Triumph Travels & Tours

Triumph Travels & Tours Travel, Tour & Trek

03/01/2021
15/10/2020
ကယားမြေရဲ့ သုတေသနများစွာထဲမှ #ကယားဖားစည်နှင့်ငွေတောင်ပြည် (ဖားစည် ပထမပိုင်း) written by- Khine Pyae Soneမြန်မာနိုင်ငံတွင...
29/11/2018

ကယားမြေရဲ့ သုတေသနများစွာထဲမှ
#ကယားဖားစည်နှင့်ငွေတောင်ပြည်
(ဖားစည် ပထမပိုင်း)
written by- Khine Pyae Sone
မြန်မာနိုင်ငံတွင် ရှိသော ရှေးဟောင်းသုတေသနဆိုင်ရာ လေ့လာမှုများစွာထဲတွင် ကယားမြေမှ ရှေးဟောင်းသုတေသနဆိုင်ရာ လေ့လာမှုမှာ လွန်စွာနည်းပါးနေသေးသည်။

ကျွန်တော်ကိုယ်တိုင် 2013-14 ကယားကို စရောက်ဖူးမှ ဤဒေသတွင် ရှေးဟောင်း sitesများစွာရှိကြောင်း သိရှိခဲ့ရသည်။

ခရီးသွားဝါသနာပါတာရယ် သုတေသနလုပ်တဲ့ reviewတွေကို ပြန်ရေးရင်း ဆရာမကြီး အဲလစ်ဇဘတ်မိုး အဆက်အသွယ်ဖြင့် ဆွီဒင်နိုင်ငံ uppsala တက္ကသိုလ်မှ ပါမောက္ခဆရာမ အန်နာနှင့် ဖားစည်သုတေသန လုပ်ရန်အတွက် 2016 ခုနှစ်တွင် project တခု လက်ခံရရှိခဲ့သည်။

👉🏻ကျွန်တော်တို့ projectရဲ့အဓိက ရည်ရွယ်ချက်မှာ ဖားစည်သွန်းလုပ်တဲ့ နေရာကို အဓိကရှာဖွေရန်ဖြစ်ပြီး၊ ဖားစည်ကို ကယားမြေတွင် သွန်းလုပ်ခဲ့ကြောင်း သက်သေထူရန် ဖြစ်သည်။
ဖားစည်ကို ရှေးယခင်က အရှေ့တောင် အာရှနိုင်ငံတော်တော် များများတွင် အသုံးပြုခဲ့ကြသည်။ ကယားမြေတွင် ဖားစည်ကိုအိမ်သစ်တက်ပွဲ၊ ကေ့ထိုးဘိုပွဲ၊ ကောက်သစ်စားပွဲ၊ မင်္ဂလာရှိသော ပွဲတော်များတွင် တီးခတ်လေ့ရှိသည်။
ဖားစည် ၂မျိုးရှိသည်။ မင်္ဂလာဖားစည်နှင့် အမင်္ဂလာဖားစည် ဟူ၍ ဖြစ်ပြီး အမင်္ဂလာဖားစည်ကို အသုဘအခမ်းအနားတွင် တီးခတ်လေ့ရှိသည်။ ယနေ့ အချိန်တွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

🌹ကယားဖားစည် သမိုင်းအကျဉ်း

ကယားတိုင်းရင်းသား တို့သည် ဖားစည်ကို မွန်ဂိုလီးယား ကုန်းမြင့်မှဆင်းသက်လာစည်က တပါထဲ ယူလာခဲ့သော ပစ္စည်းဟု ယူဆကြသည်။ ကလူခေါ်ဖားစည်ကို အသုံးပြုရန်မှာ လူစုခေါ်ရန် ဖြစ်စေ အရေးပေါ်ကိစ္စ ပေါ်ပေါက်လာသည်ဖြစ်စေ စစ်ချီတက် ရာတွင်ဖြစ်စေ ပွဲလမ်းသဘင် ကျင်းပရာတွင် ဖြစ်စေ ဖားစည်ကို အသုံးပြုကြသည်။ ဖားစည်ကို တည်း၍ တေးသံအစုံအလင်ဖြင့် ညလုံးပေါက် ညီညာစွာ သီဆိုကခုန်လေ့ရှိသည်။ မတီးခတ်မှီ ခေါင်ရည်ဖြင့် ပတ်ဖြန်းလေ့ရှိသည်။

