အဆောင်နေသူလိုအပ်သောလူသုံးကုန်အလှကုန် AFH

  • Home
  • Myanmar
  • Yangon
  • အဆောင်နေသူလိုအပ်သောလူသုံးကုန်အလှကုန် AFH

အဆောင်နေသူလိုအပ်သောလူသုံးကုန်အလှကုန် AFH Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အဆောင်နေသူလိုအပ်သောလူသုံးကုန်အလှကုန် AFH, Hostel, Yangon.

24/04/2021

Telenor Mobile Internet ဖြင့်
KBZ pay, CB pay များနှင့် Mobile Banking များဖြစ်သော KBZ , CB, AyA ,MAB များ သုံးနိုင်ပြီ။

13/03/2021

အမြန်လမ်း မှာ ခရီးသွားမယ့်သူ
များအတွက် သတိပြုစရာများ။

1. အမည်
2. ဖုန်း (ဖုန်းကိုရှာဖွေ)
3. ဖုန်းနံပါတ်
4. မှတ်ပုံတင်မူရင်း
5. wheel tax
6. driving license
7. လာခဲ့ရာ အတိအကျ
8. သွားလိုရာ အတိအကျ
9. သွားရတဲ့ရည်ရွယ်ချက်

ဒါတွေကို အလျဉ်းသင့်သလို ဂိတ်တိုင်းမှာ စစ်ပါတယ်။လက်နက်ကိုင်ဆောင်ထားတဲ့ စစ်သားများ ရဲများက စစ်ပါတယ်။ driving license (သို့) wheel tax တစ်ခုခု မပါရင် လူရော ကားရော ဆွဲစိပါတယ်။

ကျနော်ရှေ့က ကားတစ်စင်းဆိုရင် လိုင်စင်မပါဘူးလို့ ပြောပါတယ်။ covid ကာလမို့ သက်တမ်းတိုးထားတာ မရသေးကြောင်းကိုအကြောင်း
ပြပါတယ်။သူတို့ဖက်က အထောက်
အထားများအပြခိုင်းပါတယ်။ မပြနိုင်လို့ဆိုပြီး ဆွဲစိသွားပါတယ်။

(မ)ပါတဲ့ မြို့တွေမှာ စည်းကမ်းပိုကြပ်ပါတယ်။ လမ်းဟောင်းကနေ မောင်းရင် ပိုကောင်းပါတယ်။ နေ့မောင်းရင် အစစ်ဆေးများမယ်။ ညမောင်းရင် ခေတ်မကောင်းလို့တောကြောင် သူခိုးဓားပြတွေ ကြောက်ရပါမယ်။

ရန်ကုန်က ပြန်မယ့်သူတွေကို သတိပေးချင်တာက ရန်ကုန်ဘယ်က လာလဲမေးရင် မ/ဉ၊လှိုင်၊ စမ်းချောင်း ကလာတာကို လုံးဝ မပြောပါနဲ့။ ကျနော့်ရှေ့မှာ မ/ဉ ကလာတာလို့ ပြောလိုက်တော့ ဒါဆိုဖမ်းမယ် ပြောပြီး ကားရောလူရော ဘေးကပ် တစ်ခုမကျန်စစ်ပါတော့တယ်။ ကျနော့်အလှည့်ပြီးလို့ ထွက်လာပြီးနောကျ ဘာဆက်ဖြစ်လည်းတော့ မသိပါ။

ဒီအချိန်မှာ ခရီးမသွားတာအကောင်းဆုံးပါ။မဖြစ်မနေသွားရတော့မယ်ဆို လူသုံးယောက်လောက်နဲ့ ကျနော်ပြောတဲ့ အပေါ်က လိုအပ်ချက်လေးတွေကို အပြည့်အစုံ ယူသွားစေချင်ပါတယ်။

