Shwe Paradise Garden

Shwe Paradise Garden SHWE Paradise Garden မှာလာရောက်အပန်းဖြေအနားယူဖို့ ချစ်ခင်စွာဖြင့်ကြိုဆိုလျက်ပါရှင် 09966975151

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အတွက် အလွန်ထူးမြတ်သောနေ့ထူနေ့မြတ်ဖြစ်တဲ့သီတင်းကျွတ်လပြည့်နေ့လေးမှာ ကုသိုလ်တရားဖြင့်မင်္ဂလာအ...
17/10/2024

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အတွက် အလွန်ထူးမြတ်သောနေ့ထူနေ့မြတ်ဖြစ်တဲ့သီတင်းကျွတ်လပြည့်နေ့လေးမှာ ကုသိုလ်တရားဖြင့်မင်္ဂလာအပေါင်းပြီးပြည့်စုံပြီး ကြည်နူးစိတ်ချမ်းသာအပေါင်းပြည်စုံပါစေကြောင်း Shwe Paradise Garden မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါတယ်🙏

စိမ်းလန်းသော Shwe Paradise Garden မှာဆုံကြမယ်🎶
30/08/2024

စိမ်းလန်းသော Shwe Paradise Garden မှာဆုံကြမယ်🎶

 #ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့၁၉.၈.၂၀၂၄ ရက်နေ့ဟာဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ဖြစ်သလို ၁၀နှစ်ကျော်မှတစ်ခါကြုံတောင့်ကြုံခ...
18/08/2024

#ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့

၁၉.၈.၂၀၂၄ ရက်နေ့ဟာဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ဖြစ်သလို ၁၀နှစ်ကျော်မှတစ်ခါကြုံတောင့်ကြုံခဲSuper Blue Moon dayနှင့်တိုက်ဆိုင်နေတဲ့အတွက်နေ့ထူးနေ့မြတ်အခါတော်မှာဥပုသ်သီတင်းသီလစောင့်တည်ခြင်း🙏🙏🙏
မနက်၉နာရီ၈မိနစ်၅၂စက္ကန့်မှမှ၉နာရီ၅၉မိနစ်၅၂စက္ကန့်အချိန် အတွင်းဓနသိဒ္ဓိစန်းလဂ်နှင့်ယှဉ်သောအချိန်ဖြစ်၍မဟာဝေဒဗ္ဗဂါထာတော်မြတ်ကိုရွတ်ဖတ်ပူဇော်ခြင်း🙏🙏🙏
မေတ္တာသုတ်ရွတ်ဆိုပွါးများခြင်းတို့ကိုပြုလုပ်ပေးခြင်းဖြင့် ကပ်ကြီးဘေးများမှလွတ်မြောက်နိုင်စေကြောင်း ဆုမွန်ကောင်းများပြည့်ဝနိုင်ကြပါစေ။

#ဝါခေါင်လပြည့်နေ့ကိုမြန်မာဗုဒ္ဓဘာသာများကမေတ္တာအခါတော်နေ့လို့

သတ်မှတ်ကာ ထူးထူးခြားခြား ကုသိုလ်များ ပြုလုပ်လေ့ရှိကြပါတယ်။
မြန်မာ့ယဥ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ ယဥ်ကျေးမှုလို့ ပြောလို့ရ လောက်အောင် မြန်မာနိုင်ငံရဲ့ လအသီးသီးမှာလည်း ဘာသာတရားကို အခြေခံထားတဲ့ နေ့ထူး နေ့မြတ်များ ရှိနေပါတယ်။

ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ စသဖြင့် သတ်မှတ် ကြသလို ဝါခေါင်လပြည့်နေ့ ကိုလည်းမေတ္တာအခါတော်နေ့လို့ သတ်မှတ်ကာ ကုသိုလ်ကောင်းမှု အထူးထူးကို ပြုလုပ်ကြပါတယ်။