🌼ကယားဖားစည် တွင်ပါဝင်သော အရာများ

ငွေ၊သံ၊ကြေး၊သံ၊ရွှေပါဝင်သော ပဉ္စလောဟာသတ္တုငါးမျိုးဖြင့် သွန်းလုပ်ရပါသည်။မျက်နှာပြင်အလယ်တွင် ခရုရုပ်၊ငါးရုပ်နှင့် ​နေပုံသဏ္ဍာန်များ ရှိကြသည်။မျက်နှာစာလေးဖက်တွင်​ ဖားတစ်ကောင်၊ဖားနှစ်ကောင်၊ဖားသုံးကောင်ဆင့်ရှိတတ်သည်။နံဘေးတွင် ဆင်နှင့် ခရုရုပ်တစ်ကောင်၊နှစ်ကောင်ရှိတတ်သည်။
ဖားစည်ကို ကယားဘာသာဖြင့် ကလူ ဟုခေါ်သည်။ကယားလူမျိုးတို့၏ အိမ်တိုင်တွင် ဖားစည်တစ်လုံးစီ ရှိကြသည်။ထိုမင်္ဂလာဖားစည်ကို ပျော်ပွဲရွှင်ပွဲနှင့် အိမ်သစ်တက်ပွဲများတွင် တီးလေ့ရှိကြသည်။

ကယားပြည်​နယ်တွင်ဖားစည်ပွဲတော်ကို ဧပြီလ၌ နှစ်စဉ်ကျင်းပ၍ ကျက်သရေမင်္ဂလာ ပြည့်​စုံစေခြင်းငှာတီးကြသည်။ကေ့ထိုးဘိုး ပွဲတော်နဲ့အတူ တွဲဖက်တီးခတ်လေ့ ရှိသည်။ ကယားလူမျိုးတို့၏ အဆိုအရ ဖားစည် ၇ မျိုးရှိပါသည်။၎င်းတို့မှာ
(၁)ကော်နီယို
(၂)ကလူသီးလုံ
(၃)ကလူဆထန်
(၄)ကလူမီးမိုး
(၅)ကလူသိုက်ဖော့
(၆)ကလူတုတ်ဖော့
(၇)ကလူလွမ်း စသည်တို့ဖြစ်ကြသည်။

🍀ကယားမြေတွင် ယနေ့အချိန်ထိ ကျန်ရှိနေသေးသော
ဖားစည် တည်နေရာများ
(၁) ယဉ်ကျေးမှုပြတိုက် လွိုင်ကော်
(၂)ရိုမန်ကတ်သလစ်ဘုရားကျောင်း (ဒေါဥခူရပ်)
(၃)ကယောဒေသ ထေခိုရွာ ပြတိုက်
(၄) စုဆောင်းသူများ နေအိမ်
(data collection- Khine Pyae Sone)

🍀 ဖားစည်သွန်းလုပ်ရာ ငွေတောင်ပြည်

ကျွန်တော်တို့ ဖားစည်သုတေသန အဖွဲ့များသည် ငွေတောင်ပြည်( ယခု ဒီးမော့ဆိုမြို့နယ်) ရှိရာသို့၂၀၁၇ ခုနှစ် မတ်လတွင် သုတေသန ပြုလုပ်ခဲ့သည်။ ပါးစပ်ရာဇဝင်အရသာ ဖားစည်သွန်းလုပ်တဲ့ ရွာဟု သိရှိရပြီး ရပ်ကွက်လူကြီး၊ ရှေးလူကြီးများကို မေးမြန်း၍ တဆင့်စကား တဆင့်နားဖြင့် ရှေးအခါက ဖားစည်သွန်းလုပ်ရာ နေရာကို တွေ့ရှိခဲ့သည်။
ငွေတောင်ရပ် ဦးစောတူးတူ ဒေါ်နန်းမူတို့၏ နေအိမ်ဝင်း အတွင်းတွင် အိမ်သစ်ဆောက်လုပ်ရန် မြေနေရာတူးချိန်တွင် ဖားစည်သွန်းရာတွင် အသုံးပြုသည့် မြေသားမိုများ တွေ့ရှိခဲ့သည်။
ယခင်က ဖားစည်ကို ကယားက သွန်းသည် ကရင်၊ ရှမ်း စသဖြင့် ပြောဆိုကြပြီး မည်သည့်နေရာသွန်းခဲ့သည်ကို အတိအကျ မသိကြပေ။ ယခု သုတေသနအထောက်အထား များဖြင့် ကယားမြေ ငွေတောင်ပြည်တွင် သွန်းခဲ့ကြောင်း သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။
🌻အသေးစိတ် အချက်လက်များကို စာအုပ်တွင်ရေးသားပါမည်။
( data collection- Nan Kyi Kyi Khaing, Sein Win Tha Zin Min Htet& Khine Pyae

