Thu Kha Cherry

Thu Kha Cherry Sika ထုတ်ကုန်များကိုတနေရာတည်း ရနိုင်ပါပြီရှင့်

လူကြီးမင်းတို့ နေထိုင်ရာ အဆောက်အဦး၊ Project များအတွက်  ရေယို ရေစိမ့်ခြင်းမှ ကာကွယ်ရန်အတွက် အကောင်းဆုံး ဘိလပ်မြေအခြေခံ ရ...
05/12/2025

လူကြီးမင်းတို့ နေထိုင်ရာ အဆောက်အဦး၊ Project များအတွက် ရေယို ရေစိမ့်ခြင်းမှ ကာကွယ်ရန်အတွက် အကောင်းဆုံး ဘိလပ်မြေအခြေခံ ရေလုံဆေး SikaTop®Seal-107!! 👍

SikaTop®Seal-107 ဟာ Cementitious Type Waterproofing ဖြစ်ပြီး ရေစိမ့်ထွက်ခြင်းမှ ကာကွယ်ရန်အဓိက အသုံးပြုနိုင်ပါတယ်
🔶 ရေချိုးခန်း အိမ်သာ နဲ့ ဝရံတာတွေ ၊ ရေကူးကန်နဲ့ ရေတားနံရံ (Retaining wall) တွေ Basement တွေအပြင် 🔶သောက်သုံးရေကန်များမှာပါ အသုံးပြုလို့ရတာမို့
ရေယိုစိမ့်တဲ့နေရာတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ product လေးပါရှင်

စွဲကပ်အားကောင်းပြီး အသုံးပြုရလည်းလွယ် Quality လည်းစိတ်ချရတဲ့ SikaTop®Seal-107 လေးကို မှာယူချင်တယ်ဆိုရင်တော့ SikaMyanmar Hotline
☎️ 09-780777166 or Page
Messenger မှတဆင့် စုံစမ်းဝယ်ယူနိုင်ပါတယ်ရှင်

ကွန်ကရစ်အသစ်နဲ့အဟောင်းဆက်ချင်တဲ့အခါ၊ Topping များစွဲကပ်အားကောင်းစေချင်တဲ့အခါ အသုံးပြုရန်အကောင်းဆုံး SikaLatex® Bonding A...
12/11/2025

ကွန်ကရစ်အသစ်နဲ့အဟောင်းဆက်ချင်တဲ့အခါ၊ Topping များစွဲကပ်အားကောင်းစေချင်တဲ့အခါ အသုံးပြုရန်အကောင်းဆုံး
SikaLatex® Bonding Agent 👍👍

ကွန်ကရစ်အဟောင်းတွေပေါ်မှာ Topping ပြန်လောင်းတဲ့အခါ
ကွန်ကရစ်အဟောင်းနဲ့ ကွန်ကရစ်အသစ် မတွဲကပ်တာကြောင့် အဆင်မပြေမဖြစ်စေဖို့ SikaLatex® ကိုအသုံးပြုဖို့ အကြံပေးပါရစေရှင်
SikaLatex® ဟာ
📌စွဲကပ်အားကိုတိုးမြှင့်ပေးနိုင်ခြင်း
📌 ကွန်ကရစ် ကျုံ့ဆန့်မှုနဲ့ အက်ကွဲခြင်းများကို လျော့ချပေးနိုင်ခြင်း
📌 အဆိပ်အတောက်မဖြစ်ခြင်း
📌အသုံးပြုရလွယ်ကူခြင်းတို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းအမျိုးမျိုးအတွက် အသုံးပြုနိုင်ပါတယ်ရှင်

အသေးစိတ်စုံစမ်းလိုသော Customer များအနေနဲ့ Sika Myanmar Taunggyi
Ph: 09780777166

🛢️Sikadur 31CF ကတော့ (သံချောင်းနှင့် ကွန်ကရစ်၊ ကွန်ကရစ်အချင်းချင်း    ကပ်စေခြင်း နှင့် ကွန်ကရစ်အက်ကြောင်းများ ဖာသော Epox...
09/06/2025

