Mingalarbar Motel

Mingalarbar Motel advertising

31/12/2023
18/09/2022
13/09/2022

ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ ဘီလ်ဂိတ်ကို
“ကမ္ဘာပေါ်မှာ သင့်ထက် ပိုပြီးချမ်းသာတဲ့သူ ရှိသလား”
လို့ လူတစ်ဦးက မေးတယ်။

“ရှိတာပေါ့။ ကျွန်တော့်ထက် ပိုပြီး ချမ်းသာတဲ့ပုဂ္ဂိုလ်တစ်ဦး
ရှိပါတယ်။” လို့ ဘီလ်ဂိတ်က ပြန်ဖြေပါတယ်။

အဲဒီနောက် ဘီလ်ဂိတ်က သူတွေ့ကြုံခဲ့ရတဲ့
ဇာတ်လမ်းတစ်ပုဒ်ကို အခုလို ပြောပြခဲ့ပါတယ်။

- ကျွန်တော် အဲဒီအချိန်တုန်းက မချမ်းသာသေးပါဘူး။
လူသိလည်း မများသေးပါဘူး။ တစ်နေ့ နယူးယောက်
လေဆိပ်မှာ သတင်းစာရောင်းသူ တစ်ဦးနဲ့ ဆုံခဲ့ပါတယ်။

- ကျွန်တော် သတင်းစာ တစ်စောင်ကို ဝယ်ချင်ခဲ့တယ်။
ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံအကြွေမရှိမှန်း
ငွေပေးခါနီးမှ သိခဲ့ရတယ်။ ဒါနဲ့ ဝယ်ချင်တဲ့ဆန္ဒကို
မျိုသိပ်ပြီး အဲဒီသတင်းစာကို ရောင်းတဲ့သူဆီ
ပြန်ပေးလိုက်တယ်။

ကျွန်တော့်မှ အကြွေမပါကြောင်း သူ့ကို ပြောပြပါတယ်။
ဒါနဲ့ “ဒီစာစောင်ကို အလကားပေးပါတယ်၊ ယူပါ” လို့
သတင်းစာရောင်းသူက ပြောပါတယ်။
သူက မရမက ဇွတ်အတင်းပေးတာကြောင့်
ကျွန်တော် အဲဒီသတင်းစာကို ယူသွားလိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ရက်သတ္တပတ် နှစ်ပတ်၊
သုံးပတ်လောက်အကြာမှာ အဲဒီလေဆိပ်မှာ
ပြန်ဆိုက်ခဲ့ပါတယ်။ သတင်းစာ ဝယ်ဖို့ အကြွေမပါဘူး။
သတင်းစာ ရောင်းသူက သတင်းစာ
တစ်စောင် အလကား ပေးပြန်ပါတယ်။

“ကျွန်တော် ဒီနေ့လည်း အကြွေ မပါပြန်ဘူး။ ဒါ့ကြောင့်
ကျွန်တော် ဒီသတင်းစာကို မယူနိုင်ပါဘူး” လို့
ငြင်းဆန်လိုက်ပါတယ်။

“သင် ယူသွားလိုက်ပါ။ ကျွန်တော် အမြတ်ငွေလေးရှိလို့
သင့်ကို အလကားပေးနိုင်တာပါ။ ကျွန်တော့် မရှုံးပါဘူး။
ဒီနေ့ ရောင်းကောင်းပါတယ်” လို့ သူက ပြောပါတယ်။
ဒါနဲ့ ကျွန်တော်လည်း အဲဒီသတင်းစာကို
ယူသွားလိုက်ပါတယ်။

နောက်၊ ၁၉ နှစ်အကြာမှာ ကျွန်တော်ဟာ လူသိများတဲ့
ပုဂ္ဂိုလ်၊ ကျော်ကြားတဲ့သူ တစ်ဦး ဖြစ်လာပါတယ်။
ရုတ်တရက်ဆိုသလို၊ သတင်းစာရောင်းသူကို
ကျွန်တော် သတိရပါတယ်။ ဒါနဲ့ အဲဒီနေ့က စပြီး
သူ့ကို ရှာပုံတော် ထွက်ပါတော့တယ်။
တစ်လခွဲလောက် ရှာပြီးတဲ့နောက်မှာ
ကျွန်တော် သူ့ကို တွေ့ခဲ့ပါတယ်။

