Myanmar New Generation- Seaman

Myanmar New Generation- Seaman Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar New Generation- Seaman, Service Apartments, Yangon.

SIRB(CDC) မလျှောက် ရသေး သူများအတွက်⚓(1)⚓  01.01.2026 တွင် SIRB လျှောက် ထား ရန် အတွက် လက်ရှိ လျှောက် ထား နေသော စာရွက် စာတ...
22/12/2025

SIRB(CDC) မလျှောက် ရသေး သူများအတွက်⚓

(1)⚓ 01.01.2026 တွင် SIRB လျှောက် ထား ရန် အတွက် လက်ရှိ လျှောက် ထား နေသော စာရွက် စာတမ်း များ အပြင် MEPT certificate လိုအပ် လာပါ သည် ( SIRB ရပြီး သူများ SIRB နံပါတ် ရပြီး သော သူများ မလို အပ်ပါ )

✅⚓CoP ကိုင်ဆောင် ထား သော သူများ အတွက်⚓

(3)⚓ ယခု ထွက်ရှိ သော ကြေညာ ချက် သည် လောလော ဆယ် 01.01.2026 SIRB လျှောက် ထား သူများ အတွက် သာ MEPT certificate လိုအပ်မည် ဖြစ်ပါ သည်။

(4)⚓ CoP သက်တမ်း တိုး သူများ အတွက် ရက် အတိ အကျ ညွှန်ကြား ခြင်း မရှိ သေးပါ ဟု ကြား သိရပါ သည်။

(5)⚓ Cop သက်တမ်း တိုး မြင့် သူများ ယခု လောလော ဆယ် ပုံ မှန် သက်တမ်း တိုး သင်တန်း များ တက် ၍ သက်တမ်း တိုး နိုင်ပါ သည်။

(6)⚓ နောက်ပိုင်း လိုအပ် လာ ပါ က လည်း IELTS 4.5 & B1 Level test ဖြေ ဆို ရန် ပါဝင်သော် လည်း သင်္ဘောသား အများစု ရင်း နှီး ပြီးသား ဖြစ်သော MARLINS Test 60% အထက် ရရန် ဖြေ ဆို ရန် ပါ ရှိ သည့် အတွက် အချိန်ကုန်ငွေ ကုန် များ ပြား ခြင်းရှိ မည် မဟုတ်ပါ

(7)⚓ II/4, III/4 , III/5 and II/5 သင်တန်း များ တွင် လည်း SMCP သင်ကြား ချိန် များ ပါ ဝင်ပြီး ဖြစ် သည့် အတွက် MARLIN Test လွယ်ကူ စွာ ဖြေ ဆို နိုင်မည်ဟု ထင်ပါ သည်။

(8)⚓ MEPT Certificate ၂ နှစ် သက်တမ်း ဟု သတ်မှတ် ထား ခြင်း အတွက် လည်း ၂ နှစ် တခါ အမြဲ ဖြေ ဆိုရန် မလိုပဲ ( ရာထူး တိုး သင်တန်း တက် ချိန် နှင့် All in one သက်တမ်း တိုး ချိန် အတွင်း သာ လိုအပ် ပါ မည်။)

✅⚓CoC လက်မှတ်ကိုင်ဆောင် ထားသူများ အတွက်⚓

(9)⚓ လက် ရှိ CoC ကိုင် ထား သော ဆရာ ကြီး များ အတွက် သည် CoC exam ဝင် ချိန် တွင်သာ လိုအပ်ပါ မည် ။ CoC သင်တန်း အချိန် အတွင်း IMO model course 3.17 ကို သက်ဆိုင်ရာ ရာထူး အလိုက် သင်ကြား ချိန် ထဲ တွင်သင်ကြား ရန် ပါ ဝင်ပြီးသား ဖြစ်ပါ သည် ။

(10)⚓ MEPT လိုအပ် ချက် သည် Junior officer တွေ အတွက် IELTS 5.0 သို့မဟုတ် B1 Level Senior Officer များ အတွက် IELTS 5.5 or B2 Level လိုအပ် မည် ဟု ပါဝင်သော် လည်း Seafarers အများစု ဖြေ ဆို နေ ကြ သော အချိန် ကုန် ငွေကုန် သက်သာ သော MARLINS test 70% (Junior officer) အထက် နှင့် Senior officers များ အတွက် 80%အထက် သာ ရဖို့ လိုအပ် ပါ သည် ။( Exam ဖြေ ချိန် အတွင်း သာ လိုအပ်ပါ မည်။ ) ကျန် CoC သက်တမ်း တိုး မည့် အချိန် တွင် မလိုအပ်တော့ပါ။