🛢️Sikadur 31CF ကတော့
(သံချောင်းနှင့် ကွန်ကရစ်၊ ကွန်ကရစ်အချင်းချင်း ကပ်စေခြင်း နှင့် ကွန်ကရစ်အက်ကြောင်းများ ဖာသော Epoxy ပတ်တီး ဖြစ်ပါတယ်)

ကို 💁‍♀️
▪အက်ကြောင်းများ၊ ကွန်ကရစ်အပေါက်များ ဖာထေးရာတွင်လည်းကောင်း
▪ကွန်ကရစ် နှင့် ကြွေပြား၊ သစ်သား၊ စတီး၊ သံ၊ မှန်၊ အလူမီနီယမ်၊ ကျောက်ပြားများ၊ PVC ပိုက်များ နှင့်
Natural Stone အချင်းချင်းကပ်စေသော ကော်အဖြစ်လည်းကောင်း
▪Construction Joint များတွင် Hydrotite အား ရွှေ့လျားမှု မရှိစေရန် ကပ်သော အခါတွင်လည်းကောင်း
အသုံးပြုနိုင်သည်

အသုံးပြုပုံ
🛢️Sikadur 31CF တွင် Component A နှင့် Component B (၂ပိုင်း) စုစုပေါင်း 2kg ပါ၀င်သည်
🛢️ရောစပ်သောအခါ Component A ၂ဆ ၊ Component B ၁ဆ အားခွက်တစ်ခုထဲတွင် ထည့်ပါ
🛢️သံချောင်းဖြင့်ဆိုလျှင် (၃မိနစ်ခန့်) မွှေစက်ဖြင့် မွှေပါက (၂မိနစ်) သမအောင်မွှေပါ
🛢️Sikadur 31CF ထည့်မည့်အပေါက်အား Air Compressor ဖြင့်သန့်ရှင်းနိုင်ပါက ပို၍ကောင်းသည်
️Sikadur 31CF အသုံးပြုမည့်နေရာသည် ခြောက်သွေ့နေစေရမည်၊ ရေလုံး၀မရှိစေရ
🛢အက်ကြောင်းအတွင်းသို့ ရောစပ်ထားသော
Sikadur 13 CF အား ပတ်တီးပြား (သို့) သံလက် အသေးဖြင့် သေချာစွာ ဖြည့်သိပ်ပါ
🛢အက်ကြောင်းသည် နံရံတွင်ဖြစ်ပါက တစ်ကြိမ်လျှင် 30mm အထူထိသာ ဖြည့်သိပ်ပါ
🛢️ရောစပ်ထားသော Sikadur 31CF အား မိနစ်၃၀ အတွင်း အပြီးသုံးရမည်
🛢1mm အထူဖြစ်လျှင် Sikadur 31CF (2kg) 1set လျှင် 10ft2 ခန့် အသုံးပြုနိုင်သည်

ကွန်ကရစ်အားဖောက်၍ သံချောင်းထည့်မည်ဆိုပါက
🛢သံချောင်းထည့်မည့် ကွန်ကရစ်အပေါက်အား
အမှုန်များမရှိစေရန် လေမှုတ်စင်ဖြင့် သန့်ရှင်းပါ ၊
ရေဖြင့် လုံး၀မဆေးရ
🛢သန့်ရှင်းပြီးပါက အပေါက်တွင်းသို့ လက်ဖြင့် (သို့)
ပိုက်အား ပြွန်ပုံသဏ္ဍာန်ပြုလုပ်ကာ တစ်၀က်ခန့်
ထည့်ပါ
🛢ပြီးလျှင် သံချောင်းအား ဖြည်းဖြည်းချင်း လှည့်ထည့်ပါ
ထိုအခါ ခိုနေသောလေများ ထွက်လာပြီး အပေါက်
ပြည့်လာမည်
🛢သံချောင်းအား လိုအပ်ပါက တစ်ရက်မပြည့်ခင်
ထိန်းထားသင့်သည်

