Royal Boss Hotel

Royal Boss Hotel Welcome to our Hotel!! A very warm welcome to Royal Boss Hotel. Please remember "Royal Boss Hotel"

07/10/2023
10/09/2023

အခွန်ဆောင်မည့်သူများအတွက် ၂၀၂၃/၂၄ ခုနှစ် တန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကိုပါဖော်ပြပေးလိုက်ပါတယ်။

ကျွန်တော်တို့တွေဟာ အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့် ကျွန်တော် ဒီနေ့မှာ အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းလေးကို ပြောပြပေးပါ့မယ်ဗျ။

(၁) ၄လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)

(၂) ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။

(၃)အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။

(၄)ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။

(၅)ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။

(၆)ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။

(၇)တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။

ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း ကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာပါတယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ပြောတာပါ။ ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။

Crd.
မူလရေးသားသူအား လေးစား စွာ ကူးယူဖော်ပြသည် ။
#ဒေါ်နိုင်နိုင်ဝင်း

09262677793
09795678993

10/09/2023

ယူအက်စ်ကို အလုပ်ဗီဇာနဲ့လာလို့ရလား လာလာမေးကြလို့ ယူအက်စ်ရဲ့ အလုပ်ဗီဇာအကြောင်းပြောပြပါမယ်။

အမေရိကားမှာ အလုပ်ဗီဇာမရှိဘူးလား ?
ရှိပါတယ်၊ ပုံစံအမျိုးမျိုးရှိပါတယ်။
အဲ့ဒီထဲမှာ EB3 visa ဆိုတဲ့ unskilled labour တွေအတွက်ခေါ်တဲ့ ဗီဇာရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါက အချိန်ကုန် ငွေကုန်ခံနိုင်မှ အဲ့ဒီလမ်းကြောင်းလိုက်သင့်ပါတယ်။

အခုပြောပြချင်တဲ့ ဗီဇာအကြောင်းကတော့ H1B visa ပါ။ အမေရိကားမှာ ကျောင်းလာတက်ပြီးနောက် ကျောင်းပြီးဆုံးသွားတဲ့အခါ F1 visa ကနေ H1B visa ရဖို့ကြိုးစားလို့ရပါတယ်။ (US ကနေဘွဲ့ရမှလည်းမဟုတ်ပါဘူး၊ တခြားနိုင်ငံကနေ အတွေ့အကြုံရှိပြီး တော်တဲ့သူတွေလည်း H1B visa လျှောက်ခွင့်ရှိပါတယ်။)

H1B visa ဆိုတာက nonimmigrant work visa ဖြစ်ပါတယ်။ အလုပ်ရှင်တွေကို ထူးချွန်ပြောင်မြောက်တဲ့အရည်အချင်းရှိတဲ့ နိုင်ငံခြားအလုပ်သမားများအား ငှါးခွင့်ပေးတဲ့ ဗီဇာပါ။ ပုံမှန်အားဖြင့် ထိုသူတွေက ဘွဲ့ရဖြစ်ပါမယ်။ H1B visa ကိုများသောအားဖြင့်ရလေ့ရှိတဲ့သူတွေက technology, finance, engineering c architecture ပိုင်းကသူတွေများပါတယ်။

H1B visa လျှောက်ဖို့အတွက်ဆိုရင်တော့ -
1. Job offer - ကိုယ်က အဲ့ဒီ role နဲ့သင့်တော်တဲ့အရည်အချင်းရှိတယ်ဆိုတာကို ပြသပေးနိုင်တဲ့အလုပ်ခေါ်စာ
2. Bachelor’s degree ဘွဲ့ သို့ သင့်တော်ညီမျှတဲ့ အတွေ့အကြုံ
3. Vacancy - ကိုယ့်ရဲ့အလုပ်ရှင်က ဒီ role အတွက် သင့်တော်တဲ့ အမေရိကန်နိုင်ငံသားလျှောက်လွှာတင်တဲ့သူမရှိဘူးဆိုတာပြသရမယ်။ (ဒါက သတင်းစာထဲမှာ ကြေညာရတယ်)

H1B visa လျှောက်ဖို့အတွက်ဆိုရင် USCIS မှာ အရင် register လုပ်ရတယ်။ H1B visa က အရမ်းအပြိုင်အဆိုင်များတယ်။ ၂၀၂၃ ခုနှစ်အတွက်ကို ၆၅၀၀၀ ပဲ ဗီဇာပေးတယ်။ US institution ကနေ မာစတာရထားရင်တော့ ထပ်ဆောင်းဗီဇာ အရေအတွက် ၂၀၀၀၀ ရှိတယ်။

H1B visa လျှောက်ဖို့အတွက်က DV lottery လိုပဲ Form တင်ပြီး ထီထိုးတဲ့သဘောအနေနဲ့ register လုပ်ရတယ်။ Random ရွေးချယ်တာဖြစ်ပြီးတော့ အရွေးချယ်ခံရမှသာ H1B visa လျှောက်ခွင့်ရှိတယ်။
Registration fee $10 ပေးရတယ်။

H1B visa လျှောက်ဖို့ ရွေးချယ်ခံရပြီဆိုရင်တော့ ကိုယ့်ရဲ့အလုပ်ရှင်ကနေ I-129 form တင်ပေးရပြီး အလုပ်ရှင်ကပဲ $460 filing fee ပေးရတယ်။

H1B visa အတွက် registration period က တစ်နှစ်မှာ ၁၄ ရက်ပဲရှိတယ်။ ပြီးရင် ရွေးချယ်ခံရ/မခံရ USCIS က အကြောင်းကြားပေးတယ်။

ဒီတော့ H1B လျှောက်မယ်ဆိုရင် အဓိကလိုတာ အလုပ်ရှင်ရဲ့ အလုပ်ခန့်အပ်စာလိုတယ်။ ပြီးရင် USCIS online account ဖွင့်ပြီး registration form တင်ရမယ်။

H1B visa ရပြီဆိုရင်တော့ အချိန်တစ်ခုကြာရင် Adjustment of status လုပ်ပြီး Green Card လမ်းကြောင်းကိုသွားလို့ရပါတယ်။

Mixed Ella 👩🏻‍⚖️🇺🇸

21/05/2023

Address

243(A), Yamonenar Road , War So, Daw Pon
Yangon
11181

Alerts

Be the first to know and let us send you an email when Royal Boss Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Boss Hotel:

Share

Category