Kalaw Hotel Booking

Kalaw Hotel Booking Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kalaw Hotel Booking, Hotel, Yangon.

🎊🎇 Happy New Year 2025 🎊🎇🙏 မကြာခင်ရောက်ရှိလာတော့မယ့် နှစ်သစ်အချိန်အခါသမယလေးမှာ ချစ်ရသူများနှင့်အတူပျော်ရွှင်စွာဖြတ်သန်းန...
27/12/2024

🎊🎇 Happy New Year 2025 🎊🎇

🙏 မကြာခင်ရောက်ရှိလာတော့မယ့် နှစ်သစ်အချိန်အခါသမယလေးမှာ ချစ်ရသူများနှင့်အတူပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။

🙏 နှစ်သစ်မှစ၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးစီးပွားလာဘ်လာဘများလည်းဒီရေအလားတိုးတက်ကြီးပွားပါစေကြောင်း RMI Travel မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင့်။

🙏 2024 တစ်နှစ်တာလုံး RMI Travel ကိုယုံကြည်စွာ Visa အပ်နှံသူများ ၊ Hotel Booking ၊ ခရီးစဉ် Package ၊ Flight Ticket ၊ ကား လက်မှတ် ၀ယ်ယူသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်။

အခု အချိန် ဆို တောပန်းကလေးတွေနဲ လှနေတော့မှာ
23/06/2024

အခု အချိန် ဆို တောပန်းကလေးတွေနဲ လှနေတော့မှာ

ကလောကိုအလည်တစ်ခေါက်ရောက်တဲ့အခါဘယ်မှာ ဘာတွေစားရမလဲလို့ဆိုတာကိုသိသလောက် ပြောပြပါမယ်ဧည့်သည်တွေအစားများတဲ့ဆိုင်တွေရှိသလို မြ...
29/01/2023

ကလောကို
အလည်တစ်ခေါက်ရောက်တဲ့အခါ
ဘယ်မှာ ဘာတွေစားရမလဲလို့
ဆိုတာကိုသိသလောက် ပြောပြပါမယ်
ဧည့်သည်တွေအစားများတဲ့ဆိုင်တွေ
ရှိသလို မြို့ခံတွေစားကြတဲ့ ဆိုင်တွေ
ရှိကြပါတယ်

အထူးသဖြင့် အလည်လာတဲ့သူတွေ
စားသောက်ဖို့ အဆင်ပြေနိုင်ရန်
ရည်ရွယ််ပါတယ် ဆိုင်အားလုံးမှာ
မစားဖူးတာမို့ review တော့ မပေးနိုင်ပါဘူး

စားကြည့်လို့ အဆင်ပြေရင်တော့
လက်တို့ပေးကြပါ ခင်ဗျာ

တကယ်တော့ကလောမြို့လေးက
ကျဥ်းပေမဲ့ စားသောက်ဖို့ စားသောက်ဆိုင်
အတော်များများရှိပါတယ်

အဲဒီထဲက သိသလောက် ရေးဖူးပါတယ်
အခု ကလောမှာ ဆိုင်အသစ်တွေလဲ
ထပ်ဖွင့်ထားတာမို့အရင် တစ်နစ်လောက်က ရေးထားတဲ့ post ကို edit မလုပ်တော့ပဲ ထပ်မံ စုစည်းပြောပြပေးတာပါ

မသိလို့ ကျန်ခဲ့တာရှိခဲ့ရင်
တောင်းပန်ပါတယ်

🍝🥗သုမောင် မြန်မာထမင်းဆိုင်
ပြည်ထောင်စုလမ်းမကြီးပေါ်
သိမ်တောင်အတက်မုခ်ဦးနားမှာရှိပါတယ်
တရုတ်အစားအစာကတော့
ပြည်ထောင်စု လမ်းမကြီးပေါ်
ကလောပြည်သူ့ဆေးရုံရှေ့မှာ ဖွင့်ပါတယ်