*Marine Guidance (6/2025) နှင့် သင်တန်း တွင် ပါ ဝင်ရန် ညွှန်ကြား ထား ခြင်း များ ကို သာ မှီငြမ်း ရေး ထားခြင်း ဖြစ်ပါ သည် ။*

IMO RESOLUTION MSC.560 (180 )  နဲ့ 𝐏𝐒𝐒𝐑 သင်တန်းအကြောင်း  ---------------------------------------------------------------...
30/10/2025

IMO RESOLUTION MSC.560 (180 ) နဲ့ 𝐏𝐒𝐒𝐑 သင်တန်းအကြောင်း

------------------------------------------------------------------------------

✨အသစ်ထုတ်ပြန်လိုက်တဲ့ IMO RESOLUTION MSC.560 (180 ) အရ PSSR သင်တန်းကို OFFICER / CREW တိုင်းတက်ရောက်ဖို့လိုအပ်ပါတယ်တဲ့။

✨“ဟေး ဟေး ဟေး တက်ဆိုလဲတက်ရမှာပေါ့ ကျန်ခဲ့လို့မဖြစ်ဘူး “။
မပြီးရင်သင်္ဘောမတက်ရဘူးဆိုထားတာကိုး..
ဒါဆို စုံစမ်းအုံးဟ ဖတ်အုံးဟ မှတ်အုံးဟ ဆိုပြီး

✨“ ဟေလို ဟေလို ကြားလား ကြားလား ဘာညာ သရကာ“
စုံစမ်းပြီး/ DMAညွှန်ကြားချက်ဖတ်ပြီး/ IMO RESOLUTION MSC.560 (180 ) သကာလ .....

✅PSSR မဖြစ်မနေ တက်ရန်လိုအပ်သူများ
--------------------------------------------------------------------
27-OCT-2025 မတိုင်ခင် BST သင်တန်းကိုတက်ရောက်ပြီးမြောက်ထားသည့်သူများ
(၁) All In One လျောက်ဖို့ရှိသေးရင် PSSR သင်တန်းအရင်တက်ပြီးမှလျှောက်
(၂) All In One သက်တမ်းကျန်နေသေးသူများအနေနဲ့လည်း PSSR သင်တန်းကိုပြန်လည်တက်ရောက်ရန်လိုအပ်ပြီး သင်တန်းတက်ပြီး Certificate ကို တွဲကိုင်ထားဖို့ လိုအပ်ပါတယ်
( Certificate မှာ ၍ in accordance with Section A-V1/1 , Table A-V1/1-4 of the STCW code , as amendment by Resolution MSC .560 ဆိုတဲ့စာသားလေးပါမယ်)

❌PSSR သီးသန့်တက်ရန်မလိုအပ်သူများ
------------------------------------------------------------------
27-OCT-2025 နောက်ပိုင်းမှ BST COURSE အသစ် သို့မဟုတ် သက်တန်းပြန်လည်တိုးရန်တက်ရောက်မည့်သူများကတော့ PSSR သင်တန်းကိုသီးသန့်တက်ရောက်ရန်မလိုအပ်ပါဘူး။ BST နဲ့ BST REVALIDATION COURSE တွေမှာ အဲ့ခေါင်းစဥ်နဲ့ ထည့်သင်ပြီး လက်မှတ်ထုတ်ပေးမယ် ( Certificate မှာ Including the latest amendment by Resolution MSC .560 ဆိုတဲ့စာသားလေးပါမယ်)။
ပြီးမှ“All In One Update” လျှောက်

⁉️Onboard ရောက်နေတဲ့ သင်္ဘောသားများ
----------------------------------------------------------------------
Online Coure ရှိမှာဖြစ်ပြီး လောလောဆယ်တော့ online အတန်းလေးတွေတော့ မဖွင့်ထားကြသေးပါဘူး။

IMO Resolution အတွက် PSSR ကိုတက်ရောက်နိုင်သည့်သင်တန်းကျောင်း 5 ကျောင်းရှိပါတယ်။
1. MES
2. PGI
3. BMTC
4. Uniteam
5. GFI
တို့ဖြစ်ပါတယ်။

သင်တန်းကတော့နေ့တဝက်ဖြစ်ပြီး သင်တန်းကြေးကတော့
Crew ဆိုရင်(30000)
Officer ဆိုရင် (50000) လို့သိရပါတယ်။