လမ်းတစ်လျှာက်မှာ ဟိုနေရာမှာလု ဒီနေရာမှာလု၊ ထမင်းဆိုင်တှေမှာ ဝင်စီး ထမင်းဟင်းတွေယူသွားတယ် စသဖြင့် ကြားရပါလိမ့်မယ်။ထိပ်တိုက်တွေ့ရင် စိတ်ခိုင်ခိုင်ထားပြီး စကားမမှားအောင်ပြောပြီး ရဲရဲ ရင်ဆိုင်ပါ။ ကျနော်ကတော့ ရန်ကုန် မန်းလေးကို နှစ်ရက်ခွဲကြာခဲ့ပါတယ်။တကယ့် superior experience ပါပဲ။

စေတနာများဖြင့်
12.3.2021

CD

"အရေးပေါ် အကြံပြုချက်"အင်တာနက်လိုင်းများ အပိတ်ခံရလျှင် မိမိတို့ ဖုန်းများအား အသုံးပြု၍ Mesh Network များဖြင့် တစ်ဦးနှင့်...
31/01/2021

"အရေးပေါ် အကြံပြုချက်"

အင်တာနက်လိုင်းများ အပိတ်ခံရလျှင် မိမိတို့ ဖုန်းများအား အသုံးပြု၍ Mesh Network များဖြင့် တစ်ဦးနှင့် တစ်ဦး (သို့) တစ်စုနှင့် တစ်စု ဆက်သွယ်ရန် အသုံးပြုနိုင်ကြပါတယ်။

အသုံးပြုနိုင်တဲ့ Mesh Network App များကို ဖော်ပြပေးအပ်ပါတယ်။

"FireChat" for Android & Apple iOS

"The Serval Mesh" for Android

"Signal Offline Messenger" for Android

"Vojer" for Apple iOS

"Bridgefy" for Android & Apple iOS

"Briar" for Android တို့ ဖြစ်ပါတယ်။

အဆိုပါ app များထဲမှ တစ်ခုကို နမူနာအနေနဲ့ အောက်ပါအတိုင်း ဖော်ပြပေးလိုပါတယ်။

"အင်တာနက်များ ရုတ်တရက်ပိတ်ကျသွားလျှင် "Bridgefy" app ကို အသုံးပြုရန်"

ဒီ apk က ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ပြည်သူ့ဘက်သား တော်လှန်ရေးသမားတွေ အသုံးပြုခဲ့တဲ့ apk ဖြစ်ပါတယ်။

သူ့အားသာချက်က အင်တာနက် မလိုပဲ bluetooth နဲ့ ဖုန်းချင်းမက်ဆေ့ပို့
ဆက်သွယ်နိုင်တာဖြစ်လို့ အင်မတန် အသုံးဝင်တယ်။

ဟောင်ကောင်လူထုတိုက်ပွဲများ အတွင်းမှာတုန်းက တရုတ်အစိုးရရဲ့ အင်မတန်မြင့်မားတဲ့နည်းပညာကတောင် ဒီ apk နဲ့အသုံးပြုဆက်သွယ်ခြင်းကို မဟန့်တားနိုင်ခဲ့ပါဘူး။

ဒီ apk ကိုအသုံးပြုပြီး ဖုန်းတစ်လုံးနဲ့တစ်လုံး မီတာ ၁၀၀ (ပေ ၃၃၀ခန့်) အကွာအဝေးအထိ ဆက်သွယ်နိုင်တယ်။

မီတာ ၁၀၀ တိုင်း ကြားမှာ ဖုန်းတစ်လုံးဆီ ရှိပြီး ဆက်သွယ်သွားခြင်းဖြင့်
အင်မတန်ဝေးကွာလှမ်းတဲ့နေရာတွေအထိလည်း ကွန်ယက်သဖွယ်
အချင်းချင်းချိတ်ဆက်သွားနိုင်ပါတယ်။