🛑မှတ်ချက်။ ။ Sikadur31CF ကိုလက်အိတ်ဖြင့်သာ
ကိုင်ပါ၊ သန့်ရှင်းရေးပြုလုပ်ပါက
မခြောက်ခင်ပြုလုပ်ပါ၊ Thinner ဖြင့်
သန့်ရှင်းရေးပြုလုပ်နိုင်သည်
Sika Taunggyi ဆက်သွယ်ရန် 09780777166

မကြာခင်ရောက်လာတော့မဲ့ မိုးရာသီအတွက် လူကြီးမင်းတို့ အမိုးslab များ ရေလုံအောင် SikaProof®Membrane သုံးပြီး ကြိုတင်ကာကွယ်လိ...
24/04/2025

မကြာခင်ရောက်လာတော့မဲ့ မိုးရာသီအတွက် လူကြီးမင်းတို့ အမိုးslab များ ရေလုံအောင် SikaProof®Membrane သုံးပြီး ကြိုတင်ကာကွယ်လိုက်တော့နော် ✨

SikaProof®Membrane ဟာ Bituminous based ဖြစ်ပြီး အသုံးပြုရလွယ်ကူတဲ့အပြင် အခြောက်မြန်ကြာရှည်ခံတာကြောင့်
🔶 basement အပြင်ကွန်ကရစ်နံရံ နှင့် အုတ်နံရံတွေ
🔶ကွန်ကရစ်အမိုးမျက်နှာပြင်၊ ဥမင်လှိုဏ်ခေါင်းများရဲ့အမိုးတွေ
🔶 ပန်းစိုက်ခုံနှင့်ရေမြောင်းတွေမှာလည်း အသုံးပြုနိုင်ပါတယ်
🔶 ဆွဲကပ်အားလည်း ကောင်းပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိတာကြောင့် အဆောက်အဦးအသစ်၊ အဟောင်း နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်

📌SikaProof®Membrane 20 kg တပုံးကို တကျင်းခွဲခန့် အသုံးပြုနိုင်ပါတယ်ရှင်

အသေးစိတ်သိရှိလိုသော Customer များအနေနဲ့
☎️ 0978077166 or page Messenger ကိုဆက်သွယ်နိုင်ပါတယ်ရှင်

ကွန်ကရစ်အက်ကွဲကြောင်းများ တစ်သားတည်း ဖြစ်ရန်နဲ့  ရေစိမ့်ဝင်မှုမှ ကာကွယ်ရန်အတွက် အကောင်းဆုံး  Sikadur® 52TH !!Sikadur® 52...
12/04/2025

ကွန်ကရစ်အက်ကွဲကြောင်းများ တစ်သားတည်း ဖြစ်ရန်နဲ့ ရေစိမ့်ဝင်မှုမှ ကာကွယ်ရန်အတွက် အကောင်းဆုံး Sikadur® 52TH !!
Sikadur® 52TH ကို သုံးလိုက်ခြင်းဖြင့် Bonding အားကိုပိုကောင်းစေတဲ့အပြင် နဂိုမူလ Strength ကိုလည်း ပြန်လည် ရရှိစေပါတယ်ရှင်
လူကြီးမင်းတို့ အဆောက်အဦးရဲ့ columns, beams, foundation နဲ့ concrete slab တွေမှာရှိတဲ့ အက်ကြောင်းများ ဖာထေးဖို့အတွက် အသုံးပြုလို့ရပါတယ်
အက်ကြောင်းများဖာထေးရာမှာ Pouring, Injection (Low pressure / High pressure) Method များ နဲ့ အခြေအနေပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်
‼️ကွန်ကရစ်သက်တမ်း အနည်းဆုံး ၃ ပတ် မှ ၆ ပတ်အတွင်းရှိမှသာ Sikadur® 52THကို အသုံးပြုသင့်ပါတယ်ရှင် ‼️
ကွန်ကရစ်အက်ကွဲကြောင်းအတွင်း ဖြည့်သွင်းရန် ၊ ကွန်ကရစ်အားမူလ Strength ရရှိစေရန် နဲ့ ကွန်ကရစ်အက်ကြောင်းများမှ ရေယိုစိမ့်မှုကို ကာကွယ်ရန်အတွက် အသုံးပြုလို့ရတဲ့
Sikadur® 52TH ကို အသေးစိတ်သိရှိချင်တယ်ဆိုရင်တော့
☎️ 09 780777166 or page messenger မှတဆင့် ဆက်သွယ်နိုင်ပါတယ်ရှင်