ဒီဝါခေါင််လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်တာကတော့ ဗုဒ္ဓလက်ထက်က ဗုဒ္ဓဘုရားရှင် ဟောတော်မူတဲ့ မေတ္တာသုတ်ကို အကြောင်းပြုပြီး သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓဟာ ဒီမေတ္တာသုတ်ကို ဝါခေါင်လပြည့်နေ့မှာ ဟောတော်မူခဲ့တာ ဖြစ်တယ်ဆိုတဲ့ယုံကြည်မှုသဒ္ဓါတရားနဲ့
မြန်မာဗုဒ္ဓဘာသာများကဝါခေါင်လပြည့်နေ့ကို
မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

ဒီမေတ္တာသုတ်ကို ဟောရခြင်းရဲ့ အကြောင်းကိုဗုဒ္ဓစာပေတွေမှာ ဖော်ပြပါရှိပါတယ်။ စာပေအဖွင့်တွေအရ ဗုဒ္ဓလက်ထက်က ရဟန်းတော်များဟာ ဝါဆိုခါနီး ရောက်တဲ့အခါ အားထုတ်စရာ ကမ္မဋ္ဌာန်း တစ်ခုခုကိုယူပြီးတောရွာတောအုပ် စတဲ့အရပ်တွေမှာ ဝင်ရောက်ပြီး ဝါတွင်းကာလ တရားဓမ္မနဲ့ ကမ္မဋ္ဌာန်းအလုပ်များ အားထုတ်လေ့ရှိတယ်ဆိုတာသိရပါတယ််။

ဒီအစဥ်အလာအတိုင်း မထင်မရှား ရဟန်းငါးရာဟာလည်း ကမ္မဋ္ဌာန်းကိုယူပြီး ဟိမဝန္တာအနီး တောအုပ်တစ်ခု သို့ ဝင်ရောက်ကာ နီးစပ်ရာ သစ်ပင်များအောက်မှာ ကမ္မဋ္ဌာန်းတရား အားထုတ်ကြပါတယ်။
ဒီအခါမှာ အဲဒီ သစ်ပင်အသီးသီးမှာရှိတဲ့ ဘုမ္မစိုး၊ ရုက္ခစိုးစတဲ့ နတ်တွေဟာသီလသမာဓိနဲ့ ပြည့်စုံတဲ့ ရဟန်းတော်များ ရောက်လာတဲ့အတွက် သစ်ပင်တွေအပေါ်မှာ မနေသာတော့ပဲ ဒုက္ခရောက်ကြရပါတယ်။

ဒီလိုဒုက္ခရောက် တော့ အဲဒီဘုမ္မစိုး၊ ရုက္ခစိုးစတဲ့ နတ်တွေဟာ ကြောက်မက်ဖွယ်ရာ အမျိုးမျိုးနဲ့ ရဟန်းတော်များနေလို့ မရအောင်ချောက်လန့်တဲ့အတွက်ရဟန်းတော်များဟာ ကြောက်ကြောက်လန့်လန့်ဖြစ်ကာ တရားလည်းအားထုတ်မရဖြစ်ပြီး နောက်ဆုံးဝါတွင်းကြီးမှာပဲ ဘုရားရှင်ထံ ပြန်ရောက်လာကာ အကျိုးအကြောင်း လျှောက်ပြကြပါတယ်။

ဘုရားရှင်က ရဟန်းငါးရာကို မေတ္တာသုတ်ကို သင်ပေးပြီး မေတ္တာပို့ရင်း ကမ္မဋ္ဌာန်း အားထုတ်ကြဖို့ ညွန်ကြား ပေးလိုက်ကာ အဲဒီတောအုပ်ကို ပြန်စေပါတယ်။

ရဟန်းတော်များလည်း ဘုရားရှင် ညွန်ကြားတဲ့အတိုင်း မေတ္တာပို့သတဲ့အတွက် ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေဟာ ရဟန်းတော်များရဲ့ မေတ္တာကိုယူရင်း တစ်ဖန်ပြန်ပြီး ရဟန်းတော်များကို စောင့်ရှောက်တဲ့အတွက် ကမ္မဋ္ဌာန်းတရားကို အေးအေးဆေးဆေး အားထုတ်ခွင့်ရခဲ့ကြတယ်လို့ စာပေမှာ ဖော်ပြပါတယ်။