သင်တန်း များရဲ့ဖုန်းနံပါတ်များ ကိုလဲဖော်ပြပေးလိုက်ပါတယ် ။

1.MES
+++++++
https://www.facebook.com/share/17W8nkhNuw/

pH 09250985639, 09250985640 ,09250985641
Viber....09..420012392, 09..444015551

2.BMTC
++++++++
https://www.facebook.com/share/1FwTmhUo1N/

Ph 09-785 547 059,09-770 526 782,
09-770 526 781

3.Uniteam
++++++++++
https://www.facebook.com/share/1FShgfUdN5/

📞 09 977 215 428 | 09 977 215 430

4. PACIFIC GLORY INTERNATIONAL MARITIME TRAINING CENTRE
+++++++++++++++++++++++++++++++++

https://www.facebook.com/share/1CvqCuZMPF/

Ph .09-420184291,09792571259

5.Glorious future
++++++++++++++++

https://www.facebook.com/onlinecapt?mibextid=ZbWKwL

PH . 09 881199700 , 09 881199800

‼️အဲ့တော့ IMO RESOLUTION MSC.560 (180 ) အရဘာပြင်ဆင်ခဲ့သလဲဆိုတော့
✨STCW Code, Section A-VI/1 (Personal Safety and Social Responsibilities – PSSR) အောက်ရှိ ဇယား A-VI/1-4 (Specification of minimum standard of competence in personal safety and social responsibilities) ကို အဓိက ပြင်ဆင်ခဲ့ပါတယ်။
✨ 2025 ခုနှစ် ဇူလိုင် ၁ ရက်အထိ Accepted Date ဖြစ်ပြီး 2026 ဇန်နဝါရီ ၁ ရက်entry into forceဖြစ်မည်။
✨ရည်ရွယ်ချက်ကတော့ ရေကြောင်းကဏ္ဍမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုနှင့် စော်ကားမှုများ (Violence and Harassment)၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ နှောင့်ယှက်မှုနှင့် အနိုင်ကျင့်မှု (Sexual Assault, Sexual Harassment, and Bullying) များကို ကာကွယ်ရန်နှင့် တုံ့ပြန်ရန် အတွက် သင်္ဘောသားများအတွက် လိုအပ်တဲ့ သင်တန်းဆိုင်ရာ ပြဋ္ဌာန်းချက်များဖြစ်ပါတယ် ။ ✨seafarersများအတွက် “bullying and harassment (including sexual harassment, sexual assault” ကို ဖော်ထုတ်သင်ကြားခြင်း၊ မည်သို့ကာကွယ်ဆောင်ရွက်ရမည်နှင့် မည်သို့တုံ့ပြန်ရမည်ဆိုသော လမ်းညွှန်ချက်များ ထည့်သွင်းထားတာတွေ့ရပါသည်။

# CaptKMZ
# Sharing knowledge

လူသစ် များ DR OS Ab များအတွက် သတင်းမင်္ဂလာပါ Myanmar New Generation SeaManကပါDR OS Ab များ အတွက် interview နဲ့ onjob tra...
09/10/2025

လူသစ် များ DR OS Ab များအတွက် သတင်း

မင်္ဂလာပါ Myanmar New Generation SeaManကပါ

DR OS Ab များ အတွက် interview နဲ့ onjob training အတန်းကို လူဦးရေကန့်သတ်ဖြင့် ဖွင့်ပါမည်

လူသစ်များ တစ်တုန်း သမား European လိုင်းကြီး ပြောင်းချင်သော os ab များ အတွက် owner interview ဖြေဆိုနည်းများ ကို မေးခွန်းများ မကြောက်သည်အထိ လက်တွေ့ စာတွေ့ သင်ကြားခြင်း

သင်္ဘောပေါ်စတက်သည်နဲ့ မလုပ် မကိုင်တက်မဖြစ်အောင် gangway တက်သည်ကစပြီး အပြန်ထိ လုပ်ဆောင်ရမည့်တာဝန်များကို စနစ်တကျ သင်ပေးခြင်း

အခြေခံ မဖြစ်မနေသိရမည့် ကြိုးချည် ကြိုးထိုးနည်းများသင်ခြင်း

သင်္ဘောလောကနဲ့ ပတ်သက်သည့် မေးလိုရာ အထွေထွေ ဗဟုသုတများအား လွတ်လပ်စွာ အမေးဖြေလုပ်နိုင်ခြင်း စသည်တို့ကို သင်တန်းကာလ တွင် ဘက်စုံသိပြီး အလုပ်ခွင်ဝင်နိုင်အောင်သင်ကြားပေးပါမည်

