စီစဉ်းပေးထားပြီး 24-hours WIFI
ရေပူရေအေး LED 32 Satellites Mini-Bar အပြင် လိုအပ်ပါက
အလည်ပတ်ဘုရားဖူး အတွက် ကားTAXI နှင့် ခရီးသွားကားလက်မှတ် ဝယ်ယူပေးခြင်းများကိုလည်း (အခမဲ့) ဝန်ဆောင်မှုပေးထားပါတယ် ခင်ဗျ ⭐️⭐️⭐️

✅အခန်းခနှုန်းထားများ ( Local Only ပါခင်ဗျ) 👇👇👇

၂ ယောက်ခန်း - ၄၀၀၀၀ကျပ်
၃ ယောက်ခန်း - ၅၅၀၀၀ကျပ်

✅လုပ်ငန်းကိစ္စဖြင့် နေ့ချင်းပြန် လာရသော ဧည့်သည်တော်များအတွက် နေ့တပိုင်းအစီစဉ်လေးထပ်မံစီစဉ်ပေးထားပါတယ် ခင်ဗျာ 👇👇👇

၂ယောက်ခန်း - ၂၀၀၀၀ကျပ်
၃ယောက်ခန်း - ၃၀၀၀၀ကျပ်

✅စျေးနှုန်းသက်သာသော Budget Room များကိုလည်းရွေးချယ်တည်းခိုနိုင်ပါတယ် ခင်ဗျ 👇👇👇

၂ ယောက်ခန်း - ၁၅၀၀၀ကျပ် ( အဲကွန်းပါ)
၃ ယောက်ခန်း - ၂၂၀၀၀ကျပ် ( အဲကွန်းပါ)
၂ယောက်ခန်း - ၁၀၀၀၀ ကျပ် ( ပန်ကာပါ)

Budget Room များမှာ ရေချိုးခန်း သန့်စင်ခန်း အများသုံးပါခင်ဗျ ( မနက်စာမပါ ပါ)

ရွင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါရစေခင်ဗျ 🙏🙏🙏

Address: ပျဉ်းမနားတောင်ညိုလမ်း အောင်ချမ်းသာလမ်းသွယ် အောင်ဇဗ္မူ၁၀ရပ်ကွက်(လက်ပံခါးလှ)(ကောင်းထက်ကောင်းစားသောက်ဆိုင်အနီး) ဇဗ္မူသီရိမြို့နယ် နေပြည်တော်

Hot line : 09 444 6666 88
09 444 022 422

05/09/2024

မင်္ဂလာပါ ခင်ဗျာ 🙏

စက်တင်ဘာလမှစပြီး တိုးမြှင့်ကောက်ခံတော့မဲ့မီတာခနှုန်းထားအသစ်နှင့် အဖက်ဖက်မှမြင့်တက်လာသောကုန်စျေးနှုန်းများကြောင့်
တည်းခိုခစျေးနှုန်းများကို အနည်းငယ် တိုးမြှင့်သတ်မှတ်ရမည်ကို အလွန် အားနာပေမဲ့အထွေထွေကုန်စျေးနှုန်းကြီးမြင့်လာမှုကြောင့်ဆိုတာကိုနားလည်ပေးကြစေချင်ပါတယ် 🙏🙏🙏

၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ ၁ ရက်နေ့ ~
30/08/2024

၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ ၁ ရက်နေ့ ~

17/04/2023
မင်္ဂလာနှစ်သစ်ပါခင်ဗျာ 🙏🙏🙏ရန်သူမျိုးငါးပါးကနေ  လွတ်မြောက်နိုင်ကြပါစေ စီးပွားလာဘ်လာဘများ တိုးတက်ကြပြီး လုပ်ငန်းတိုင်းကို ...
17/04/2022

မင်္ဂလာနှစ်သစ်ပါခင်ဗျာ 🙏🙏🙏
ရန်သူမျိုးငါးပါးကနေ လွတ်မြောက်နိုင်ကြပါစေ
စီးပွားလာဘ်လာဘများ တိုးတက်ကြပြီး လုပ်ငန်းတိုင်းကို အောင်မြင်စွာဆောင်ရွက် နိုင်ပါစေလို့နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ 🙏🙏🙏

တည်းခိုခန်း ပြန်ဖွင့်ပါပြီ ခင်ဗျာ 🎊🎊🎊ဆက်သွယ်ရန် 👇👇👇09492200880944402242209444666688
04/12/2021

