Strand Hotel Sittwe

Strand Hotel Sittwe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Strand Hotel Sittwe, Hotel, No. 9 Strand Road Sittwe Rakhine, Sittwe.

04/03/2026
13/10/2025
14/04/2025

မိဘ နှင့် သား ဝတ္တရားကိုယ်စီ ကျေကြသည်
******************************************
ဒီနေ့ လေယာဉ်အတူပျံသန်းခဲ့သည့် တွဲဖက်လေယာဉ်မှူးကလေး
သည် ဆရာဝန်တစ်ယောက်ဖြစ်ပါသည်။

ဦးဇော်ရေ
ဆရာဝန်က ဘယ်လို လေယာဉ် လာမောင်းနေတာတုံး….ဟု
မေးချင်ကြပါလိမ့်မည်။

သူသည် ဆရာဝန်တစ်ယောက်ဖြစ်သလို လေယာဉ်မှူးတစ်ယောက်
လည်း ဖြစ်သည်ဟု ပဏာမ ဖြေထားပါရစေ ။

သူသည် ဆယ်တန်းကိုထူးချွန်စွာ အောင်မြင်ခဲ့၍ ဆေးတက္ကသိုလ်သို့
တက်ရောက်ခွင့်ရရှိခဲ့သည်။
ဆေးကျောင်းစီနီယာတန်းတက်နေစဉ် လေယာဉ်မောင်းလိုသည့်
ဆန္ဒဖြစ်ပေါ်လာသဖြင့် မိဘထံသို့ လေယာဉ်မောင်းသင်တန်းတက်
ရောက်လိုကြောင်းခွင့်တောင်းခဲ့သည်။

မိဘများကလည်း မတတ်သာ၍ ခွင့်ပြုရမည့်အခြေအနေဖြစ်လာ
သဖြင့် ဆရာဝန်ဖြစ်အောင် လုပ်ပါ ။
ဆရာဝန်ဖြစ်ပြီးမှ လေယာဉ်မောင်းသင်တန်း တက်ရောက်လိုကတက်
ပါဟု ပြောပြီး ဆေးကျောင်းပြီးဆုံးအောင်တက်စေသည်။

ထိုသူသည် ဆေးကျောင်းသားတစ်ယောက်၏ အခက်အခဲမျိုးစုံကို
အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီး နှေင့်နှေးကြန့်ကြာမှု မရှိဘဲ မိဘများ
ဖြစ်စေချင်သည့်ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့ပါသည်။
သမီးဆရာဝန်ဖြစ်၍ ဆရာဝန်တစ်ယောက်ဖြစ်ရန် ဘယ်လောက်ကြိုး
စားခဲ့ရသည်၊ မိဘက ဘယ်လောက်ပံ့ပိုးခဲ့ရသည်ကို ဆရာဝန်၏ အဖေ
ဖြစ်သူကျွန်တော် ကောင်းကောင်းသိပါသည်။

မိဘ၏ ဆန္ဒကို လိုက်လျောပြီးခဲ့သော ထိုဆရာဝန်ကလေးသည်
မိဘအလိုကျ ဆရာဝန်ဖြစ်ခဲ့ပြီးမှ လေယာဉ်မောင်းသင်တန်းတက်ရောက်
ရန် မိဘထံခွင့်တောင်းရာတွင် မိဘနှစ်ပါးမှ သား၏ ဆန္ဒကို ခွင့်ပြုပေး
လိုက်ရသည်။ လေယာဉ်မောင်းသင်တန်းအတွက် ထိုအချိန်က
ကျပ်သိန်း(၈၀၀)လောက်ကုန်ကျခဲ့ပါသည်။

ဆေးကျောင်းတက်နေရင်း ကျောင်းမပြီးမီ လေယာဉ်မောင်းသင်တန်းသို့
ကူးပြောင်း၍တက်ခဲ့သူ (၃)ဦး (၄)ဦးခန့်လည်းရှိပါသည်။
စီနီယာကျသူ တချို့ ဦးစီးလေယာဉ်မှူး ကပ္ပတိန်ပင်ဖြစ်နေကြပါပြီ။

