Akary Hostel

Akary Hostel The Akari Hostel is located in Yangon.

ဧကရီ ​လေး တို့ရေ 💛💛 #ပညာသင်​ထောက်ပံ့​ကြေး​ပေးမည့်သတင်း​ကောင်း​လေး​ပြောချင်လို့ပါရှင့်🏆Master Degree / PhDအတွက်ကြိုးပမ်း​...
28/03/2026

ဧကရီ ​လေး တို့ရေ 💛💛

#ပညာသင်​ထောက်ပံ့​ကြေး​ပေးမည့်သတင်း​ကောင်း​လေး​ပြောချင်လို့ပါရှင့်

🏆Master Degree / PhDအတွက်ကြိုးပမ်း​နေကြ​သော ...

🍀🍀🍀Akary Hostel မှာ ယခုလက်ရှိ​နေထိုင်​သော ညီမ​လေးများနှင့်

🍀🍀🍀လာ​ရောက်​နေထိုင်ကြမည့် ညီမ​လေးများအတွက် ...

🌟🌟🌟 ပညာသင်ထောက်ပံ့မှုအနေနဲ့ ...
အ​ဆောင်ခ ကို ​ပေးမယ့်အစီအစဥ်လေးရှိကြောင်း

✨️ပညာ​ရေးကိုအ​လေးထားတဲ့ Akary Hostel ရဲ့ ပညာ​ဒါန အစီအစဥ်​လေးကို သတင်း​ကောင်းပါးအပ်ပါတယ်ရှင့်

#ပညာသင်ထောက်ပံမှု အခန်းခ Special_Discount ရယူလိုတဲ့ညီမလေးများအနေနဲ့ Messenger or Phone နှင့်ဆက်သွယ်ပြီး ပညာသင်ကြားနေတဲ့ အချက်အလက်တွေကို ပေးပို့ပြီးရယူနိုင်ပါတယ်

💛💛💛Akary Hostel မှာ လာ​ရောက်​နေထိုင်ကြတဲ့ ညီမ​လေး​တစ်​ယောက်စီတိုင်းကိုလည်း​ ကျေးဇူးတင်ပါတယ်ရှင့်🙏🙏🙏

☎️ 09400077792
☎️ 09400077793
☎️ 09447555515
☎️ 09447555535




#ဧကရီအမျိုးသမီးသီးသန့်အ​ဆောင်

ဧကရီ ​လေး တို့ရေ💛💛💛💦💦 Akary Hostel မှာ  မြန်မာတို့ရဲ့ မဟာသင်္ကြန်အခါသမယမှာ နှစ်သစ်ကူး promotionအ​နေနဲ့  🫟(3)လစာကြိုသွင်း...
21/03/2026

ဧကရီ ​လေး တို့ရေ💛💛💛

💦💦 Akary Hostel မှာ မြန်မာတို့ရဲ့ မဟာသင်္ကြန်အခါသမယမှာ နှစ်သစ်ကူး promotionအ​နေနဲ့

🫟(3)လစာကြိုသွင်းမယ့်ရင်...10% Discount

🫟(2)လစာကြိုသွင်းရင် 7% Discountနဲ့

🫟(1) လစာ​ ကို​တော့ 5%Discount ​တွေ​ပေးမှာဖြစ်ပါတယ်

💦💦Promotion က April လတစ်လထဲ​ပဲ​နော်💦💦

🍀🍀🍀Akary Hostel က တနယ်တ​ကျေး မှ ဘဝရည်မှန်းချက်​တွေအတွက် ​ကျောင်းတက်၊သင်တန်းတက်၊လုပ်ငန်းခွင်ဝင်​နေ​သောအမျိုးသမီးငယ်များကိုရည်ရွယ်ပြီးဖွင့်လှစ်ထား​သောအ​ဆောင်ဖြစ်တဲ့အတွက်...အ​ဆောင်မှာ​နေမယ်ဆိုရင်

☑️လိုင်စင်ပုံ
☑️မှတ်ပုံတင်မိတ္တူ
☑️သန်း​ခေါင်စာရင်းမိတ္တူ
☑️ရပ်ကွက်​ထောက်ခံစာမိတ္တူ
☑️​ကျောင်း/သင်တန်းတက်​ရောက်​ကြောင်းအ​ထောက်အထား
☑️လုပ်ငန်းခွင်ဝင်​နေသူဖြစ်ပါကဝန်ထမ်းဖြစ်​ကြောင်းအ​ထောက်အထား​တွေကိုပြင်ဆင်ထားဖို့လိုပါတယ်​နော်

‼️‼️အ​ထောက်အထားမပြည့်စုံရင်အ​ဆောင်မှာ​နေဖို့လက်ခံ​ပေးမှာမဟုတ်ပါဘူးရှင့်‼️‼️

🌟🌟🌟​ကျောင်းသူ၊သင်တန်းသူ​တွေအတွက်ဆို သင်တန်းတက်​နေတဲ့ကာလတစ်​လျှောက်လုံး10% Discount ​ပေးမှာဖြစ်တဲ့အတွက်

🌟🌟🌟 အခွင့်အ​ရေး ​လေး လက်မလွတ်ရ​အောင်အမြန်​လေး Akary Hostel ကိုလှမ်းလာခဲ့ဖို့ဖိတ်​ခေါ်အပ်ပါတယ်ရှင့်

🍀🍀🍀Akary Hostel မှာ လာ​ရောက်​နေထိုင်ကြတဲ့ ညီမ​လေး​တစ်​ယောက်စီတိုင်းကိုလည်း​ ကျေးဇူးတင်ပါတယ်ရှင့်🙏🙏🙏

☎️ 09400077792
☎️ 09400077793




#ဧကရီအမျိုးသမီးသီးသန့်အဆောင်

💕💕ဧကရီလေးများအားလုံး မင်္ဂလာပါရှင် 💛 ✍️အခုလိုမျိုးအစစအရာရာ တိုးတက်မြင့်မားနေတဲ့ခေတ်ကာလကြီးမှာ ... ✍️ဧကရီလေးတို့အနေနဲ့ အေ...
17/12/2025

💕💕ဧကရီလေးများအားလုံး မင်္ဂလာပါရှင် 💛

✍️အခုလိုမျိုးအစစအရာရာ တိုးတက်မြင့်မားနေတဲ့ခေတ်ကာလကြီးမှာ ...

✍️ဧကရီလေးတို့အနေနဲ့ အောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့၊ သူများနည်းတူ ရင်ဘောင်တန်း​ဆောင်ရွက်နိုင်ဖို့ ဆိုတာတစ်ကယ်ကို အရေးပါပါတယ်။

✍️ဒါကြောင့် အဲဒီအတွက် လိုအပ်မယ့်အချက်လေးတွေကို ဒီနေ့ပို့(စ်)လေးမှာ မင်မင်တို့မျှဝေပေးချင်ပါတယ်။

✍️ဟိုးအရင်တည်းက လူငယ်တွေအများစုဟာ မဖြစ်မနေအတန်းထဲမှာ အမှတ်များရမယ်၊ စာကြိုးစားရမယ် ဒါမှဘဝအောင်မြင်မယ်ဆိုပြီး ယုံကြည်ထားကြပါတယ်။

✍️တစ်ဖက်မှာစဉ်းစားကြည့်ရင်တော့ … Academic Skills တွေ အရေးပါတယ်ဆိုတာ ငြင်းပယ်လို့ မရသလို ပညာရေးသာမကဘဲ ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံး အသုံးပြုရမယ့် “Life Skills” ဆိုတာလည်း ထပ်တူထပ်မျှ အရေးကြီးတယ်ဆိုတာကို လုံးဝမေ့ထားလို့ မရပါဘူးနော်။

🍀အောက်မှာဖော်ပြထားတာကတော့ ၂၁ ရာစုမှာ ဧကရီလေးတို့လိုအပ်မယ့် အဓိကကျတဲ့ Life Skills (Soft+Hard Skills) အချို့ဘဲ ဖြစ်ပါတယ်။

✔️Communication Skills
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းဟာလည်း လုံခြုံနွေးထွေးတဲ့ပတ်ဝန်းကျင်ကောင်းကိုဖန်တီးနိုင်ပြီးနိုင်တဲ့အပြင် ကိုယ်လုပ်ကိုင်နေတဲ့ ဘယ်လိုနယ်ပယ်မျိုးမှာမဆို လိုအပ်သလိုအထောက်အပံ့​များပေးစွမ်းနိုင်မယ့် Network ကောင်း တွေကိုရရှိနိုင်ပါတယ်။

✔️ Teamwork Skill
လုပ်ငန်းခွင်ဘဲဖြစ်ဖြစ် ကျောင်းမှာဘဲဖြစ်ဖြစ် နေရာတိုင်းမှာ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်နိုင်တဲ့အရည်အချင်းရှိတာဟာလည်း ကိုယ့်အတွက်အားသာချက်တစ်မျိုးဘဲဖြစ်ပါတယ်။

✔️ Critical Thinking and Problem-Solving Skillအရာရာကြောင်းကျိုးဆက်စပ်တွေးခေါ် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်း၊ ပြဿာနာတွေကို ချက်ကျလက်ကျဖှေင်းနိုင်ခြင်းဟာ နေ့စဉ်ဘဝမှာ ကိုယ်လုပ်လိုက်တဲ့ အလုပ်မှန်သမျှကို အမှားကင်းစင်ပြီး တိကျမှန်ကန်စေတဲ့အတွက် ကိုယ့်ရဲ့နေထိုင်မှု lifestyle ဟာလည်း အဘက်ဘက်ကနေ စေ့စပ်ပြီးပြည့်စုံလာပါလိမ့်မယ်။ ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်မှာလည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