တည်းခိုခန်း ပြန်ဖွင့်ပါပြီ ခင်ဗျာ 🎊🎊🎊

ဆက်သွယ်ရန် 👇👇👇

0949220088
09444022422
09444666688

ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့ မှာ ဆေးပေါင်းခလို့ ကျန်းမာကြပါစေ။ ဘေးကင်းကြပါစေ။ အားလုံးကျန်းမာအေးချမ်းပြီး အရာရာတိုင်း အဆင...
18/11/2021

ဒီနေ့
တန်ဆောင်မုန်းလပြည့်နေ့ မှာ

ဆေးပေါင်းခလို့ ကျန်းမာကြပါစေ။
ဘေးကင်းကြပါစေ။
အားလုံးကျန်းမာအေးချမ်းပြီး အရာရာတိုင်း အဆင်ပြေကြပါ‌စေ လို့ ဆုတောင်းပေးပါတယ်ခင်ဗျာ ၊၊ 🙏🙏🙏

Photo credit #

🙏🙏🙏 သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ထူးနေ့မြတ်တွင် ကျွန်တော်တို့  ကျေးဇူးရှင် မိတ်ဆွေများအားလုံး လိုတိုင်းတရနိုင်သေ...
20/10/2021

🙏🙏🙏 သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ထူးနေ့မြတ်တွင် ကျွန်တော်တို့ ကျေးဇူးရှင် မိတ်ဆွေများအားလုံး လိုတိုင်းတရနိုင်သော ဘဝများပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏🙏🙏

မိမိ မိသားစု အသက်တွေကို တန်ဖိုးထားရင် ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ တိုက်တွန်းပါ။------------------ကျွန်မတို့နိုင်ငံမှာ လက်ရှ...
02/08/2021

မိမိ မိသားစု အသက်တွေကို တန်ဖိုးထားရင် ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ တိုက်တွန်းပါ။
------------------

ကျွန်မတို့နိုင်ငံမှာ လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေးက တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်လို့ WHO က အသိအမှတ် မပြုဘူး၊ အခုပျံ့နှံ့နေနေတဲ့ ကိုဗစ်မျိုးစိတ်သစ်တွေကို မကာကွယ်နိုင်ဘူးလို့ fb ပေါ်မှာ မြင်သိနေရလို့ ဒီကာကွယ်ဆေးနဲ့ ပတ်သက်ပြီး website အမျိုးမျိုးပေါ်က ရေးသားထားချက်တွေမှ ကောက်ယူကာ ဖော်ပြပေးလိုက်ပါတယ်။

ဒီကာကွယ်ဆေးကို WHO က ယခုနှစ် မေလအတွင်းက သုံးစွဲဖို့ ခွင့်ပြုထားပါတယ်။ လက်ရှိ နိုင်ငံပေါင်း ၈၀ ကျော်မှာ အသုံးပြုနေကြပါတယ်။ကိုဗက် အစီအစဉ်နဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကို ဖြန့်ဝေပေးသွားမယ်လို့လည်း သိရပါတယ်။

Sinopharm ရဲ့ကိုဗစ်ရောဂါ အပေါ်ကာကွယ်နိုင်စွမ်းက ၂ ကြိမ်ထိုးပြီးရင် ၇၈.၁ % ရှိပါတယ်။ ပြင်းထန်ရောဂါ ဖြစ်နိုင်ခြေကိုတော့ ၉၀% ထိလျော့ချနိုင်ပါတယ်။ Pfizer နဲ့ modenaက ရောဂါကိုကာကွယ်နိုင်စွမ်း ၉၀% ကျော်ရှိပြီး Covishield က ၂ ကြိမ်ထိုးပြီးရင် ကာကွယ်နိုင်စွမ်း ၈၂.၄% ရှိပါတယ်။

Sinopharmရဲ့Delta မျိုးစိတ်ပေါ် ကာကွယ်နိုင်စွမ်းက တစ်ခြား ကာကွယ်ဆေးတွေထက် ထိရောက်မှု နည်းပါးတယ်ဆိုပေမဲ့ အထိုက်အလျောက်တော့ ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဒီကာကွယ်ဆေးထိုးထားသူတွေက ဆေးမထိုးထားသူတွေထက် ပြင်းထန်တဲ့ ဝေဒနာ ခံစားရနိုင်ခြေ နည်းပါး ပါတယ်။ ကိုဗစ်ရဲ့ ပြင်းထန်တဲ့ ဝေဒနာကို ခံစားရသူတိုင်း ကာကွယ်ဆေး မထိုးထားကြသူတွေ ဖြစ်တယ်လို့ တရုတ်နိုင်ငံမှာ Delta မျိုးစိတ်ကို ပထမဆုံးကူးစက်ခံရတဲ့ တောင်ပိုင်းဂွမ်ထောင်းပြည်နယ်က တွေ့ရှိချက်အရ သိရပါတယ်။ ဒီကာကွယ်ဆေးက Delta မျိုးစိတ်ကြောင့် ရောဂါလက္ခဏာပြတာနဲ့ ရောဂါ ပြင်းထန်မှုကိုတော့ လျော့ချနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

