Bamboo Garden

Bamboo Garden It is just 1 hr drive far from Yangon and you can make day trip and take a rest with family and friends.

The garden is 1 acre large, but full of mango, lemon, vegetable plantation and rounded by bamboo forest.

22/03/2022
01/02/2021

လောလောဆယ်အခြေအနေတွေအရ Bamboo Garden ကို ၁-၂-၂၀၂၁ ရက်နေ့မှစ၍ ခေတ္တယာယီ ပိတ်ထားလိုက်ပါတယ်။
ကြိုတင်စရံပေးထားသူများထံငွေပြန်အမ်းပေးပါမယ်နော်။
အားလုံးအေးအေးဆေးဆေးဖြစ်သွားလို့ခရီးပြန်ထွက်နိုင်မယ့်အချိန်ရောက်ရင်တော့ ဖွင့်နိုင်မယ့်ရက်ကိုပြန်လည်အကြောင်းကြားပေးပါမယ်။ အားလုံးဘေးအန္တရာယ်ကင်းကွာကြပါစေ။ ကျေးဇူးပါ။

မွန်းကြပ်မှုတွေရဲ့လွတ်ရာသောကတွေေရဲ့အဝေးသဘာဝရသကို ခံစား ရတဲ့ Bamboo Garden ကို ၃၁−၁−၂၀၂၁ ရက်နေ့က လာရောက်ခဲ့ကြတဲ့ မိသားစုတ...
31/01/2021

မွန်းကြပ်မှုတွေရဲ့လွတ်ရာ
သောကတွေေရဲ့အဝေး
သဘာဝရသကို ခံစား ရတဲ့ Bamboo Garden ကို ၃၁−၁−၂၀၂၁ ရက်နေ့က လာရောက်ခဲ့ကြတဲ့ မိသားစုတွေရဲ့ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
စိတ်ဝင်စားလို့ Bamboo Garden ကိုလာလည်ချင်ရင်တော့ 095155275 ကိုသာဖုန်းဆက်လိုက်ပါနော်။
ကျေးဇူးပါ။

ဇန္နဝါရီလ ၃၀ ရက်နေ့က Bamboo Garden ကိုတနေ့တာ အပန်းဖြေလာရောက်ခဲ့ကြတဲ့ ချစ်ညီမလေးတွေပါ။ မြို့ပြရဲ့မွန်းကြပ်မှုတွေနဲ့ဝေးရာ ...
30/01/2021

ဇန္နဝါရီလ ၃၀ ရက်နေ့က Bamboo Garden ကိုတနေ့တာ အပန်းဖြေလာရောက်ခဲ့ကြတဲ့ ချစ်ညီမလေးတွေပါ။ မြို့ပြရဲ့မွန်းကြပ်မှုတွေနဲ့ဝေးရာ Bamboo Garden မှာ ပေါ့ပေါ့ပါးပါးနဲ့သူငယ်ချင်းတစ်စု၊ ကောင်းကောင်းစား၊ လွတ်လွတ်လပ်လပ် အနားယူ၊ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။
ဘာတွေစားကြသလဲ။
ဘယ်လိုတွေအနားယူကြသလဲ။
အပိုတွေမပြောတော့ဘူး။ ပုံတွေကိုသာကြည့်လိုက်တော့နော်။
အားကျလို့ Bamboo Garden ကိုလာလည်ချင်ရင်တော့ 095155275 ကိုသာ အမြန် Hello လုပ်လိုက်ပါလို့။ ပုံလေးတွေတင်ခွင့်ပြုတဲ့ ချစ်ညီမများ ကျေးဇူးပါ။

Bamboo Garden မှာ တနေ့တာကိုယ့်အစ်မတွေက ဧည့်လမ်းညွှန်တွေဆိုတော့ဒီချိန် ဒီရာသီမှာ သူတို့နဲ့ လူစုံတက်စုံတွေ့နိုင်ဖို့ဆိုတာ ...
29/01/2021

