10/10/2026
အောက်တိုဘာလ (၂၄၊ ၂၅၊ ၂၆) ရက် (၃) တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ့် ✨မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆✨ကြီးမှာ 𝐒𝐡𝐚𝐧 𝐀𝐯𝐨𝐜𝐚𝐝𝐨 🥑ကလည်း ရှိနေမှာမလို့ လာရောက်လည်ပတ်ပြီး တောင်ပေါ်ဒေသထောပတ်သီးတွေကို မြည်းစမ်းဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်။
ဖိတ်ခေါ်ပါတယ်ခင်ဗျာ 🥑✨မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆ ✨🥑
သီတင်းကျွတ်ကာလဆိုတာ ဝေးကွာနေကြတဲ့ မိသားစုတွေ၊ ချစ်ခင်ရသူတွေ ပြန်လည်စုံစည်းပြီး နွေးထွေးတဲ့ အမှတ်တရကောင်းတွေ ဖန်တီးကြတဲ့ အချိန်လေးပဲဖြစ်ပါတယ် 💛
ပင်ပန်းသမျှတွေ ခဏမေ့ပျောက်ပြီး လာမယ့်သီတင်းကျွတ်ကာလမှာ ချစ်ခင်ရတဲ့သူတွေနဲ့အတူ ပျော်ပျော်ပါးပါး နွှဲပျော်နိုင်ဖို့ ရန်ကုန်မြို့ မြေပဒေသာကျွန်း (ပုလဲကျွန်း) မှာ ✨ မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆ ✨ ကို အောက်တိုဘာလ (၂၄၊ ၂၅၊ ၂၆) ရက် (၃) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားတော့မှာပါခင်ဗျာ💛
ဒီပွဲတော်ကြီးမှာ ဘာတွေများ ပါဝင်မှာလဲ?
🥑 တောင်ပေါ်ဒေသက မြန်မာ့ထောပတ်သီး တောင်သူကြီးတွေရဲ့ တိုက်ရိုက်အရောင်းဆိုင်များ
🧴 ထောပတ်သီးစားသောက်ကုန်များ၊ အလှကုန်များ
🍳 ထူးထူးခြားခြား လက်ရာတွေနဲ့ မြည်းစမ်းလို့ကောင်းမယ့် စားဖိုမှူးများရဲ့ ထောပတ်သီး Menu များ
🧠 ဗဟုသုတရစရာ ထောပတ်သီးပြခန်းများ
🍍 သစ်သီးဆိုင်ခန်းများ၊ အခြားသော အခြားသော စားသောက်ကုန် လူသုံးကုန်ဆိုင်ခန်းများ
💃 ပအိုဝ်း၊ ဓနု၊ ရှမ်း တို့ရဲ့ ချစ်စရာ တိုင်းရင်းသားအကအလှများ
🎸 တေးဂီတဖျော်ဖြေရေးအစီအစဉ်များ
🎁 ပျော်ရွှင်စရာ Game အစီအစဉ်များ
အပြည့်အစုံပါဝင်မယ့် Fun Festival ကြီး ဖြစ်ပါတယ်။
🌟 အရောင်းဆိုင်များဖိတ်ခေါ်ခြင်း 🌟
ဒါတင်မကသေးဘူးနော်! 🛍️ စားသောက်ကုန်၊ အလှကုန်တွေ၊ လက်မှုအနုပညာပစ္စည်းတွေနဲ့ အဝတ်အထည်ဆိုင်ခန်းပေါင်း (၇၀) ကျော် ပါဝင်မှာဖြစ်လို့ သင့်လုပ်ငန်းရဲ့ ထုတ်ကုန်တွေကို စည်ကားလှတဲ့ ဒီပွဲတော်ကြီးမှာ ပါဝင်ပြသရောင်းချပြီး အခွင့်အလမ်းသစ်တွေ ဖန်တီးနိုင်မှာဖြစ်ပါတယ်။
🌟 Sponsor များ ဖိတ်ခေါ်ခြင်း 🌟
ဒီလိုစည်ကားသိုက်မြိုက်တဲ့ ပွဲတော်ကြီးမှာ ကိုယ့်ရဲ့ Brand နဲ့ လုပ်ငန်းကို လူထုကြား ပိုမိုထင်ရှားစွာ မိတ်ဆက်ပြသနိုင်ဖို့အတွက် Sponsor အဖြစ် ပါဝင်ပူးပေါင်းလိုတဲ့ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများကိုလည်း နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ 🤝
ဆိုင်ခန်းနေရာတွေနဲ့ စပွန်ဆာ အစီအစဉ်တွေ မကုန်ခင် အခုပဲ အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းလိုက်တော့နော် 🏃♀️💨
📞 ဖုန်းနံပါတ် - 0943127656၊ 0943034894
📱 Viber / Telegram - 0943127656