ဒီ apk ကို အသုံးပြုကာ နှစ်ဦးချင်း message တွေပို့လို့ရသလို
Broadcast ဆိုတဲ့ ဖန်ရှင်နဲ့ ကိုယ်ပို့တဲ့ မက်ဆေ့ကို အနီးအနားရှိသူအားလုံး ဖမ်းယူသိရှိနိုင်အောင် ဖြန့်ဝေလို့လည်း ရတယ်။

Iphone မှာရော Android မှာပါ အသုံးပြုနိုင်ပါတယ်။

စစ ဝင်ခြင်းမှာ အင်တာနက် ကော်နက်ရှင် တစ်ကြိမ်တော့ လိုအပ်တာမို့ ဒေါင်းလုပ်ဆွဲကာ ဝင်ထားကြည့်ကြဖို့ တိုက်တွန်းပါတယ်။

Play Store မှာရော၊ App Store မှာရော "Bridgefy" လို့ ရိုက်ရှာကာ လွယ်လင့်တကူ ဒေါင်းလုပ်ဆွဲထားနိုင်ကြပါကြောင်း ... ။

(မှတ်ချက် - မိမိတို့ အင်တာနက်များ ရ
နေခိုက် စတင် အသုံးပြုထားစေချင်ပါတယ်)။
Crd: မူရင်း ခရက်ဒစ်ပေးပါတယ်။

03/11/2020

အလုပ်ခေါ်စာ

09/10/2020

လုပ်သားများ၏ငှားရမ်းနေထိုင်ခကို စောင့်ဆိုင်းပေးရန် အဆောင်နှင့် အိမ်ပိုင်ရှင်များထံ ရန်ကုန်အစိုးရ မေတ္တာရပ်ခံမည်

ရန်ကုန်၊ အောက်တိုဘာ ၉

အဆောင်ပိုင်ရှင်များ၊ အိမ်ပိုင်ရှင်များအနေနှင့် အဆောင်ငှားခ၊ အိမ်ငှားခကို စောင့်ဆိုင်းပေးရေး မေတ္တာ ရပ်ခံရန်အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများနှင့် အလုပ်သမားအဖွဲ့ချုပ်များ အောက်တိုဘာလ ၈ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် သိရသည်။

အလုပ်သမားများ၊ အလုပ်ရှင်များ ရင်ဆိုင်ခံစားနေရသော အခက်အခဲပြဿနာများကို ကိုယ်ချင်းစာ ကြောင်းနှင့် လိုအပ်ချက်များအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

အလုပ်သမားများ စိုးရိမ်ပူပန်နေသည့် လုပ်ခလစာ အချိန်မီလက်ဝယ်ရရှိရေးကို ဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကတိပေးသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ ဥက္ကဋ္ဌ ဦးဆောင် သော အလုပ်ရှင်ကိုယ်စားလှယ်များနှင့်လည်း အလုပ်သမားများ လုပ်ခလစာ အချိန်မှီရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အလုပ်ရှင်အဖွဲ့ချုပ်အနေနှင့်လည်း လုပ်ခလစာ အချိန်မှီရရှိရေး ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် အလုပ်သမားအဖွဲ့ချုပ်များ အောက်တိုဘာလ ၈ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲမှ အထက်ပါအချက်များကို ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် အချိန်နှင့်တစ်ပြေးညီ အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဦးသိန်းဆွေက ပြောကြားသည်။

တစ်ပတ်လျှင် တစ်ကြိမ် အလုပ်သမားအဖွဲ့ချုပ်များနှင့် ပုံမှန်ဆွေးနွေးပွဲ ကျင်းပသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ထံမှ သိရသည်။



လုပ်သားများ၏ငှားရမ်းနေထိုင်ခကို စောင့်ဆိုင်းပေးရန် အဆောင်နှင့် အိမ်ပိုင်ရှင်များထံ ရန်ကုန်အစိုးရ မေတ္တာရပ်ခံမည်