ဘုရားရှင်ဟာ အဲဒီရဟန်းငါးရာကို မေတ္တာသုတ်ကို သင်ပေးရင်း မေတ္တာတရားတော်ကို ဟောကြားတော် မူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမေတ္တာတရား ဟောကြားတော်မူတဲ့နေ့ကို အစွဲပြုပြီး မြန်မာဗုဒ္ဓဘာသာတွေ ဟာ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကြတာဖြစ်ပါတယ်။ဘုရားရှင် ဟောကြားတော် မူတဲ့ မေတ္တာသုတ်ဟာ ဒီနေ့ပရိတ်ကြီး ၁၁သုတ်မှာပါတဲ့ မေတ္တာသုတ်ပဲ ဖြစ်ပါတယ်။ ပိဋကတ်တော်မှာတော့ ခုဒ္ဒကနိကာယ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီမေတ္တာသုတ်လာ မေတ္တာပွားနည်းကိုပဲ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီးက “လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ” စသဖြင့် အလွယ်တကူ မေတ္တာ
ပွားနိုင်အောင် လင်္ကာဆောင်ပုဒ်လေးများနဲ့ လူအများကို ရွတ်ပွားစေခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ မေတ္တာပွားနည်းကိုယူပြီး ဘုန်းဘုန်းတို့လည်း တရားဟောတဲ့အခါ ငါးပါးသီလ ပေးပြီးတာနဲ့ ဒီမေတ္တာပွားနည်းကို ရှေ့ကချပေးရင်း ပွားစေခဲ့ပါတယ်။

အထူးသဖြင့် လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ…အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ…ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ… ဆိုတဲ့ အပိုဒ်လေးတွေကို ထပ်ခါထပ်ခါ ရွတ်ပွားစေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ခေတ်လူအတော်များ
များဟာ ဘယ်မှာနေနေ၊ ဘယ်သူနဲ့တွေ့တွေ့ ဒီမေတ္တာဓာတ်တွေ ကင်းနေကြတာကို တွေ့နေမြင်နေရလို့ပဲ ဖြစ်ပါတယ်။

လူအချင်းချင်း မေတ္တာထားဖို့ နေနေသာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင် ဘယ်လိုလှည့်ပတ်လိုက် ရမလဲ၊ ဘယ်လို နှိမ်ချလိုက်ရမလဲ၊ ဘယ်လို ဒုက္ခပေးလိုက်ရမလဲ လို့ချည်းပဲ စဥ်းစားနေကြတော့ မေတ္တာတရားတွေလည်း ခေါင်းပါးပြီး၊ရန်ငြိုးဖွဲ့ကြ၊ နိုင်ထက်စီးနင်းလုပ်ကြ၊ ညှင်းပန်းနှိပ်စက် လုပ်ကြတာတွေပဲ များနေတော့တာ ဖြစ်ပါတယ်။
ဒီလို မေတ္တာတရားတွေ ခေါင်းပါးလာကြတဲ့အတွက် လောကကြီးမှာ ဘယ်နိုင်ငံပဲကြည့်ကြည့် ငြိမ်းချမ်းမှုမရှိဘဲ တစ်ဦးနဲ့တစ်ဦး တိုက်ကြခိုက်ကြတာတွေပဲ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ လူအချင်းချင်း အတူတူ တစ်ဦးအပေါ်တစ်ဦး ရိုးသားကြဖို့၊ လေးစားကြဖို့၊ ချမ်းသာကိုပေးကြဖို့ မေတ္တာတရား များများထားကြပါလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

သိကြတဲ့အတိုင်း မေတ္တာဆိုတာ ချစ်ခင်ခြင်း၊ အကျိုးလိုလားခြင်း သဘောကို ဆောင်တဲ့အတွက် လူအသီးသီး မှာ ဒီမေတ္တာတရားတွေ များများရှိလေ တစ်ဦးနဲ့တစ်ဦး အကျိုးတရားတွေကို များများဆောင်လေ၊ တစ်ဦး ချမ်းသာအောင် တစ်ဦးကစောင့်ရှောက်ကြလေဖြစ်ကြမှာပါ။

