Hotel Chicago

Hotel Chicago မိတ်တွေအပေါင်း ကျန်းမာချမ်းသာ ကြပါစေ
ကြောင်း ဟိုတယ်ချီကာဂို မိသားစု က ဆုတောင်းမေတ္တာ ပို့သ အပ်ပါသည်။

ဟိုတယ်ချီကာဂိုမှာ ဘဲ ဘူဖေးစုံလင်တာ ရောက်ဖူးတဲ့မိသားစုဝင်တိုင်းအသိနော်...အများကြီးမပြောတော့ဘူး...လာ ကြည့် မှ ဘိုက် အဝ စား...
28/07/2026

ဟိုတယ်ချီကာဂိုမှာ ဘဲ ဘူဖေးစုံလင်တာ

ရောက်ဖူးတဲ့မိသားစုဝင်တိုင်းအသိနော်...

အများကြီးမပြောတော့ဘူး...

လာ ကြည့် မှ ဘိုက် အဝ စား ပါ ရှင့်...

TikTok | Make Your Day

မိုး လေး ဖွဲ တုန်း သတိ ရ နေ တဲ့ ချစ်သူ နဲ့ အတူဆုံတွေ့ပြီး နံနက် အိပ်ရာထချိန် ဘူးဖေးအဝစား ...အကောင်းဆုံးကော်ဖီ နဲ့ အတန်ဆု...
28/07/2026

မိုး လေး ဖွဲ တုန်း သတိ ရ နေ တဲ့ ချစ်သူ နဲ့

အတူဆုံတွေ့ပြီး နံနက် အိပ်ရာထချိန် ဘူးဖေး

အဝစား ...အကောင်းဆုံးကော်ဖီ နဲ့ အတန်ဆုံး

သင့်တွက် အနားယူချိန်အပြည့် က ဟိုတယ်ချီကာဂို

ပါဘဲ...ရှင်...

Watch, follow, and discover more trending content.

အလုပ်လျှောက်လွှာခေါ်ယူခြင်း အောက်ပါရာထူးများအလုပ်ခေါ်ယူပါသည်                                                            ...
10/07/2026

အလုပ်လျှောက်လွှာခေါ်ယူခြင်း
အောက်ပါရာထူးများအလုပ်ခေါ်ယူပါသည်
တိုက်ရိုက် အင်တာဗျူးအလုပ်ဝင်ရန်ဖြစ်ပါသည် ..
Viber 09409348800 သို့ CV ပို့ မေးမြန်းနိုင် ပါသည် ..

မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်အခါတော်အကြောင်း********************************************************ပုဂံခေတ် သင်္ကြန...
04/04/2026

မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်အခါတော်အကြောင်း
********************************************************
ပုဂံခေတ် သင်္ကြန်ပွဲတော်
**********************
တရားဝင်အမည် Thingyan (သင်္ကြန်)
အခြားအမည်များ အတာရေသဘင်ပွဲတော်
လိုက်နာကျင့်သုံးသူများ မြန်မာ
အရေးပါမှု မြန်မာနှစ်သစ်ကူး
လိုက်နာမှုများ ရေကစားခြင်း၊ တရားဘာဝနာပွားခြင်းနှင့် သက်ကြီးတို့အား ကန်တော့ခြင်း။
စတင်သည့်ရက် အကြိုနေ့
ပြီးဆုံးသည့်ရက် အတက်နေ့
ရက်စွဲ နှစ်သစ်
ဆက်စပ်သောပွဲများ ထိုင်းဆောင်ခရမ် အားလပ်ရက်, လာအိုနှစ်သစ်ကူး, Tamil New Year, ကမ်ဗောဒီယား နှစ်သစ်ကူးရက်