✔️Time Management Skill ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့အတွက် မနှောင့်နှေးစေဖို့ အချိန်ကိုတတ်နိုင်သလောက်အကျိုးရှိအောင်စီမံခန့်ခွဲနိုင်ရန်လိုပါတယ်။

✔️ Emotional Intelligence ကိုယ်စိတ်ခံစားမှုကိုနားလည်ပြီးထိန်းချုပ်နိုင်ရုံသာမက တခြားတွေရဲ့စိတ်ခံစားချက်ကိုနားလည်ပြီးလူတွေနဲ့ပြေပြစ်စွာဆက်ဆံနိုင်ခြင်းဟာလည်း အောင်မြင်မှုရဲ့ သော့ချက်တစ်ခုဘဲ ဖြစ်ပါတယ်။

✔️Digital & Technology Skill
• Computer Basic (MS Word, Excel, PowerPoint)
• Internet & Digital Literacy
• Coding / Programming (Scratch, Python, etc.)
• Graphic Design / Video Editing အခြေခံ
• AI နဲ့ Technology အသိပညာအခြေခံ တွေရှိသင့်ပါတယ်

✔️Business Skills
• Accounting အခြေခံ
• Excel for Business
• Digital Marketing
• Online Business Management တို့ကို နားလည်ထားခြင်းဖြင့် ကိုယ်ကိုတိုင်အလုပ်လုပ်တဲ့အခါမှာသာမက တစ်ခြားသူတွေကို Management လုပ်တဲ့အခါမှာလည်း များစွာကောင်းကျိုးပြုနိုင်ပါတယ်။

✔️Language Skill
🇬🇧အင်္ဂလိပ်စာ အတွက် 4 Skills, IELTS / TOEFL တွေလေ့လာနိုင်သလို အခြားသော🇨🇳 တရုတ်စာ၊ 🇯🇵 ဂျပန်စာ အစရှိတဲ့ အနာဂတ်အလုပ်အကိုင်အတွက် အခွင့်အလမ်းတိုးစေမယ့် language တွေကိုလေ့လာထားမယ် ဆိုရင်တော့ ကိုယ်ဟာ International Level အထိပါပါဝင်လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အခွင့်အရေးတွေ ရရှိနိုင်ပါတယ်။

🍀အခုမင်မင်တို့ Sharing လုပ်သွားတဲ့ Life Skills လေးတွေ ဖတ်ပြီး …ဧကရီလေးတို့အနေနဲ့ဘယ်လို Life Skill လေးတွေကို ဦးစားပေးလေ့လာရမလဲဆိုရင်တော့ …

🍀ကိုယ်သဘောကျနှစ်သက်ပြီး ဝါသနာပါရဲ့လား?
🍀ကိုယ်ကိုယ်တိုင် ကျွမ်းကျင်တတ်မြောက်မှုရှိရဲ့လား?
🍀ကိုယ့်အတွက် Income Source တစ်ခုဖြစ်နိုင်ရဲ့လား?
🍀အများကိုအကျိုးရှိစေမလား?
ဆိုတဲ့ မေးခွန်းလေးတွေနဲ့ စဉ်းစားချင့်ချိန်ကြည့်လို့ရပါတယ်ရှင်။

🍀ကိုယ့်အတွက် အသုံးဝင်တဲ့ Life Skills တွေကို သိပြီဆိုရင် Course/Diploma သင်တန်းတွေ၊ Extracurrcular activities/projects တွေ၊ Challenge ပြိင်ပွဲတွေ အစရှိသည်တို့မှတစ်ဆင့် လေ့လာတတ်မြောက်သင်ယူနိုင်ပါတယ်။

🍀အဆုံးသတ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဧကရီလေးတို့ဟာ Academic skill အပြင် ကိုယ်နဲ့ကိုက်ညီတဲ့ Life skillတွေကို ရွေးချယ်တတ်ကျွမ်းအသုံးချနိုင်ပြီး တောက်ပတဲ့ အနာဂတ်လေးတွေကို ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။



ျိုသမီးသီးသန့်အဆောင်

 #လက်သည်းခြေသည်းကျန်းမာရေးအတွက်ဂရုစိုက်ရမည့်အချက်များ💕💕ဧကရီလေးများအားလုံး မင်္ဂလာပါရှင့်💢ဒီအပတ်မှာ မင်မင်တို့အနေနဲ့ ...ဧ...
07/12/2025

#လက်သည်းခြေသည်းကျန်းမာရေးအတွက်ဂရုစိုက်ရမည့်အချက်များ

💕💕ဧကရီလေးများအားလုံး မင်္ဂလာပါရှင့်

💢ဒီအပတ်မှာ မင်မင်တို့အနေနဲ့ ...ဧကရီလေးတို့ရဲ့ လက်သည်း၊ခြေသည်းကျန်းမာရေးအတွက် ဂရုစိုက်ရမည့်အချက်လေးတွေကို မျှ‌ဝေပေးချင်ပါတယ်…

✍️အခုလ်ိုနည်းပညာတိုးတက်လာတဲ့ခေတ်အခါမှာဆိုရင် လက်သည်းခြေသည်းလေးတွေကိုအလှဆင်တာဟာ အရင်ကထက် အများကြီးပိုမို လှပလွယ်ကူလာတဲ့အတွက် မိန်းကလေးအများစုအနေနဲ့ အရောင်လှလှလေးတွေ ဆိုးလာကြတယ်

✍️ လက်သည်းတုလေးတွေ၊ gel လက်သည်းဆိုးဆေးတွေ အစရှိသဖြင့် လူတန်းစားမရွေးအသုံးပြုလာကြတာကို တွေ့လာရပါတယ်

✍️ဟုတ်တာပေါ့၊ ဘယ်မိန်းကလေးမဆို ကိုယ့်ရဲ့ လက်သည်းခြေသည်း အနားသတ်လေးတွေက သန့်ရှင်းသပ်ရပ်နေမယ်၊ လှပနေမယ်ဆိုရင်...
ကိုယ်ကိုတိုင်လဲစိတ်လက်ကြည်နူးမိတဲ့အပြင် self-confidence တွေပါပြည့်ဝလာပါတယ်နော်

✴️အခုလိုမျိုးလက်သည်းခြေသည်းလေးတွေကို အလှဆင်တာဟာ ကောင်းကျိုးရှိတယ်ဆိုပေမယ့်

✴️တစ်ဖက်မှာကတော့
☑️လက်သည်းဝါခြင်း၊ ပါးခြင်း၊ ကွဲခြင်း၊
☑️လက်သည်းပန်းကုံးများခြောက်သွေ့ခြင်း၊
☑️ရံဖန်ရံခါအရေပြားဓါတ်မတည့်မှုကြောင့်ယားယံခြင်း၊ allergic reactionဖြစ်ခြင်း၊
☑️လက်သည်းပိုးဝင်ခြင်း … အစရှိတဲ့ သက်ဆိုင်ရာဘေးထွက်ဆိုးကျိုးတွေ ရှိတတ်တယ်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။

💢ဒါကြောင့်ဧကရီလေးတို့အနေနဲ့ ကိုယ့်ရဲ့တစ်ကိုယ်ရည်တစ်ကာရသန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ ကိုက်ညီမှုတို့အတွက်ပါ ဂရုပြုဆောင်ရွက်ဖို့ အရေးကြီးပါတယ်။

🍀ကိုယ်ဟာ သဘာဝအတိုင်း ခြေသည်းလက်သည်းလေးတွေ ကျန်းမာလှပချင်တယ်ဆိုရင် …
🔹️ဗီတာမင်B7 (Biotin)၊Zinc၊ Protein ဓာတ်များ ပြည့်ဝအောင်ဖြည့်တင်းထားခြင်း၊
🔹️Gel polish/ Acrylic extension အစရှိတဲ့ ဓာတုပစ္စည်းများနှင့် ထိတွေ့မှုကို မကြာခဏ အနားပေးခြင်း၊
🔹️Shea butter, Jojoba oil, Vitamins olive, moisturizer၊ Cuticle oil အသုံးပြုခြင်း စသော Self-Caring ကို အမြဲမပြတ် ပြုလုပ်သင့်ပါတယ်။

🍀လက်သည်းခြေသည်းလေးတွေကို အလှဆင်ရတာနှစ်သက်တယ်ဆိုတဲ့ ဧကရီလေးတွေအတွက်ကတော့ …
🔹️လက်သည်း၊ခြေသည်း ပြုပြင်ရာမှာ အသုံးပြုတဲ့ ကိရိယာတွေဟာ ပိုးသတ်ပြီးသားဖြစ်ရဲ့လား စစ်ဆေးခြင်း၊
🔹️Formaldehyde-free, toluene-free, DBP-free လို့ပြထားတဲ့ Polish တွေကို အသုံးပြုခြင်း၊
🔹️အခြားမိန်းကလေးတွေရဲ့ အတွေ့အကြုံReview တွေကိုဖတ်ခြင်း (page / Google Review)
🔹️လိုအပ်တဲ့ ကျွမ်းကျင်မှု (Knowledge) ရှိတဲ့ဆိုင်ကိုရွေးချယ်ခြင်း (ဥပမာ- UV Lamp အသုံးပြုခါနီး Sunscreen သုံးခြင်း) အစရှိသည်တို့ကို အလေးပေးပြုလုပ်သင့်ပါတယ်။

✍️နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံးအချက်လေးကတော့ လက်သည်းခြေသည်းဆိုတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကလေးတစ်ခုတသာမကဘဲ...

✍️စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအားလုံးကိုပါ သေချာဂရုစိုက်နိုင်ဖို့အရေးကြီးပါတယ်။
ဥပမာ- အိပ်ချိန်စားချိန်မှန်ခြင်း၊ ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်း၊ တရားထိုင်ခြင်းတို့ကို နေ့စဉ်မှန်မှန် ကျင့်ကြံပေးမယ်ဆိုရင် ...