“မေတ္တာဆိုတာ အလျားအနံမရှိပေမယ့် အသွား အပြန်တော့ရှိတယ်”ဆိုတဲ့စကားလိုပဲ မေတ္တာဓာတ်ဟာ မမြင်နိုင်တဲ့အစွမ်းတွေရှိတဲ့အတွက်ကိုယ်ကသူတပါး ကို မေတ္တာထားလေလေ သူတပါးကလည်း ကိုယ်ကိုမေတ္တာနဲ့ ပြန်တုံ့ပြန်လေ ဖြစ်မှာပါ။ ကိုယ်ကိုယ်တိုင်က အရင်ဆုံး မေတ္တာထားနိုင်မှ သူတပါးကလည်း ကိုယ့်ကိုပြန်ပြီး မေတ္တာထားလာမှာ ဖြစ်ပါတယ်။

ဒီလို တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် မေတ္တာထားပြီး သူ့အကျိုး မပျက်စီးအောင်၊ သူတပါးဒုက္ခ မရောက်အောင် နေနိုင်ကြမယ်ဆိုရင် လောကကြီးမှာရန်သူဆိုတာ ရှိမှာမဟုတ်ဘဲ ငြိမ်းချမ်းမှုတွေနဲ့ အေးမြနေကြမှာ ဖြစ်ပါတယ်။ ဒီတော့ကား ဘယ်သူတွေ ဘယ်လိုပဲ ဖြစ်ကြပါစေ။

ကိုယ်ကစပြီး သူတပါးအပေါ်ကို မေတ္တာထားနိုင်အောင် ကြိုးစားပြီး မေတ္တာစိတ်လေးတွေနဲ့ နေထိုင်ပြောဆို ပြုမူဆက်ဆံနိုင်အောင်လေ့ကြည့်ကြဖို့ လိုပါတယ်။

ကိုယ်ကမေတ္တာ အားကောင်းလာရင် ရန်သူတောင်မှ ကိုယ့်ကိုပြန်ပြီး မေတ္တာနဲ့ တုံ့ပြန်လာမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုလို မေတ္တာအခါတော်နေ့မှာ အားလုံးရဲ့ သန္တာန်မှာ မေတ္တာစိတ်လေးတွေကိန်းပြီး ဒေါသလေး တွေ ငြိမ်းကြစေဖို့၊ တစ်ဦးနဲ့တစ်ဦးမေတ္တာလေးတွေ ထားကြည့်ကြဖို့၊ တစ်ဦးချင်းရဲ့ စိတ်မှာ ဘယ်သူ့ဘယ်သူ အပေါ်မှလှည့်ပတ်ခြင်း၊ညှင်းစဲခြင်း၊ ဒုက္ခပေးခြင်း စတဲ့မကောင်းတာတွေမကိန်းရအောင်ကောင်းတဲ့စိတ်ထားလေးတွေ ထားနိုင်ကြဖို့ မေတ္တာများများပွားကြည့်ကြပါလို့ မေတ္တာအခါတော်နေ့ကို သက်သေပြုကာ မေတ္တာ တရားပို့သပေးရင်း အသိပေးစကား ပါးလိုက်ရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလို မေတ္တာ အခါတော်နေ့လေးမှာတော့ မှတ်မှတ်ရရ အနေနဲ့ ဘုရားရှင်ဟောတော်မူခဲ့တဲ့ ဒီမေတ္တာပို့လေးကို ရွတ်နိုင်သမျှရွတ်ပွားရင်း ကိုယ့်သန္တာန်မှာ အခိုက်အတန့်ပဲ ဖြစ်ဖြစ် မေတ္တာဓာတ်များ ကိန်းစေဖို့ မေတ္တာဘာဝနာ ပွားကြည့်ကြပါလို့ တိုက်တွန်းရင်း မေတ္တာသုတ်ကို မြန်မာဆောင်ပုဒ်ပြု သီကုံး ပေးထားတဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ မေတ္တာပို့လေးကို တင်ပြလိုက်ပါတယ်။ အားလုံး တစ်ဦးအပေါ်တစ်ဦး မေတ္တာစိတ်နဲ့ ဆက်ဆံပေါင်းသင်းနိုင်ကြပါစေ…။