Sikaflex Construction ကိုဘယ်လိုနေရာတွေမှာသုံးလို့ရလဲဆိုတာပြောပြပေးမယ်နော် 💁‍♀️✅အဆောက်အဦးများတွင် ရှိသော joint များ Seal ...
09/04/2025

Sikaflex Construction ကိုဘယ်လိုနေရာတွေမှာသုံးလို့ရလဲဆိုတာပြောပြပေးမယ်နော် 💁‍♀️

✅အဆောက်အဦးများတွင် ရှိသော joint များ Seal လုပ်ရာတွင် permanent sealing အဖြစ်
Polyurethane based Sikaflex_Construction လို့ခေါ်တဲ့ Sealant ကိုအသုံးပြုနိုင်ပါတယ်

✅ကွန်ကရစ် joint များ၊ ကွန်ကရစ်နှင့် သစ်သားအဆက်ကြားဖြစ်လာသော joint နေရာတွေမှာလည်း အသုံးပြုနိုင်ပါတယ်

✅Joint များအားလုံးရေလုံစေရန်နှင့်လှုပ်ရှားမှုကြောင့်ဖြစ်လာမည့် အက်ကြောင်းများ ဖြစ်ပေါ်မှုကိုကာကွယ်ရန်လည်း အသုံးပြုနိုင်ပါတယ်

အသုံးပြုပုံ 💁‍♀️💁‍♀️
▪Sikaflex Construction အသုံးပြုမယ့်အက်ကြောင်း(သို့) ဟနေသော နေရာများအား အမှုန်၊ အမှိုက် နှင့် ရေ၀ပ်ခြင်းမရှိစေရန် သန့်ရှင်းပါ
▪ကွန်ကရစ်တွင် အစိုပြန်မှုများပါက primer သုတ်၍
ရေငွေ့ပြန်မှုကို လျှော့ချပါ
▪Joint နက်ပါက backing rod ဟုခေါ်သော filler
ထည့်၍ လိုချင်သော joint ၏ အနက်ရအောင်
လုပ်ယူပါ
▪Sikaflex Construction ဖြည့်နိုင်သော အနည်းဆုံးအကျယ်မှာ 10mm နှင့် အနက်မှာ 8mm ဖြစ်ပြီးအများဆုံးအကျယ်မှာ 35mm နှင့် အနက်မှာ 15mm ဖြစ်ပါတယ်

အဆောက်အဦ တခုလုံး ဖျက်ချဖို့ လို / မလို မေးထားတဲ့ သူတွေအတွက်ပါ။ အပိုင်း (၁) Column( ကော်လံတိုင်)  နှင့် ( နံရံ)  Wall အဆ...
07/04/2025

