08/09/2026
ကံမကောင်းဘူး ဆိုရင်
ဘုရားရှိခိုးရမယ်။ ဗုဒ္ဓဂုဏ်တော်ပွားရမယ်။
ပုတီးစိတ်ရမယ်။ မေတ္တာပို့ရမယ်။
သမထ၊ ဝိပဿနာ_ကမ္မဌာန်းအားထုတ်တာအကောင်းဆုံးပဲဖြစ်တယ်။
မနက် နေ့ ည ဘုရားရှိခိုးရင် ကံကောင်းလာမယ်။
အဆောင်ပစ္စည်းက အားကိုးမရဘူး။
ဘုရား တရား သံဃာ ဂုဏ်တွေကသာအားကိုးရတာ။ မေတ္တာများများပွား၊ ဒါတွေကို ပရောဂသမ္ပတ္တိလို့ ခေါ်တယ်။ ကောင်းတာများများလုပ်ရင် ကံကောင်းလာမယ်။
မိမိသည်သာလျင် မိမိရဲ့ကိုးကွယ်ရာပဲ။
ကံမ ကောင်းရင် စိတ်ဓာတ်မကျနဲ့။
ဘယ်ကိစ္စပဲဖြစ်ဖြစ် ကြိုးစားရမယ်။
ကြိုးစားတဲ့သူက အနိုင်ရစမြဲပဲ။
အဓိက ကတော့ စိတ်ဓာတ်မကျဖို့ပဲ။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