Hokkaido Air-Con

Hokkaido Air-Con Heating, ventilating & air conditioning service

အခန်းတစ်ခန်းရဲ့ cooling load ကို ဘယ်လို တွက်ချက်မလဲ ? ? ?အဲယားကွန်းတစ်လုံး တပ်ချင်ပါတယ် ဒါပေမယ့် ဘယ်လိုတွက်ချက်ရမလဲ သိချ...
04/10/2022

အခန်းတစ်ခန်းရဲ့ cooling load ကို ဘယ်လို တွက်ချက်မလဲ ? ? ?
အဲယားကွန်းတစ်လုံး တပ်ချင်ပါတယ် ဒါပေမယ့် ဘယ်လိုတွက်ချက်ရမလဲ သိချင်သူများအတွက်
အခန်း တစ်ခန်းမှာ မြင်းကောင်ရေ Horse Power ဘယ်နှစ်ကောင်လောက်ကို သုံးမယ်ဆိုတာကို သိချင်ရင် BTU နဲ့ရှာတာပိုသင့်လျှော်ပါတယ်ခင်ဗျာ။
B.T.U ဆိုတာ British Thermal Unit ဖြစ်ပါတယ်။
ဒီတော့ Formula အရ
B.T.U = Square feet × 35
သိချင်တာက B.T.U ဆိုရင်
အခန်းရဲ့ အလျှားနဲ့ အနံကို မြှောက်လိုက်ရင်
Square Feet ရပါတယ်။
ဆိုပါစို့ ၁၂ ပေ ၁၅ပေ ကျယ်တဲ့အခန်းမှာဆိုလျှင် Square Feet က 180 ရှိမယ်။
ရလာတဲ့ sq.ft ကို 35 နဲ့မြှောက်ပါ။
35 ဆိုတာက Constant ကိန်းသေပါ။
( အိမ်အဟောင်းနဲ့ တိုက်ခန်းအဟောင်းတွေမှာဆို
35 BTU per feet နဲ့တွက်ပြီး
အိမ်အသစ်နဲ့ တိုက်ခန်းအသစ်တွေကိုတော့
30 BTU per feet နဲ့တွက်ပါတယ်။ )
ဒါကတော့ Warm နွေးတဲ့နေရာဒေသတွေမှာပါ။
{Cold} ချမ်းအေးတဲ့ ဒေသတွေမှာတော့
( အိမ်အဟောင်းနဲ့ တိုက်ခန်းအဟောင်းတွေမှာဆို
60 BTU per feet နဲ့တွက်ပြီး
အိမ်အသစ်နဲ့ တိုက်ခန်းအသစ်တွေကိုတော့
50 BTU per feet နဲ့တွက်ပါတယ်။ )
ဒါကြောင့် ရန်ကုန်မြို့လို ဒေသမှာ နေထိုင်တယ်ဆို
35 BTU per hour နဲ့ Sq.Ft ကို မြှောက်တာပါ။
B.T.U = Sq.ft × 35
B.T.U = 180 × 35
B.T.U = 6300 ရပါတယ်။
ရလာတဲ့ B.T.U ဟာ