ရှေးအစဉ်အလာ ဆင်းသက်လာပုံ
******************************
သင်္ကြန် ဟူသော ဝေါဟာရသည် ပါဠိဘာသာ "သင်္ကန္တ" နှင့် သက္ကတဘာသာ "သင်္ကြန္တ" မှ ဆင်းသက်လာပြီး "ကူးပြောင်းခြင်း" ဟူ၍ အဓိပ္ပာယ်ရသည်။ မြန်မာပြက္ခဒိန်၏ နောက်ဆုံးလဖြစ်သော တန်ခူးလတွင် နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ် ကျင်းပသော ပွဲတော်တစ်ခုဖြစ်သည်။

မြန်မာ့အတာသင်္ကြန်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ယူနက်စကို (UNESCO) က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း သို့ ထည့်သွင်းသတ်မှတ်ခဲ့သည်။

နောက်ခံသမိုင်းနှင့် ယူဆချက်များ
*******************************

ဒဏ္ဍာရီလာအယူအဆ (ဟိန္ဒူအယူအဆ)
*************************************

သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အလောင်းအစားပြုရာတွင် ဗြဟ္မာမင်းရှုံး၍ ဦးခေါင်းဖြတ်ခြင်း ခံရသည်။ ထိုဦးခေါင်းကြီး မြေသို့ကျလျှင် မီးလောင်မည်၊ ရေထဲကျလျှင် ပင်လယ်ခမ်းမည် ဖြစ်သောကြောင့် နတ်သမီး ၇ ဖော်က တစ်ဦးလျှင် တစ်နှစ်စီ အလှည့်ကျ ထိန်းသိမ်းရသည်။ တစ်ဦးမှ တစ်ဦးသို့ အလွှဲအပြောင်းပြုလုပ်သည့် အချိန်ကို "သင်္ကြန်" ဟု သတ်မှတ်သည်ဟု ဆိုသည်။

နက္ခတ်ဗေဒင်ဆိုင်ရာ အယူအဆ
*****************************
သူရိယသိဒ္ဓန္တကျမ်းအလိုအရ မိဿရာသီမှ စတင်သော နေမင်း၏ လှည့်ပတ်မှုလမ်းကြောင်းတွင် တစ်ပတ်ပြည့်၍ မိန်ရာသီမှ မိဿရာသီသို့ ပြန်လည်ဝင်ရောက်သည့် အချိန်ကို သင်္ကြန်ကျသည်ဟု သတ်မှတ်သည်။ နေသွားလမ်းနှင့် ရာသီခွင်တို့အပေါ် မူတည်၍ တွက်ချက်ခြင်းဖြစ်သည်။

ကျင်းပပုံ ဓလေ့ထုံးတမ်းများ
**************************
သင်္ကြန်ပွဲတော်ကို အစဉ်အလာအရ အကျနေ့၊ အကြတ်နေ့နှင့် အတက်နေ့ဟူ၍ သတ်မှတ်ကျင်းပကြသည်။

ရေပက်ဖျန်းခြင်း
***************
နှစ်ဟောင်းမှ အညစ်အကြေးများ စင်ကြယ်စေရန်နှင့် နှစ်သစ်တွင် အေးချမ်းစေရန် ရည်ရွယ်၍ တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းကြသည်။ ရှေးယခင်က သပြေခက်ဖြင့် ရေပက်ကြသော်လည်း ယခုအခါ ရေပြောင်း၊ ရေသေနတ်များနှင့် မဏ္ဍပ်များဖြင့် စည်ကားစွာ ဆင်နွှဲကြသည်။

ကုသိုလ်ပြုခြင်း
**************
လူကြီးမိဘများကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်း၊ ငါးလွှတ်ခြင်းနှင့် မုန့်လုံးရေပေါ် ကျွေးမွေးခြင်း (စတုဒိသာ) တို့ကို ပြုလုပ်ကြသည်။

ဘာသာရေး
***********
ဘုရားကျောင်းကန်များတွင် သီလဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းတို့ဖြင့် ငြိမ်းချမ်းစွာ ဖြတ်သန်းသူများလည်း ရှိသည်။