✍️လက်သည်းခြေသည်းအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးအတွက်ပါ အကျိုးပြုနိုင်မှာဘဲ ဖြစ်ပြီး ကိုယ့်ရဲ့ နေ့စဉ်ဘဝ Lifestyle ကိုပါအကျိုးပြုလာနိုင်မှာဘဲ ဖြစ်ပါတယ်နော်။

✍️မင်မင်တို့ အခုလိုမျှဝေပေးသွားတာလေးတွေကို ဖတ်ရှုနားလည်ပြီးပြီဆိုရင်တော့ …

💕💕ဧကရီလေးတို့အနေနဲ့ လက်တွေ့မှာ တစ်ကယ်အသုံးချနိုင်ပြီး ကျန်းမာလှပတဲ့လက်သည်း
ခြေသည်းလေးတွေရော၊ ကိုယ်ခန္ဓာကိုပါ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။


ျိုသမီးသီးသန့်အဆောင်

  Mediaကြောင့် စိတ်ဖိစီးမှုများမဖြစ်အောင် နေထိုင်နည်း💕💕ဧကရီလေးများအားလုံးဘဲ...မင်္ဂလာပါရှင့်✍️ဒီနေ့မျှဝေပေးမှာကတော့ soci...
01/11/2025

Mediaကြောင့် စိတ်ဖိစီးမှုများမဖြစ်အောင် နေထိုင်နည်း

💕💕ဧကရီလေးများအားလုံးဘဲ...မင်္ဂလာပါရှင့်

✍️ဒီနေ့မျှဝေပေးမှာကတော့ social media ကြောင့်စိတ်ပင်ပန်းမှုတွေ မဖြစ်အောင် ဆောင်ရွက်ရမည့် နည်းလမ်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်

✍️ယနေ့ခေတ်မှာ အသက်အရွယ်မရွေး Social media ကို အသုံးပြုကြပါတယ်...

🍀Social Media ဆိုတာ
✔️မိသားစု၊မိတ်ဆွေသူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက်များနဲ့ အချိန်မရွေး၊နေရာဒေသမရွေးလွယ်ကူလျှင်မြန်စွာဆက်သွယ်နိုင်ခြင်း

✔️သတင်းအချက်အလက်နဲ့ပညာရပ်ပိုင်းဆိုင်ရာအကြောင်းအရာများ၊ဗဟုသုတရရှိစေမည့်အကြောင်းအရာများ ကို လွယ်လွယ်ကူကူရှာဖွေရရှိနိုင်ခြင်း

✔️ပညာသင်ကြားရေးရာတွင်လည်းOnline course၊Tutorials၊Study groupsများဖြင့် မိမိအိမ်မှသင်ကြားနိုင်ခြင်းစသော လူမှုရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာရေး နယ်ပယ်အစုံတွင်အကျိုးရှိသကဲ့သို့

🍀Social Media အသုံးပြုခြင်းကြောင့်

✔️အချိန်ကို မထိန်းချုပ်နိုင်ခြင်း
✔️အနာဂတ်ရည်မှန်းချက်အပေါ်အာရုံစူးစိုက်မှုလျော့နည်းခြင်း
✔️လူမှုဆက်ဆံရေးအားနည်းလာခြင်း
✔️စိတ်ကျရောဂါဝင်လာခြင်း
✔️ကိုယ်ရေးကိုယ်တာအချက်အလက်တွေမျှဝေမိမှန်းမသိမျှဝေမိရင်းကမိမိအတွက်အန္တရာယ်ရှိလာခြင်း စသောဆိုးကျိုးများစွာရှိလာပါတယ်...

✍️Social Media အသုံးပြုသူတိုင်းကြုံတွေရတဲ့
Social media ပေါ်က အဆိပ်အတောက်
ဖြစ်စေတဲ့စကားတွေ၊ စိတ်မသက်မသာဖြစ်စေတဲ့အကြောင်းအရာတွေကြောင့် စိတ်ပင်ပန်းလာ ရတတ်ပါတယ်။

✍️ဒါပေမဲ့ စိတ်ပင်ပန်းမှုတွေ ကိုဖယ်ရှားပြီး စိတ်အေးအေးနဲ့ နေထိုင်တတ်ဖို့ကလဲအရေးကြီးပါတယ်

✔️စိတ်ပင်ပန်းမှုတွေကိုဖယ်ရှားပြီး စိတ်အေးချမ်းမှုကိုပြန်ရှာတွေ့ဖို့အတွက် နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်...

✍️စိတ်ပင်ပန်းမှု ကိုဖယ်ရှားဖို့ နည်းလမ်း (8) ချက်

❇️အာရုံမစိုက်ပါနဲ့။

✍️စိတ်ညစ်စရာ post တွေကိုဖတ်လိုက်ရင် “ဒီအရာက ကိုယ်ဘဝ နဲ့ ပတ်သက်လား?” လို့ ကိုယ်ကိုကိုယ်မေးကြည့်ပါ။ မသက်ဆိုင်ရင် scroll လုပ်လိုက်ပါ။

❇️Negativity ကိုတုံ့ပြန်ခြင်းမလုပ်ပါနဲ့။
✍️တစ်စုံတစ်ယောက်ရဲ့ မကောင်းပြောတဲ့ comment တွေကို မတုံ့ ပြန်လိုက်ခြင်းက
စိတ်သက်သာမှုကိုရစေပြီး နောက်ဆက်တွဲ ပြဿာနာတွေကို‌ ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။

❇️အေးချမ်းမှုကိုရွေးချယ်ပါ။
✍️Social media ရဲ့ သဘောတရားအရ အကြောင်းအရာတစ်ခု ကို စိတ်ဝင်တစားဖတ်မိ ၊ ကြည့်မိခဲ့ရင်ကိုယ့်ဆီကို အဲဒီအကြောင်းနဲ့တူတဲ့ အကြောင်းအရာတွေကိုပဲ News Feed မှာ ပြသပေးတဲ့အတွက် စိတ်ညစ်စရာအရာတွေမှာ မျောပါမသွားဘဲ စိတ်သက်သာစရာအရာတစ်ခုလုပ်ပါ။
ဥပမာ – တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း။

❇️အနားယူပါ။
✍️တစ်ခါတစ်လေ social media အသုံးပြုတာ ခဏရပ်လိုက်ပါ။
✍️တစ်နေ့တစ်နာရီပဲဖြစ်ဖြစ် စိတ်ထဲမှာအေးချမ်းမှု ပြန်ရောက်လာပါလိမ့်မယ်။

❇️Feed ကိုပြန်လည်သတ်မှတ်ပါ။
✍️Facebook “Feed Preferences” ထဲကနေ သင်ကြည့်ချင်တဲ့အကြောင်းအရာ အမျိုးအစားတွေကို
ရွေးနိုင်ပါတယ်။
(ဥပမာ – motivation, art, mindfulness စတဲ့အကြောင်းအရာတွေ)

❇️Comment Control သုံးပါ။
✍️မလိုအပ်တဲ့စကားလုံးတွေကို “Filter” ထဲထည့်လိုက်ခြင်းက ကိုယ့်စိတ်ကိုအေးချမ်းအောင်နေထိုင်ခြင်းပါ။

❇️Positive pages & creators ကို Follow လုပ်ပါ။
Positive vibe ရစေသောစကား၊ မျှော်လင့်ချက်တွေဖြစ်တဲ့ content တွေကိုပဲကြည့်ပါ။

❇️Digital boundary တစ်ခုပြုလုပ်ပါ။
✍️နေ့တစ်နေ့ Social media အချိန်ကို သတ်မှတ်လိုက်တာက စိတ်ကိုပိုအေးချမ်းစေပြီး အချိန်ကိုအကျိုးရှိစွာအသုံးပြုလိုက်ခြင်းဖြစ်ပါတယ်

💕💕ဧကရီလေးတို့လဲ Social Media ကို အကျိုးရှိစွာအသုံးပြု ပြီး စိတ်ဖိစီးမှုများမှ ကင်းဝေးပါစေနော်...


#အမျိုးသမီးသီးသန့်အဆောင်

💕💕ဧကရီလေးများအားလုံးဘဲ မင်္ဂလာပါရှင် …✨️မကြာခင်မှာဘဲ မင်မင်တို့ မြန်မာလူမျိုးတွေအားလုံး အထွဋ်အမြတ်ထားရတဲ့ “ဝါလကင်းလွတ် သ...
11/09/2025

💕💕ဧကရီလေးများအားလုံးဘဲ မင်္ဂလာပါရှင် …

✨️မကြာခင်မှာဘဲ မင်မင်တို့ မြန်မာလူမျိုးတွေအားလုံး အထွဋ်အမြတ်ထားရတဲ့ “ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယ” ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်ရှင်။

🎉သီတင်းကျွတ်ဆိုတာဟာ ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ချစ်ရသူတွေနဲ့ ပျော်ပျော်ရွှင်ရွင် အမှတ်တရအချိန်တွေဖန်တီးပြီး မေတ္တာမျှဝေရမယ့် အချိန်လေးဘဲ ဖြစ်ပါတယ်နော်။

✴️ဒါကြောင့်လည်း မင်မင်တို့ Akary Hostel ကနေ ဧကရီလေးတွေအတွက် အကောင်းဆုံးသောလက်ဆောင်မွန် ဖြစ်နိုင်မယ့် “Thadingyut Special Promotion” လေးကို စီစဉ်ထားပါတယ်။

✨️အခုလာမယ့် သီတင်းကျွတ်ကနေစပြီး

✔️ တက္ကသိုလ်ကျောင်းနှင့်အသက်မွေးဝမ်းကျောင်းသင်တန်း တက်ရောက်နေသူများအတွက်
✔️ကျောင်းသူ၊ သင်တန်းသူဖြစ်ကြောင်းအထောက်အထားတစ်ခုခု (ဥပမာ - IDကဒ်) ပြရုံဖြင့်

✴️Akary Hostel က အဆောင်လခကို 7% - 10% ထိတောင် လျော့ချပေးသွားမှာဘဲ ဖြစ်ပါတယ်နော်။

💢မင်မင်တို့ ပြောပြပေးသွားတဲ့ Thadingyut Promotion လက်ဆောင်လေးဟာ သီတင်းကျွတ်ကာလတစ်ခုတည်းမှာတင် မဟုတ်ဘဲ ...