ရန်ကုန်၊ အောက်တိုဘာ ၉

အဆောင်ပိုင်ရှင်များ၊ အိမ်ပိုင်ရှင်များအနေနှင့် အဆောင်ငှားခ၊ အိမ်ငှားခကို စောင့်ဆိုင်းပေးရေး မေတ္တာ ရပ်ခံရန်အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများနှင့် အလုပ်သမားအဖွဲ့ချုပ်များ အောက်တိုဘာလ ၈ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် သိရသည်။

အလုပ်သမားများ၊ အလုပ်ရှင်များ ရင်ဆိုင်ခံစားနေရသော အခက်အခဲပြဿနာများကို ကိုယ်ချင်းစာ ကြောင်းနှင့် လိုအပ်ချက်များအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

အလုပ်သမားများ စိုးရိမ်ပူပန်နေသည့် လုပ်ခလစာ အချိန်မီလက်ဝယ်ရရှိရေးကို ဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကတိပေးသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ ဥက္ကဋ္ဌ ဦးဆောင် သော အလုပ်ရှင်ကိုယ်စားလှယ်များနှင့်လည်း အလုပ်သမားများ လုပ်ခလစာ အချိန်မှီရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အလုပ်ရှင်အဖွဲ့ချုပ်အနေနှင့်လည်း လုပ်ခလစာ အချိန်မှီရရှိရေး ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် အလုပ်သမားအဖွဲ့ချုပ်များ အောက်တိုဘာလ ၈ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲမှ အထက်ပါအချက်များကို ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် အချိန်နှင့်တစ်ပြေးညီ အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဦးသိန်းဆွေက ပြောကြားသည်။

တစ်ပတ်လျှင် တစ်ကြိမ် အလုပ်သမားအဖွဲ့ချုပ်များနှင့် ပုံမှန်ဆွေးနွေးပွဲ ကျင်းပသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ထံမှ သိရသည်။
credit

03/10/2020

Messenger မှာ ပြန့်နေတဲ့ Lock Down ချမယ်ဆိုတဲ့ အသံဖိုင်ဟာ သတင်းတုသာ ဖြစ်ပါတယ်။

credit : Nay Thway

1.🏥 တာမွေမြို့နယ်အချိန် ..... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီနေရာ.....  အမှတ်၃၇/၃၇ ဦးထွန်းမြတ်လမ်း၊ဗညားဒလလမ်းထောင့်(ရတနာမြ...
25/09/2020

1.🏥 တာမွေမြို့နယ်

အချိန် ..... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ

နေရာ..... အမှတ်၃၇/၃၇ ဦးထွန်းမြတ်လမ်း၊ဗညားဒလလမ်းထောင့်(ရတနာမြိုင်ကွန်ဒို)

ဆေးခန်းဖွင့်ရက်.... တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ။

တာဝန်ခံ ဆရာဝန်- ဒေါက်တာကျော်မင်းထွန်း(📞 095127449)

2.🏥 မင်္ဂလာတောင်ညွန့်မြို့နယ်

အချိန်....... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ

နေရာ........ မြယာကုန်းလမ်းမပေါ် ရှိ ဧရာဝတီဘဏ်ဘေး၊ အရင် 21st Century City Mart ရှေ့၊ ကျန်းမာရေးဌာန ၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်။

ဆေးခန်းဖွင့်ရက်.... တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာကိုကိုထွေး(📞 09253999600)

3.🏥 ဗိုလ်တထောင်မြို့နယ်

ဖျားနာ လူနာကြည့်ချိန် ရုံးဖွင့်ရက်.... (၉)နာရီ မှ (၂) နာရီ

နေရာ...... အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)

တာဝန်ခံ ဆရာဝန် -ပါမောက္ခ ဒေါက်တာသက်ထွန်းချစ်၊ ဒေါက်တာနေမင်းထက်(📞 095044868)