🍝🥗အောင်ငြိမ်းချမ်းအောင်
ဘူတာလမ်းမှာရှိပါတယ်
လေးထပ်အဆောက်အဦးပါ
မြန်မာထမင်းဟင်း တရုတ်စာရပါတယ်
မြို့မစျေးထဲမှာလဲ မြန်မာထမင်းဆိုင်
ဖွင့်ထားပါတယ်

🥗No 7. Kalaw Sister house
ပြည်ထောင်စု လမ်းမကြီးပေါ်
သုမောင်ဆိုင်နားမှာပါ

🥗7 Thiri Gay har restaurant
(7 sisters )
ပြည်ထောင်စုလမ်းပေါ်
Richard Inn ဖက်အခြမ်းမှာပါ
အရင်က ပြည့်ပြည့်နားမှာ ဖွင့်ခဲ့ပြီး
နေရာ ပြောင်းဖွင့်ထားတာပါ
Signature dish ဖြစ်တဲ့ ငါးဟင်းထုပ်နဲ့
ဝိုင် ကောင်းပါတယ်

🥗City View
သုမောင်ထမင်းဆိုင်ဘေး သိမ်တောင်
အတက်လမ်းကနေ သွားရပါတယ်
ညနေ နေဝင်ဆည်းဆာ ကိုကြည့်ရင်း
ညနေစာစားရင် ကောင်းပါတယ်

🥗Sunset View restaurant
Hill top villa resot မှာရှိပါတယ်
ဟိုတယ်မှာ မတည်းလဲ သွားစားရင်း
sunset view ကြည့်လို့ရပါတယ်

🥗ဧကရာဇ်
ရိုးရာစားသောက်ဆိုင်ပါ
နတ်စင်လမ်းမှာရှိပါတယ်

🥗ယမုံနာစားသောက်ဆိုင်
နတ်စင်လမ်းနဲ့ ကုန်သည်လမ်းဒေါင့်မှာ
ရှိပါတယ်

🥗 ရွှေကလော
ချစ်တီးထမင်းဆိုင်ပါ
အနောက်မြို့ပတ်လမ်း
မြက်ရဲအင်းလမ်းဆုံနားမှာပါ

🥘Sky house hot pot and Bbq
အနောက်မြို့ပတ်လမ်း ဗောဓိကုန်းကျောင်းနားမှာပါ Silver pine hotel နဲ့နီးပါတယ်

🥘Moe & Chue Hot pot and Bbq
သစ်တောလမ်းSilver pine hotel ရဲ့
ရှေ့မှာရှိပါတယ်

🥗Bistro 29
သီတာလမ်းမှာ ရှိပါတယ်

🥗Monaco cafe and restaurant
ဇဋိလ လမ်းမှာ ရှိပါတယ်

🥗Master cook mobile
ကုန်သည်လမ်း နဲ့ အောင်ချမ်းသာလမ်း
ဒေါင့်မှာ ဖွင့်ထားတဲ့ Mobile shop လေးပါ
အခေါက်ကင် အသားကင် နံကင်တွေနဲ့
တရုတ်ဟင်းလျာတွေရပါတယ်

🥗Everest nepali indian restaurant
အောင်ချမ်းသာလမ်းထဲမှာ ရှိပါတယ်
လှည်းဘီး ဆိုင်နဲ့ မျက်စောင်းထိုးမှာပါ

🥗Red house bar and restaurant
မင်းလမ်းပေါ် မြို့မစျေးနားမှာရှိပါတယ်
ပီဇာ စပါဂတ်တီ ပါစတာတွေလဲ
ရပါတယ်

🥗Pine land Chinese restaurant
(ထင်းရူးမြိုင်)
ကုန်သည်လမ်းနဲ့ ဘူတာလမ်းဒေါင့်
မြို့မစျေးအရှေ့မှာပါ

