18/05/2023
ေ-သ တဲ့အချိန်ထိ အလုပ်လုပ်သွားဖို့ စိတ်ကူးမရှိဘူးဆိုရင်
ဘ၀ ရဲ့ဘယ်အရွယ်ထိပဲ အလုပ်လုပ်မယ် ဆိုတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ကိုယ့်ဆီမှာ အရင်ရှိထားဖို့ လိုပါတယ်။
အဲ့ဒီဆုံးဖြတ်ချက်ရှိတဲ့အတိုင်း အချိန်တစ်ခုသတ်မှတ်ပြီး
မဆုတ်မနစ်တဲ့ ကြိုးစားအားထုတ်မှု ၊ လေ့လာသင်ယူမှု ၊ ဇွဲ ၊ လုံ့လ ၊ ဝီရိယ ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ၊ စိတ်အားထက်သန်မှု နဲ့ စိတ်ပိုင်းဖြတ်ထားမှုကို လက်ကိုင်ထားပြီး ၁၀စုနှစ်တစ်ခု တော့ လျှောက်လှမ်းသွားဖို့လိုအပ်ပါတယ်။
၁၀ နှစ်ဆိုတာလူတစ်ယောက်ဘ၀ပြောင်းလဲဖို့ အတွက် တကယ်လုံလောက်တဲ့အချိန်တစ်ခုပါ။
လူတစ်ယောက်ဟာ နယ်ပယ်တစ်ခုမှ အသက်မွေးဝမ်းကြောင်းပြုဖို့ပဲဖြစ်ဖြစ်၊ Professional ဖြစ်ဖို့ နဲ့ Income ကောင်းကောင်းရဖို့ပဲဖြစ်ဖြစ် ဘယ် မိဘ background ကပဲဆင်းလာလာ ၁၀နှစ်ဆိုတာ လုံလောက်တဲ့ အချိန်တစ်ခုပါ။
Life is a Game လို့သတ်မှတ်ပြီး အသက်အရွယ် အပိုင်းအခြားအလိုက်ခွဲခြားကြည့်မယ်ဆိုရင်..
အသက် ၂၅ _ ၃၅ ( 1st Game )
အသက် ၃၅ _ ၄၅ ( 2nd Game )
အသက် ၄၅ _ ၅၅ ( 3rd Game )
အသက် ၅၅ _ ၆၅ ( 4th Game )
ကိုယ် ဘယ် gameမှာ နိုင်အောင်ကစားမလဲ ဆိုတာကို အရင်ဆုံး ဆုံးဖြတ်ပါ ။ 1st Game ,2nd game မှာတင်စောစော နိုင်ရင်အကောင်းဆုံးပေါ့။ 3rd game နဲ့ 4th game ရောက်မှဆိုရင်တော့ အသက်အရွယ်အရ ကျလူ ဖြစ်လာတာကြောင့် နိုင်ဖို့ ပိုခက်ခဲလာပါလိမ့်မယ်။
ဘ၀ကိုအနိုင်နဲ့ ပိုင်းနိုင်တဲ့သူတွေရဲ့ဘ၀ ဆိုတာ ကိုယ့်ဘ၀ရဲ့ထိန်းချုပ်မှုအားလုံးသည် ကိုယ့်လက်ထဲမှာပဲရှိနေတဲ့ဘ၀ မျိုးကိုဆိုလိုပါတယ်။
ငွေကြေးဆိုင်ရာ လွတ်မြောက်မှုရှိတဲ့ဘ၀
မဖြစ်မနေအလုပ်လုပ်စရာမလိုတဲ့ဘ၀
ဆန္ဒရှိသလို အိမ်မက်တွေနောက်ပဲ လိုက်နိုင်တဲ့ဘ၀
ကိုယ်ရှင်သန်ချင်သလို ရှင်သန်ခွင့်ရတဲ့ဘ၀
အခြားသူတွေကို ပြည့်ပြည့်၀၀ ပြန်ကူညီပေးနိုင်တဲ့ဘ၀
အဲ့လိုဘ၀မျိုး နဲ့ ရှင်သန်နိုင်ဖို့ အတွက် ၁၀စု နှစ်တစ်ခုစာ တော့အချိန်ယူရပါမယ်။
ကိုယ်နေချင်တဲ့Life style တစ်ခုရဖို့ ဘ၀တစ်ခုလုံးစာနဲ့ တွက်ကြည့်ရင် ၁၀နှစ်ဆိုတဲ့အချိန်ကာလတစ်ခုက ပေးဆပ်ဖို့ သိပ်တန်တယ်လို့ပဲ မြင်ပါတယ်။
၁၀နှစ်လောက်ပဲ နည်းမှန်လမ်းမှန် နဲ့ ကြိုးစားပြီး သည်းခံ လျှောက်လှမ်းပါ။ အနာဂတ်မှာ ကိုယ်ဆန္ဒရှိသလို ကိုယ်ဖန်တီးနုင်စွမ်းရှိတဲ့ ဘ၀မှာ ကိုယ်ရှင်သန်ခွင့်ရမှာပါ။
Crd .