အဆောက်အဦ တခုလုံး ဖျက်ချဖို့ လို / မလို မေးထားတဲ့ သူတွေအတွက်ပါ။
အပိုင်း (၁)
Column( ကော်လံတိုင်) နှင့် ( နံရံ) Wall အဆက်နေရာ အက်ကြောင်းများ ( Joint Cracking) အကြောင်းကို ကျွန်မသိထားသလောက်လေး အနည်းငယ်ပြောပြပေးသွားပါမယ်။
အခြေခံ အမျိုးအစားများ နှင့် အကြောင်းအရင်းများကို လေ့လာကြည့်ရအောင်ပါ။
အမျိုးအစားတွေကတော့
1.Hairline Cracking
သေးငယ်သောအက်ကြောင်းများ ဖြစ်ပြီး ကွန်ကရစ်ကျုံ့ခြင်း (Shrinkage) ဖြစ်တက်ပြီးပြင်းထန်မှု နည်းသော အဆင့်အဖြစ် သက်မှတ်လေ့ရှိကြပါတယ်။
2.Vertical Cracking
ဒေါင်လိုက်အက်ကြောင်း
အပူရှိန်ပြောင်းလဲခြင်းThermal movement ကြောင့်ဖြစ်တက်ပြီး အလတ်စား အဆင့်အဖြစ် သက်မှတ်လေ့ရှိကြပါတယ်။
3.Horizonal Cracking
အလျားလိုက်အက်ကြောင်း
အလေးချိန် Loading မညီခြင်း၊ ဘေးတိုက်တွန်းအားများ ( excessive lateral force) နှင့် သို့ရေစိမ့်ဝင်မှုကြောင့် ဖြစ်ပေါ်တက်ပြီး အလတ်စား-ပြင်းထန် တဲ့အဆင့်ဖြင့် သက်မှတ်လေ့ရှိကြပါတယ်။
4.Diagonal Cracking
ဘေးတိုက်တစောင်းအက်ကြောင်း
ငလျင်ဒဏ် နှင့် အင်အားပြင်းထန်သော excessive
OverLoading များကြောင့် အားမျှခြေပျက်ပြီး ဖြစ်ပေါ်လာတက်ပါတယ်။
အရေးပေါ် အခြေအနေအဖြစ် သက်မှတ်လေ့ရှိကြပါတယ်။
Cracking ဖြစ်စေတဲ့ အခြားအကြောင်းအရာတွေလဲရှိပါတယ်။ဆောက်လုပ်နေစဥ်ကာလအတွင်း အမှားများဖြစ်တဲ့
(က) ကျွမ်းကျင်လုပ်သားများ မပါဝင်ခြင်း
(ခ) ဘိလပ်မြေ အရောအစပ် မမှန်ခြင်း
(ဂ) ရေလိုအပ်ပြည့်ဝအောင် မရရှိခြင်း
(ဃ) Beams Column joint များကို အလွယ်တွဲထားခြင်း
(င)Drill ဖောက်ခြင်း ကဲ့သို့ Vibration များ ဖြစ်ခြင်း
(စ)Building Codes များကို အသုံးမပြုခြင်း
တို့ကြောင့်လဲ Cracking တွေ ဖြစ်တက်ပါတယ်။
Cracking (အက်ကြောင်းများ) ကို ပြုပြင်ဖို့အတွက်
ဖော်ပြပါနည်းလမ်းတွေကိုသုံးပြီးလုပ်လို့ရပါတယ်
(က) အသေးစားအက်ကြောင်းများ (5mm)..........................................................
**Columns နဲ့ Beams အတွက် အရေးကြီးပါတယ်။**
5mm ထက် ပိုကြီးတဲ့ Cracking တွေကို ပြုပြင်တဲ့နေရာမှာတော့ အသုံးပြုတဲ့ Materialsတွေ ရှေရှည်အသုံးခံမယ့် Quality Productတွေကို ပိုပြီး ရွေးချယ်သင့်ပါတယ်။
လုပ်ဆောင်ရမယ့်နည်းလမ်းတွေက Steel Jacket System SJS (Retro Fitting) စနစ်ဆိုပိုကောင်းပါတယ်။