ထိုဆရာဝန်ကလေးသည် ဖိလစ်ပိုင်နိုင်ငံတွင်လေယာဉ်မောင်းသင်တန်း
ကိုတက်ရောက်ရာတွင်လည်း နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အောင်မြင်
ခဲ့ပြီး AIR KBZ တွင် အလုပ်လျှောက်ရာ ရွေးချယ်ခြင်းခံခဲ့ရသည်။
သူသာ လေယာဉ်မောင်းသင်တန်းတက်ရာတွင် ကြန့်ကြာနေမည်ဆိုလျှင်
အလုပ်အကိုင်အခွင့် အလမ်း နည်းပါလိမ့်မည်။ မြန်မာပြည်တွင် အလုပ်
ရဖို့ပင် မလွယ်ပါ ။

AIR KBZ တွင် သက်ဆိုင်ရာ Aircraft type qualification ရအောင် သင်
တန်းများအဆင့်ဆင့်တက်ရောက်ခဲ့ပြီး ATR 72-600 လေယာဉ်၏ တွဲ
ဖက်လေယာဉ်မှူးတစ်ယောက် ဖြစ်လာခဲ့ပါသည်။

ထိုမိဘ နှစ်ပါးနှင့် ထိုသားကလေးတို့၏ အကြား ဝတ္တရားကိုယ်စီ
ရှိကြသည်ကို အဖေနှင့် သား ၊အမေ နှင့် သား တို့အကြားမေတ္တာတရား ၊
အပြန်အလှန်နားလည်မှုတို့ဖြင့်
အောင်မြင်ပေါက်မြောက်သည်အထိ စွမ်းဆောင်နိုင်ခဲ့ကြသည်
ကိုအတုယူစရာ ဖြစ်ပါသည်။ မိဘ နှင့်သား ဝတ္ထရားကိုယ်စီ ကျေခဲ့ကြ
သည်။

မိဘနှင့်သားသမီးတို့အကြား အပြန်အလှန်နားလည်မှုရှိရပါမည်။
မိဘကလည်း သားသမီး၏ ဆန္ဒကိုစာနာ နားလည်မှုမပေးဘဲ
ကိုယ်ဖြစ်စေချင်သည်ကို အတင်းအကြပ်ပြုလုပ်စေခြင်း၊
သား သမီးကလည်း မိမိ၏ ဆန္ဒရှိသည်ကို မလုပ်ရသဖြင့် မိဘအပေါ်
အမြင်တိမ်းစောင်းခြင်း၊ ဂျစ်တိုက်ခြင်းတို့ဖြင့် အောင်မြင်မှု မရဘဲ
မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြသည်ကိုလည်းတွေ့ဖူးပါသည်။
ရည်မှန်းချက်သို့မရောက်တော့ဘဲ အဆင်မပြေသူတွေကို တွေ့
ခဲ့ဖူးပါသည်။

ထိုဆရာဝန်တွဲဖက်လေယာဉ်မှူးကလေးသည် အဆင့်ဆင့်သော
ကိုဗစ်-၁၉ ကပ်ရောဂါကာလတလျောက်တွင် သူ၏ ဆရာသမား
လေယာဉ်မှူးများ၊မိသားစုဝင်များ ၊ လုပ်ဖော်ကိုင်ဖက်လေယာဉ်မှူးများ၊
ရုံးဝန်ထမ်းများ၏ ကျန်းမာရေးကို သူတတ်သော ဆေးပညာဖြင့်စောင့်
ရှောက်ကယ်တင်ပေးခဲ့ပါသည်။

အောက်ဆီဂျင် အခက်အခဲရှိခဲ့စဉ်က အောက်ဆီဂျင်ရရှိရေး ကိုယ်တိုင်
တန်းစီ၍ ကြိုးစားပေးခြင်း ၊ ဆေးဝါးများရှားပါးနေစဉ် ဆေးဆိုင်များ
သို့သူကိုယ်တိုင်သွားရောက်၍ တစ်ဦးချင်း လိုအပ်သမျှ ဆေးဝါးများ
ဝယ်ယူပေးခြင်း၊အိမ်တိုင်ရာရောက်ပို့ပေးခြင်း တို့ကိုပါ အားတက်သ
ရော ဆောင်ရွက်ပေးခဲ့သူဖြစ်ပါသည်။

စေတနာဖြင့်တက်ကြွစွာ ဆောင်ရွက်ပေးမှုများကြောင့်
ဆရာဝန်ကိုထူးအောင်ဗိုလ်သို့ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မည်
ကို စိုးရိမ်မိ၍ ကျွန်တော်မှ သတိပေးနေခဲ့ရပါသည်။

