25/09/2025
🙏"ငြိမ်းဧည့်ရိပ်သာ"မှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်🙏
သာယာလှပသော သီတင်းကျွတ်အချိန်ခါသမယမှာ "ငြိမ်းဧည့်ရိပ်သာ"ကို လာရောက်လည်ပတ်တည်းခိုကြသော ဧည့်သည်တော်များအားလုံးကို "ငြိမ်းဧည့်ရိပ်သာ"မိသားစုမှ
ဧည့်သည်တော်များရဲ့ခရီးစဉ်တစ်လျှောက်လုံးဘေးဘယာကင်းကွာပြီး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီးစည်းစိမ်ဥစ္စာများကြီးပွားတိုးတက်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🙏🙏💜🎆
ယခုလိုမွန်မြတ်သော ပွဲတော်အခါသမယမှာ ဧည့်သည်တော်များရဲ့ စိတ်နှလုံးထဲတွင်လည်း မေတ္တာတရားများတိုးပွားပြီးငြိမ်းချမ်းကြပါစေ။🙏🙏 လောကကြီးတစ်ခုလုံးတွင်ရှိသော ကမ္ဘာသူ ကမ္ဘာသားအပေါင်းလည်း ဘေးဘယာကင်းကွာပြီး ငြိမ်းချမ်းသာယာတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်တို့"ငြိမ်းဧည့်ရိပ်သာ"မိသားစုမှ ထပ်လောင်းမေတ္တာပို့သလိုက်ပါတယ်။🙏🙏
နွေးထွေးတဲ့ မေတ္တာ၊ အေးချမ်းတဲ့ ကရုဏာများဖြင့်...
"ငြိမ်းဧည့်ရိပ်သာ မိသားစု"