ဒီနည်းလမ်း ပျက်စီးသွားတဲ့ Columns, Beams နဲ့ load-bearing elements ကို အားပြန်ဖြည့် ခိုင်ခံ စေပြီး ရေရှည်အသုံးပြုလို့ ရနိုင်မယ့် နည်းပညာ တစ်ခုဖြစ်ပါတယ်။ အဆောက်အဦး သက်တမ်းကြာလာခြင်း၊ Structure ထဲမှာ အသုံးပြုထားတဲ့ သံချောင်းတွေ သံချေးတက်လာခြင်း၊ Quality မမှန်ခြင်း နဲ့ အခြားသော အကြောင်းအရာများကြောင့်လဲဲ Beams, Columns နဲ့ load-bearing Structural elements တွေ ဟာ အားနည်းလာတက်ပါတယ်။ Columns နဲ့ Beams တွေဟာလဲ Foundation ရဲ့ တစ်စိတ်တပိုင်းဖြစ်ပါတယ်။ SJS ကို ပြုလုပ်ထားခြင်းဖြင့် မူလ ရှိပြီးသား Structure ကို ပျက်စီးခြင်းမှ ပိုမို၍ကာကွယ်ပေးနိုင်ပါတယ်။
ပြုလုပ်ရမယ့်နည်းလမ်းဖြစ်ပါတယ်။
၁။ အဆောက်အဦ စစ်ဆေးခြင်း ( Site Inspection and Preparation )
ပထမအဆင့် အနေဖြင့် ပျက်စီးနေသော (သို့မဟုတ်) အားနည်းသောယိုယွင်းသွားတဲ့ Structural Members အကုန်လုံး၏ ပျက်စီးမှုအတိုင်းအတာကို အကဲဖြတ် အသေးစိတ် စစ်ဆေးရန်လိုအပ်ပါတယ်။
ဒုတိယအဆင်အနေဖြင့် အပျက်အစီးများ၊ သံချေးများ နဲ့ ကွန်ကရစ်ဟောင်းများကို ဖယ်ရှားရန် လိုအပ်ပါတယ်။မူလရှိပြီးသား Beams Columns နဲ့ load-bearing elements များ SJS စနစ်နဲ့ ခိုင်မြဲစွာ တွယ်အားကောင်းစေရန်အတွက် သန့်ရှင်းရေး သေသေချာချာ လုပ်ရပါမယ်။
၂။ SJS Installation and Concrete injection
Structural Elements များ ပျက်းစီးယိုယွင်းမှုအခြေအနေရ ပုံစံမျိုးစုံ တပ်ဆင်အသုံးပြုတပ်ဆင်နိုင်ပါတယ်။ အပျက်အစီးအရမ်းများသော Columns များအတွက် SJS အပြင် steel shell တပ်ဆင်ခြင်း၊Reinforcing bars (Rebar) ထည့်ခြင်းလုပ်သင့်ပါတယ်။ကြားနေရာများကိုConcrete or Grouting Cement (အဂ်တေ မဆလာ) တို့ လောင်းထည့်ပေးရပါမယ်။
၃။Structure ​ကြံ့ခိုင်မှုကို ပြန်လည်ရရှိခြင်း
SJS စနစ် ကို အသုံးပြုခြင်းဖြင့် ပျက်စီးယိုယွင်းသွားသော အားနည်းသွားသော အဆောက်အဦ ကို အလုံးစုံဖျက်စရာမလိုအပ်ပဲ မူလ Strength နီးပါး ပြန်လည်ရရှိစေနိုင်ပါတယ်.
*** ပျက်စီးမှု ရာခိုင်နူန်းအရ လုံးဝ ဖြိုချရနိုင်သော အဆောက်အဦ များလည်းရှိနိုင်ပါတယ်***
အဆောက်အဦ တခုလုံး ဖြိုချ ခြင်းထက်ကုန်ကျစရိတ် များစွာသက်သာပါတယ်။
အချုပ်အားဖြင့်ပြောရမယ်ဆိုရင်SJS သည် ပျက်စီးသွားသော အဆောက်အဦများနှင့် တံတားများ ကို ခိုင်ခံ့စေရန် နှင့် ပြန်လည်ထူထောင်ရေးအတွက် အလွန်ထိရောက်သော နည်းလမ်းတခုဖြစ်ပါတယ်။
***ပြုပြင်မှုများကိုတော့ အင်ဂျင်နီယာအဖွဲ့များနဲ့ တိုင်ပင်ပြီး လုပ်ဆောင်တာ အကောင်းဆုံးဖြစ်ပါတယ်။***
ဆရာမဆု (BE (Civil))
မိသားစုများအားလုံး ဘေးအန္တာရယ်အပေါင်းမှ အမြန်ဆုံး ကင်းဝေးကြပါစေ 🙏
Crd