✨️ဘဝမှာရပ်တည်ဖို့ ပညာရှာဖွေနေကြတဲ့ ဧကရီလေးတွေရဲ့ ပညာသင်ယူစဉ်ကာလတစ်လျှောက်လုံးမှာ Akary Hostel ကနေ

🍀မေတ္တာစေတနာထားပြီး ကူညီထောက်ပံ့သွား မှာပဲဖြစ်ပါတယ်ရှင်။

🍀ဒါကြောင့်ဘဲ ဧကရီလေးတို့အနေနဲ့ အခုလိုမျိုး အချိန်အခါသမယကောင်းမှာ ရရှိလာတဲ့ ကောင်းမွန်တဲ့ အခွင့်အရေးကို လက်လွှတ်မခံလိုက်ဘဲ အမြန်ဆုံးလှမ်းယူဆုပ်ကိုင်နိုင်ဖို့အတွက် Akary Hostel ကနေ ဖိတ်ခေါ်လိုက်ပါတယ်။

🍀ဧကရီလေးတို့အားလုံး ဘဝအောင်မြင်မှုတွေကိုဆွတ်ခူးနိုင်ပြီး ပျော်ရွှင်ဖွယ်သီတင်းကျွတ်ကာလလေးဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။
အသေးစိတ်သိရှိလိုလျှင်
📞09400077792,09400077793 ကိုဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင့်💕💕

💕💕ဧကရီလေးများအားလုံး မင်္ဂလာပါရှင် 💛🍀ဒီအပတ်မှာ  မင်မင်တို့အနေနဲ့ ...ဧကရီလေးတို့ရဲ့  #အနာဂတ်ရည်မှန်းချက်တွေအတွက်အကျိုးရှိ...
27/07/2025

💕💕ဧကရီလေးများအားလုံး မင်္ဂလာပါရှင် 💛

🍀ဒီအပတ်မှာ မင်မင်တို့အနေနဲ့ ...ဧကရီလေးတို့ရဲ့

#အနာဂတ်ရည်မှန်းချက်တွေအတွက်

အကျိုးရှိအောင်မြင်စေမယ်လို့ ယုံကြည်မိတဲ့ ပို့(စ်)လေးတစ်ခုကိုထပ်ပြီးမျှဝေပေးချင်ပါတယ်။
————————————
“From Betrayal To Breakthrough”

ဒီနေ့ မျှဝေချင်ပေးချင်တဲ့ အကြောင်းလေးကတော့
အချစ်ကြောင့် နာကျင်ခဲ့ရပေမယ့်…

မခံချင်စိတ်တစ်ခုကြောင့် အရမ်းကိုချမ်းသာတဲ့ စီးပွါးရေးလုပ်ငန်းပိုင်ရှင်သူဌေးမကြီး ဖြစ်လာတဲ့

-Corcoran ရဲ့အကြောင်းဘဲ ဖြစ်ပါတယ်။

✍ မောင်နှမ ဆယ်ယောက်နဲ့အတူ ကြီးပြင်းလာခဲ့ရတဲ့ Barbara ဟာ ငယ်စဉ်ကတည်းက ဘဝစိန်ခေါ်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

✍ ဖခင်ဖြစ်သူက အလုပ်နားလိုက်ရတဲ့အတွက် စီပွါးရေးအခြေအနေလည်း အဆင်မပြေခဲ့ပါဘူး။

✍ဒါကြောင့် အစားအသောက်၊ နေရာထိုင်ခင်းအိပ်ရာကအစ အရာရာတိုင်းကို အမြဲတမ်းမျှဝေသုံးစွဲပြီး ခြစ်ခြစ်ကုတ်ကုတ် နေထိုင်ခဲ့ရပါတယ်။

✍သူမမှာ စာရေးစာဖတ်ရာမှာ အခက်အခဲဖြစ်တဲ့ Dyslexia ရောဂါရှိတဲ့အတွက် ကျောင်းမှာအမြဲနောက်ကောက်ကျနေပြီး စာညံ့တဲ့ ကလေးတစ်ယောက်လို့ဘဲ သတ်မှတ်ခံခဲ့ရတာပေါ့။

✍ဒီလိုနဲ့ Barbara တစ်ယောက်ကျောင်းပြီးသွားပြီး Education ပညာရပ်နဲ့ဘွဲ့ရခဲ့ပါပြီ။

✍ နောက်ပိုင်းမှာတော့ ဆရာမ၊ စားပွဲထိုး၊ အိမ်ခြံမြေအကျိုးဆောင် အစရှိတဲ့ အလုပ်ပေါင်း (၂၀) ကျော်ကို လုပ်ကိုင်ရင်းနဲ့ဘဲဘဝကို ရုန်းကန်ခဲ့ရပါတယ်။

❤️ အချစ်နဲ့ စီးပွားရေးကို တစ်ပြိုင်နက်တည်း စတင်ခဲ့ခြင်း

✍၂၃ နှစ်အရွယ်မှာတော့ Barbara ဟာ သူမရဲ့ဘဝကိုအကြီးမားဆုံးပြောင်းလဲစေမယ့် ချစ်သူ Ray Simone ဆုံတွေ့ခဲ့တယ်။

✍Barbara ကချစ်သူဆီက $1,000 ချေးငွေရခဲ့ပြီး နှစ်ယောက်ပေါင်းပိုင်တဲ့ Corcoran-Simone အိမ်ခြံမြေစီးပွါးရေးလုပ်ငန်းတစ်ခုကို ထူထောင်ဖန်တီးနိုင်ခဲ့ပါတယ်။

✍စီးပွါးရေးလည်းကောင်းလာသလို သူမရဲ့ချစ်သူနဲ့လည်း Apartment တစ်ခုဝယ်ပြီး ဘဝတစ်ခုကို အတူတူစတင်နိုင်ခဲ့တဲ့အတွက် တကယ်ကိုပျော်ရွှင်စရာအကောင်းဆုံးအချိန်တစ်ခု ဖြစ်ခဲ့တာပေါ့။

✍ဒါပေမယ့် သူမရဲ့ချစ်သူဟာ ထင်မှတ်စရာမရှိလောက်အောင် သူမရဲ့ Secretary နဲ့ဖောက်ပြန်ခဲ့ပါတယ်။

✍ဒါကိုသိသွားခဲ့တဲ့ သူမအနေနဲ့တော့ နောက်ကျောကို ဓားချွန်ချွန်နဲ့ အထိုးခံလိုက်ရသလိုပါဘဲ …

✍အဲ့ဒီနောက်ပိုင်းမှာတော့ တစ်ချိန်တုန်းအဆုံးမရှိချစ်ခဲ့ကြတဲ့၊ အတူတူဘဝကိုရင်ဆိုင်ကျော်လွှားခဲ့ကြတဲ့ ချစ်သူနှစ်ဦးဟာ...

✍ နှစ်ယောက်ပိုင်ဆိုင်ခဲ့တဲ့ စီးပွါးရေးလုပ်ငန်းကို တစ်ယောက်တစ်ဝက်ခွဲပြီး ...

✍ဘာမှမသက်ဆိုင်တော့တဲ့ သူစိမ်းတွေလိုဘဲ လမ်းခွဲခဲ့ရပါတော့တယ်။

✍Barbara လည်း စိတ်မကောင်းကြီးစွာနဲ့ဘဲ အိမ်ပေါ်ကနေဆင်းခဲ့ရပါတယ်။

💔 ရင်နာဖွယ် Betrayal တစ်ခုက သူမကို ဘယ်လိုမျိုး Millionaire တစ်ယောက်အဖြစ်ပြောင်းလဲပေးခဲ့လဲ❓

✍ရင်နာစရာအကောင်းဆုံးကတော့ သူမယုံကြည်ချစ်မြတ်နိုးခဲ့ရတဲ့ ယောက်ျားတစ်ယောက်ဟာ နောက်ဆုံးမှာတော့ သူမကို သစ္စာဖောက်လည်းဖောက်သေး၊ “မင်းကငါမရှိရင် ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ဘူး” ဆိုတဲ့စကားကိုလည်း ပြောဆိုခဲ့တာပါဘဲ။

✍ဆုံးရှုံးမှုသာရရှိခဲ့ပေမယ့် မခံချင်စိတ်တစ်ခုနဲ့ သုညကနေစပြီး သူနေဖို့အတွက် Apartment အသစ်တစ်ခုကိုရှာခဲ့တယ်။ သူမမှာ တစ်ဝက်ကျန်ခဲ့တဲ့ ဝန်ထမ်း ၇ ယောက်နဲ့ အတူ Cocoran Group ဆိုတဲ့ အိမ်ခြံမြေလုပ်ငန်းလေးကို စတင်တည်ထောင်လိုက်ပြီး ရုန်းကန်ခဲ့ရတော့တာပါဘဲ။

✍သူမအနေနဲ့ဝန်ထမ်းအားလုံးကို မိသားစုလိုဘဲ နွေးနွေးထွေးထွေး ဆက်ဆံခဲ့တယ်။

✍ငွေလည်းမရှိ၊ ကျောထောက်နောက်ခံလည်းမရှိခဲ့တာကြောင့် လုပ်ငန်းပိုင်ရှင်ဆိုပေမယ့်လည်း တစ်အိမ်တက်တစ်အိမ်ဆင်း Strategy အမျိုးမျိုးနဲ့ Marketing တွေလုပ်ခဲ့ရတယ်။

