03/04/2026
မနက်ဖြန်ဆိုတဲ့နေ့ရက်တိုင်းမှာ ကျွန်တော်အသက်ရှင်သန်ခွင့်ရနေသ၍....>>>
ပေးဆပ်သင့်တဲ့အရာတွေကို ပေးဆပ်နေဦးမယ်၊ သည်းခံသင့်တဲ့သူတွေအားလုံးကိုလည်း သည်းခံပြီးခွင့်လွတ်လိုက်မယ်၊ စွန့်လွှတ်သင့်တဲ့အရာမှန်သမျှကိုလည်း စွန့်လွှတ်လိုက်တော့မယ် မနက်ဖြန်တိုင်းမှာအသက်ရှင်သန်နေသေးရင်ပေါ့။
လူတိုင်းမေ့လျော့နေတဲ့ "သေခြင်းတရား" ဆိုတာ လူတွေနဲ့အနီးကပ်ဆုံးနေရာမှာရှိနေပြီးသားမို့ အချစ်၊ အမုန်း၊ မနာလိုမှု၊ နားကျည်းမှု၊ လက်စားချေမှုတွေနဲ့ပြန်လည်တိုက်ခိုက်ထိုးနှက်နေမယ့်အစား တန်ဖိုးအကြီးမားဆုံးသော 'ခွင့်လွှတ်ခြင်း' လက်ဆောင်အား မေတ္တာဖြင့်ပြန်လည်ဝေမျှရင်း ဘဝရဲ့ရှင်သန်မှုခဏတာလေးမှာ ကိုယ်စွမ်းသလောက်အရာရာအကောင်းဆုံးဖြစ်အောင် ကြိုးစားရင်းနေထိုင်သွားမယ်။
3-Apr-2025
(08:45 am)