Admin သည် UK Management shipping company တွင် multinational crews များဖြင့် လက်တွေ့လုပ်နေပြီး Korea လိုင်း India လိုင်းနဲ့ အရှေ့အလည်ပိုင်း offshore တွင် ၁၀နစ်လုပ်သက်ရှိ ခဲ့ပါပြီ

20Nov လကုန် တွင် အတန်းစဖွင့်ပါမည် လူပြည့်မြန်သဖြင့် ကြိုစရင်း ပေးလို့ရပါပြီ အတန်း အတစ်ခုတွင် အများဆုံး ၅ယောက်သာလက်ခံပါမည် တစ်ယောက်ချင်း ၂ ယောက်အတွဲ အတွက်လဲ အချိန်ငြိ ပေးပါမည်

Tele-medical Maritime Advice Service byAsia Royal Hospital ( အာရှတော်ဝင်ဆေးရုံ)သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေစဉ် အရေးပ...
29/07/2025

Tele-medical Maritime Advice Service by
Asia Royal Hospital ( အာရှတော်ဝင်ဆေးရုံ)

သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေစဉ် အရေးပေါ်ကြုံတွေ့ရတဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို မြန်မာလို အခမဲ့ မေးမြန်းတိုင်ပင်နိုင်အောင် အာရှတော်ဝင်ဆေးရုံကြီးမှ Tele-Medical Maritime Advice Service ကို စတင်လိုက်ပါပြီ။

28/07/2025

ဒီနေ့ ၂၈ ဂျူလိုင် လ ထိုင်ဝမ် ကျွန်း အပေါ်ဘက် ဂျပန် ကျွန်းစုတောင်ဘက်နားမှာ ဆိုင်ကလုန်း မုန်တိုင်း တစ်ခုရှိနေပါတယ် ကျနော်တို့သဘ်ောကတော့ ရှောင်နေရပါတယ် သတိထားကျပါ

တရုတ်ပြည် join မဲ့ သင်္ဘောသား တွေ အတွက်၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ကစပြီး တရုတ်ပြည်တွင်း လေယာဉ်ခရီးစဉ်တွေမှာ အောက်ဖော်ပြ...
08/07/2025

တရုတ်ပြည် join မဲ့ သင်္ဘောသား တွေ အတွက်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ကစပြီး တရုတ်ပြည်တွင်း လေယာဉ်ခရီးစဉ်တွေမှာ အောက်ဖော်ပြပါ ပါဝါဘဏ် (Power Bank) ၃ မျိုးကို လုံးဝ (လုံးဝ) ယူဆောင်ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ ဒါဟာ လက်ဆွဲအိတ်ထဲ ထည့်တာရော၊ ခရီးဆောင်အိတ်ကြီးထဲ ထည့်တာရော နှစ်မျိုးစလုံးနဲ့ သက်ဆိုင်ပါတယ်။

အသေးစိတ် ရှင်းလင်းချက်
ခေါင်းစဉ် - လေယာဉ်ပေါ်သို့ ပါဝါဘဏ် (Power Bank) များ သယ်ဆောင်ခြင်းဆိုင်ရာ အရေးကြီးကြေညာချက်

တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ (CAAC) ၏ သတ်မှတ်ချက်များအရ လေကြောင်းလုံခြုံရေးကို သေချာစေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှ စတင်၍ တရုတ်ပြည်တွင်းခရီးစဉ်များတွင် (တရုတ်နိုင်ငံအတွင်း၌သာ ပျံသန်းသော ခရီးစဉ်များ) အောက်ဖော်ပြပါ ပါဝါဘဏ် အမျိုးအစား (၃) မျိုးအား မည်သည့်နည်းလမ်းဖြင့်မဆို (လက်ဆွဲဖြစ်စေ၊ ဝန်စည် Gepäck ဖြစ်စေ) လေယာဉ်ပေါ်သို့ ယူဆောင်ခွင့်ပြုမည် မဟုတ်ပါ။

လေယာဉ်ပေါ် ယူဆောင်ခွင့် တားမြစ်ထားသော ပါဝါဘဏ် (Power Bank) အမျိုးအစားများမှာ -

(၁) 3C အမှတ်တံဆိပ် မပါရှိသော ပါဝါဘဏ်များ

တရုတ်နိုင်ငံ၏ အရည်အသွေးစံနှုန်းဆိုင်ရာ အသိအမှတ်ပြုတံဆိပ်ဖြစ်သည့် "3C" တံဆိပ် မပါဝင်သည့် မည်သည့် ပါဝါဘဏ်ကိုမဆို ယူဆောင်ခွင့်မပြုပါ။
(၂) 3C အမှတ်တံဆိပ် မရှင်းလင်းသော ပါဝါဘဏ်များ