✍ကြော်ညာစာရွက်တွေလည်းကိုယ်တိုင် Designဆွဲခဲ့သလို၊ လက်ကမ်းစာစောင်ဝေတာတွေကစပြီး Customer Service ထိ ဝန်ထမ်းတွေနှင့်အတူ ကိုယ်တိုင်ဆောင်ရွက်ခဲ့ပါတယ်။

✍ သူမဟာ သူမအမေရဲ့ ဆုံးမစကားလေးကို မမေ့ခဲ့ပါဘူး။
“If You Don’t Have Big Breasts, Put Ribbons on Your Pigtails”

✍ဒါကတော့ Barbara တစ်ယောက် စားပွဲထိုးလုပ်ခဲ့ရတုန်းက ရင်သားကြီးတဲ့ စားပွဲထိုးမိန်းကလေးတွေကို Customer တွေရဲ့ Attention နဲ့ Tip Money တွေပိုရနေခဲ့တဲ့အချိန်မှာ…

✍ရင်သားပြားကပ်ကပ်ဖြစ်နေတဲ့ Barbara ကတော့ Customer တွေရဲ့အမြင်မှာ မပေါ်လွင်နိုင်ဘူး ဖြစ်နေခဲ့တာပေါ့။

✍ဒီကိစ္စနဲ့ပက်သက်ပြီး သူမရဲ့အမေက ဘာပြောခဲ့လဲဆိုရင်တော့ …
“သမီးရေ၊ ကိုယ့်မှာ ရင်သားကြီးကြီးမရှိဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ သမီးမှာ ဆံပင်ကောင်းကောင်းရှိနေတာဘဲ၊ ဆံပင်လေးကို နှစ်ဖက်ခွဲစီးပြီး ဖဲပြားလေးတွေချည်လိုက်ပေါ့” တဲ့။

✍သူမအမေပေးလိုက်တဲ့ အကြံဟာ တစ်ကယ်ကိုဘဲ အလုပ်ဖြစ်ခဲ့ပြီး သူမလည်း အဲ့ဒိအချိန်ကစပြီး Tip Money တွေပိုပြီးရလာတော့တာပါဘဲ။

✍ဒီတော့ သူမဟာ စီးပွါးရေးလုပ်တဲ့အချိန်မှာလည်း သူမရဲ့ Company ဟာ အခြားပြိုင်ဘက်တွေကြားမှာ ဘာကြောင့်လူတွေအသိအမှတ်အပြုခံရမှာလဲ? ဘယ်လိုမျိုး Customer တွေရဲ့ယုံကြည်မှုကို တည်ဆောက်ရမလဲ? ဆိုပြီးမေးခွန်းထုတ်ဖြစ်ခဲ့ပါတယ်။

✍သိပ်မကြာပါဘူး။ ဒီမေးခွန်းတွေအတွက် အကောင်းဆုံးအဖြေကို သူမတွေ့ရှိသွားခဲ့ပါတယ်။

✍1973-1974 မှာ “The Corcoran Report” ဆိုတဲ့ …New York တစ်မြို့လုံးရဲ့ ပျမ်းမျှအိမ်ခြံမြေဈေးကွက်ပေါက်စျေးတွေ၊ စျေးအတက်အကျတွေ၊ အရောင်းအဝယ်ဖြစ်မြောက်မှု အစရှိတဲ့ အချက်အလက်တွေ နဲ့ သူမရဲ့အတွေ့အကြုံတွေကို One Sheet Summary နဲ့ တိတိကျကျစုစည်းထားတဲ့ စာတမ်းကို သတင်းစာဂျာနယ်အားလုံးမှာ ထုတ်ဝေလိုက်တဲ့အချိန်မှာတော့

✍အဲ့ဒီခေတ်အခါ... မှာ
New York မြို့တစ်မြို့လုံးဟာ ဒီလိုမျိုး Report မျိုးကို တစ်ခါမှကို မတွေ့ခဲ့ဖူးပါဘူးသလို တစ်ခါမှလည်းမရှိခဲ့ပါဘူး။ ဒါဟာအားလုံးအတွက်တစ်ကယ်ကိုလည်း လိုအပ်ပြီး အသုံးဝင်တဲ့ Report တစ်ခုဖြစ်တဲ့အတွက် …

✍သူမဟာနေ့ချင်းညချင်းကိုဘဲ လူအများယုံကြည်ရတဲ့
"Real Estate Queen and Expert" တစ်ယောက်အနေနဲ့ နာမည်ကျော်ကြားသွားခဲ့တော့တာပါဘဲ။

✍သူမဟာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ဖြတ်ထိုးဉာဏ်ကောင်းသူတစ်ယောက်လည်း ဖြစ်တာကြောင့်နှစ်ပေါင်း ၂၅ နှစ်အတွင်းမှာ သူမ Corcoran Group ဟာလည်း New York မြို့မှာ ဝန်ထမ်းပေါင်း ၈၀၀ ကျော်နဲ့ အရမ်းကိုအောင်မြင်တဲ့ Company ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

👑 အောင်မြင်ပြီးနောက် သူမရဲ့လုပ်ဆောင်ချက်များ

✍၂၀၀၁ ခုနှစ်မှာ သူမရဲ့ Corcoran Group ကို $66 Million နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

✍နောက်ပိုင်းမှာ သူမရဲ့ ဘဝအတွေ့အကြုံတွေ၊ စီးပွါးရေး အသိအမြင်တွေကို ရသစုံလင်စွာ ပေါင်းဆက်ပြီး “If You Don’t Have Big Breasts, Put Ribbons on Your Pigtails” (2003)၊ “Shark Tales: How I Turned $1,000 into a Billion-Dollar Business” (2011) … အစရှိတဲ့ ရောင်းအားအကောင်းဆုံးစာအုပ်တွေကိုလည်း ထုတ်ဝေရောင်းချနိုင်ခဲ့တာဘဲဖြစ်ပါတယ်။

✍လက်ရှိအချိန်မှာတော့ Shark Tank အစီအစဉ်ထဲက Investor တစ်ဦးအဖြစ် လူသိများလာခဲ့ပြီး အမျိုးသမီးစီးပွါးရေးသမားပေါင်း မြောက်များစွာအတွက် စံနမူနာယူစရာ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။

✍သူမဟာ ဘယ်သူမှမပါဘဲနဲ့ သူမကိုယ်တိုင်တစ်ယောက်တည်းနဲ့ အောင်မြင်နိုင်တယ် ဆိုတာကို အကောင်းဆုံးသက်သေပြလိုက်နိုင်တာပါဘဲရှင်။

🌼 Barbara Corcoran ရဲ့ ဘဝကနေ ဘာသင်ခန်းစာတွေရနိုင်လဲ?

“ချစ်သူဖြစ်သူက ပစ်ခဲ့ရင်လည်း ကိုယ့်အိပ်မက်တွေကိုတော့ မပစ်လိုက်ပါနဲ့။”

✍အချစ်ဆိုတာ ဘဝရဲ့အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ချစ်ခြင်းမေတ္တာတွေကို မိန်းကလေးတွေအနေနဲ့ လိုလားကြပါတယ်။

✍သို့သော်လည်း “စိတ်ခံစားချက်တွေထဲမှာဘဲ အဆုံးမရှိ စိတ်ကိုမျောလိုက်မနေဘဲ ကိုယ့်ရဲ့ဘဝရည်မှန်းချက်တွေကိုလည်း အဓိပ္ပာယ်ဖော်ထားရှိသင့်ပါတယ်။”

✍ဒီလို ဘဝရည်မှန်းချက်တွေကို အကောင်အထည်ဖော်နေတုန်းမှာလည်း “သူတစ်ပါးရဲ့ Support မရှိဘဲနဲ့ ကိုယ်တစ်ယောက်တည်းဖြစ်ရမှာကိုတော့ မကြောက်ကြပါနဲ့။” ဘယ်လို Challengesတွေမျိုးဘဲဖြစ်ပါစေ၊ သတ္တိရှိရှိရင်ဆိုင်ဖြေရှင်းနိုင်မှဘဲ အောင်မြင်မှုဆိုတာလည်းရရှိမှာဘဲဖြစ်ပါတယ်။

✍ပြီးရင်တော့ “ကိုယ့်ရဲ့အားနည်းချက်တွေထက်စာရင် အားသာချက်တွေအပေါ် အဓိကအာရုံစိုက်ပြီး ဘယ်လိုတိုးတက်အောင်လုပ်မလဲ ဆိုတာကို စဉ်းစားသင့်ပါတယ်။”

✍နောက်ဆုံးအချက်ကလေးကတော့ “ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကိုတိတိကျကျ မှတ်တမ်းတင်နိုင်မယ်ဆိုရင် နောင်တစ်ချိန်ချိန်မှာ ကိုယ့်အတွက်ဘဲဖြစ်ဖြစ်၊ ဘယ်သူ့အတွက်ဘဲဖြစ်ဖြစ် ကောင်းကျိုးပြုနိုင်မှာဘဲ ဖြစ်ပါတယ်နော်။”

✍ဒါကြောင့် အဆုံးသတ်အနေနဲ့ပြောရရင် မိန်းကလေးတွေအားလုံးအနေနဲ့ ကိုယ့်ရဲ့ဘဝမှာ ဘယ်လိုစိန်ခေါ်မှုမျိုးတွေဘဲရှိနေပါစေ လက်မလျော့လိုက်ဘဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ ကြိုးစားဆောင်ရွက်ကြပြီး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

✍Barbara Corcoranနဲ့ပတ်သက်ပြီးပိုမိုလေ့လာချင်တယ်ဆိုရင်တော့ဒီlinkလေးတွေမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်နော်

Instagram: https://www.instagram.com/barbaracorcoran

Twitter: https://x.com/barbaracorcoran?lang=en

TikTok: https://www.tiktok.com/.corcoran?_t=ZS-8yLRKpGbg1o&_r=1

YouTube: https://www.youtube.com/

Website: https://www.barbaracorcoran.com

Credit to
Writing and Sharing by Thiri

💕💕 ဧကရီလေးများအားလုံး ... မင်္ဂလာပါရှင်✍မိန်းကလေးတစ်ယောက်အနေနဲ့ ... ကိုယ့်ရဲ့ပညာရေးအလုပ်အကိုင်နဲ့ ဘဝအနာဂတ် မျှော်လင့်ချက...
02/07/2025

💕💕 ဧကရီလေးများအားလုံး ... မင်္ဂလာပါရှင်

✍မိန်းကလေးတစ်ယောက်အနေနဲ့ ... ကိုယ့်ရဲ့ပညာရေး
အလုပ်အကိုင်နဲ့ ဘဝအနာဂတ် မျှော်လင့်ချက်တွေအတွက်...