“ကျွန်တော့်ကို သိပါသလား” လို့ သူ့ကို မေးလိုက်ပါတယ်။
“သိပါတယ်၊ သင်ဟာ ဘီလ်ဂိတ်ပဲ” လို့
သူက ပြန်ဖြေပါတယ်။

“ဟို အရင်တစ်ခေါက်က၊ ကျွန်တော့်ကို
သတင်းစာ တစ်စောင် အလကားပေးခဲ့တာ မှတ်မိသေးလား” လို့ သူ့ကို ပြန်မေးပါတယ်။

“ဟုတ်ကဲ့၊ ကျွန်တော် မှတ်မိတာပေါ့။
သင့်ကို နှစ်ကြိမ် အလကားပေးခဲ့တယ်လေ။” လို့
သတင်းစာ ရောင်းသူက ပြန်ဖြေပါတယ်။

“အဲဒီတုန်းက၊ သင် ကျွန်တော့်ကို ကူညီခဲ့တဲ့အတွက်
ကျေးဇူးပြန်ဆပ်ချင်ပါတယ်။ သင့်ဘဝမှာ လိုအပ်တာရှိရင် ကျွန်တော့်ကို ပြောပါ။ ဖြည့်ဆည်းပေးပါ့မယ်”လို့
ကျွန်တော် သူ့ကို ပြောပါတယ်။

“ဆရာရယ်၊ သင်က အဲလို ကျေးဇူးပြုလိုက်လို့
အဲဒီ ကျွန်တော် ကူညီခဲ့တဲ့အရာကို ပြန်ဆပ်နိုင်မယ်လို့
မထင်ပါနဲ့”လို့ သတင်းစာရောင်းသူက
ကျွန်တော့်ကို ပြောပါတယ်။

“ဘာဖြစ်လို့လဲ” လို့ ကျွန်တော် ပြန်မေးလိုက်တယ်။

“ကျွန်တော်ဟာ ဆင်းရဲတဲ့ သတင်းစာရောင်းသူ
တစ်ဦးဖြစ်တဲ့အချိန်မှာ သင့်ကို ကျွန်တော် ကူညီခဲ့တယ်။
သင်ဟာ အခု ကမ္ဘာပေါ်မှာ အချမ်းသာဆုံးသူ
ဖြစ်တဲ့အချိန်မှာ ကျွန်တော်ကို ကူညီချင်နေတာ ဖြစ်တယ်။ ကျွန်တော့်ရဲ့ ကျေးဇူးကို ဘယ်လိုလို့ ပြန်ဆပ်နိုင်မှာလဲ” လို့ သူက ပြောပါတယ်။

“အဲဒီနေ့က စပြီး ကျွန်တော် အသိတစ်ခု ရခဲ့ပါတယ်။
သတင်းစာရောင်းသူဟာ ကျွန်တော့်ထက်
ပိုပြီးချမ်းသာတဲ့သူ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့
သူဟာ တစ်ဦးတစ်ယောက်ကို ကူညီဖို့ သူ ချမ်းသာတဲ့အထိ မစောင့်ခဲ့လို့ပဲ ဖြစ်တယ်။”

အမှန်တကယ် ချမ်းသာတဲ့သူဆိုတာ
ငွေကြေးအမြောက်အများ ချမ်းသာတာထက်
ချမ်းသာကြွယ်ဝတဲ့ နှလုံးသားကို ပိုင်ဆိုင်တဲ့သူ ဖြစ်တယ်။ ဒါကို လူတိုင်း နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

ဟုတ်ပါတယ်။ အဲလို ချမ်းသာတဲ့ပုဂ္ဂိုလ်မျိုး ရှိနေဖို့
အင်မတန်မှ အရေးကြီးပါတယ်။

,GreatThoughts #
16.9.2019
Monday

13/09/2022

ဂမ္ဘီရကြက်ခြေ ပါသူတွေဟာ လောကဓံ ပေါင်းစုံကို အကုန်စင်ခံရပြီး အနည်းဆုံး သောတာပန် ဖြစ်မယ့် ပုဂ္ဂိုလ်တွေပါ။