4.🏥 လှိုင်သာယာမြို့နယ်

အချိန်....... မနက် ၉ နာရီ မှ နေ့လည် ၁၁ နာရီ

ဆေးခန်းဖွင့်ရက်... နေ့စဥ် I ပိတ်ရက်မရှိ

နေရာ..... ဒေသန္တရဆေးခန်း မန္တလေးလမ်း ၁၂ရပ်ကွက် အထက ၂ကျောင်းအနီး

တာဝန်ခံ ဆရာဝန် - ဒေါက်တာနိုင်မင်းထွဋ်(📞 09963525140)

5.🏥 အင်းစိန်မြို့နယ်

အချိန်...... မနက် ၉ နာရီ မှ ၁၁ နာရီ

နေရာ.... အင်းစိန်မြို့တော်ခန်းမ

ဆေးခန်းဖွင့်ရက်..... တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ၊စနေ

တာဝန်ခံ ဆရာဝန် - ပါမောက္ခကြီး ဒေါက်တာဒေါ်မာမာကြည်(ဆေးပညာဌာန အင်းစိန်ပြည်သူ့ဆေးရုံကြီး)
ဒေါက်တာ သောင်းလင်း (📞 09260206401)
ဒေါက်တာ နေမျိုးအောင် (📞 095157863) ကထိက ဆေးတက္ကသိုလ်(၂) အင်းစိန်ပြည်သူ့ဆေးရုံကြီး
ဒေါက်တာ မိကွန်ချမ်း (📞 09400434274)
ဒေါက်တာ ညီညီစိုး (📞 095038108)

6.🏥 အရှေ့ဒဂုံမြို့နယ်

အချိန်....... မနက် (၈) နာရီ မှ (၁၀) နာရီ

နေရာ........ ထ/၁၄ မင်းရဲကျော်စွာလမ်း ၇ ရပ်ကွက် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်
(ဂိတ်ဟောင်းမှတ်တိုင် နှင့် စျေးလမ်းမှတ်တိုင်ကြား)

ဆေးခန်းဖွင့်ရက်... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာရဲညီညီထွဋ် (📞 09972555220)

7.🏥 ရွှေပြည်သာ မြို့နယ်

အချိန်....... မနက် ၈ နာရီ မှ ၁၁ နာရီ

နေရာ....... ရွှေပြည်သာမြို့တော်ခန်းမ

ဆေးခန်းဖွင့်ရက်.... နေ့စဉ် ပိတ်ရက်မရှိ

တာဝန်ခံ ဆရာဝန် - ဒေါက်တာသစ်လွင်(📞 09450013533)

8.🏥 တောင်ဒဂုံ မြို့နယ်

အချိန်.....မနက် ၈ နာရီမှ ၁၁ နာရီထိ

နေရာ.....စု အသက်မွေးဝမ်းကျောင်းသိပ္ပံ(တောင်ဒဂုံ) အမှတ်(၁/က)ဇေယျာမြိုင်လမ်း(၅၄)ရပ်ကွက်၊
တောင်ဒဂုံမြို့နယ်

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ-ဗုဒ္ဓဟူး-သောကြာ-တနင်္ဂနွေ

တာဝန်ခံ ဆရာဝန် - ဒေါက်တာ ဇော်လင်းဘို(📞
095086538)

9.🏥 တောင်ဥက္ကလာပမြို့နယ်

အချိန်.....မနက် ၉ နာရီမှ ၁၂ နာရီထိ

ဆေးခန်းလိပ်စာ........တောင်ဥက္ကလာ ၁၀ရပ်ကွက်
ဇေယျလမ်း ဟေမဝန်ဓမ္မာရုံဝင်းထဲ

ဆေးခန်းဖွင့်ရက်.... အင်္ဂါ၊သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာဉာဏ်လင်းမြင့်ထွန်း(📞 095198814)

10.🏥 ကြည့်မြင်တိုင်မြို့နယ်

အချိန်...... မနက် ၉ နာရီ မှ ၁၂ နာရီ ထိ

နေရာ....... မဟာပုညောပကာရဓမ္မာရုံ၊ကျောင်းကြီးလမ်း၊အိုးဘိုရပ်ကွက်၊ကြည့်မြင်တိုင်မြို့နယ်။