🍀မိသားစုကနေ ခွဲခွါပြီး နေရာသစ်တစ်ခုမှာတစ်ယောက်တည်း...
လာရောက်ကြိုးစားရပ်တည်နေရတယ်ဆိုတာ... လွယ်ကူတဲ့အရာတော့ ... မဟုတ်ပါဘူး။

✍ နေထိုင်သွားလာရေး၊ စားရေးသောက်ရေး၊ လုံခြုံရေး အစရှိသဖြင့်... အဘက်ဘက်ကနေ Challenges တွေ ကြုံတွေ့ရနိုင်ပါတယ်။

✍ဒီလိုအခြေနေမျိုးတွေမှာ မင်မင်တို့အနေနဲ့ ...

💕💕ဧကရီလေးတို့ကို အကြံပေးချင်တာလေးက ...

✍ကိုယ့်ဘဝတက်လမ်းအတွက်
အားသွန်ကြိုးပမ်းနေရတဲ့အချိန်မှာ

🏆အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်စွမ်း (Adversity Quotient ) ဟာ မရှိမဖြစ်
လိုအပ်တာကို ...ပါပဲ။

🏆အောင်မြင်နေတဲ့ အမျိုးသမီးတိုင်းရဲ့ နောက်ကွယ်မှာ မှန်းဆလို့မရနိုင်လောက်တဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိကြတယ်ဆိုရင်

💕💕ဧကရီလေးတို့ ဒီနေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာ ...

💕💕ဧကရီလေးတို့ရဲ့ အောင်မြင်မှုအတွက် မလွဲမတွေ ကျော်ဖြတ်ရမယ့် ...မှတ်ကျောက်တွေပဲလို့မှတ်ယူရင်း ... ဆက်ပြီးအားတင်းလျှောက်လှမ်းကြပါနော် ... ။

👉ဒါကြောင့်ပဲ မင်မင်တို့ရဲ့ Akary Hostel အနေနဲ့လည်း

💕💕ဧကရီလေးတို့အတွက် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းထောက်ပံ့ပေးနေမယ့် ...

🍀နားခိုရာလေးရိပ်မြုံလေးတွေအဖြစ် ဧကရီ အဆောင်လေးတွေကို

✔ ဧည့်ခန်း၊အိပ်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်းအိမ်သာ စတာတွေကို အကောင်းဆုံးဖွဲ့စည်းပြင်ဆင်ထားပေးပြီး

✔ ကုတင်၊ ဗီရို၊ စာကြည့်စားပွဲ စသဖြင့် ပရိဘောဂတွေ ကိုလည်း စုံလင်စွာဖြည့်ဆည်းပေးထားတဲ့အပြင်

✔ နေထိုင်မှု၊ ပတ်ဝန်းကျင်၊ လုံခြုံရေး၊ သွားရေးလာရေးစားသောက်ရေး ... အားလုံးကိုလည်း
အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ပေးထားပါတယ်ရှင့်

👌ဒါကို ... အပြီးပြည့်စုံဆုံးဆက်ပြီး အကောင်အထည်ဖော်နိုင်ဖို့အတွက်...လည်း

💕💕ဧကရီလေးတို့ရဲ့ ကိုယ်ပိုင် အတွေးအမြင်လေးတွေ၊ စိတ်ကူးပုံရိပ်လေးတွေကို

မျှဝေအကြံပြုပေးနိုင်မယ်ဆိုရင်တော့ ...

👌မင်မင်တို့အနေနဲ့ အကောင်းမွန်ဆုံး တန်ဖိုးထားပြီးပိုမိုဖြည့်ဆည်း ဆောင်ရွက်ပေးသွားနိုင်မှာပဲ ဖြစ်ပါတယ်။

🎯 ဘဝအိပ်မက်တွေနဲ့ အနာဂတ်ခရီးလမ်းအတွက် ကြိုးစားနေကြတဲ့ မိန်းကလေးတိုင်းအတွက် …

✅မင်မင်တို့ရဲ့ ဧကရီဆောင်ဟာ အမြဲတမ်းအတူရှိနေပါတယ်လို့ သတင်းကောင်းလေး ပါးအပ်လိုက်ပါတယ်ရှင်။

ဧကရီလေးများ အားလုံးဘဲ … မင်္ဂလာပါရှင်။ဒီနေ့ မင်မင်တို့အနေနဲ့ ...ဧကရီလေးတို့ရဲ့  #အနာဂတ်ရည်မှန်းချက်တွေအတွက်အကျိုးရှိအောင...
22/06/2025

ဧကရီလေးများ အားလုံးဘဲ … မင်္ဂလာပါရှင်။

ဒီနေ့ မင်မင်တို့အနေနဲ့ ...ဧကရီလေးတို့ရဲ့
#အနာဂတ်ရည်မှန်းချက်တွေအတွက်

အကျိုးရှိအောင်မြင် စေမယ်လို့ ယုံကြည်မိတဲ့ ပို့(စ်)လေးတစ်ခုကိုမျှဝေပေးချင်ပါတယ်။
--------- * ------- * --------

to Opportunity

Sara Blakely ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ
လေးတစ်ခုနဲ့ အရင်းအနှီး $5,000 ကနေစပြီး

Spanx Shapewear Company ကြီးကို တည်ထောင်နိုင်ခဲ့တဲ့

Self-Made Billionaireအဖြစ်ဘယ်လိုပြောင်းလဲသွားခဲ့တာလဲ ... ?

✍ ဘ၀ရည်မှန်းချက်တွေကိုလက်တွေ့အ‌ကောင်အထည်မ‌ဖော်နိုင်ဘဲ အိပ်မက်တွေပဲ မက်နေတဲ့ အမျိုးသမီးတွေရှိသလို

ဘယ်ကစရမှန်း မသိရင်တောင် တစ်ခုခုကို အမြဲ
တမ်းကြိုးစားလုပ်ဆောင်တဲ့ အမျိုးသမီးတွေလည်း ရှိနေ ပါတယ်။

✍Sara Blakely ဟာ ကျောထောက်နောက်ခံ အသိုင်းအဝိုင်းနဲ့ ငွေကြေးဥစ္စာအရင်းအနှီး ကြီးကြီးမားမား မရှိခဲ့ပါဘဲနဲ့

အလုပ်ထဲမှာကြိုးစားရုန်းကန်ခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။

✍ဥပဒေဘွဲ့အတွက်ကြိုးစားရင်း နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီးနောက်မှာတော့ Florida State University ကနေ Communications ဘာသာရပ်နဲ့ဘဲ ဘွဲ့ယူခဲ့တယ်။

✍ Disney World မှာစတင်အလုပ်လုပ်ခဲ့တယ်။

✍ နောက်ပိုင်း အရောင်းဝန်ထမ်းအနေနဲ့ အလုပ်ဝင်ခဲ့တဲ့အခါမှာလည်း ... Fax machine တွေကို တစ်အိမ်တက်ဆင်း လိုက်ရောင်းခဲ့ရပြီး အကြိမ် ၁၀၀ မှာ ၉၉ ကြိမ်အထိတောင် ငြင်းပယ်ခံခဲ့ရပါတယ်။

✍တစ်နေ့မှာတော့ အလုပ်ပါတီပွဲအတွက် အဝတ်
အစားပြင်ဆင်ရင်းနဲ့ သူမရဲ့ဘဝတစ်ခုလုံး ကို ပြောင်းလဲသွားစေမယ့် Idea တစ်ခု စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

✍Saraဟာ အဖြူရောင်ဘောင်းဘီကို ဝတ်ချင်ခဲ့တယ်။ ဒါကြောင့် အောက်ခံအရာတွေ မပေါ်ဘဲ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်စေတဲ့ အသားကပ်
ဘောင်းဘီရှည်ကိုဝတ်ကြည့်လိုက်တော့လဲ ပူပြင်းမွန်းကြပ်လှတဲ့ အတွက် သံချပ်ကာဝတ်ထားရသလို ခံစားနေခဲ့ရတာပေါ့။

✍ဒါကြောင့် Saraဟာစိတ်ပေါက်ပေါက်နဲ့ဘဲ အသားကပ်ဘောင်းဘီအရှည်ကို ပေါင်လယ်က
စပြီး ခြေထောက်အောက်ပိုင်းအထိ ကတ်ကြေးနဲ့ ညှပ်ထုတ်လိုက်ပြီး ဘောင်းဘီအောက်မှာ ဝတ်ဆင်လိုက်ပါတယ်။