Covishield ကာကွယ်ဆေးကို နှစ်ကြိမ်ရရှိ ထားသူတွေက Delta မျိုးစိတ်အတွက်ထိရောက်မှု ၆၀% နဲ့ Alphaမျိုးစိတ် အတွက် ထိရောက်မှု ၆၆% ရှိပါတယ်။ Pfizer ကတော့ နှစ်ကြိမ်ထိုးပြီးရင် Delta ကို ကာကွယ်နိုင်စွမ်း ၈၈ % ရှိပါတယ်။

ကာကွယ်ဆေး နှစ်ကြိမ်ရရှိ ထားသူတွေမှာ ကိုဗစ်ကူးစက်ခံရ နိုင်သေးပါတယ်။ ကာကွယ်ဆေးအမျိုးအစား အားလုံးက ၁၀၀% ထိရောက်မှု မပေးနိုင်တာရယ်၊ မျိုးစိတ် အသစ်တွေ ထပ်ပြောင်းနေကြတာရယ်ကြောင့်ပါ။ ရောဂါကို ကာကွယ်နိုင်စွမ်း ရဖို့က လည်းဆေးထိုးပြီး ရက်သတ္တပတ်အနည်းငယ်လောက်စောင့်ရပါတယ်။ တစ်ချို့တွေက ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးပြီးပြီးချင်းမှာ ရောဂါ ကူးစက်ခံရတာကြောင့်ပါ။

ကာကွယ်ဆေး ထိုးထားသူတွေက မထိုးထားသူတွေထက်တော့ ရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်ပြီး မိမိမှတစ်ဆင့် တစ်ခြားသူတွေကို ရောဂါ ပျံ့နှံ့နှုန်း လျော့ချ နိုင်ပါတယ်။

UAE နဲ့ Bahrain နိုင်ငံတွေမှာတော့ Sinopharm ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီးသူတွေကို ၆ လ အကြာမှာ Pfizer ကို တစ်ကြိမ်ထပ်ထိုးဖို့ အကြံပေးထားပါတယ်။

အခုလက်ရှိမှာ ရနေတဲ့ ကာကွယ်ဆေးကို ၂ ကြိမ်ထိုးထားပြီး အခွင့်အရေး ရရင် နောက်ခြောက်လအကြာမှာ မိမိထိုးထားတာနဲ့ အမျိုးအစား မတူတဲ့ ကာကွယ်ဆေးနောက် တစ်မျိုးကို တစ်ကြိမ် ထပ်ထိုးနိုင်ရင် တော့ အကောင်းဆုံးပါ။

လောလောဆယ်မှာတော့ လက်ရှိ ထိုးပေးနေတဲ့ ကာကွယ်ဆေးကို အခွင့်အရေးရတာနဲ့ ထိုးဖြစ်အောင် ထိုးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Something is better than nothing မဟုတ်ပါလား။

အားလုံး ကိုဗစ်အန္တရာယ်မှ လွတ်မြောက် နိုင်ကြပါစေ။

မေတ္တာဖြင့်
ဒေါက်တာခင်မိုးမိုး

✅COVID-19 လူနာအား ပြုစုစောင့်ရှောက်ရန်သိထားသင့်တဲ့ဆောင်ရန်/ရှောင်ရန်နည်းလမ်းများcredit: original uploader
02/08/2021

✅COVID-19 လူနာအား ပြုစုစောင့်ရှောက်ရန်သိထားသင့်တဲ့ဆောင်ရန်/ရှောင်ရန်
နည်းလမ်းများ

credit: original uploader

Address

အောင်ဇမ္ဇူ(၁၀)ရပ်ကွက်(လက်ပံခါးလှ)ဇမ္ဇူသီရိမြို`့နယ်၊နေပြည်တော်။
Pyinmana
15012

Telephone

+959444022422

Website

Alerts

Be the first to know and let us send you an email when ဥဒေါင်းရတနာဥယျာဉ် Guesthouse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဥဒေါင်းရတနာဥယျာဉ် Guesthouse:

Share

Category