Bamboo Garden မှာ တနေ့တာ
ကိုယ့်အစ်မတွေက ဧည့်လမ်းညွှန်တွေဆိုတော့
ဒီချိန် ဒီရာသီမှာ သူတို့နဲ့ လူစုံတက်စုံ
တွေ့နိုင်ဖို့ဆိုတာ အလွန်ခက်လှတယ်။
ဒီနှစ်တော့ ကိုဗစ်ရိုက်ချက်နဲ့
ဘယ်ခရီးမှ မထွက်ကြရ။
အဆိုးထဲက အကောင်းပြောရမလားပဲ
တနေရာသွားမယ်ဆိုရင်တော့ အဖွဲ့က လူစုံပြီ။
ကိုဗစ်ဒဏ်ခံရသူတွေထဲ ရန်ကုန်နေသူတွေက
ပိုမွန်းကျပ်သလိုပဲ။
ဒါကြောင့်လည်း အခွင့်ရတာနဲ့
ရန်ကုန်အနီး ဝန်းကျင်က သဘာဝရေမြေ
စိမ်းစိမ်းစိုစိုလေးတွေ့တာနဲ့ အပြေးရောက်သွားကြ လေရှူကြတော့တာပဲ။
ပြီးခဲ့တဲ့ရက်က
မွေးနေ့ရှင် အစ်မ၃ယောက် ကျေးဇူးနဲ့
ရန်ကုန်မြို့အနီး မှော်ဘီမရောက်ခင် ၅၀၁ လေတပ် အနီးက ရှမ်းကုန်းရွာထဲမှာ ရှိတဲ့
Bamboo Garden ဆိုတဲ့
ခြံထဲ အလည်ရောက်ခဲ့တယ်။
မနက်ပိုင်း လှော်ကားမှာ ငှက်ကြည့်ပြီးမှ
သွားကြတာဆိုတော့ ၁၀ခွဲလောက်မှ
ခြံထဲရောက်တယ်။ ခဏနား ခြံတပတ်
လျှောက်ကြည့်ပြီး ဓာတ်ပုံရိုက်ကြတယ်။
ဝါးပင်တွေ ခြံရံနေတဲ့ သံပုရာခင်းထဲ
မြေဓာတ်ရအောင်ဆိုပြီး ဖိနပ်မပါ ခြေဗလာနဲ့
လျှောက်ရတာ ခြေကို အေးနေရောပဲ။
မြေအိုးထဲက ရေကို ခပ်သောက်မိတော့
ရင်တခုလုံး အေးသွားတယ်။
ရုတ်တရက် ကိုယ့်ရွာ ပြန်ရောက်နေသလား
အောက်မေ့ရလို့ အလွမ်းပြေသွားသလိုပင်။
ခြံထဲက ဧည့်သည်တွေအတွက်
ချက်ပြုတ်နေတဲ့ အိမ်လေးနားရောက်တော့
ဗိုက်ထဲက တီးဝိုင်းလေး စ မြည်လာတယ်။
သိပ်မကြာခင်ပဲ ပူနွေးပြီး အရသာရှိလှတဲ့
ထမင်းထုပ်လေးတွေနဲ့ လတ်ဆတ်တဲ့ အရွက်ကြော်လေးတွေ ဝါးစားပွဲရှည်လေးပေါ် အစီအရီ ရောက်လာတယ်။ အစားအသောက်ကလည်း
ရှယ်စားကောင်း၊ အသုပ်လေးတွေ အရွက်ကြော်လေးတွေနဲ့ ငပိတို့စရာက ကောင်းလိုက်တာဆိုပြီး
စားကြလို့ ကြက်ကင်နဲ့ ဆိတ်သားတွေတော့
ကျန်မယ်မထင်ပါနဲ့။
မွေးနေ့ရှင် ၃ယောက်အတွက်
မကြီး ကိုယ်တိုင်ဖုတ်လာတဲ့ မွေးနေ့ကိတ်
ခွဲကြတော့လည်း ဆုတောင်းသံတွေရော
ရယ်မောသံတွေရော ခြံထဲမှာ ညံနေပါရောလား။
စားကြ သောက်ကြပြီးတော့
ခြံလယ်က ကွပ်ပျစ်ပေါ်မှာ နေရာယူသူက ယူ
ခြံပတ်လည် ဝါးပင်တွေအောက်က
ကွပ်ပျစ်ပေါ် သွားသူက သွားနဲ့
ကျောခင်းဖို့ စီမံရေး စပြီ။
သံပုရာပင်တွေကြား တိုးဝှေ့လာတဲ့
လေနုအေးကြောင့်
မျက်လုံးတွေ မှေးလာပြီး
ကွပ်ပျစ်ပေါ် တရေးပျော်သွားတယ်။
Fantail Fantail ဆိုတဲ့အသံကြားလို့
နိုးလာတော့ ကွပ်ပျစ်နားက ရေမြောင်းလေးထဲမှာ ရေချိုး ရေသောက် လာလုပ်နေတဲ့ Fantail ခေါ် အောင်စာငှက်ကလေး တစ်ကောင်။
သံပုရာပွင့်တွေ အနီး ပျံဝဲနေတဲ့ လိပ်ပြာလေးတွေ၊ Warbler ငှက်ကလေးတွေကလည်း ငှက်ဓာတ်ဆရာမမတွေအတွက် ရိုက်ချင်စရာပါပဲ။
နားနားနေနေ အာလူးဖုတ်၊ ငှက်ချောင်းနေကြတုန်းမှာပဲ ရွာထဲက မှာထားတဲ့ အသီးအရွက်တွေ ရောက်လာတယ်။
မှာထားသမျှ ဝေကြ ခွဲကြနဲ့ ပျော်စရာကောင်းလှတယ်။
တနေ့တာ အပမ်းပြေရုံမက
အိမ်ပြန်လက်ဆောင်တွေပါ တပျော်တပါး သယ်ပြန်ရလို့ မမေ့နိုင်စရာ နေ့လေးပါပဲ။
စိတ်ဝင်စားလို့ ခြံထဲကို သွားလည်ချင်သူများ
အောက်က linkမှာ ဆက်သွယ်ပြီး သွားလို့ရပါတယ်။