     Sika Grout အားအောက်ဖော်ပြပါနေရာများတွင်အသုံးပြုသည်-တံတား Bearing Pad အထိုင်များချရာတွင်လည်းကောင်း_စက်ကြီးများအထိုင်...
12/01/2025





Sika Grout အားအောက်ဖော်ပြပါနေရာများတွင်အသုံးပြုသည်

-တံတား Bearing Pad အထိုင်များချရာတွင်လည်းကောင်း
_စက်ကြီးများအထိုင်ချရာတွင် Bolt Hole များ ဘို့ထိုင်အပေါက်များ အတွင်း ဖြည့်ရာတွင်လည်းကောင်း
_ကွန်ကရစ် Beam များ/ Column များရှိ Honey Combများ/ Gapများ/ ကွန်ကရစ် လောင်းစဥ်​အခါက ကျန်ရစ်ခဲ့သောနေရာများအား ပြန်လည်ဖြည့်ရာတွင်လည်းကောင်း
_ကွန်ကရစ်ကြမ်းခင်းများရှိ အက်ကြောင်းများ(အနည်းဆုံး ၁၀ မီလီမီတာ အကျ၊်ရှိသောအက်ကြောင်း)အားပြန်လည်ဖြည့်ရာတွင်လည်းကောင်း အသုံးပြုနိုင်သည်

🏘🏘အသုံးပြုပုံ
Sika Grout တအိတ်တွင် 25 Kg ပါ၀◌င်သည် ။
ရောစပ်ရာတွင်Grout တအိတ်လျင် ရေ ( 15%) 3.75 Liter ထိရောစပ်နိုင်သည်။

👉Grout ရောစပ်မည်ပုံးထဲသို့ရေ 3 Liter ခန့်အရင်ထည့်ပါ။
ပြီးလျင် Grout အားဖြည်းညင်းစွာထည့်နေစဥ် မွေစက်ဖြင့် ၃ မိနှစ်ခန့်သမအောင်မွှေပါ။ ကျန်ရှိသော ရေ 0.75 Litterအားလိုအပ်သလိုချိန်ထည့်ပါ။

ဆက်သွယ်ဝယ်ယူရန်
🚨🚨🚨 09780777166, 09448627775

🔺️Waterproofing အဖြစ် အသုံးပြုနိုင်သော     Sika Top Seal 107 ကို ဘယ်လိုရောစပ်      အသုံးပြုရမလဲဆိုတော့.....▪Sika Top Sea...
10/01/2025

🔺️Waterproofing အဖြစ် အသုံးပြုနိုင်သော
Sika Top Seal 107 ကို ဘယ်လိုရောစပ်
အသုံးပြုရမလဲဆိုတော့.....

▪Sika Top Seal 107 (၁စုံ)တွင် အဖြူရောင်ဆေးရည်
5kg နှင့် ဆေးအမှုန့် 20kg ပါ၀င်ပါတယ်
▪ရောစပ်ရာတွင် ဆေးရည် (၁ဆ) ဆေးမှုန့် (၄ဆ)ခန့်
ရော၍ (၃မိနစ်)ခန့် သမအောင်မွှေရပါမယ်
▪မွှေစက်ဖြင့် မွှေပေးမယ်ဆို ပိုကောင်းပါတယ်နော်
▪အားလုံးရောစပ် ပြီးပြီဆိုရင်တော့ အသုံးပြုမည့်
မျက်နှာပြင်ကို ရေဖြင့်သေချာစွာ ဆေးကြောရပါမယ်
▪ဆီ၊ အမှုန် နှင့် အမှိုက်တုိ့ မကျန်ရှိစေရန် သံbrush (သို့)
brush အကြမ်းတို့ဖြင့် သေချာစွာ သန့်ရှင်းပေးရပါမယ်
▪စိုထိုင်းထိုင်း အနေအထားတွင် ဖျော်စပ်ထားသော
Sika Top Seal 107 အား wet to wet အနေအထား
ဖြင့် သုတ်လိမ်းရပါမယ်

