29/04/2026
ကိုယ့် QR နဲ့ ရုံးဝင်လို့ ရမရ ဘယ်လိုသိနိုင်လဲ
အကြောင်းကြောင်းကြောင့် ရက်ချိန်းရတဲ့ ရက်မှာ ကိုယ်က ရုံးမဝင်ဖြစ်တဲ့အခါ ကိုယ်လျှောက်ထားတဲ့ QR က သက်တမ်းကုန်ပြီလား မကုန်သေးဘူးလားဆို စစ်လို့ရတဲ့ နည်းလမ်း နှစ်ခုရှိပါတယ်။
၁။ ကိုယ် ရုံးဝင်မယ့်ရက်က စပြီး ရုံးပိတ်ရက်မပါ (၁၄) ရက်ဆို ကိုယ့် QR က သုံးလို့ ရပါသေးတယ်။
၂။ passport.gov.mm ရဲ့ ရက်ချိန်းစစ်ဆေးရန်မှာ အမည်နဲ့ မှတ်ပုံတင် ရိုက်ပြီး search လုပ်လိုက်ရင် အောက်က ပုံလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ပုံနှစ်ပုံကို ယှဥ်ကြည့်ရင် သိနိုင်ပါတယ်။
ညာဖက်ပုံမှာ သက်တမ်းကျန်ရှိသေးတာ ( QR ကို သုံးလို့ရသေးတာ) ဖြစ်ပြီး
ဘယ်ဖက်ပုံကတော့ " ခွင့်ပြုချက် ကျော်လွန်သွားပြီး ဖြစ်ပါသည်။ ဤ QR အမှတ်စဥ်အား အသုံးပြု၍ မရတော့ပါ" ဆိုပြီး ဖော်ပြထားပါတယ်။
Passport လျှောက်လိုတာနဲ့ ပတ်သက်ပြီး တစ်ခုခု သိလို၍ဖြစ်စေ၊ မေးမြန်းလို၍ဖြစ်စေ 09426756150 Viber သို့ ဖုန်းဆက်၍ "အခမဲ့" မေးမြန်းဆွေးနွေးနိုင်ပါတယ်။
My Youth Passport QR service & air ticket sells