https://www.facebook.com/105457964884746/posts/105591888204687/



#ကေကေရေးတဲ့စာ

Credit to Yee Lay Khin

COVID−19 ဆိုတဲ့ ကပ်ရောဂါဆိုးကြီးရဲ့ဒဏ်ကြောင့် စိတ်မွန်းကြပ်နေတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေအတွက် စိတ်ထွက်ပေါက်လေးတစ်ခုဆီကို...
24/01/2021

COVID−19 ဆိုတဲ့ ကပ်ရောဂါဆိုးကြီးရဲ့ဒဏ်ကြောင့် စိတ်မွန်းကြပ်နေတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေအတွက် စိတ်ထွက်ပေါက်လေးတစ်ခုဆီကိုခေါ်သွားမယ်နော် 🤗🤗🤗

ချစ်မိတ်ဆွေတို့ တဒင်္ဂလေးဖြစ်ဖြစ်၊ နေ့တစ်ဝက်ဘဲဖြစ်ဖြစ်၊ တစ်နေ့တာလေးဘဲဖြစ်ဖြစ်၊ စိတ်ငြိမ် အေးချမ်းတဲ့ခြံလေးထဲမှာ အပန်းဖြေကြမလား 🙂🙂🙂

အဲဒီနေရာလေးကတော့ ရန်ကုန်ကနေ ၁ နာရီလောက်မောင်းပြီးရင် မှော်ဘီမရောက်ခင် ၅၀၁ လေတပ် မှတ်တိုင်ကနေ ညာဖက်ကို တည့်တည့်ချိုးဝင်သွားရင် ရောက်တဲ့ ရှမ်းကုန်းရွာအနီးမှာပါ 🏡

ခြံပိုင်ရှင်က သူ့ခြံလေးကို စိမ်းစို သာယာအောင် အေးအေးဆေးဆေး အနားယူနိုင်အောင် ကြိုးစားပြီး သံပုရာပင်တွေ၊ သရက်ပင်တွေ စိုက်ထားသေး။ ခြံပတ်လည်မှာကတော့ ဝါးရုံတွေနဲ့ပေါ့ 🌳🌳🌳

ဝါးကွပ်ပျစ်လေးမှာထိုင်၊ ဝါးစားပွဲခုံလေးမှာစား၊ ဘယ်လောက်မိုက်လဲ တွေးသာကြည့်လိုက် ချစ်တို့ရေ ❤❤❤

ဝင်ကြေးက တစ်ဦးမှ ၃၀၀၀ ကျပ်တည်းနော်။

စားသောက်ဖွယ်ရာတွေ ကိုယ်တိုင်ယူဆောင်လာလို့ ရသလို မင်မင်တို့ရဲ့ ထင်း၊ မီးသွေးသုံးပြီးချက် ထားတဲ့ တောချက်လက်ရာလေးကို မှာစားလို့လည်းရတယ် တစ်ပွဲမှ ၃၅၀၀ ကျပ်တည်း တန်မှတန် (အသားဟင်းတစ်မျိုး၊ အရွက်ကြော်/ အရွက်သုတ်၊ ငါးပိရည် တို့စရာနဲ့ ဟင်းရည်သောက်လေးပါတယ် အချိုပွဲကတော့ ထန်းလျက်နဲ့ လ္ဘက်ပေါ့) 🌿☘️🌿

မင်မင်တို့ကတော့ ခြံထဲမှာပဲ စားလိုက်ကြတာချည်းပဲ စားလို့ မြိန်မှမြိန်
လ္ဘက်သုတ်၊ ဂျင်းသုတ်၊ ဖီတန် (ဆေးဘဲဥ) သုတ်၊ မြင်းခွာရွက်သုတ်နဲ့ ခရမ်းချဉ်သီးသုတ်တွေအပြင် နှပ်ကော်ဖီနဲ့ နှပ်လ္ဘက်ရည်တို့ကိုပါ မှာယူနိုင်ပါတယ်ရှင့် 🤗🤗🤗