အကျယ် ၁၂ပေ ၁၅ပေ ကျယ်တဲ့ အခန်းမှာ
တပ်ဖို့လိုတဲ့ B.T.Uပေါ့။ ဒါတင်မပြီးသေးဘူး။
နေရောင် တိုက်ရိုက်ကျတဲ့အခန်းဆိုရင် ရထားတဲ့ B.T.U အဖြေရဲ့ 10% ပေါင်းပေးပါ။
ကျနေမရှိတဲ့အခန်းဆိုရင်တော့ 10% နှုတ်လိုက်ပါ။
ဒီရလာတဲ့အဖြေက ပုံမှန်လူ ၂ယာက် နဲ့
၄ ယောက်ကြားပဲ ထားတွက်တာပါ။
လူတစ်ယောက် ထပ်တိုးလာတိုင်း 600 BTU
ထပ်ပေါင်းပေးပါ။
ဥပမာ လူ၁၀ယောက်ထပ်တိုးမယ်ဆိုရင်
600×10= 6000 ဆိုတော့
ပထမရထားတဲ့
6300btu + 6000btu ဆိုတော့
12300btu ရပါတယ်။
ဒါဆိုရင် တစ်ကောင်ခွဲ 1.5HP ရှိတဲ့
အဲယားကွန်းတစ်လုံးတပ်လိုက်ရင် အဆင်ပြေပါပြီ။
မီးဖိုချောင်မှာတပ်မယ့် အဲယားကွန်းတွေဆိုရင်တော့ ခုရလာတဲ့တန်ဖိုးကို 4000btu ထပ်ပေါင်းပြီး လိုအပ်တဲ့ အဲယားကွန်းကို တွက်ချက်ပြီး တပ်ဆင်လိုက်ပါ။ အဆင်ပြေပါစေခင်ဗျာ။
🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮
🌷🌷🌷 နောက်တစ်နည်းက 🌷🌷🌷
အခန်းတစ်ခန်းရဲ့ cooling load ကိုတွက်တဲ့
အလွယ်ဆုံး နည်းကတော့ Area နဲ့တွက်ရတာပါပဲ။
15'×10'ရှိတဲ့ အခန်းရဲ့ area 150 square feet ကို
ဥပမာ ထားတွက်ကြည့်ရင် 1 square feetရဲ့
အအေးလိုအပ်ချက် က 60 Btu/hr to 85 Btu/hr
ရှိရပါမယ်။ အဲဒါဆို maximum ထားပြီး
တွက်ကြည့်ရရင် 150×85=12750 Btu/hr ရပါမယ်။
အဲဒါဆို 1Ton=1.5HP=12000 Btu/hr ဖြစ်တဲ့
အတွက် ၁ကောင်ခွဲ air-con တစ်လုံးလိုပါမယ်။
metric system နဲ့ တွက်မယ်ဆို
1 square meter မှာ အအေးလိုအပ်ချက်
600 to 850 Btu/hr ရှိရပါတယ် ။
Imperial နဲ့ metric က ၁၀ ဆကွာတယ်လို့
မှတ်ထားလိုက်ရင် ရပါပြီ။
Credit ;Thu Yein Min Maw ( T.Y.M.M ) Golden Gate Automation Training Center