၁။ လုံးစုံများစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၄။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁ဝ။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ

Credit🙏
ပြန်လည်ဝေမျှပါတယ်🙏

🙏 ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့🙏မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကုသိုလ်များဖြင့်အေးချမ်းကြပြီး ဘေးရန်ကင်းရှင်းကြပါစေကြောင်း ကျွန်တော်တို့Khant Thu Hein မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏

ဆရာတော်မနာပဒါယီအရှင်ဝိစိတ

29/06/2024

🚗 weekendလေးမှာ နားနားနေနေ Short tripထွက်လိုက်ရင် စိတ်အပန်းပြေစေမှာ

🏞️အမြန်လမ်းလမ်းဘေး ကြားထဲဝင်ရန်မလို ၁၉မိုင် ၇ဖာလုံလမ်းမေဘးမှာ
ရှိတဲ့ Shwe paradise Garden ဆိုတဲ့‌စိတိငြိမ်သန့်ရှင်း Luxuryနေရာလေး ကိုချစ်ကာကာေလးတို့အလည်လာကြည့်ဖို့ဖိတ်ခေါ်ပါတယ်

📍လမ်းရဲ့ညာဖက်ခြမ်းမှာ လမ်းဘေးတင်ပါ ၊ ဝင်ဝင်ခြင်းမှာ ကားရပ်ဖို့နေရာကျယ်ကြီးရှိပါတယ် ၊

📷ချစ်ကာကာလေးတို့အမှတ်တရ ဓါတ်ဖမ်းဖို့နေရာတွေများကြီးရှိပါတယ်

💦🌴🍂🦋မိုးရွာသံလေးနဲ့ လေအေးလေးနဲ့အတူ သစ်ရိပ်ဝါးရိပ်လေးထဲ လေကောင်းလေသန့် မြေသင်းရနံ့ရူရှိုက်ရင်း ငြိမ်ရှိရှိအနားယူ စားသောက်ဖို့ ကျွမ်းကျင်စာဖိုးမှုရဲ့ စားကောင်းလေးကိုမြည်းစမ်းကြည့်လို့ရပါတယ် 🦐🍝🍛

👩💃👩‍❤️‍👨မိန်းကလေးတွေ ၊ couple တွေ ပုံရိုက်လို့ အရမ်းသင့်တော်‌ပြီး အရမ်းလှတဲ့နေရာလေးတွေအပြည့်😍

💸ဝင်ကြေးက တစ်ယောက် ကို ၂၀၀၀ ကျပ်ထဲပါ ၊ အခန်းမယူလည်းရပါတယိ

🛖နားနေဆောင်တွေ မိုးလုံ နေလုံ အဆောင်တွေလဲရှိပါတယ်

🌳🌲အပင်တွေ အုံစိုင်းပီး နှစ်ရှည်ပင်တွေများကြီးပဲ
မြေသင်းနံ့နဲ့ အပင်ရနံ့လေးတွေ ကိုယ်အရမ်းမြတ်နိုးမိတယ်

🚗နေ့ချင်းသွားပြန်လုပ်လို့ရပီး မိသားစု ဘော်ဘော် ချစ်သူစုံတွဲလေးတွေအတွက် ပေါ့ပေါ့ပါးပါး မှတ်တရနဲ့relaxဖြစ်စေမှာပါနော်

booking-09943583652

Book

မိုးရာသီ မိုးပေါက်လေးများနှင့်သဘာဝအရသာလေးခံစားဖို့ရန်ကုန်မြို့နဲ့ မဝေးတဲ့ အပန်ဖြေစရာ နေရာလေးတစ်ခု 😍အဲနေရာလေးကတော့ ရန်ကုန...
06/06/2024

မိုးရာသီ မိုးပေါက်လေးများနှင့်သဘာဝအရသာလေးခံစားဖို့ရန်ကုန်မြို့နဲ့ မဝေးတဲ့ အပန်ဖြေစရာ နေရာလေးတစ်ခု 😍