3C တံဆိပ် ပါသော်လည်း ပျက်စီးနေခြင်း၊ မှိန်ဖျော့နေခြင်း၊ ခွာထားခြင်းတို့ကြောင့် ရှင်းလင်းစွာ မမြင်ရတော့သည့် ပါဝါဘဏ်များကိုလည်း ယူဆောင်ခွင့်မပြုပါ။
(၃) ပြန်လည်သိမ်းဆည်းထားသော မော်ဒယ် သို့မဟုတ် အသုတ်လိုက်ထုတ်လုပ်မှုတွင် ပါဝင်သည့် ပါဝါဘဏ်များ

ထုတ်လုပ်သူ ကုမ္ပဏီမှ အန္တရာယ်ရှိသောကြောင့် သို့မဟုတ် ချို့ယွင်းချက်ရှိသောကြောင့် ဈေးကွက်မှ ပြန်လည်သိမ်းဆည်းထားကြောင်း ကြေညာထားသည့် မော်ဒယ် (Model) သို့မဟုတ် အသုတ် (Batch) ဖြစ်ပါက ယူဆောင်ခွင့်မပြုပါ။
ခရီးသည်များအတွက် အကြံပြုချက်
လေယာဉ်မစီးမီ မိမိသယ်ဆောင်လာသော ပါဝါဘဏ်သည် အထက်ပါ တားမြစ်ချက်များနှင့် ကင်းလွတ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ သေချာစွာစစ်ဆေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အပိုဆောင်း ရှင်းလင်းချက် (မှတ်ချက်)
3C ဆိုတာဘာလဲ?
3C ဆိုသည်မှာ "China Compulsory Certification" (တရုတ်နိုင်ငံ မဖြစ်မနေလိုက်နာရမည့် အသိအမှတ်ပြုလက်မှတ်) ကို ရည်ညွှန်းပြီး "CCC Certification" ဟုလည်း ခေါ်ကြပါသည်။ ၎င်းသည် တရုတ်နိုင်ငံတွင်း ဖြန့်ဖြူးရောင်းချသည့် ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းကြောင်း အစိုးရမှ အသိအမှတ်ပြုထားသည့် တံဆိပ်ဖြစ်ပါသည်။
မိမိ၏ ပါဝါဘဏ်တွင် 3C တံဆိပ်ပါ၊ မပါ စစ်ဆေးလိုပါက "National Certification and Accreditation Information Public Service Platform" တွင် အတည်ပြု စစ်ဆေးနိုင်ပါသည်။

ထုတ်လုပ်သူမှ ပြန်လည်သိမ်းဆည်းရေးနညစင်တာ" ၏ တရားဝင်ဝဘ်ဆိုဒ်

01.July.2025DMA ရုံးထုတ်စာပါ
01/07/2025

01.July.2025
DMA ရုံးထုတ်စာပါ

၂၆ရက် ၆လ ၂၀၂၅ DMA ထုတ်ပြန်ထားသော စာပါ သေချာဖတ်ကြည့်ပြီး လျောက်ထားကြပါ
27/06/2025

၂၆ရက် ၆လ ၂၀၂၅
DMA ထုတ်ပြန်ထားသော စာပါ သေချာဖတ်ကြည့်ပြီး လျောက်ထားကြပါ

26/06/2025

DMA က စာထုတ်ပြန်ပြီးမှသာ အတည်ဖြစ်ပါတယ်
အခုလုပ်ရမှာက DMA ဝင်းသွားပြီး ကိုယ့်လုပ်စရာရှိတာ အမြန်လုပ်ထားကျဖို့ပါပဲ

24/06/2025

Breaking News
၂၅ ရက် ဂျွန်လ ၆လ ၂၀၂၅မှစ၍
လူသစ် ညီငယ် သင်္ဘာသား များ လူသစ်ဆေးဖောင် လျောက်ထားခြင်းကို အသက် ၁၈နှစ်မှ ၂၄နှစ်၆လ အထိပဲ လျောက်နိုင်ပါမည် ၂၄နစ်၆လ ကျော်သည်နှင့်မရနိုင်တော့ပါ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar New Generation- Seaman posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share