လုဦးရေတော့ အကန့်အသတ်ရှိတယ်နော်။ COVID ဥပဒေနဲ့ အညီပေါ့
ဝါးကွပ်ပျစ်နဲ့ ဝါးစားပွဲခုံ ငါးခုံစာ နေရာခွဲပြီးချထားတယ် လူတွေ အရမ်းမရှုပ်အောင်ပေါ့ 👫👬

ကြက်တောင်ပဲရိုက်မလား ရော်ဘာကွင်းပစ်ကြမှလား စတဲ့ Activities တွေလည်း လုပ်လို့ ရတယ်နော် 🏸⛹️🚴‍

ခြံရဲ့အလယ်တည့်တည့်မှာရှိတဲ့ ဝါး Bungalow မှာတည်းချင်ရင်တော့ ၁၀၀၀၀ ထပ်ပေးရပါမယ်နော် 👌👌👌

ဒါ့အပြင်အနီးနားက စိုက်ခင်းတွေဆီသွားလည်ပြီး ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေ မင်မင်နဲ့အတူ သွားဝယ်ကြမယ်လေ 🌿🌿🌿

ကိုယ်တိုင်ကားမမောင်းချင်တဲ့ မိတ်ဆွေတို့အတွက်လည်း ကားအငှားဝန်ဆောင်မှုရှိသေး 🚗🚍🚙

အသွားအပြန်ကို ၄ ယောက်အုပ်စုဆိုရင် ၁ ဦးမှ ၁၀၀၀၀ ပဲ ကျတာမို့ တန်မှတန်၊ ၂ ယောက်၊ ၃ ယောက်ဆိုရင်တော့ ကားစျေးနဲနဲကွာပါမယ်

ကျေးလက်သဘာဝ အရသာ ခံစားဖို့ သွားဖို့သာတွေးလိုက်။ အားလုံး OK စေရမှာ ၁၀၀% အာမခံ။ 💯

ဪဒါနဲ့ မူးယစ်ဆေးနဲ့အရက်သေစာတွေကိုတော့လုံးဝသုံးစွဲခွင့်မပြုပါဘူးနော်
စိတ်ဝင်စားရင်တော့ 095155725 ကို Hello သာလုပ်လိုက်ပါ CB ကနေ ဆက်သွယ်မေးမြန်း နိုင်ပါတယ်ရှင့် ☎️☎️☎️

လမ်းညွှန်။ 👉 ရန်ကုန်−ပြည်လမ်းအတိုင်းမောင်း၊ မှော်ဘီမြို့ထဲအထိမရောက်ပါဘူး။ Toll Gate ကျော် ပြီးနောက် ၆ မိနစ်လောက် ဆက်မောင်းရင် (လမ်းရဲ့ညာဖက်မှာ) ၅၀၁ လေတပ်ကွေ့ ရောက်ရှိမှာပါ။ လမ်းထိပ်မှာ ကျောက်ဖျာဧည့်ရိပ်မွန်သို့ ဆိုတဲ့ဆိုင်းဘုတ်၊ မဟာဝိဟာရကျောင်းတိုက်သို့ ဆိုတဲ့ ဆိုင်းဘုတ်တွေ ရှိပါတယ်။ ညာဖက် မောင်းဝင်လိုက်ရင် မှော်ဘီလေတပ်လေယာဉ်ကွင်း ရောက်မယ်။ ဆက်မောင်းလိုက်ရင် ရှမ်းကုန်းရွာ ဆိုတဲ့ဆိုင်းဘုတ် ကိုတွေ့ရပါမယ်။ နောက်ပြီး အမြှောက်တပ် ဘေးနားကကွန်ကရစ်လမ်း အတိုင်း နဲနဲလေးမောင်းပြီးတာနဲ့ လမ်းရဲ့ညာဖက်မှာ အောင်တော်မူစေတီတော်သို့ ဆိုတဲ့ဆိုင်းဘုတ်ရှိတဲ့လမ်းအတိုင်းဆက်မောင်း၊ ပထမဆုံးတွေ့ရမည့်လမ်း ဖြစ်တဲ့ မြင့်မိုရ်လမ်းထဲ ညာချိုးဝင်၊ ဆက်မောင်းပြီး ဝေဇယန္တာလမ်းထဲ ဘယ်ချိုးဝင်၊ လမ်းအဆုံးနားမှာ Bamboo Garden ရှိပါတယ်။

Address

Waizayandar Street, Shan Kone Village, Hmawbi
Yangon

Telephone

+9595155725

Website

Alerts

Be the first to know and let us send you an email when Bamboo Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category