🍗အောင်ပန်းကလာရောင်းတဲ့ အကင်ဆိုင်
ပြည်ထောင်စုလမ်းမကြီးပေါ် အဝေးပြေး
ကားဂိတ်တွေနား Hijetလေးနဲ့ ညနေပိုင်း
ရောင်းတဲ့ အကင်ဆိုင် လေးပါ
ခဲပတ်ငါးကင်တို့ကြက်နက်သားကင်တို့
ကောင်းပါတယ်

🥗ကလောမြို့မစျေးမှ စားသောက်တန်း
စိန်ရတနာ၊မီမီအောင်၊ကမ္ဘောဇ၊ မီးမီး
အောင်ငြိမ်းချမ်းအောင် ဆိုတဲ့ ဆိုင်တွေ
အပါအဝင် ဆိုင်တွေရှိပါတယ်

🥗Sawadee Thai food
ဘူတာလမ်း အောင်ငြိမ်းချမ်းအောင် နားမှာ
ယိုးဒယားစာရတဲ့ ဆိုင်လေးပါ

🥗ယိင်းအထောင်းဆိုင်
ဘူတာလမ်းမှာရှိပါတယ်
ဧည့်သည်တွေ အစားများတဲ့ဆိုင်ပါ

🥘Amora Hot pot and Bbq
အရင်က Sky Grill hot pot and Bbq
ဖွင့်ခဲ့တဲ့ နေရာမှာပါ ဘူတာလမ်းမှာပါ

🥗Cafe Milano
နာရီစင်နားကကလောဘူတာကို သွားတဲ့လမ်းမှာရှိပါတယ်

☕Cafe Kalaw
နှီးဘုရားလမ်းမှာရှိပါတယ်
ဧည်သည်တွေ အထိုင်များပါတယ်

🍨☕Kalaw Cafeyard
နှီးဘုရားကိုကျော်သွားတဲ့
ကွက်သစ်မှာရှိပါတယ်
ဓာတ်ပုံရိုက် လို့ ကောင်းပါတယ်

🥗Kalaw Bamboo house
နီးဘုရားလမ်းမှာရှိတဲ့ ရိုးရာစားသောက်ဆိုင်ပါ

🥗ဝါးတဲစားဖွယ်စုံ
နှီးဘုရားအနောက်ဖက်က
View point တို့ Cafeyard တို့ကို
သွားတဲ့ လမ်းမှာရှိပါတယ်
ဓနုရိုးရာအစားအသောက်တွေ
ကောင်းပါတယ်

🥗Kalaw Farm house
မြက်ရဲအင်းကျောင်းနားမှာရှိပါတယ်

🥗Orange food center
ဓမ္မစကြာလမ်း မှာရှိပါတယ်
အကင်ဘူဖေးလဲရပါတယ်

🥗feel restaurant
ဝင်္ဂဘာလမ်းထဲ မှာရှိတဲ့
360 Kalaw hotel. မှာရှိပါတယ်

🥗Ohana restaurant
University road လမ်းမပေါ်
Heritage hotel နားမှာပါ

🥑🥗Kalaw-lsh Restaurant
University road လမ်းမပေါ်
Heritage hotel နားမှာရှိပါတယ်
ထောပတ်သီးမီးနူးတော်တော်များများ
ရပါတယ်

☕🥞🍕RtK Rangoon to Kalaw
ရွှေဥမင် လမ်းထဲမှာရှိပါတယ်
Coffee, Snacks, Pizza, Cake နဲ့
စားသောက်ဖွယ်ရာများရပါတယ်
ထိုင်လို့ကောင်းပြီး ဓာတ်ပုံလဲရိုက်လို့
ကောင်းပါတယ်

🍱🥗Yadanar Talkie house
Indian Restaurant
ကုန်သည်လမ်း ဓမ္မာရုံကြီးနားမှာ
ရှိပါတယ် အိန္ဒိယ မြောက်ပိုင်းအစားအစာ
ချစ်တီးထမင်းဟင်းတွေရပါတယ်
ဒန်ပေါက်ထမင်းလဲ ကောင်းပါတယ်

