12/01/2024
ပြောပြချင်လွန်းလို့ လာရေးရတာ အရင်ရေးနေကျလို ပုံတွေဝေဝေဆာဆာ မပါနိုင်တာ ဆောရီးဗျာ
မူးပြဲနေမှ ရောက်သွားပြီး မနက်ကျဂိနေလို့ မနက်စာတောင် ထ မစားလိုက်ရတဲ့ ဟော်တယ်လေးပါ
ဒါပေမဲ့ တော်တော်လေး အဆင်ပြေပြီး ပေးရတာနဲ့လဲ တန်လို့ ကိုယ်လို budget သမားတွေအတွက် လာပြောပေးတာပါ
တာမွေ ဉီးထွန်းမြတ် လမ်းထဲက Hotel Rose Hill တဲ့
စျေးနှုန်းက စပြောရရင်
နှစ်ယောက်ခန်း 45000 က စ တယ်
Kandawgyi View နဲ့ အထပ်မြင့် အခန်းဆို 50000-55000 လောက်ရှိတယ်
ကျတော်သွားခဲ့တုန်းက ၄ ယောက်နေတာ ၃ ယောက်ခန်း 53000 တန် ကို extra တလုံးထိုးတော့ 20000 ထပ်ပေးရတယ်
၄ ယောက်စာကိုမှ 73000 ပဲကျတဲ့သဘောပေါ့ဗျာ
စျေးတန်တယ် လို့ပြောလို့ရတယ်
အဲ့လိုသက်သာလို့ အခန်းတွေမကောင်းမှာလား service ညံ့နေမှာလားဆိုတော့လဲ မဟုတ်ဖူးဗျ
အခန်းတွေကလဲ သန့်တယ် မိုက်တယ် service လဲ ကောင်း breakfast လဲ ကောင်းတယ်
ဝရံတာ သေးသေးလေး တခုလဲပါသေးတယ် အထပ်မြင့်အခန်းဆို view လေးကြည့်ရင်း ဇိမ်ယူလို့လဲရအုန်းမယ်
Front Office က ညီမလေးတွေကလဲ service ကောင်းလိုက်တာပြောမနေပါနဲ့ 😁 ကျနော်တို့အဖွဲ့က လူအရေအတွက် မငြိမ်လို့ booking ကို ၃ ခါလောက်ပြန်ပြောင်းရတာတောင် မငြီးမငြူနဲ့ သေချာလေး စီစဉ်ပေးတယ်
တခုလေးပဲ ပြောစရာရှိတာက အိမ်သာရေချိုးခန်း က ကျဉ်းရှည်ရှည်လေးဖြစ်နေတာ တခုရှိတယ် ဒါကလဲသူက အိမ်သာခွက်နေရာနဲ့ shower နေရာကို မှန်နဲ့ကာထားလိုက်တော့ ကျဉ်းသလိုဖြစ်သွားတာ
မနက်စာက စားလိုက်ရတဲ့သူတွေပြောပြတာတော့ ဖြစ်သလို ဘူဖေးဖြစ်ပီးရော ဆိုပီး ကျွေးတာ မဟုတ်ဖူးတဲ့ ထမင်း ခေါက်ဆွဲ မုန်ဟင်းခါး ဆန်ပြား စသဖြင့် စုံစုံလင်လင် ကိူမှ အသားဟင်းတမျိုးလဲပါသေးတယ်
ဒီစျေးနဲ့က တန်နေပြီလေဗျာ နော်
နောက်တခေါက်ထပ်သွားဖြစ်မှပဲ ပုံလေးတွေလှလှပပ နဲ့ အရင်လို ပြန်တင်ပေးမယ်
ခုကတော့ ရှိတဲ့ပုံလေး တပုံနဲ့ပဲ ကျေနပ်ပေးကြပါဗျာ 😘
Thank you