08/08/2026
ငွေမရှိဘဲ မာနကြီးတာဟာ...
အတောင်ပံမပါဘဲ ချောက်ထဲ ခုန်ချတာနဲ့ အတူတူပဲ💸
ဟော်တယ် တစ်ခု မှာ အလုပ်လုပ် တုန်းက
မနက်စာ ကို ဧည့် သည် တွေကို buffet ကျွေးတဲ့ ကြက်ဥ ကြော်ကို စားလို့ဆိုပြီး ပိုက်ဆံ ၅၀၀ ဖြတ်လိုက်တဲ့
နေ့က... ကျွန်တော် စိတ်တိုတိုနဲ့ အလုပ်ထွက်စာ
ချက်ချင်း တင်ပစ်ခဲ့တယ်။
"ငါ့မာနကို လာထိရင် ဘာဟိုတယ်မှ ဂရုမစိုက်ဘူး" ဆိုပြီး လှည့်ထွက်ခဲ့တာ။
အဲ့ဒီတုန်းကတော့ ကိုယ့်ကိုယ်ကိုယ် တော်တော်မိုက်တယ် ထင်ခဲ့တာပေါ့။
ဒါပေမဲ့... အခန်းပြန်ရောက်လို့ စိတ်အေးသွားတဲ့အချိန်၊
လကုန်ရင် အိမ်လခနဲ့ စားစရိတ်
ဘယ်ကပေးရမလဲလို့ စဉ်းစားမိတဲ့အခါမှ
ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ် ပေါက်သွားတယ်
ကျနော် အခု ကျတော့ ပြန်တွေးကြည့်ရင် ရလိုက်တဲ့ သွေးထွက်သံယို သင်ခန်းစာက တစ်ခုပဲ...
"မာနနောက်ကွယ်မှာ တာဝန်ယူမှု (Responsibility) မရှိရင် အဲ့ဒါ မာနမဟုတ်ဘူး၊ ဖင်ခေါင်းကျယ်တာပဲ။"
လူငယ်ဘဝမှာ "မာန" ရှိတာ မမှားပါဘူး။
ဒါပေမဲ့ ကိုယ့်လက်ထဲမှာ Backup Plan (အရန်စီမံကိန်း)
မရှိဘဲ၊ ပိုက်ဆံအလုံအလောက်မရှိဘဲ
စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်ချလိုက်တာဟာ
ရဲရင့်တာမဟုတ်ဘူး၊ မိုက်မဲတာ
⚠️ ကိုယ့်ကိုယ်ကိုယ် အမြဲပြန်မေးပါ -
အခု ခင်ဗျား ထိန်းထားတဲ့ "မာန" က
ခင်ဗျားဘဝကို ရှေ့တိုးစေသလား?
ဒါမှမဟုတ် လမ်းဘေးရောက်အောင် တွန်းပို့နေသလား?
မာနကို ဘဝတိုးတက်မယ့်နေရာမှာပဲ သုံးပါ
စားဝတ်နေရေးကို ဒုက္ခပေးမယ့် မာနမျိုးဆိုရင်တော့ ခေတ္တခဏ ခေါက်ထားတတ်ဖို့ လိုပါတယ်