05/03/2026
🏗️ တိုက်ခန်းလည်းဝယ်ချင်တယ် စျေးအများကြီးပေးရတာထက်သက်သာတဲ့ကြိုပွိုင့်ကို စိတ်ဝင်စားတဲ့သူတွေအတွက် အင်းစိန်မြို့နယ်မှ ခိုင်ခံ့လှပသော တိုက်ခန်းသစ်များ အမြန်ရောင်းမည်!
နေထိုင်ဖို့ပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် အကောင်းဆုံးရွေးချယ်မှုဖြစ်စေမယ့် အင်းစိန်မြို့နယ်ရှိ Shine Tech Construction ၏ တိုက်ခန်းသစ်များကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးနေပါပြီ။
✨ တိုက်ခန်းအကျယ်အဝန်းနှင့် ဈေးနှုန်းများ
တိုက်အကျယ် (13' x 52') ရှိပြီး အလွှာအလိုက် ဈေးနှုန်းများကို အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်
• Ground Floor: သိန်း ၂၀၀၀
• 1st Floor: သိန်း ၁၆၀၀
• 2nd Floor: သိန်း ၁၅၀၀
• 3rd Floor: သိန်း ၁၄၀၀
• 4th Floor: သိန်း ၁၃၀၀
ခြေရင်း၄ခန်း ရပါမယ်ရှင်
ဝယ်ထားပြီး ငှါးစားမလား ကိုယ်တိုင်ပဲနေမလား ဝယ်ရောင်းပဲလုပ်မလား နေရာကောင်းလေးမို့ အရောင်းသွက် အငှါးသွက်ပြီး ပတ်ဝန်းကျင်သန့်တာမို့ နေလို့လည်း အဆင်ပြေစေပါတယ်ရှင်
နေထိုင်သူများ စိတ်ချမ်းသာစေရန်အတွက် ခိုင်ခံ့မှုနှင့် အလှအပကို အထူးဂရုစိုက် တည်ဆောက်ထားပါတယ်ရှင်
• Foundation: Mat Footing စနစ်ဖြင့် ခိုင်ခံ့စွာ တည်ဆောက်ထားသည်။
• Water Supply: အဝီစိတွင်း နှင့် Ground Tank ပါဝင်ပြီး၊ Pressure Pump (၁) လုံးစီ တပ်ဆင်ပေးမည်။
• Doors & Windows: UPVC Slide ပြတင်းပေါက်များ၊ Main Door အတွက် Mild Steel Door နှင့် အရေးပေါ်လှေကားအတွက် ကျွန်းတံခါးများ အသုံးပြုထားသည်။
• Flooring & Tiling: ဧည့်ခန်းကို (1' x 1') ကြွေပြားခင်းပေးထားပြီး၊ ရေချိုးခန်းနှင့် အိမ်သာနံရံများကို (၂' x ၁') ကြွေပြားများ (၄ ပေအမြင့်ထိ) ကပ်ပေးထားသည်။
• Kitchen: Steel Basin နှင့် မီးဖိုခုံ ပါဝင်ပြီးသား။
• Safety & Others: Stainless Steel လက်ရန်းများ၊ ကိုယ်ပိုင်လျှပ်စစ်မီတာ၊ ကိုယ်ပိုင်ရေမီတာ နှင့် လုံလောက်သော မီးပလပ်ခုံ (Socket) များ တပ်ဆင်ပေးမည်။
💰 ကြိုပွိုင့်ငွေပေးချေမှုပုံစံ (Payment Terms)
ဝယ်ယူသူများ အဆင်ပြေစေရန်အတွက် အရစ်ကျစနစ်ဖြင့် ပေးချေနိုင်ပါသည်။
1. စာချုပ်ချုပ်ဆိုခြင်း - ၄၀%
2. ဒုတိယထပ် Slab လောင်းပြီးလျှင် - ၂၀%
3. စတုတ္ထထပ် Slab လောင်းပြီးလျှင် - ၂၀%
4. Roof Top Slab လောင်းပြီးလျှင် - ၁၅%
5. အခန်းအပ်နှံချိန်တွင် - ၅%
စိတ်ဝင်စားလို့ အသေးစိတ်မေးမြန်းလိုပါက...
📞 ဖုန်း - [09254386887]
📍 လိပ်စာ - အင်းစိန်မြို့နယ် မဦးဦးလမ်း