အဲနေရာလေးကတော့ ရန်ကုန်မန္တလေး အမြန်လမ်းပေါ် 19 မိုင် 7 ဖာလုံမှာရှိတဲ့ ကိုလာရောက်အပန်းဖြေအနားယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်🙏🙏🙏

အခုလိုမိုးရာသီမှာ အိမ်ထဲမှာမနေချင်တဲ့ သူတွေအတွက် အရမ်းအေးချမ်းပြီး အေးအေးဆေးဆေး အနားယူရင်း စားသောက်စရာတွေ ဖွယ်ဖွယ်ရာရာတွေနဲ့ အမှန်အကန် Chill လို့ရပါတယ်။

နားနေစရာ အဆောင်လေးတွေလည်း ရှိပါတယ် Private Room နဲ့ငှားပြီး အနားယူမယ်ဆိုလည်း အဆင်ပြေပါတယ်။

သစ်ရိပ်ဝါးရိပ်အောက်မှာရှိတဲ့ Tent ကို ငှားပြီးလည်း နားနေနိုင်ပါတယ်။

💑 ချစ်သူလေးနဲ့ လာမလား?

👩‍👩‍👧‍👦 မိသားစုနဲ့ လာမလား ?

👬 ဘောဒါတွေနဲ့ လာမလား?

အမှန်တကယ်ကို အပန်းပြေစေမှာတော့ အသေချာပါပဲ😍

အသေးစိတ် သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Call Now ☎️
09 966 975 151
09 943 583 652

Booking အပြည့်မြန်တာမို့ လက်မနှေးဘဲ မြန်မြန်လေးဆက်သွယ်လိုက်တော့နော်။🙆🏻‍♂️❤️

အနားယူအပန်​ဖြေရင်း​ ပျော်ရွှင်စရာအခိုက်အတန့်​တွေကို အတူဖန်တီးဖို့ ကျွန်​တော်တို့ Shwe Paradise Garden က စောင့်ကြို​​​နေလျှက်ခင်ဗျာ။ 😍




မိုးဦးရာသီမှာ အနားယူအပန်းဖြေရင်း Shwe Paradise Garden မှာရှိတဲ့ စိုက်ခင်းထဲက Organic ကန်စွန်းပလိန်း ကို အရသာရှိရှိသုံးဆေ...
25/05/2024

မိုးဦးရာသီမှာ အနားယူအပန်းဖြေရင်း Shwe Paradise Garden မှာရှိတဲ့ စိုက်ခင်းထဲက Organic ကန်စွန်းပလိန်း ကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီနော် 🥗😋😋

နောက်ထပ်orgainc အသီးအနှံစုံလေးတွေထပ်လာပါမယ်
အများကြီး စပျိုးထားပါပြီခင်ဗျာ😍

ပိတ်ရက်တွေမှာ မိသားစုနဲ့ပဲဖြစ်ဖြစ် ဘော်ဒါအပေါင်းအသင်းနဲ့ပဲ ဖြစ်ဖြစ် Short Trip တစ်ခုခုသွားဖို့စဉ်းစားနေတယ်ဆိုရင် Shwe Paradise Garden ကို လာလည်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော် 🥰🥰🥰

အေးချမ်းပြီး တိတ်တိတ်ဆိတ်ဆိတ် နဲ့ နားအေးပါးအေး အနားယူချင်တဲ့ မိတ်ဆွေများအတွက် အမှတ်တကယ်ကို အနားယူလို့အကောင်းဆုံးနေရာလေးတစ်ခု ဖြစ်ပါတယ်နော် 😍😍

ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရမယ့် Photo Booth လေးတွေလည်း အများကြီး ဖန်တီးပေးထားဆိုတော့ အမှတ်တရ ပုံကောင်းတွေ အများကြီးရရှိမှာ သေချာပါပဲ 📸 🖼️

နားနေဆောင်တွေလည်း ငှားရမ်းပြီး အနားယူလို့လည်း ရတယ်ဆိုတော့ တစ်ရက်ကြိုတင် Booking ရယူထားရုံပါပဲ 😍

အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်နိုင်ပါတယ်

Call Now ☎️
09 966 975 151
09 943 583 652

Booking အပြည့်မြန်တာမို့ လက်မနှေးဘဲ မြန်မြန်လေးဆက်သွယ်လိုက်တော့နော်။🙆🏻‍♂️❤️

အနားယူအပန်​ဖြေရင်း​ ပျော်ရွှင်စရာအခိုက်အတန့်​တွေကို အတူဖန်တီးဖို့ ကျွန်​တော်တို့ Shwe Paradise Garden က စောင့်ကြို​​​နေလျှက်ခင်ဗျာ။ 😍


ကဆုန်လပြည့်နေ့🙏 ညောင်ရေသွန်းပွဲနေ့🙏ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့မှာ ကိုယ်စိတ်၏နှစ်ပါး ခ...
22/05/2024

ကဆုန်လပြည့်နေ့🙏 ညောင်ရေသွန်းပွဲနေ့🙏

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားတဲ့

နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့မှာ

ကိုယ်စိတ်၏နှစ်ပါး ချမ်းသာခြင်း၊ကျန်းမာခြင်းတို့နဲ့ ပြီးပြည့်စုံပြီး ကုသိုလ်တရားများဖြင့်အေးချမ်းပျော်ရွှင်ကြပါစေကြောင်း Shwe Paradise Garden & Resort မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🙏🙏🙏

🌇မြိုပြနဲ့ ​ခေတ္တ​အဝေးမှာ အပန်းဖြေစရာ 👉​နေ့စဥ်ဘဝရဲ့ပင်ပန်းမွန်းကျပ်မှု​တွေကို ခဏတာ​ရှောင်လွဲနိုင်ဖို့၊ မိသားစု၊သူငယ်ချင်...
15/05/2024

🌇မြိုပြနဲ့ ​ခေတ္တ​အဝေးမှာ အပန်းဖြေစရာ 👉
​နေ့စဥ်ဘဝရဲ့ပင်ပန်းမွန်းကျပ်မှု​တွေကို ခဏတာ​ရှောင်လွဲနိုင်ဖို့၊ မိသားစု၊သူငယ်ချင်း​တွေနဲ့ တစ်ရက်တာ အပန်း​ဖြေ 𝗣𝗶𝗰𝗻𝗶𝗰 သွားချင်သူများ၊ မိသားစု​တွေအတွက် 𝗗𝗮𝘆 𝗧𝗿𝗶𝗽 စီစဥ်ဖို့ စဥ်းစား​နေတဲ့ မိတ်ဆွေအတွက် အပန်းဖြေစရာ 🏕 နေရာကောင်းတစ်ခုကိုညွှန်းပေးချင်ပါတယ်။ 📣

ကဲ အဲဒီနေရာကတော့ 😍

Shwe Paradise Garden ​​ပဲဖြစ်ပါတယ်ခင်ဗျာ😍

ငွေကြေးသက်သက်သာသာဖြင့် နားနေနိင်မည့် နားနေဆောင်တွေ၊ အခမဲ့ အမောဖြေစရာနေရာတွေ၊ ဓာတ်ဖမ်းချင်စရာ နေရာတွေမှာ ပုံလှလှလေးတွေ ရယူနိုင်မှာနော် 🏞🌈

သီးသီးသန့်သန့် အနားယူချင်တဲ့ သူတွေအတွက်လည်း 🛖 ဘန်ဂလို အခန်းနှင့် နားနေဆောင်
တွေလည်းရှိသလို၊ စားစရာ သောက်စရာအတွက် Restaurant လည်းရှိတယ်ဆိုတော့ အေးအေးဆေးဆေးအနားယူပြီး Chill
ရုံပဲပေါ့ 🍜🍝🍷🍺🍾
---------------------------------------------------------------------

အလုပ်ပင်ပန်းထားသမျှ အပြည့်အဝအနားယူချင်တယ်ဆိုရင်တော့လှမ်းလာရမယ့် လိပ်စာကတော့👇👇

📍 ရန်ကုန်မန္တလေးအမြန်လမ်း ၁၉မိုင် ၇ဖာလုံ၊ လှည်းကူးမြို့နယ်ထဲမှာဖြစ်ပါတယ်။ 📍

စ​နေ, တနင်္ဂ​နွေ 𝗪𝗲𝗲𝗸𝗲𝗻𝗱 မှာ လာရောက်လည်ပတ်အနားယူမည့် ဧည့်သည်များအနေနှင့် အောက်ပါ Ph no တွေကနေတစ်ဆင့် ကြိုတင်booking ယူထားလို့ရပါပြီခင်ဗျာ။