အခန္းတစ္ခန္းရဲ႕ cooling load ကို ဘယ္လို တြက္ခ်က္မလဲ ? ? ?
အဲယားကြန္းတစ္လုံး တပ္ခ်င္ပါတယ္ ဒါေပမယ့္ ဘယ္လိုတြက္ခ်က္ရမလဲ သိခ်င္သူမ်ားအတြက္
အခန္း တစ္ခန္းမွာ ျမင္းေကာင္္ေရ Horse Power ဘယ္ႏွစ္ေကာင္ေလာက္ကို သုံးမယ္ဆိုတာကို သိခ်င္ရင္ BTU နဲ႔ရွာတာပိုသင့္ေလ်ွာ္ပါတယ္ခင္ဗ်ာ။
B.T.U ဆိုတာ British Thermal Unit ျဖစ္ပါတယ္။
ဒီေတာ့ Formula အရ
B.T.U = Square feet × 35
သိခ်င္တာက B.T.U ဆိုရင္
အခန္းရဲ႕ အလ်ွားနဲ႔ အနံကို ေျမႇာက္လိုက္ရင္
Square Feet ရပါတယ္။
ဆိုပါစို႔ ၁၂ ေပ ၁၅ေပ က်ယ္တဲ့အခန္းမွာဆိုလ်ွင္ Square Feet က 180 ရွိမယ္။
ရလာတဲ့ sq.ft ကို 35 နဲ႔ေျမႇာက္ပါ။
35 ဆိုတာက Constant ကိန္းေသပါ။
( အိမ္အေဟာင္းနဲ႔ တိုက္ခန္းအေဟာင္းေတြမွာဆို
35 BTU per feet နဲ႔တြက္ၿပီး
အိမ္အသစ္နဲ႔ တိုက္ခန္းအသစ္ေတြကိုေတာ့
30 BTU per feet နဲ႔တြက္ပါတယ္။ )
ဒါကေတာ့ Warm ေႏြးတဲ့ေနရာေဒသေတြမွာပါ။
{Cold} ခ်မ္းေအးတဲ့ ေဒသေတြမွာေတာ့
( အိမ္အေဟာင္းနဲ႔ တိုက္ခန္းအေဟာင္းေတြမွာဆို
60 BTU per feet နဲ႔တြက္ၿပီး
အိမ္အသစ္နဲ႔ တိုက္ခန္းအသစ္ေတြကိုေတာ့
50 BTU per feet နဲ႔တြက္ပါတယ္။ )
ဒါေၾကာင့္ ရန္ကုန္ၿမိဳ႕လို ေဒသမွာ ေနထိုင္တယ္ဆို
35 BTU per hour နဲ႔ Sq.Ft ကို ေျမႇာက္တာပါ။
B.T.U = Sq.ft × 35
B.T.U = 180 × 35
B.T.U = 6300 ရပါတယ္။
ရလာတဲ့ B.T.U ဟာ
အက်ယ္ ၁၂ေပ ၁၅ေပ က်ယ္တဲ့ အခန္းမွာ
တပ္ဖို႔လိုတဲ့ B.T.Uေပါ့။ ဒါတင္မၿပီးေသးဘူး။
ေနေရာင္ တုိက္ရိုက္က်တဲ့အခန္းဆိုရင္ ရထားတဲ့ B.T.U အေျဖရဲ႕ 10% ေပါင္းေပးပါ။
က်ေနမရွိတဲ့အခန္းဆိုရင္ေတာ့ 10% ႏႈတ္လိုက္ပါ။
ဒီရလာတဲ့အေျဖက ပုံမွန္လူ ၂ယာက္ နဲ႔
၄ ေယာက္ၾကားပဲ ထားတြက္တာပါ။
လူတစ္ေယာက္ ထပ္တိုးလာတိုင္း 600 BTU
ထပ္ေပါင္းေပးပါ။
ဥပမာ လူ၁၀ေယာက္ထပ္တိုးမယ္ဆိုရင္
600×10= 6000 ဆိုေတာ့
ပထမရထားတဲ့
6300btu + 6000btu ဆိုေတာ့
12300btu ရပါတယ္။
ဒါဆိုရင္ တစ္ေကာင္ခြဲ 1.5HP ရွိတဲ့
အဲယားကြန္းတစ္လုံးတပ္လိုက္ရင္ အဆင္ေျပပါၿပီ။
မီးဖိုေခ်ာင္မွာတပ္မယ့္ အဲယားကြန္းေတြဆိုရင္ေတာ့ ခုရလာတဲ့တန္ဖိုးကို 4000btu ထပ္ေပါင္းၿပီး လိုအပ္တဲ့ အဲယားကြန္းကို တြက္ခ်က္ၿပီး တပ္ဆင္လိုက္ပါ။ အဆင္ေျပပါေစခင္ဗ်ာ။
🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮
🌷🌷🌷 ေနာက္တစ္နည္းက 🌷🌷🌷
အခန္းတစ္ခန္းရဲ႕ cooling load ကိုတြက္တဲ့
အလြယ္ဆံုး နည္းကေတာ့ Area နဲ႔တြက္ရတာပါပဲ။
15'×10'ရွိတဲ့ အခန္းရဲ႕ area 150 square feet ကို
ဥပမာ ထားတြက္ၾကည့္ရင္ 1 square feetရဲ႕
အေအးလိုအပ္ခ်က္ က 60 Btu/hr to 85 Btu/hr
ရွိရပါမယ္။ အဲဒါဆို maximum ထားၿပီး
တြက္ၾကည့္ရရင္ 150×85=12750 Btu/hr ရပါမယ္။
အဲဒါဆို 1Ton=1.5HP=12000 Btu/hr ျဖစ္တဲ့
အတြက္ ၁ေကာင္ခြဲ air-con တစ္လံုးလိုပါမယ္။
metric system နဲ႔ တြက္မယ္ဆို
1 square meter မွာ အေအးလိုအပ္ခ်က္
600 to 850 Btu/hr ရွိရပါတယ္ ။
Imperial နဲ႔ metric က ၁၀ ဆကြာတယ္လို႔
မွတ္ထားလိုက္ရင္ ရပါၿပီ။
Credit ;Thu Yein Min Maw ( T.Y.M.M ) Golden Gate Automation Training Center