ဆေးခန်းဖွင့်ရက်... တနင်္လာ၊ကြာသပတေး၊စနေ

တာဝန်ခံ ဆရာဝန် - ဒေါက်တာ အောင်မွန်ကျော်(📞 09421137517)

11.🏥 မှော်ဘီ မြို့နယ်

အချိန်..... နံနက် ၉ နာရီ မှ ၁၁ နာရီထိ

နေရာ...... အားကစားခန်းမ၊မှော်ဘီ

ဆေးခန်းဖွင့်ရက်..... အပတ်စဉ်-အင်္ဂါ I ​သောကြာ

တာဝန်ခံ ဆရာဝန်- ဒေါက်တာ ကျော်လင်းထွန်း
(📞09972021450)

12.🏥 အလုံ မြို့နယ်

အချိန်..... နံနက် ၉ နာရီ မှ ၁၂ နာရီ ထိ

နေရာ..... အထက (၄) အလုံ ကျောင်းသားဟောင်း အဆောက်အအုံ(အောက်ကြည့်မြင်တိုင်လမ်းနှင့်မင်းရဲကျော်စွာလမ်းထောင့်)

ဆေးခန်းဖွင့်ရက်.... အင်္ဂါ၊သောကြာ၊တနင်္ဂနွေ

တာဝန်ခံဆရာဝန် - ဒေါက်တာ ကျော်ကျော်(📞 095102817)

13.🏥 ရန်ကင်း မြို့နယ်

အချိန်.... မနက် ၉:၃၀ မှ ၁၂ နာရီ ထိ

နေရာ.... မိုးကောင်းကျောင်းတိုက်ဝင်း၊ရန်ကင်း

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ၊ဗုဒ္ဓဟူး၊စနေ

တာဝန်ခံ ဆရာဝန်....ဒေါက်တာ အိအိခိုင်(📞 09440478024)

14.🏥 လှိုင် မြို့နယ်

အချိန်.....မနက် ၈ နာရီ မှ ၁၁ နာရီ ထိ

နေရာ... အမှတ် (၁၂၁)၊ ယခင်
မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးခန်း၊ သုခလမ်းအလယ်၊ ၆ ရပ်ကွက်၊ လှိုင်မြို့နယ်

ဆေးခန်းဖွင့်ရက်.....အပတ်စဉ် - တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

ဆေးခန်း တာဝန်ခံ- ဒေါက်တာ အောင်မော်မင်း(📞 0943067059)

15.🏥 သာကေတမြို့နယ်

အချိန်...... မနက် ၉ နာရီ မှ ၁၁ နာရီ ထိ

နေရာ.... မိုးလုံလေလုံ အားကစားရုံ၊သာကေသမြို့နယ် ဘောလုံးကွင်း(စာတိုက်မှတ်တိုင် အနီး)

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-အင်္ဂါ၊စနေ

တာဝန်ခံဆရာဝန်....
ဒေါက်တာ မြတ်မိုးလွင် (📞09425306298)
ဒေါက်တာ ကျော်သူရိန်ထွန်း (📞 095148064)

16.🏥 မြောက်ဥက္ကလာပ မြို့နယ်

အချိန်....မနက် ၉ နာရီ မှ ၁၁ နာရီ ထိ

နေရာ.... မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီး

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ မှ သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာစိုးဝေဖြိုး(📞 09664824714)

17.🏥 မရမ်းကုန်းမြို့နယ်

အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ

ဆေးခန်းဖွင့်ရက်..... အင်္ဂါ၊ကြာသပတေး၊စနေ

နေရာ... ကျိုက်ဝိုင်းဘုရား ၊ဘောလုံးကွင်း
အမှတ်(၃) ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်။

တာဝန်ခံဆရာဝန်- ဒေါက်တာရဲလင်းစိုး(📞 09773030870)