ယနေ့တွင် ကျောက်ဖြူမှ အပြန် ရန်ကုန်မဂ်လာဒုံလေယာဉ်ကွင်းသို့
ဆင်းသက်ရာတွင် ထိုဆရာဝန် တွဲဖက်လေယာဉ်မှူးကလေး ကပျံသန်း
ရေးတာဝန်ကိုထမ်းဆောင်ပါသည်။

သူက မောင်းနှင်ပျံသန်းသူ PF (Pilot Flying) ဖြစ်ပြီးကျွန်တော်က
PM (Pilot Monitoring) ဖြစ်ပါသည်။
နေ့လည်(၂)နာရီခန့်တွင် ရာသီဥတု အပူရှိန်ကြောင့် လေထု မငြိမ်မသက်
ဖြစ်ပြီး လေယာဉ်ပြေးလမ်းသို့ ချဉ်းကပ်ရာလမ်းတလျှောက်
Autopilot ဖြင့်မောင်းနေသော်လည်း လေယာဉ်ကြီးသည် အတော်ကို
လှုပ်ခါနေပါသည်။

ILS ဟုခေါ်သည် (Instrument Landing System )ဖြင့် ချဉ်းကပ်နေသော်
လည်း လေယာဉ်၏ ဆင်းသက်ရာလမ်းကြောင်း (Glide Slope )
သည်ငြိမ်မနေပါ ။လေယာဉ်သည် (Glide Slope) ပေါ်မှ ကြွတက်သွား
လိုက်၊ Auto Pilot က Glide Slope အတွင်းရှိနေအောင်ပြန်ဆွဲချလိုက်နှင့်
(Sine Curve )လိုဖြစ်နေသည်။

ILS တွင် Glide Slope နှင့် Localizer ဟူ၍ စနစ်နှစ်မျိုးရှိရာ
Localizer က လေယဉ်ပြေးလမ်းကို တည့်အောင်ချိန်ပေးသောစနစ်
ဖြစ်ပြီး Glide Slope က ပြေးလမ်းမှ အကွာအဝေးနှင့်ရှိရမည့်အမြင့်ပေ
ကို ထိန်းကျောင်းပေးသောစနစ်ဖြစ်သည်။
ပြေးလမ်းမှ (၅)မိုင်ခန့်အကွာတွင် အမြင့်ပေ(၁၅၀၀)၊နှစ်မိုင်ခန့်အကွာ
တွင်အမြင့်ပေ(၆၀၀)စသည်ဖြင့် height နှင့် distance ကို ရအောင်
အော်တိုထိန်းပေးခြင်းဖြစ်ပါသည်။
ပျံသန်းမောင်းနှင်သူလေယာဉ်မှူးက အမြင့်ပေ(၅၀၀)ခန့်ရောက်မှ
Autopilot စနစ်ကိုဖြုတ်၍ Hand flying ဖြင့် ဆင်းသက်ခြင်းဖြစ်
ပါသည်။

ဆင်းသက်ရန်ခက်ခဲသည့် (Cross wind )တိုက်ခတ်နေသည်ကိုလည်း
(Primary Flight Display )မှာ ပြနေသည်။ ဆင်းသက်ရန်ခွင့်ပြုထားသည့်
Maximum Cross Wind Speed သို့ မရောက်သေးပါ ။

လေယာဉ်ကိုကန့်လန့်ဖြတ်တိုက်နေခြင်းဖြစ်၍ လေယာဉ်ကြီး ပြေးလမ်း
Centre Line ပေါ်ဆင်းသက်နိုင်ရန် အထူးသတိထားရသည်။
အခန့်မသင့်က ပြေးလမ်းပြင်ပသို့ ဆွဲထွက်သွားနိုင်သည်။
ကမ္ဘာနှင့်အဝှမ်းမှ Airline ကြီးများတွင် ဖြစ်ခဲ့သည့် သာဓကတွေရှိ
ပါသည်။
ကျွန်တော်သည် သူ့ကိုပဲ လေယာဉ်ဘီးများနှင့်ပြေးလမ်းထိသည်အထိ
ဆက်လက်ဆင်းသက်စေခဲ့ရာ (Safe Landing) ဖြစ်ခဲ့ပါသည်။

သူ (Safe Landing )ဖြစ်အောင်မဆင်းနိုင်ဟု ကျွန်တော်မှ
သတိပြုမိသည်နှင့် ( I have control) ဟု ကျွန်တော်မှ command ပေး
၍ ကျွန်တော်မှ Flight Control အားလုံးကိုလွှဲပြောင်းရယူ၍ ဆင်းသက်
ရန်အသင့်ဖြစ်နေရပါသည်။