🍷Hi Snack & bar
ကုန်သည်လမ်း ဓမ္မာရုံကြီးနားမှာ
ရှိပါတယ် ဒီဆိုင်မှ မရောက်ရင်
ကလောကို မရောက်ဘူးလို့ လူငယ်တွေ
ပြောကြတဲ့ဆိုင်သေးသေးလေးပါ
ထိုင်တဲ့သူများပါတယ်

🍷126 Kalaw bar
အင်းပြင် ဘိုးဘွားရိပ်သာနားမှာ
ရှိပါတယ် လူငယ်တွေ အထိုင်များပါတယ်
unplugged show တွေလဲရှိပါတယ်

☕Myinka Country tea garden
မြင်းကရွာ ကဆုန်တောင်သွားတဲ့
လမ်းမှာ ရှိပါတယ် ရှုခင်းတွေလှပြီး
ထိုင်လို့ကောင်းဓာတ်ပုံရိုက်လို့ လှပါတယ်

🥗Mie Mie Noodle House
မြင်းကရွာ မှာ ရှိပါတယ်

🍗စားစို့ ကြက်သံပုံးကင်
ဘူတာလမ်းမှာရှိပါတယ်

🥘သုံးရာသီ မူကထ
ကလော ဘူတာနားရှိပါတယ်

🥘ဆုံမှတ် မူကထ
Hill top hotel နားမှာ ရှိပါတယ်

🍷🥗ဂန္တဝင်စံ
(Heritage 21 bar)
မင်းလမ်းမှာရှိပါတယ်
စားသောက်ဖွယ်ရာများနဲ့
မြေအောက်ထပ်မှာ bar ရှိပါတယ်

🍷☕🍨Maluca villa restaurant & bar
ကလောဘူတာနားမှာ ရှိပါတယ်
ဓာတ်ပုံလဲရိုက်လို့ လှပါတယ်
ဧည့်သည်တွေအထိုင်များတဲ့ ဆိုင်ပါ

☕Little Prince Coffee house
Heritage hotel နားရှိပါတယ်
ထိုင်လို့ကောင်းတဲ့ ဆိုင်လေးပါ

☕🍷Jungle Coffee & Bar
နှီးဘုရား နားမှာရှိပါတယ်
ထင်းရူးတောကြီးနဲ့ ရှုခင်းတွေ လှပါတယ်

🍔☕JAK mobile coffee shop
နာရီစင်နဲ့ မြို့အထွက် ဆိုင်းဘုတ်နားမှာရှိပါတယ်

🍷Pyramid Wine mobile wine car
နာရီစင်နားမှာရှိပါတယ်

☕တီးကမ္ဘာ
အောင်သပြေလမ်းမှာရှိပြီး
လ္ဘက်ရည်ကောင်း၊အီကြာကွေး၊
ကြက်ဥပလာတာ ၊ပဲနံပြားတွေ ကောင်းပါတယ် ဆိုင်ရှင်အန်တီကြီးရဲ့ ပွစိပွစိကိုတော့
သည်းခံရပါမယ် စားသုံးသူတွေအပေါ်
ကောင်းပါတယ် ပွစိပွစိမလုပ်ပါဘူး

🥗လှည်းဘီး စားသောက်ဆိုင်
အောင်ချမ်းသာလမ်းနဲ့ အောင်သပြေ
လမ်းဒေါင့်မှာရှိပါတယ် သူ့ဆိုင်က
ကောက်ညှင်းကော်ပြန့်ကြော်လေး
စားကောင်းပါတယ်