လျှပ်စစ် မီတာခကို ဘယ်လိုတွက်ချက်မလဲ ? ? ?အိမ်တိုင်း၊လုပ်ငန်းတိုင်းမှာမရှိမဖြစ်တာကတော့ လျှပ်စစ်မီးပဲဖြစ်ပါတယ်။လစဉ်လတိုင်း...
03/10/2022

လျှပ်စစ် မီတာခကို ဘယ်လိုတွက်ချက်မလဲ ? ? ?

အိမ်တိုင်း၊လုပ်ငန်းတိုင်းမှာမရှိမဖြစ်တာကတော့ လျှပ်စစ်မီးပဲဖြစ်ပါတယ်။လစဉ်လတိုင်း
မီတာစာရွက်လာလျှင် ပုံမှန်Billဆောင်ရသော်လည်း ယူနစ် ၁ ယူနစ်၏တွက်ချက်ခြင်းအားမသိသလို လစ်လျူရှု့မိကျမည်မဟုတ်လား…? ဒါကြောင့် မီးတာ တွက်ချက်နည်းလေးကို မျှဝေပေးခြင်ပါခင်ဗျ

**တွက်ချက်နည်း**
လျှပ်စစ်မီးအား
၁ ယူနစ် kWh (kilowatt hour) ကို၊
၁ နာရီလျှင် ဝပ် ၁၀၀၀ ဆိုပြီး
သတ်မှတ်ထားပါတယ်
လျှပ်စစ်မီးပစ္စည်းတိုင်းတွင်
မီးအားစားနှုန်းများပါရှိပါတယ်ခင်ဗျ
( ဥပမာ၊ ၄ ပေ မီးချောင်း - ဝပ် ၄၀၊ လျှပ်စစ်ထမင်းပေါင်းအိုး - ဝပ် ၇၀၀ ၊ စသည်ဖြင့်ပေါ့ )
လျှပ်စစ်အား ၁ ယူနစ်တွက်ချက်ရာတွင် အောက်ပါတွက်ချက်နည်းအားအသုံးပြုရပါမယ်
မီးအားစားနှုန်း (Watt)ကို (Kilo Watt) ဖြစ်အောင် ၁၀၀၀ နဲ့စား ၊ ရလာတဲ့အဖြေကို အသုံးပြုတဲ့နာရီနဲ့ မြှောက်ပါမယ် ထပ်ရလာတဲ့ အဖြေ ကို ယူနစ်နှုန်းထား (ဥပမာ တစ်ယူနစ် ၃၅ ကျပ်၊ ၇၅ ကျပ် စသည်ဖြင့်) မြှောက်ရင် ကုန်ကျတဲ့ တန်ဖိုးကိုရပါပြီ။

(မီးအားစားနှုန်း/၁၀၀၀ x အသုံးပြုသောအချိန်နာရီ x ၁ ယူနစ်နှုန်းထား = ကုန်ကျငွေတန်ဖိုး)

ဥပမာ - Chigo အဲကွန်း တစ်ကောင်ခွဲကို တွက်ပြပါမယ်
1.5 hp ရဲ့ Rated Cooling Power က 1370W ပါ တစ်ယူနစ်ကို ၃၅ကျပ်နဲ့ ၁ကောင်ခွဲ အဲကွန်း ကို တစ်နာရီဆက်တိုက် Compressor ကို မောင်းမယ်ဆိုပါစို့
(၁၃၇၀/၁၀၀၀ x ၁နာရီ ) x ၃၅ကျပ် = ၄၇.၉၅ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်
တစ်နေကုန် ၂၄ နာရီ မနားပဲ ဆက်တိုက်မောင်းမယ်ဆိုရင် ၁၁၅၀.၈ ကျပ် ကျသင့်မှာဖြစ်ပါတယ်ခင်ဗျ

တကယ့်တကယ်တော့ အဲကွန်းတစ်လုံးက Compressor ကို တစ်ချိန်လုံးမောင်းနေတာမဟုတ်ပဲ အသုံးပြုသူက သတ်မှတ်ထားတဲ့ Cooling Temperature ထိ သာ ရောက်အောင် မောင်းပြီး သတ်မှတ်ထားတဲ့ အအေးနှုန်းရောက်ရင် Compressor ကို Cutout လုပ်လိုက်တဲ့ အတွက် မီးအားစား ကို သက်သာစေပါတယ်ခင်ဗျ

ကျွန်တော်တို့ Page ကို Like & Share ပြုလုပ်ထားခြင်းဖြင့် မိတ်ဆွေတို့လိုအပ်သည့်အချိန်တွင် သိရှိနိုင်ပါတယ်ခင်ဗျာ See less

@
လ်ွပ္စစ္ မီတာခကို ဘယ္လိုတြက္ခ်က္မလဲ ? ? ?