ဒေသန္တရ ဆက်စပ်မှု
********************
မြန်မာနိုင်ငံအပြင် ထိုင်း (Songkran)၊ လာအို (Pi Mai)၊ ကမ္ဘောဒီးယားနိုင်ငံ (Chaul Chnam Thmey) နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ရှမ်းလူမျိုးများတွင်လည်း အလားတူ နှစ်သစ်ကူး ရေပက်ပွဲတော်များကို ကိုယ်ပိုင်အမည်များဖြင့် ကျင်းပကြသည်။

ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်
********************************
မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် အဆိုပြုစာတွဲကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီထံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ပေးပို့တင်သွင်းသည်။၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပသည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ညီလာခံက “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင်ထည့်သွင်းကြောင်းတရားဝင် ဆုံးဖြတ်အတည်ပြုကြေညာခဲ့သည်။ထို့ကြောင့်သင်္ကြန်ပွဲတော်သည်မြန်မာတို့အတွက်ဂုဏ်ယူစရာကောင်းသည်။

မြန်မာနိုင်ငံသားတို့အတွက် ဗဟုသုတအနေဖြင့် မျှဝေသိစေပါသည်...

ကိုးကား ဝီကီပီဒိးယား

💌 💌 A Valentine’s PromiseIn the quiet glow of candlelight,Your smile turns the dark to bright.Through every season, come...
13/02/2026

💌 💌 A Valentine’s Promise

In the quiet glow of candlelight,

Your smile turns the dark to bright.

Through every season, come what may,

My heart is yours this Valentine’s Day.

Not just in roses, red and sweet,

But in the way our souls both meet.

Through whispered dreams and laughter’s song,

With you, my love, is where I belong.

So here’s my vow, both soft and true,

Each heartbeat beats because of you.

And as the years drift, hand in hand,

We’ll write our love in life’s own sand.

Ignominious Lovers by Copilot Ai.. February 14th ,2026

💌 ဗယ်လင်တိုင်းနေ့ကတိ
မီးဖယောင်းအလင်းရောင်တိတ်ဆိတ်သွားသလို
မင်းရဲ့ အပြုံး က အမှောင်တွေကို အလင်းပြန် ပေးတယ်။
ရာသီလေးခု ပြောင်းလဲလာလည်း
ဒီဗယ်လင်တိုင်းနေ့မှာ မင်းအတွက်ပဲ ကျွန်မရဲ့နှလုံးသား။

နီနီလေး ပန်းကြာတွေထက်
ကျွန်မတို့ဝိညာဉ်တွေ တွေ့ဆုံတဲ့အချိန်တွေက ပိုမိုချစ်စရာ။

အိပ်မက်သွင်းသံ whispered dreams တွေနဲ့
ရယ်သံတွေထဲမှာ
မင်းနဲ့အတူရှိတဲ့အချိန်က
ကျွန်မအမှန်တကယ်ရှိသင့်တဲ့နေရာ။

ဒါကြောင့် ဒီကတိလေးကို တည်ကြည်စွာပေးချင်တယ်—
မင်းကြောင့်ပဲ ကျွန်မရဲ့ နှလုံးက ခုန်နေတယ်။
နှစ်တွေကြာသွားလည်း…
မင်း..လက်ကိုလက်ဆုပ်ထားပြီး…
ဘဝရဲ့ သဲကန္တာရမှာ…
ကျွန်မတို့ချစ်ခြင်းကို အတူရေးသားသွားမယ်။

Ignominious Lovers by Copilot Ai.. February 14th ,2026

Address

No. 96/3, Chinese Temple Street, LayDaungKan Road, Tamwelay Quarter, Tamwe Township
Yangon
11211

Alerts

Be the first to know and let us send you an email when Hotel Chicago posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hotel Chicago:

Shortcuts

Share

Category