🥗သန်းသန်းနု အသုတ်ဆိုင်
ကုန်သည်လမ်း အောင်ချမ်းသားဘုရားရဲ့
ဆိုင်ခန်းတွေမှာ ဖွင့်ထားတာပါ
အသုတ်စုံကောင်းကောင်းစားချင်ရင်
သွားစားလို့ရပါတယ် မြို့ခံတွေအစားများတဲ့ ဆိုင်လေးပါ

🍝မတင့် ရှမ်းခေါက်ဆွဲဆိုင်
ပလောင်စျေးလမ်းထဲမှာရှိပြီး
မြို့ခံတွေ အစားများတဲ့ ဆိုင်ပါ

🍝Ma Su Vegetarian Shan Noodle
စိတ္တသုခလမ်း ရွှေအင်းလေးစတိုး ဘေးက
လမ်းထဲမှာရှိပါတယ် ကိုယ်ကတော့
ချောစုတို့ဆိုင်လို့ ခေါိပါတယ် ကလောရောက်တိုင်း စားနေကျ ဆိုင်ပါ

☕🥗Kalaw View Point Cafe
ပလောင်တောင်ဗျူးပွိုင့်မှာ ဖွင့်ထားတဲ့
ဆိုင်ပါ လှပတဲ့ တောင်တန်းရှုခင်းတွေကို
ခံစားရင်း ထိုင်လို့ရပါတယ်

🥗Sky View Restaurant
ပလောင်တောင်ဗျူးပွိုင့်နားမှာရှိတဲ့
indian restaurant ဆိုင်ပါ

☕Nok Cafe
ပလောင်တောင်ဗျူးပွိုင့်အသွားလမ်းမှာ
ရှိပါတယ် ရှုခင်းတွေလှပါတယ်

🍷Chill bar
နှီးဘုရား နားမှာရှိပါတယ်

☕🥗Roha Korean Restaurant
and Cafe
အနောက် ဂေါက်ကွင်းလမ်း၊ ပင်မကုန်း၊
ဂုဏ်တော်လမ်းထဲမှာ ဖွင့်ထားတဲ့ ကိုရီးယား စားသောက်ဆိုင်ပါ

☕Jarnak
GE လမ်းဆုံမှာရှိပြီး
နွားနို့၊ချာပါတီတို့ ကောင်းပါတယ်

☕Cafe Dream
Dream Mountain Resort မှာ ဖွင့်ထားတဲ့
ကော်ဖီဆိုင်ပါ

🍣Little Princess First Food
နာရီစင်အနား မင်းလမ်းပေါ်မှာရှိပါတယ်

🥗Home again
သီတာလမ်းမှာရှိတဲ့ စားသောက်ဆိုင်ပါ

🍷Exit Bar
အနောက်မြို့ပတ်လမ်း ယမုံနာဟိုတယ်နားမှာ ဖွင့်ထားပါတယ်

🍶Kalaw Yogurt
အနောက်မြို့ပတ်လမ်းမှာရှိပြီး
နွားနို့၊ဒိန်ချဥ်တွေကောင်းပါတယ်
ဟိန္ဒူမုန့်ချိုတွေလဲရပါတယ်

🥘Smile Bbq & Hot Pot
စိတ္တသုခလမ်း ကနေ သွားရပါတယ်

🥘Yummy Hot Pot Buffet
Silver Pine Hotel နောက်ဖက်က
လမ်းထဲမှာ ရှိပါတယ်

🥘Aung Moh Moh Hot Pot
Pine Breeze hotel ရှိတဲ့ လမ်းမှာ
ရှိပါတယ်

🥗ပြည့်ပြည့်
ပြည်ထောင်စု လမ်းမကြီးပေါ်
သုမောင်မြန်မာထမင်းဆိုင်နားမှာရှိပြီး
ဧည့်သည်တွေ အစားများတဲ့ဆိုင်ပါ

🥗ဦးလေးကြီး စားဖွယ်စုံ
သိမ်တောင်ကိုတက်တဲ့ လမ်းမှာဖွင့်ထားတဲ့
ဆိုင်လေးပါ ထိုင်လို့ကောင်းသလို
စားလို့လဲ ကောင်းပါတယ်