ကျွန်တော်တို့ငယ်စဉ်ကလည်း ကျွန်တော်တို့ဆရာသမားလေယာဉ်မှူး
ကြီးများမှ ကျွန်တော်တို့အားထိုကဲ့သို့ လေ့ကျင့်သင်ကြားပေးခဲ့သဖြင့်
ဂျုနီယာတွဲဖက်လေယာဉ်မှူး ၊တွဲဖက်လေယာဉ်မှူး ၊ စီနီယာ တွဲဖက်
လေယာဉ်မှူး ၊လေယာဉ်မှူး ၊လေယာဉ်မှူးကြီး ၊နည်းပြလေယာဉ်မှူး၊
DCP ဟုခေါ်သည့် (Designated Check Pilot )အထိအဆင့်ဆင့်ဖြစ်
လာခဲ့ခြင်းဖြစ်ပါသည်။

ပျံသန်းချိန်နာရီ(၁၀၀၀)ခန့်သာရရှိသေးသော
ထိုတွဲဖက်လေယာဉ်မှူးကလေးသည် အချိန်တန်လျှင် ကျွန်တော်ကဲ့
သို့သော ပျံသန်းချိန်နာရီပေါင်း (၁၄၀၀၀) ခန့်ရှိသည့်
ဝါရင့် လေယာဉ်မှူးကြီး ဖြစ်လာပါလိမ့်မည်။

ထိုတွဲဖက်လေယာဉ်မှူးကလေးသည် မိဘဖြစ်စေချင်သည်ကို ဖြစ်အောင်
ကြိုးစားပေးခဲ့သည် ။ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့သည်။
သူဖြစ်ချင်သည်ကိုလည်း မိဘထံခွင့်တောင်း၍ ဖြစ်အောင် ကြိုးစားခဲ့သည်။
လေယာဉ်မှူး တစ်ယောက် ဖြစ်ခဲ့သည်။
သား၏ ဆန္ဒကို ငွေကုန် ကြေးကျများစွာ အကုန်ခံ၍ ခွင့်ပြုပေးခဲ့သူ
မိဘတို့၏ ကျေးဇူးကြီးမားလှပါသည်။
တွဲဖက်လေယာဉ်မှူးဘဝတွင်လည်း တတ်မြောက်ထားသည့် ဆေးပညာ
ဖြင့် လူသားတို့ကို အသက်ကယ်၍ ကုသိုလ်ပြုခဲ့သည်။

သူ့ဘဝတွင် အကြီးကျယ်ဆုံးစိမ်ခေါ်မှု နှစ်ခုကို သူသည်ပြီးမြောက်
အောင်မြင်အောင်ကြိုးစားနိုင်ခဲ့သည်။
သူသည် ဆရာဝန်တစ်ယောက်ဖြစ်သည်။
သူသည် မြို့ပြလေကြောင်းလေယာဉ်မှူးတစ်ယောက်ဖြစ်ပါသည်။
တက်နိုင်၍ ထိပ်ဖျားအထိရောက်ခဲ့သည်။

သား ကိုထူးအောင်ဗိုလ်ရေ
မင်းရဲ့မိဘတွေဖြစ်စေချင်တဲ့ ဆရာဝန်ဖြစ်ခဲ့ပြီ။
ဆရာဝန်တစ်ယောက်ဖြစ်တဲ့မင်းက ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ
မင်းတတ်မြောက်ထားသည့်ဆေးပညာဖြင့် လူသားတွေ၏ အသက်ကို
ကယ်တင်ပေးခဲ့ပြီးပြီ။
မင်းဖြစ်ချင်တဲ့ လေယာဉ်မှူးတစ်ယောက်လည်းဖြစ်ခဲ့ပြီ။

မင်းရဲ့မိဘနှစ်ပါးသည် ဖြစ်နိုင်ခဲသည့်
ဆရာဝန် ၊လေယာဉ်မှူး ဖြစ်အောင်ကြိုးစားခဲ့သူ
သူတို့၏သား ဆရာဝန်လေယာဉ်မှူးလေး ဒေါက်တာထူးအောင်ဗိုလ်
အတွက်ဂုဏ်ယူနေပါလိမ့်မည်။
မင်းဖြစ်ချင်သည်ကို ဖြစ်အောင် ငွေကုန်ကြေးကျ များစွာခံ၍
ခွင့်ပြုပေးခဲ့သူ မင်းရဲ့မိဘနှစ်ပါး၏ ကျေးဇူးတွေကို သားဖြစ်သူ
မင်းက ပို၍ကျေးဇူးတင် နားလည်လာပါလိမ့်မည်။