ရှိသမျှ ဝဋ်ကြွေးတွေ ပေးဆပ်ရခြင်းသဘောပါ
ဘယ်တော့မှ ထမင်းမငတ်ပါဘူး သူတစ်ပါးလက်ချက်နှင့် ဘယ်တော့မှမသေဘူး။

ကိုယ်စိတ်ကတော့ အနားမရဘဲ ပင်ပန်းပါမယ်။
တရားထိုင်ရင် တရားထူး အမြန်ရပါတယ်။

ထူးခြားသူများနှင့် ထူးခြားဖြစ်စဉ်များကို ကြုံရမြင်ရပါမယ်။

(၁) အများအတွက် လူပင်ပန်း စိတ်ပင်ပန်း ရပါမယ် အကျိုးဆောင်လိုက်ပါ။

(၂) အများအားကိုးတာ ခံရပါ့မယ်

(၃) အိပ်မက်ထူးများ မြင်မက်ပါတယ်

(၄) တစ်ခါမှ မရောက်ဖူးတဲ့နေရာ ရောက် သွားရင်
ရင်းနှီးစွာ သိနေတတ်ပါတယ်

(၅) မသန့်တဲ့နေရာ အသုံးအဆောင် နဲ့ကြုံတဲ့ အခါ ချက်ချင်း စိတ်ကသိပြီး ဓါတ်ပြင်းတဲ့ သူတွေဆိုရင် ယားယံ လာတတ်တယ်။

(၆) လူတစ်ယောက်ကို ချက်ခြင်းအကဲခတ် မသိစိတ် က ပုံဖော်ပြီး လူကောင်း ဟုတ် မဟုတ် ချက်ခြင်းသိပါတယ်

(၇) ဓါတ်ပြင်းတဲ့ သူတွေဆိုရင် စုန်းတစ္ဆေ ပူးသူနားရောက်တာနဲ့ ချက်ခြင်း ရောဂါပျောက်ပါတယ်။

(၈) မွေးမြူရေးလုပ်ပါက အရင်းပြုတ် တတ်ပါတယ်

(၉) အကုသိုလ်အလုပ် ဘာမှအကျိုးမပေး

(၁၀)မီးလောင် ရေနစ် ဓါတ်လိုက် မျိုးစုံ ကြုံဖူးပါမယ်

(၁၁)အိမ်ထောင်ရေး သာယာမှု နည်းပါးပါတယ်
ကွဲတတ်ပါတယ် မကွဲရင်တောင် ခွဲနေရတတ်ပါတယ်

(၁၂) အခက်အခဲ သိပ်ကြုံလာရင် နောက်ဆုံး အချိန် မှာ ကူညီမဲ့သူ ပေါ်လာတတ်ပါတယ် ဘယ်တော့မှ ဒုက္ခမရောက်ပါ။

(၁၃)အချုပ်အနှောင် ကိန်းတွေလဲ ကြုံရတတ်ပါတယ်

(၁၄)သွားပုပ်လေလွင့် အပြောခံရတတ်ပါတယ်

(၁၅) ဘဝနေဝင်ချိန်မှ ဥစ္စာချမ်းသာ တရားအသိ ချမ်းသာရပါမယ်

(၁၆)ပထမ ဒုတိယ တတိယ အရွယ်တွေမှာ ခံရပြီး စတုတ္ထအရွယ်ရောက်ပါမှ အေးချမ်းရပါမယ်။

ကြီးပွားချမ်းသာပြီး အထွတ်အထိပ်သို့ ရောက်တတ်သည်။ ငယ်ရွယ်စဉ်မှာ မချမ်းသာ သေးရင်လည်း ကြီးလာသောအခါ ပြည့်ပြည့်စုံစုံနေရတတ်တယ်။