Call Now ☎️
09 966 975 151
09 943 583 652

Booking အပြည့်မြန်တာမို့ လက်မနှေးဘဲ မြန်မြန်လေးဆက်သွယ်လိုက်တော့နော်။🙆🏻‍♂️❤️

အနားယူအပန်​ဖြေရင်း​ ပျော်ရွှင်စရာအခိုက်အတန့်​တွေကို အတူဖန်တီးဖို့ ကျွန်​တော်တို့ Shwe Paradise Garden က စောင့်ကြို​​​နေလျှက်ခင်ဗျာ။ 😍


နေပူပူ  ဘယ်သွားပြီး အေးဆေးလေးchill ရရင်ကောင်းမလဲနော်🤔🤔🤔ပူပြင်းတဲ့ရာသီဥတုမှာ သစ်တောသစ်ရိပ်လေးထဲခဏလေးအလည်သွားကြည့်ချင်လား😍...
01/05/2024

နေပူပူ ဘယ်သွားပြီး အေးဆေးလေးchill ရရင်ကောင်းမလဲနော်🤔🤔🤔

ပူပြင်းတဲ့ရာသီဥတုမှာ သစ်တောသစ်ရိပ်လေးထဲခဏလေးအလည်သွားကြည့်ချင်လား😍😍😍

Shwe Paradise Garden အိုအေစစ်လေးလို သဘာဝအရသာ မြေသင်းရနံ့ သစ်ရိပ် ဝါရိပ်အောက် လေနု လေးတွေခံစားကြည့်ရင်း🦋🍁🍃🌿🌳🌷🪻🍃🌸

ချစ်ရသူတို့နဲ့ အေးဆေးလေးစကားစမြည်ရယ်မောပျော်စွာ စားဖွယ်အစုံအလင်လေးရခိုင် ထိုင်း တရုတ်အစားအစာတွေကိုမြည်းစမ်းရသာသစ် ခံစားရင်း😋😋😋

အပူရှောင်ရင်းအပန်းဖြေဖို့အတွက် ချစ်ရသူလေးတွေချစ်ခင်နွေးထွေးစွာဖိတိခေါ်လိုက်ပါတယ်ရှင့်🥰🥰🥰





📞09943583652

🎤 အဆိုဝါသနာရှင် တော်တော်ဆို အဆိုတော်များအတွက် 😍 Shwe Paradise Garden ရဲ့ Family Karaoke Room မှာ သီဆိုရင်း အပန်းဖြေနိုင်...
23/04/2024

🎤 အဆိုဝါသနာရှင် တော်တော်ဆို အဆိုတော်များအတွက် 😍 Shwe Paradise Garden ရဲ့ Family Karaoke Room မှာ သီဆိုရင်း အပန်းဖြေနိုင်ပါပြီနော် 🎤 🎶🎵

အခုလိုပူပြင်းတဲ့ ရာသီဥတုမှာ အပူရှောင်ရင်း သစ်ရိပ်ဝါးရိပ် များစွာနဲ့ ဓာတ်ပုံလှလှရိုက်စရာနေရာတွေအများကြီးလည်းဖန်တီးထားတဲ့
၁၉ မိုင် ၇ ဖာလုံမှာ ရှိတဲ့ Shwe Paradise Garden ကို လာရောက်လည်ပတ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

နားနေဆောင်ငှားရမ်းပြီး အပန်းဖြေလိုသူများအနေဖြင့် ကြိုတင် Booking ရယူပြီး လာရောက်နိုင်ပါတယ်။

Call Now
☎️ 09 966 975 151
☎️ 09 943 583 652



Address

19/7 Miles Yangon-Naypyitaw-Mandalay Highway Road
Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959966975151

Website

Alerts

Be the first to know and let us send you an email when Shwe Paradise Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Paradise Garden:

Share