အသုံးပြုမည့် မျက်နှာပြင်တွင် ရေ၀ပ်ခြင်း ရေတင်ခြင်း
မရှိစေရပါဘူးနော်🚫

💢Sika Top Seal 107 ကို သုတ်လိမ်းတဲ့အခါမှာ
ပတ်တီးပြားဖြင့် (သို့) ဆေးသုတ် Brush ဖြင့်လည်း
သုတ်လိမ်းနိုင်ပါတယ်

💢ခဲမသွားမီအတွင်း ပြီးအောင်သုတ်လိမ်းရပါမယ်

💢Sika Top Seal 107 အား နှစ်ထပ်(2 Coat) ခန့်
သုတ်လိမ်းသင့်ပါတယ်

👉သုတ်လိမ်းနိုင်မယ့် အချိုးအစားတွေကတော့

▪ရေချိုးခန်း ၊ အိမ်သာ နေရာများတွင် One Coat လျှင်1.5kg/m2

▪Retaining wall, Basement နှင့် သောက်ရေကန် အစရှိတဲ့ ရေတွင်း ရေကန် များမှာဆိုရင်တော့
One Coat ကို 2kg/m2

▪တစ် Coat နှင့် တစ် Coat အား (၃နာရီ) မှ (၆နာရီ) ခြား၍ သုတ်လိမ်းသင့်ပါတယ်

🚫Sika Top Seal 107 ကို 1 m2 လျှင် 4kg ထက်ပို အသုံးမပြုသင့်ပါ

" အရည်အသွေးကောင်းပြီး စွဲကပ်အားကောင်းတဲ့ ကြွေပြားကပ်ကော်ကိုမှ အသုံးပြုချင်တဲ့ လူကြီးမင်းတို့အတွက်  SikaCeram®188SuperTTB...
29/11/2024

" အရည်အသွေးကောင်းပြီး စွဲကပ်အားကောင်းတဲ့ ကြွေပြားကပ်ကော်ကိုမှ အသုံးပြုချင်တဲ့ လူကြီးမင်းတို့အတွက် SikaCeram®188SuperTTB ရှိနေပြီနော် "

SikaCeram®188SuperTTB ကြွေပြားကပ်ကော်ဟာဆိုရင် ဘိလပ်မြေအခြေခံပြီး ပိုလီမာ၊ သဲနဲ့ admixture များစွာဖြင့် ပြုလုပ်ထားတာကြောင့် အဆောက်အဦးရဲ့ အတွင်းပြင် ၊ ရေချိုးခန်း ၊ အိမ်သာ နံရံ၊ ကြမ်းခင်းတွေပေါ်် သာမက၊ကွန်ကရစ်မျက်နှာပြင်နဲ့ အုတ်စည်းရိုးမျက်နှာပြင်များအပေါ် မှာလည်း လွယ်ကူစွာကပ်နိုင်ပါတယ်ရှင်

SikaCeram®188SuperTTB ဟာဆိုရင်
⏩ စွဲကပ်အား အထူးကောင်းမွန်တာကြောင့် ကြွေပြားများလေခိုမှုမရှိခြင်း၊
⏩ အသုံးပြုရလွယ်ကူခြင်း၊
⏩ ကြွေပြားကပ်ပြီးတဲ့ ကြမ်းခင်းကိုလည်း 24 နာရီအကြာမှာ ဖြတ်သန်းသွားလာနိုင်ပါတယ်ရှင်

Quality လည်းကောင်းပြီး ကြာရှည်ခံတဲ့အပြင် စျေးနှုန်းလည်း သင့်တင့်တာကြောင့် Customer များအကြိုက်ဖြစ်တဲ့
SikaCeram®188SuperTTB ကြွေပြားကပ်ကော်လေးကို မှာယူချင်တယ်ဆိုရင်တော့

Sika Myanmar Hot line -
☎️09780777166

#ကြွေပြားကပ်ကော်

Address

No 61, Ohk Pho Street, Myoma Qut
Taunggyi

Telephone

+959780777166

Website

Alerts

Be the first to know and let us send you an email when Thu Kha Cherry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thu Kha Cherry:

Share