☕🥗JR Cafe &Restaurant
ပြည်ထောင်စု လမ်းမကြီးပေါ်
နတ်စင်လမ်းနားလောက်မှာ ရှိပါတယ်

🥗Shan Ma Lay restaurant
ရတနာလမ်းထဲမှာရှိပါတယ်

🍣Salarmat snacks & Sushi
အောင်ချမ်းသာလမ်းထဲမှာရှိပါတယ်

☕မင်းသီဟ လ္ဘက်ရည်ဆိုင်
အောင်သပြေလမ်းနဲ့ အောင်ချမ်းသာလမ်း
ဒေါင့်မှာရှိပါတယိ

🥗3N South Indian Halal Food
အဝေးပြေးဂိတ် ဆိုင်ခန်းမှာ ရှိပါတယ်

☕တက်နေဝင်း
ဘူတာလမ်းမှာရှိတဲ့ လ္ဘက်ရည်ဆိုင်ပါ

☕🥗Dream Cafe & Food
ဘူတာလမ်းမှာရှိတဲ့ လ္ဘက်ရည်ဆိုင်ပါ

🍸🍾Wine House (Ace Damson)
ကလောဘူတာနားရှိပြီး အေးချမ်းတဲ့
ရာသီဥတုမှာ ဝိုင်လေးသောက်ချင်ရင်
သွားလို့ရပါတယ်

☕Spouting Seeds Cafe
အရှေ့မြို့ပတ်လမ်း
မဟာစည်မရောက်ခင်နားမှာရှိပြီး
ထိုင်လို့ ကောင်းတဲ့ဆိုင်လေးပါ

🥗ရနံ့သစ် Sea food စားသောက်ဆိုင်
အရှေ့မြို့ပတ်လမ်းမှာရှိပါတယ်

🥗Jacaranda Restaurant
ပြည်ထောင်စု လမ်းမကြီးပေါ်
Mount Royal hotel နားမှာရှိပါတယ်

🥗Hein Star Restaurant
ပြည်ထောင်စု လမ်းမကြီးပေါ်ရှိပါတယ်
East Thanlwin villa နားမှာပါ

🥗Min Ma Haw Restaurant
ပြည်တောင်စု လမ်းမကြီးပေါ်ရှိပါတယ်

🥗နိုင်ဖြိုး ချစ်တီးထမင်း
ပြည်ထောင်စု လမ်းမကြီးပေါ်ရှိပါတယ်

☕KM Cafe
ပြည်ထောင်စု လမ်းမကြီး မှာ ရှိပါတယ်

🥘Sea Food House Hot Pot & Bbq
ပြည်ထောင်စုလမ်းမကြီး မှာရှိပါတယ်

🥗 ရှေ့ပြေး ဟင်းထုပ်ဆိုင်
ကုန်သည်လမ်းမှာရှိပါတယ်

🥗ကြံတိုင်းအောင်
ပလောင်စျေးလမ်းထဲမှာရှိပြီး
မြို့ခံတွေ အစားများတဲ့ ဆိုင်လေးပါ

☕မနှင်းဆီလ္ဘက်ရည်ဆိုင်
အရင်က မြို့မစျေး ဘူတာလမ်းမှာဖွင့်ခဲ့ပြီး
အခု ပလောင်စျေးလမ်းထဲ ပြောင်းဖွင့်ထားပါတယ် အကြော်စုံနဲ့ လ္ဘက်ရည်ကောင်းပါတယ်

☕Coffee Corner
University road မှာရှိပါတယ်
အေးအေးဆေးဆေးထိုင်လို့ကောင်းပါတယ်

🍸🍴Sisson's Restaurant & Heritage bar
Kalaw Heritage hotel မှာ ဖွင့်ထားတဲ့
restaurant & bar ပါ