✍အခုလိုပြုပြင်ပြီးမှဘဲ Sara တစ်ယောက် သက်တောင့်သက်သာ ရှိသွားခဲ့ပါတယ်။ ဘယ်အစင်းရာမှလည်းမပေါ်တော့သလို ခန္ဓာကိုယ် အချိုးအစားလေးလည်းလှပသွားတာကြောင့် ဘယ်မှာမှမရနိုင်သေးတဲ့ ဒီလိုမျိုး Shapewear မျိုးတွေဟာ အမျိုးသမီးအားလုံးအတွက် လိုအပ်တယ်လို့တွေးမိတဲ့အခါမှာတော့ စတင်ရောင်းချဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။

✍တကယ်တော့ Sara ဟာ အဝတ်အစားဒီဇိုင်းတွေ ဘယ်လို ထုတ်လုပ်ရောင်းချရမှာလဲ ဆိုတာနဲ့ပက်သက်ပြီး ဘာတစ်ခုမှ မသိခဲ့ပါဘူး။

✍ဒါပေမယ့် သူမရဲ့ သူငယ်ချင်းတွေက အလုပ်ကောင်းတွေကို ရသွားတဲ့အချိန်မှာ Fax machine တွေကို အိမ်တကာ လိုက်ရောင်းနေခဲ့ရတာဖြစ်တဲ့သူမအတွက်တော့ ဒီအခွင့်အရေးဟာ အကောင်းဆုံးဘဲလို့ယူဆခဲ့ပါတယ်။

✍ဒါကြောင့် စုထားမိတဲ့ ဒေါ်လာ ၅,၀၀၀ နဲ့ စီးပွါးရေးအတွေ့အကြုံမရှိတဲ့ Sara တစ်ယောက်ဟာ သူ့ရဲ့တိုက်ခန်းလေးမှာဘဲ Spanx ကို စတင်တည်
ထောင်ခဲ့ပါတယ်။

✍ဒီတော့ အကုန်အကျသက်သာအောင် ဘယ်ကိစ္စကိုမဆို သူမကိုယ်တိုင်အောက်ခြေသိမ်းကအစ အသေးစိတ်ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတယ်။

✍လှပပြီးသက်သာစေမယ့် ဒီဇိုင်းတွေရနိုင်ဖို့ Design တွေအမျိုမျိုး တီထွင်စမ်းသပ်ခဲ့တယ်။

✍အသုံးပြုရမယ့် အစတွေကိုလည်းရှာခဲ့ရသလို မူပိုင်ခွင့်တွေ၊ Logo တွေကိုလည်းကိုယ်တိုင်ရေးဆွဲခဲ့ရတယ်။

✍ ကုမ္ပဏီနဲ့ စက်ရုံပိုင်ရှင်ပေါင်းမြောက်မြားစွာကို Spanx မှာ Investment လုပ်ဖို့အတွက် တွေ့ဆုံညှိနှိုင်းဆက်သွယ်ခဲ့တယ်။

✍ ဒါပေမယ့်လည်း အများစုဟာ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယဉ်မှု အခက်အခဲတွေကို ကိုယ်တိုင်ကြုံတွေ့နေရတာမဟုတ်တဲ့ ယောက်ျားတွေဖြစ်နေတဲ့အတွက် Sara ရဲ့ အိပ်မက်ဟာ ၅ လတိုင်တိုင် အကြိမ်ကြိမ် ညင်းပယ်ခံခဲ့ရပါတယ်။

✍ဒီလိုမျိုး အခက်အခဲတွေကြုံတွေ့ရပေမယ့် Sara ဟာလက်မလျော့ခဲ့ပါဘူး။

✍နောက်ဆုံးမှာတော့ သူ့ရဲ့ကြိုးစားမှုတွေဟာ အရာထင်လာခဲ့ပါတယ်။

✍သူ့ကို reject လုပ်သွားတဲ့ စက်ရုံပိုင်ရှင်တစ်ယောက်ရဲ့ သမီးတွေက Saraရဲ့ Idea ကို အခွင့်အရေးပေးဖို့ ဖခင်ကို တိုက်တွန်းခဲ့တဲ့အတွက် Spanx Shapewear တွေကို စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။

✍ဒါဟာ သူမရဲ့ပထမဦးဆုံးအောင်မြင်မှုဘဲဖြစ်ပါတယ်။

✍ဒုတိယအောင်မြင်မှုအနေနဲ့ Sara ဟာနာမည်ကြီး Fashion Brands တွေကိုရောင်းတဲ့ဆိုင်မှာ သူ့ရဲ့ Spanx Shapewear တွေရောင်းချနိုင်ဖို့အတွက် စျေးဝယ်တဲ့ အမျိုးသမီးတွေကို ရေချိုးခန်းထဲ ခေါ်သွားပြီး အဖြူရောင်ဘောင်းဘီကို ဝတ်ပြခဲ့ပြီး Spanx ရဲ့အားသာချက်တွေကို ပေါ်လွင်အောင်ပြသနိုင်တဲ့အထိ အားထုတ်ကြိုးပမ်းခဲ့ပါတယ်။

✍ ဒါကြောင့်ဘဲ Spanx ကို ဆိုင်ကြီးတွေမှာ တင်ရောင်းခွင့်ရခဲ့ပါတယ်။

✍ဒါပေမဲ့ သူမက ဒီမှာတင် မရပ်တန့်ခဲ့ပါဘူး။

✍စျေးကွက်ရှာဖို့ ရန်ပုံငွေမရှိသေးတဲ့အတွက် Sara ဟာ နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ပါတယ်။

✍ဥပမာအားဖြင့် သူ့ရဲ့သူငယ်ချင်းတွေကို စတိုးဆိုင်တွေမှာ Customer တွေလို ဟန်ဆောင်ခိုင်းခဲ့ပြီး မေးမြန်းဝယ်ယူတာတွေလုပ်ခိုင်းရင်း...

Spanx ကိုလူတွေသိလာအောင် အောင်နေ့ရောညပါ နည်းလမ်းအမျိုးမျိုးနဲ့ အားသွန်ခွန်စိုက်ကြိုးစားခဲ့ပါတယ်။

✍နောက်ထပ်အောင်မြင်မှုတစ်ခုကတော့ နာမည်ကြီး Host ဖြစ်တဲ့ Oprah Winfrey ဆီကဖုန်းဝင်လာခဲ့ပြီး Spanx ကိုနှစ်သက်ကြောင်း ပြောဆိုလာခဲ့တဲ့အချိန်ကနေစပြီးတော့ Spanx ရဲ့အရောင်းတွေလည်း တဟုန်ထိုး မြင့်တက်သွားခဲ့တာပါဘဲ။

✍အမျိုးသမီးတိုင်းဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ လှပစေနိုင်တဲ့ Spanx shapewear တွေကို လိုချင်လာကြပါတယ်။

✍အဲဒီကနေစပြီး ဒီကနေ့အထိတိုင်အောင် Spanx ဟာ Billion-Dollar International Business တစ်ခုဘဲ ဖြစ်လာခဲ့ပါတော့တယ်။

✍Sara Blakely ဟာ ဘယ်လိုအချက်တွေကြောင့် အောင်မြင်ခဲ့တာလဲဆိုတာကို ကြည့်ကြရအောင်နော်။

☑သူမဟာ ပုံမှန်အတွေးအခေါ်လုပ်ဆောင်မှုတွေကနေ ခွဲထွက်နိုင်ခဲ့ပြီး သူမမှာရှိတဲ့ Creativity ကိုအသုံးချနိုင်ခဲ့တယ်။ ပြောရရင် ဆန္ဒရှိရုံနဲ့ ရပ်တန့်သွားတာ မဟုတ်ဘဲ လက်တွေ့မှာလည်း ဆက်ပြီး အကောင်အထည်ဖော်နိုင်ခဲ့တယ်။

☑သူမအနေနဲ့ ဒီ Business နဲ့ပက်သက်ပြီး Knowledge နည်းတယ်ဆိုပြီး Procrastination လုပ်ခဲ့တာလည်းမရှိဘဲ အပတ်တကုတ်ကြိုးပမ်းခဲ့ပါတယ်။

☑သူမဟာ အားမလျော့ဘဲ မစုတ်မနစ်ကြံ့ကြံ့ခံနိုင်တဲ့ Resilience နဲ့ ဘာကိုမဆိုမရရအောင် ဆောင်ရွက်နိုင်တဲ့ Can-Do-Approach တွေလည်းရှိနေခဲ့ပါတယ်။

☑နောက်ဆုံး အရေးအကြီးဆုံးအချက်ကတော့
အမျိုးသမီးအားလုံး လှပပြီးအဆင်ပြေစေချင်တဲ့
"စစ်မှန်တဲ့ စေတနာ"ရှိခဲ့တာပါပဲ။

☑ဒါကြောင့်ဘဲ သူမဟာ Customer တွေကို ကောင်းတာတွေရစေချင်တဲ့ Intention တွေ၊ Goals တွေသေချာတိကျစွာ ထားရှိနိုင်ခဲ့ပြီး တစ်စိုက်မတ်မတ်ဆောင်ရွက်နိုင်ခဲ့တာဘဲဖြစ်ပါတယ်။
-------*-------*-------

👉ဒီပို့(စ်)လေးကို ဖတ်ပြီးသွားပြီဆိုရင်တော့ ဧကရီလေးတို့ အာလုံးအနေနဲ့

ကိုယ်စီထားရှိကြတဲ့ ဘဝရည်မှန်းချက်တွေအတွက်
အတွေးသစ်အမြင်သစ်တွေ ပိုပြီးရနိုင်လိမ့်မယ်လို့ မင်မင်အ‌နေနဲ့ ယုံကြည်မိပါတယ်ရှင်။

☑အခုလက်ရှိခေတ်ကာလမှာဆိုရင်တော့ Sara Blakey တို့တုန်းကထက်ကိုအများကြီးပိုပြီးတိုးတက်လာပြီး Competitive လည်းဖြစ်လာတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အိပ်မက်တွေကိုအကောင်အထည်
ဖော်နိုင်ပြီး အောင်မြင်ချင်တယ်ဆိုရင်..