18.🏫 တွံတေးမြို့နယ်

အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ

ဆေးခန်းဖွင့်ရက်..... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

နေရာ... သာသနာ့ဗိဗ္မာန် တွံတေးမြို့

တာဝန်ခံဆရာဝန်- ဒေါက်တာကျော်ဇင်ဦး(📞0943083337)

19.🏥 ဒေါပုံ မြို့နယ်

အချိန်.... မနက် ၉ နာရီ မှ ၁၁ နာရီ ထိ

ဆေးခန်းဖွင့်ရက်.... ဗုဒ္ဓဟူး၊သောကြာ၊တနင်္ဂနွေ

နေရာ.... သီရိဇေယျာသာသနာ့ဗိမာန်တော်
ပေ(၈၀)လမ်းမကြီး၊ဇေယျာသီရိရပ်ကွက်၊
ဒေါပုံမြို့နယ်

တာဝန်ခံ ဆရာဝန်.....
ဒေါက်တာ ဒေါ်သီတာကြူ (အငြိမ်းစားခရိုင်ဆရာဝန်ကြီး)
ဒေါက်တာ ရဲမောင် (📞 09261957090)
ဒေါက်တာ သီဟသန့်ဇင်

20. 🏥 သန်လျင်မြို့နယ်

အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၃ နာရီ

နေရာ.... သန်လျင်ပြည်သူ့ဆေးရုံကြီး

တာဝန်ခံဆရာဝန်.... ဒေါက်တာမြကြေးမုံ(📞09452293526)

21. 🏥 ကော့မှူး မြို့နယ်

အချိန်... မနက် ၉ နာရီ မှ ၁၂ နာရီ ထိ

ဆေးခန်းဖွင့်ရက်.... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

နေရာ.... အထက ကော့မှူးကျောင်း၊ကော့မှူးမြို့နယ်

တာဝန်ခံဆရာဝန်.....
ဒေါက်တာ ထက်လင်းနိုင် (📞 09264274662)
ဒေါက်တာ စုရတနာဝင်း (📞 09788016684)
ဒေါက်တာ မြတ်သူရထွန်း (📞 09781954068)

တော်တော်ကို ရင်ထဲ ထိမိတဲ့ ပုံလေးကို ပန်းချီလေးထက်ဆွဲလိုက်တော့ မိဘက ရှေ့ရေးအတွက် ဝမ်းစာ ရှာရပုံ သားကလည်း "မေမေ နဲ့အတူ သား...
25/09/2020

တော်တော်ကို ရင်ထဲ ထိမိတဲ့ ပုံလေးကို ပန်းချီလေးထက်ဆွဲလိုက်တော့ မိဘက ရှေ့ရေးအတွက် ဝမ်းစာ ရှာရပုံ

သားကလည်း "မေမေ နဲ့အတူ သားရှိနေမယ်နော် " ဆိုပုံလေး
"ကိုဗစ်ကာလ ဝမ်းရေး ခက်ခဲသူကို ကူညီစို့ လားကွယ်"

photo credit who write own paint

22/09/2020

ပိုးကတော်တော်ပြန့်နေပြီ
တယောက်တည်းလည်းနေလို့မရဘူး
ပတ်ဝန်းကျင်နဲ့နေရတာဆိုတော့
Mask ပဲတပ်တပ် လက်ပဲဆေးဆေး
အချိန်မရွေး Positive ဖြစ်သွားနိုင်ပါသည်။

အဲ့တော့ Let us Positive or Negative.
What will we do?