ဆဌမအာရုံ အကြား အမြင် ရတတ်ပါသည် ဘယ်သူ တွေက ကိုယ်အပေါ်ဘယ်လို ဆက်ဆံတယ်ဆိုတာ ချက်ခြင်းသိသည်။

အခက်အခဲတွေကို ကျော်ဖြတ်နိုင်တယ် ကြိုတင်သိမြင် တတ်တယ်။

အချစ်ရေးမှာတော့ မိမိချစ်သလောက် ပြန်မချစ်တတ် သူနဲ့ တွေ့ရတတ်တယ်။

မိမိသေသွားခဲ့ရင်တောင် နာမည်တစ်လုံး ကျန်ခဲ့သူဖြစ် မည်။

ခေါင်ဆောင်ကောင်း အကြီးအကဲဖြစ်တတ်တယ်။

ဘာသာရေး အထူးလုပ်တတ် ကုန်းကောက်စရာ မရှိအောင်မွဲပါစေ၊ မကြာခင် ချမ်းသာမည်။

စိတ်ကောင်းရှိသူ မိတ်ဆွေပေါသူ အနုပညာဝါသနာကြီးသူ စာပေတေးကဗျာ အောင်မြင်ပြီး အသံအဆိုကောင်းသူ လူလိမ်များကို လိမ်တာနဲ့သိတယ်။

လိမ်ညာသူကို မုန်းသည် ချုပ်ချယ်မှုကို မကြိုက်
ဗြောင်ပြောတတ်သူဖြစ်တယ်။

အသက်ရှည်ပြီး ဘေးရန်ကင်းသူ၊

ထီ သုံးကြိမ်ထက်မနည်း ကံထူးသူ သူများဒုက္ခရောက် ရင် ကူညီတတ်သူ၊ ဆန်းပွင့်တတ်သူ။

မွေးရပ်မြေနဲ့ ဝေးကွာစွာနေရတတ်သည်။

အပူအပင်ကင်းစွာ ဘဝကို ရပ်တည်တတ်သူ။

ကျေးဇူး မမေ့တတ်သူ၊ အလွမ်းအဆွေးကြီးသူ မျက်ရည်ဝဲတတ်သူ၊ ဘာပဲဝတ်ဝတ် အချိုးကျပြီး မြင်သူ တကာငေးရတတ်သူဖြစ်တယ်။

ဘုရား တရားများများ လုပ်ဖို့က မိမိတာဝန်ပါ။

#မေတ္တာဖြင့် #ပြန်လည်မျှဝေပါသည် ။
credit;

13/09/2022

🐋ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ ။
ဒါပေမယ့် •••
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။

🐦 ဘဝကို ကြက်တူရွေးလို မနေဘဲ
🦅 သိန်းငှက်လို ကျင့်ကြံပါ
🐦 ကြက်တူရွေးက စကားတတ်ပေမဲ့
မြင့်မပျံနိူင်ဘူး

🦅 သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိူင်တယ် ။

🚣‍♂️ ကြိုးစားတဲ့ လူတိုင်းက •••
မအောင်မြင်ပါဘူး
ဒါပေမယ့် •••
အောင်မြင်နေတဲ့ သူတိုင်းက •••
ကြိုးစားခဲ့ကြပါတယ် ။

🚶 လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့ •••
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။

🔹 လူ့ သက်တမ်းက •••
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု့ ရလဒ်ကတော့ အကန့်သတ် မရှိပါဘူး ။

အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။

🖊️ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့

တံခါးပေါက်က ပြောတယ် •••
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု့ လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။

💡 မီးသီးကပြောတယ် •••
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။

ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့

📆 ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး

📙 စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။

🗡️ ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ••

⌚ နာရီလေးက ပြောတယ် •••
အချိန်ဆိုတာနောက်ပြန်မရနိူင်ဘူး။

🥛 ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။

💵 ပိုက်ဆံလေးက ပြောတယ် •••
များများ သုံးချင်ရင်များများရှာတဲ့။

crd

Address

Mayu Street
Sittwe

Telephone

+959664009006

Website

Alerts

Be the first to know and let us send you an email when Mingalarbar Motel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mingalarbar Motel:

Shortcuts

Share

Category