အိမ္တိုင္း၊လုပ္ငန္းတိုင္းမွာမရွိမျဖစ္တာကေတာ့ လွ်ပ္စစ္မီးပဲျဖစ္ပါတယ္။လစဥ္လတိုင္း
မီတာစာရြက္လာလွ်င္ ပုံမွန္Billေဆာင္ရေသာ္လည္း ယူနစ္ ၁ ယူနစ္၏တြက္ခ်က္ျခင္းအားမသိသလို လစ္လ်ဴရႈ႔မိက်မည္မဟုတ္လား…? ဒါေၾကာင့္ မီးတာ တြက္ခ်က္နည္းေလးကို မွ်ေ၀ေပးျခင္ပါခင္ဗ်

**တြက္ခ်က္နည္း**
လွ်ပ္စစ္မီးအား
၁ ယူနစ္ kWh (kilowatt hour) ကို၊
၁ နာရီလွ်င္ ဝပ္ ၁၀၀၀ ဆိုျပီး
သတ္မွတ္ထားပါတယ္
လွ်ပ္စစ္မီးပစၥည္းတိုင္းတြင္
မီးအားစားႏႈန္းမ်ားပါရွိပါတယ္ခင္ဗ်
( ဥပမာ၊ ၄ ေပ မီးေခ်ာင္း - ဝပ္ ၄၀၊ လွ်ပ္စစ္ထမင္းေပါင္းအိုး - ဝပ္ ၇၀၀ ၊ စသည္ျဖင့္ေပါ့ )
လွ်ပ္စစ္အား ၁ ယူနစ္တြက္ခ်က္ရာတြင္ ေအာက္ပါတြက္ခ်က္နည္းအားအသုံးျပဳရပါမယ္
မီးအားစားႏႈန္း (Watt)ကို (Kilo Watt) ျဖစ္ေအာင္ ၁၀၀၀ နဲ႕စား ၊ ရလာတဲ့အေျဖကို အသံုးျပဳတဲ့နာရီနဲ႕ ေျမွာက္ပါမယ္ ထပ္ရလာတဲ့ အေျဖ ကို ယူနစ္ႏႈန္းထား (ဥပမာ တစ္ယူနစ္ ၃၅ က်ပ္၊ ၇၅ က်ပ္ စသည္ျဖင့္) ေျမွာက္ရင္ ကုန္က်တဲ့ တန္ဖိုးကိုရပါၿပီ။

(မီးအားစားႏႈန္း/၁၀၀၀ x အသုံးျပဳေသာအခ်ိန္နာရီ x ၁ ယူနစ္ႏႈန္းထား = ကုန္က်ေငြတန္ဖိုး)

ဥပမာ - Chigo အဲကြန္း တစ္ေကာင္ခြဲကို တြက္ျပပါမယ္
1.5 hp ရဲ႕ Rated Cooling Power က 1370W ပါ တစ္ယူနစ္ကို ၃၅က်ပ္နဲ႕ ၁ေကာင္ခြဲ အဲကြန္း ကို တစ္နာရီဆက္တိုက္ Compressor ကို ေမာင္းမယ္ဆိုပါစို႕
(၁၃၇၀/၁၀၀၀ x ၁နာရီ ) x ၃၅က်ပ္ = ၄၇.၉၅ က်ပ္ က်သင့္မွာ ျဖစ္ပါတယ္
တစ္ေနကုန္ ၂၄ နာရီ မနားပဲ ဆက္တိုက္ေမာင္းမယ္ဆိုရင္ ၁၁၅၀.၈ က်ပ္ က်သင့္မွာျဖစ္ပါတယ္ခင္ဗ်

တကယ့္တကယ္ေတာ့ အဲကြန္းတစ္လံုးက Compressor ကို တစ္ခ်ိန္လံုးေမာင္းေနတာမဟုတ္ပဲ အသံုးျပဳသူက သတ္မွတ္ထားတဲ့ Cooling Temperature ထိ သာ ေရာက္ေအာင္ ေမာင္းျပီး သတ္မွတ္ထားတဲ့ အေအးႏႈန္းေရာက္ရင္ Compressor ကို Cutout လုပ္လိုက္တဲ့ အတြက္ မီးအားစား ကို သက္သာေစပါတယ္ခင္ဗ်

ကၽြန္ေတာ္တို႕ Page ကို Like & Share ျပဳလုပ္ထားျခင္းျဖင့္ မိတ္ေဆြတုိ႔လိုအပ္သည္႕အခ်ိန္တြင္ သိ႐ွိႏုိင္ပါတယ္ခင္ဗ်ာ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Hokkaido Air-Con posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hokkaido Air-Con:

Share