အဲ့တော့ ဘာလုပ်ကြမလည်း??????????
"ပိုးဝင်တာက တခဏ ကိုယ်ခံအား ကောင်းဖို့ ထာဝရ"

ပိုး ဝင်တိုင်းမသေကြဘူး why?
ကိုယ်ခံအား ကောင်းလို့ ပြန်ပျောက်ကင်းကြတယ်

ကိုယ်ခံအားကောင်းစေတာ ဘာတွေလဲ?
ကိုယ်ခန္ဓာရဲ့ ကာကွယ်ရေး/တိုက်ခိုက်ရေးစစ်တပ်ကြီး balance နဲ့ harmony ဖြစ်နေဖို့ လိုမယ်

အဲ့စစ်တပ်ကြီး က "သွေးဖြူဥ" ပဲ
သူက ပြင်ပရောဂါဝင်မလာအောင် တာဆီးပေးတယ်၊ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးတယ်၊ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်း တွေထုတ်ပေးတယ်။

သူ့ကို အင်အားတွေ ဖြည့်တင်းပေးရမယ်။ ကျတော်တို့ ပတ်ဝန်းကျင်မှာ ရနိုင်တဲ့ အရာတွေနဲ့ ထောက်ပံ့လို့ရတယ်။

#အချဉ်ဓာတ်ပါသော အသီးများ ဗီတာမင် C ပါလို့ ရောဂါကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥ ကို တိုးပွားစေတယ်။

#ငရုတ်ပွ သူက အပေါ်ကအချဉ်သီးတွေထက် V-C နှစ်ဆလောက်ပါတယ်။

#မာလကာသီးV-C ပါဝင်မှု့အများဆုံး 300ကျော်တယ်။

#ပန်းဂေါ်ဖီစိမ်း sulforaphane ဒြပ်ပေါင်းပါတယ် သွေဖြူဥ အရေအတွက်တိုးစေတယ်။

#ကြက်သွန်ဖြူ allicin ဒြပ်ပေါင်းပါတယ် တနေ့ ၅/၆တောင့်လောက်စား သွေးဖြူဥ cell တွေထွက်လာအောင် လှုံဆော်ပေးတယ်။

#ဟင်းနုနွယ် V-C/V-A/V-E တွေပါတယ်၊သွေဖြူဥ အရေအတွက်တိုးစေတယ်။

#သ‌င်္ဘောရွက် သူက စားလို့တော့မရ ခါးလို့ ပြုတ်သောက် ပျားရည်လေးလျှက်ပြီး acetogenins ဒြပ်ပေါင်းပါတယ် သွေးဖြူဥ အရေအတွက် တိုးစေတယ်။

#ဒိန်ချဉ် သူလည်း ခေသူမဟုတ်။

#ဂျင်း၊သစ်ကြားသီး၊မြင်းခွာရွက်၊သင်္ဘောသီး၊ရဲယိုသီး၊စပျစ်၊စတော်ဘယ်ရီ၊ကျွဲကောသီး။

#နနွင်း (ဆနွင်း)

#လဖက်စိမ်း amino acid ပါတယ်

#နေကြာစေ့

#အသား၊ငါး

#ကီဝီသီး V-C/V-E/Potassium ပါဝင် ကိုယ်ခံအားကောင်းစေတဲ့ သွေးဖြူဥ အရေအတွက် တိုးပွားစေတယ်။

#အခွံပါသောအကောင်များ ခရု၊ကမာ၊ဂုံး etc.သူတို့က Zinc ဒြပ်ပါတယ် ရောဂါကို တိုက်ထုတ်တယ်။

အထက်ပါ အမျိုးအစား တွေ ကို သင့်တင့်လျောက်ပတ်စွာ အမြဲစားနေဖို့လိုမယ်။

ဖြည့်စွက်အားဆေးအနေနဲ့ကတော့ Enervon-C လိုမျိုး VitC များများပါတဲ့ ဆေးတစ်ခုကိုသောက်သင့်ပါတယ်။

" အစားအစာ ကို ဆေးလိုစားရမယ်..
မဟုတ်ရင် ဆေးကို အစားအစာ လို ပြန်စားနေရမယ်"

မိမိwall‌ ပေါ်တွင်Copy&Paste Share ပေးခြင်းဖြင့်
မျွဝေပါ❣️

# Credit

Address

Yangon

Website

Alerts

Be the first to know and let us send you an email when အဆောင်နေသူလိုအပ်သောလူသုံးကုန်အလှကုန် AFH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category