မိဘနှင့် သား အကြားဝတ္တရားကိုယ်စီကျေခဲ့ကြသည်။
အချိန်တွေကုန်ခဲ့ပေမည့် ဖြစ်ချင်သည်ကို ဖြစ်အောင်ကြိုးစားခဲ့သည့်
မင်းအတွက် ဆရာကလည်းဂုဏ်ယူပါသည်။
ဒီအရွယ်လေးမှာ လစာကောင်းမွန်စွာ ရနေပါပြီ။
သားကို ထူးချွန်အောင်ပြုစု ပျိုးထောင်ပေးနိုင်ခဲ့သည့်
မင်းရဲ့မိဘတွေကိုလည်း ဆရာကလေးစားပါသည်။

(၁၉၇၇)ခုနှစ်မှာ ဆယ်တန်းကို နှစ်ချင်းပေါက်သုံးဘာသာဂုဏ်ထူးဖြင့်
အောင်မြင်ခဲ့သော ဆရာသည် ဆရာ၏ မိဘနှစ်ပါးဖြစ်စေချင်သည့်
ဆရာဝန် မဖြစ်ခဲ့ပါ။

မင်းဘဝမှာ လက်ရှိမောင်းနှင် ပျံသန်းနေသည် ခေတ်မီ ATR 72(600) လေယာဉ်မှတဆင့် အဆင့်မြင့်ဂျက်လေယာဉ်ကြီးတွေမောင်းနှင်ခွင့်
ရရှိပါစေ ။
ပျံသန်းရေး အတတ်ပညာဖြင့် မိဘ၏ ကျေးဇူးကိုဆပ်နိုင်ပါစေ …။
လူသားတွေ၏ အသက်ကိုလည်း ကယ်တင်ပေးနိုင်ပါစေ …..။

မိဘ နှင့် သားသမီးတို့အကြား ဝတ္ထရား ကိုယ်စီကျေပွန်ကြခြင်း
ဖြင့် သားရွှေအိုးထမ်းလာသည်ကို မြင်တွေ့ရသလို အောင်မြင်မှု
တွေရရှိကြပါစေ…..။

ဆရာ လေယာဉ်မှူးကြီးသိန်းဇော်
(၁၂/၄/၂၀၂၂)
ရန်ကုန်-ကျောက်ဖြူ -ရန်ကုန် ခရီးစဉ်

သားကိုထူးအောင်ဗိုလ်သည် ယခုအခါ MAI တွင် Airbus A320 လေယာဉ်
ကြီးကိုပျံသန်းခွင့်ရရှိပြီး International Flight များ ပျံသန်းနေပါသည််။
မိဘကိုပြန်လည်ကျေးဇူးဆပ်နိုင်မည့် လစာကောင်းမွန်စွာရရှိနေပါပြီ။
မကြာသော ကာလတွင် ကပ္ပတိန်ဖြစ်လာပါဦးမည်။
ကမ္ဘာပေါ်ရှိ နာမည်ကျော် Airline များတွင် တာဝန်ထမ်းဆောင်လိုလျှင်လည်း
သူ့အတွက် မခက်ခဲပါ။ Airbus Pilot သည် ကမ္ဘာပေါ်ရှိAirline ကြီးများတွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်ပါသည်။
ထိုAirline ကြီးများတွင် တာဝန်ထမ်းဆောင်ခွင့်ရပါက လစာအမေရိ
ကန်ဒေါ်လာ အသားတင် သောင်းနှင့်ချီ၍ ရပါလိမ့်မည်။
သူ၏ ဘဝခရီးသည် အလွန်ပင် လှပနေပါသည်။

(၁၂/၄/၂၀၂၅)

မေးလာကြသူ ချစ်မိတ်ဆွေများဖွင့်လှစ်ထားရှိကြောင်းပါ ခင်ဗျား  ... ။
21/03/2025

မေးလာကြသူ ချစ်မိတ်ဆွေများ
ဖွင့်လှစ်ထားရှိကြောင်းပါ ခင်ဗျား ... ။

22/02/2025
Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
21/02/2025

Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Address

No. 9 Strand Road Sittwe Rakhine
Sittwe

Telephone

+959255561451

Website

Alerts

Be the first to know and let us send you an email when Strand Hotel Sittwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category