ဘယ်လိုကိုယ်ပိုင်အရည်အချင်းတွေ၊ Trait တွေနဲ့ Requirements တွေ လိုအပ်ချက်တယ်လို့ ထင်မြင်မိကြပါသလဲရှင်❓❓

🆗 ဒီအကြောင်းအရာလေးကို နောက်အပတ်ပို့(စ်)လေးမှာ ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာ ဖြစ်တဲ့အတွက်

🔽အောက်က Comment Section လေးမှာ ကိုယ့်ရဲ့အမြင်လေးတွေကို Sharing လုပ်ပေးသွားကြပါဦးနော်💛💛

Credit to
and Sharing By Thiri

💖💖ဧကရီလေးများ အားလုံးဘဲ … မင်္ဂလာပါရှင်။ 🔝အရင်တစ်ပတ်ပို့(စ်)လေးမှာ မင်မင်တို့ အနေနဲ့ “Take care of your body” ဆိုတဲ့အချက...
14/06/2025

💖💖ဧကရီလေးများ အားလုံးဘဲ … မင်္ဂလာပါရှင်။

🔝အရင်တစ်ပတ်ပို့(စ်)လေးမှာ မင်မင်တို့ အနေနဲ့ “Take care of your body” ဆိုတဲ့အချက်လေးအတိုင်း ကိုယ်ကိုယ်ကို တန်ဖိုးထားထိန်းသိမ်းနိုင်ဖို့အတွက်... လိုအပ်တဲ့ အကျင့်ကောင်းလေးတွေကို မျှဝေပေးခဲ့ပါတယ်နော်။

👉ဒီအကျင့်လေးတွေမှာ ဆိုရင်တော့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးနိုင်တာဟာလည်းမဖြစ်မနေပါပါတယ်။

🎯အခုပို့(စ်)လေးမှာ Yoga လေ့ကျင့်ခန်းကနေ ရရှိနိုင်မယ့် ထူးခြားတဲ့...အကျိုးကျေးဇူးတွေကိုမျှဝေပေးသွားမှာဖြစ်ပြီးတော့...

🍀Yoga ဆိုတာအသက်အရွယ်မရွေး၊ အခြေအနေမရွေး ကစားပေးနိုင်တာဖြစ်တဲ့အတွက် ဧကရီလေးတွေအနေနဲ့ အချိန်ပေးပြီး မှန်မှန်ကစားပေးနိုင်မယ်ဆိုရင်တော့ တကယ်အကျိုးရှိမယ်လို့ယုံကြည်မိပါတယ်...

🍀Yoga ဟာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေပြီးခေါင်းကိုက်တာ ၊မျက်ရိုးကိုက်တာ၊ဗိုက်နာတာ၊ဇက်ကြောတက်တာ၊ကြွက်သားနာကျင်ကိုက်ခဲတာ စတဲ့ရောဂါတွေကိုသက်သာစေတဲ့အပြင် ဆီးချို၊နှလုံး၊သွေးတိုးရောဂါတွေကို ကာကွယ်ပေးပါတယ်။

✔အထူးသဖြင့်မိန်းကလေးတွေ လစဉ်လတိုင်း ကြုံတွေ့နေရတဲ့ Period Cramps တွေကို တရုတ်ရိုးရာ Yin Yoga နဲ့ သက်သာအောင် လေ့ကျင့်ပေးလို့ရပါတယ်။

✔Yoga Pose အချို့ဖြစ်တဲ့ Child’s Pose, Reclining Butterfly Pose, Knees-to-Chest Pose, Cat-Cow Pose, Legs-Up-the-Wall Pose အစရှိတဲ့ Pose တစ်ခုချင်းစီကို ၄၅ စက္ကန့်ကနေ ၃ မိနစ်အထိ ပုံမှန်လုပ်ပေးနိုင်ရင်...

✔အမျိုးသမီးတွေရဲ့ Hormone တွေကိုပါ ညှိနှိုင်းပေးနိုင်တဲ့အတွက် Period Cramp ကိုလျော့နည်းစေမယ့်အပြင် Period Time တွေလည်း မှန်ကန်လာနိုင်ပါတယ်။

🍀Yoga လုပ်ခြင်းဖြင့် Energy နဲ့ Productivity တွေကိုလည်းတိုးတက်စေပါတယ်။

✔စိတ်ရှည်ရှည်ထားပြီးကစားရတာဖြစ်တဲ့အတွက်
သည်းခံနိုင်စွမ်းမြင့်မားလာတာ၊အကောင်းမြင်စိတ်တိုးပွားလာတာ၊ပုံမှန်ထက်ပိုပြီးအပင်ပန်းခံလာနိုင်တာကိုလည်းတွေ့ရပါလိမ့်မယ်နော်။

✔ဒါကြောင့်ကိုယ်ရဲ့အိမ်၊ကျောင်း၊လုပ်ငန်းခွင်နေရာတိုင်းမှာ Positive Contributionsတွေလုပ်ပေးနိုင်မှာဘဲဖြစ်ပါတယ်။

🍀Yogaလုပ်ပြီဆိုရင် အချိန်တိုင်း စက္ကန့်တိုင်း အသက်ရှူခြင်းအပေါ် အထူးအာရုံစိုက်ပေးရတာကြောင့် ဦးနှောက်နဲ့ စိတ်အာရုံကို တည်ငြိမ်စေတဲ့ meditation တစ်မျိုးလိုမျိုးဘဲ ဖြစ်ပါတယ်။

✔Concentration တွေလည်းမြင့်တက်လာပြီး Stress Hormone (Cortisol) တွေကို လျော့ချပေးနိုင်တဲ့အတွက် နှစ်ခြိုက်စွာ အိပ်စက်နိုင်တဲ့အပြင် စိတ်အပန်းဖြေမှုကို အပြည့်အဝ ရရှိစေနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး

✔Cortisol တွေဟာ ခန္ဓာကိုယ်ကနေအနံ့ပြင်းတဲ့ ချွေးနံ့တွေကိုထွက်ပေါ်စေပါတယ်။ ဒါကြောင့်လည်း Yogaနဲ့အတူ အနံ့အသက်တွေကို သက်သာပျောက်ကင်းနိုင်ပြီး တစ်ကိုယ်ရေ သန့်ရှင်းမှုကို ထိန်းသိမ်းနိုင်ပါတယ်။

🍀Yoga ကို မှန်မှန်လေ့ကျင့်ခြင်းဟာ မိန်းကလေးတွေ သဘာဝအတိုင်းဆထက်တိုးလှပစေနိုင်ပါတယ်။

✔သွေးလေလည်ပတ်မှုကောင်းခြင်းကြောင့် အသားအရေပြဿနာများလည်း တဖြည်းဖြည်း သက်သာလာပြီး Skin Condition တွေကောင်းမွန်လာနိုင်ပါတယ်။

✔ စိတ်ဖိစီးမှုလျော့ချမှုကြောင့်လည််း မျက်နှာလေးဟာ ကြည်လင်ဝင်းပစိုပြေ လာပါလိမ့်မယ်။

✔ဒါဆို Beauty Products တွေကို အမြဲတမ်းမဖြစ်မနေစွဲသုံးနေရတာမျိုးတွေ လျော့နည်းသွားနိုင်တာပေါ့နော်။

🎀ကိုယ့်ရဲ့ Body အတွက်ဆိုရင်လည်း အဆီအပိုအလိုမရှိဘဲ ကျစ်လစ်သွယ်လျ​စေပါတယ်။

✔Yoga Movement တိုင်းဟာ Balance ထိန်းညှိရတယ်၊ အားစိုက်ထုက်မှုတွေပြုလုပ်ရတဲ့အတွက်ကြောင့် ရေရှည်မှာ လှပပြေပြစ်သန်စွမ်းတဲ့ ခန္ဓာကိုယ် အချိုးအစားကို ရရှိစေနိုင်ပါတယ်။

👉ဒါကြောင့် ဧကရီလေးတို့ဟာ ပြုပြင်ဖန်တီးစရာမလိုပဲ ပင်ကိုယ်အတိုင်း ကျန်းမာလှပနေပြီး Confidence အပြည့်နဲ့ တောက်ပနေပါလိမ့်မယ်။

✔ဒီအချက်လေးတွေကို ဖတ်ရှုနားလည်ပြီးပြီဆိုရင်တော့ ကိုယ့်ကိုကိုယ် တန်ဖိုးထား ချစ်မြတ်နိုးတဲ့ ဧကရီလေးတို့အနေနဲ့ ...

🍀Yoga ကို မကစားဖြစ်ဖူးဆိုရင် စတင်လေ့ကျင့်ကြည့်ကြပါ၊ ကစားနေတဲ့သူတွေဆိုရင်လည်း

✔ကိုယ့်ရဲ့အလေ့အကျင့်ကောင်းလေးကို ဆက်လက်ထိန်းသိမ်းထားပြီး ပိုမိုတိုးတက်အောင်ကြိုးစားပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

🌻🌻ဧကရီလေးများအားလုံး အမြဲတမ်း ကျန်းမာသန်စွမ်းလှပသူလေးတွေ ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်💕💕

#အမျိုးသမီးသီးသန့်အဆောင်

Address

No 952+953 Thumatetar (25)st North Oakkalar Tsp
Yangon
11071

Telephone

+959447555515

Website

Alerts

Be the first to know and let us send you an email when Akary Hostel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category