30/07/2026
ဝါဆိုလအခါသမယတွင် ကျွန်တော်တို့ Aurum Serviced Apartment မိသားစုမှ ပန်းတစ်ပွင့်တောင်ဆရာတော်နှင့်တကွ သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့်တကွ ဆွမ်း၊ နဝကမ္မ ဝတ္ထုငွေများကို သဒ္ဓါတရား ထက်သန်စွာဖြင့် ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြပါသည်။
ဝါတွင်းသုံးလ ကာလပတ်လုံး သံဃာတော်အရှင်သူမြတ်များ ငြိမ်းချမ်းစွာ တရားအားထုတ်တော်မူနိုင်ရန် ရည်မှန်း၍ ပြုလုပ်ခဲ့သော ဤကုသိုလ်တော်၏ အကျိုးကျေးဇူးကြောင့် ခုနှစ်ရက်သားသမီးအပေါင်း ဘေးဘယာကင်း၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် အလိုရှိအပ်သော ဆုတောင်းများ ပြည့်စုံကြပါစေကြောင်း ဆုမွန်ခြွေလိုက်ပါသည်။🙏🙏🙏