🥗Pine View Restrestaurant
University road မှာ ရှိပါတယ်

🥗Happy Garden Restaurant
The Serenity Kalaw resort ရှိတဲ့ လမ်းမှာရှိပါတယ်

🥗Mother House Restaurant
ပြည်ထောင်စုလမ်းမကြီး ပေါ်
အင်းပြင်မှာ ရှိပါတယ်

🥗Don food garden
Kalaw Princess Hotel နားမှာရှိပါတယ်
သူ့ဆိုင်က ဇလုံထမင်းကောင်းပါတယ်

☕Twin Heary
ကလောဘူတာ ရှေ့က လမ်းမပေါ်
ရှမ်းဝေယံဧည့်ရိပ်မွန်နားရှိပါတယ်

🥗☕ပန်သစ္စာ
ဘူတာလမ်းမှာရှိပါတယ်

☕🥗Mya Myint Mo Cafe & Restaurants
နှီးဘုရားလမ်းသွယ် ၂ လမ်းမှာ
ဖွင့်ထားတဲ့ ဆိုင်ပါ

🥗ရေယားမှ စားသောက်ဆိုင်များ
ကလောအထွက် ရေယားမှာရှိတဲ့
စားသောက်ဆိုင်တွေပါ ကြက်ကလသားချက်နဲ့ ရေမုန်ညင်းသုတ်တွေ စားသင့်ပါတယ်

🥗 ဆွေသဟာ
ရှမ်းပြည်ရောက်မှ မုန့်ဟင်းခါးစားချင်ရင်
အောင်သပြေ လမ်းထဲမှာရှိပါတယ်

🥗ကကြီး မုန့်ဟင်းခါး
မင်းလမ်း ရဲစခန်းရှေ့က ဆိုင်တန်းတွေမှာ
ဖွင့်ထားပါတယ်

🍪ကုလားလေး ပလာတာ
ကုန်သည်လမ်း နဲ့ ဘူတာလမ်းမှာ ညနေပိုင်း
ဖွင့်တဲ့ ပလာတာလှည်းလေးပါ မလိုင်ပလာတာ၊အိုဗာတင်းပလာတာ၊ချိစ်ပလာတာတွေ ကောင်းပါတယ်
ဧည့်သည်တွေ စားတာများပါတယ်

🍪Zaw Win Htut ပလာတာ
အောင်ချမ်းသာလမ်းမှာ ဖွင့်တဲ့
ပလာတာလှည်းလေးပါ တနေ့လုံးရပါတယ်

သိသလောက်တော့ ကုန်ပါပြီ
မြို့လေးက ကျဥ်းကျဥ်းလေးမို့
ရှာရတာ လွယ်ပါတယ်
မသိရင် ဒေသခံတွေကို မေးလို့ရပါတယ်
ဖော်ရွေစွာနဲ့ ဖြေကြားပေးပါလိမ့်မယ်

ဒီ post ကိုလွတ်လပ်စွာမျှဝေနိုင်ပါတယ်
ကူးယူဖော်ပြမည်ဆိုပါက နံမည်ကို
မှန်ကန်စွာရေးပြီး ခရက်ဒစ် ပေးပါရန်
တောင်းဆိုပါတယ်

ကလောရဲ့ ရေမုန်ညင်းသုပ်လေးလဲ
စားကြည့်ခဲ့ပါလို့ ပြောပါရစေ

ကိုယ်အဆင်ပြေသလို
အဆင်ပြေကြပါစေ

#ကိုကိုဦး
#ကလောထင်းရူးမြို့တော်
#သွားမယ်တည်းမယ်

ဓာတ်ပုံတွေအတွက် မူလရိုက်ကူးသူတွေကို လေးစာစွာ ခရက်ဒစ် ပေးပါတယ်

Address

Yangon

Telephone

+959425268763

Website

Alerts

Be the first to know and let us send you an email when Kalaw Hotel Booking posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kalaw Hotel Booking:

Share

Category