🍀ငွေတောင်ဆည်ကြီးနဲ့နီးကပ်နေသော ဖားစည် သွန်းလုပ်ရာ ငွေတောင်ပြည်သည် ထူးခြားစိတ်ဝင်စားဖွယ် ဖြစ်သည်။ ကယားမြေသည် သဘာဝသယံဇာတ သတ္တုများ ထွက်ဖော်သည့် နေရာဖြစ်သည့်အတွက် မြေသားများမှာ သတ္တုဓာတ်၊နူးညံ့သော မြေသားများစွာ ရှိသည်ဟုလယူဆနိုင်သည်။

🍀ထို့အတွက် မိုလုပ်ရန် မြေသားများ၊ ရွှေငွေကြေးသံ စသည့်သတ္တုများ အလွယ်တကူ ရရှိနိုင်သည်ဟုလည်း ယူဆသည့်အတွက် ဖားစည်ကို သွန်းလုပ်ရန် ငွေတောင်ပြည်သည် ရှေးအခါက ဖားစည်ထုတ်လုပ်သည့် အကောင်းဆုံးနေရာဖြစ်သည်ဟု ယူဆရပေသည်။
ကျန်ရှိနေသေးသော ထေခို ဖားစည် အကြောင်းအရာ၊အရှေ့တောင်အာရှမှ ဖားစည်များအကြောင်း ဆက်လက်ရေးသားပါမည်။
Data အကူညီပေးတဲ့ သိန်းဇော်၊ ဆော်ရယ် နဲ့ ကယားမှအမျိုးများ ကျေးဇူးအထူးတင်ပါသည်။
written by - Khine Pyae Sone
source from- our field research (2016-2017, 2018)
ကယားပြည်နယ် မဂ္ဂဇင်း ၂၀၁၃
Photo by U Sein Win

* ၀ါဆိုလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ကုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်တွင် ပဋိသန္ဒေတည်ခဲ့သည်။* ၀ါဆိုလပြည်...
27/07/2018

* ၀ါဆိုလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ကုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်တွင် ပဋိသန္ဒေတည်ခဲ့သည်။
* ၀ါဆိုလပြည့်နေ့တွင် ဘုရားအလောင်းတော် သိဒ္ဒတ္ထမင်းသား တောထွက်တော်မူခဲ့သည်။
* ၀ါဆိုလပြည့်နေ့တွင် ဘုရားရှင်သည် ပဉ္စ၀ဂ္ဂီ(၅)ဦးကို တရားဦးဓမ္မစကြာ ဟောတော်မူခဲ့ပါသည်။
* ၀ါဆိုလပြည့်နေ့တွင် ဘုရားရှင်သည် သာဝတ္တိပြည် သရက်ဖြူပင်ရင်းတွင် တိတ္ထိများကိုနှိမ်နှင်း၍ တန်ခိုးပြာဋိဟာပြတော်မူခဲ့သည်။

ရွှေလက်ဝါးတောင်တော် သို့ 🙏
13/03/2018

ရွှေလက်ဝါးတောင်တော် သို့ 🙏

ကယားပြည်နယ် လွိုင်ကော်မြို့ရဲ့ အထင်ကရ 🙏သီရိမင်္ဂလာတောင်ကွဲစေတီတော်
01/03/2018

ကယားပြည်နယ် လွိုင်ကော်မြို့ရဲ့ အထင်ကရ 🙏
သီရိမင်္ဂလာတောင်ကွဲစေတီတော်

19/10/2016

ခရီးသွားလမ်းညွှန်တွေကို နားလည်သလောက် ပြောပြပေးသွားမှာဖြစ်ပြီး နေရာဒေသအကြောင်း အသေးစိတ် သိရှိသူများ က လည်း ကူညီပြီး မှတ်ချက်ရေး အကြံပြုပေးနိုင်ပါတယ်။ မရောက်ဖူးသေးလို့ သိချင်တာ မေးချင်တာရှိရင်လည်း ပုံအောက်မှာ မှတ်ချက်ရေးပြီး အကူညီတောင်းနိုင်ပါတယ်။ Admin ကိုယ်တိုင် နေရာအစုံ မရောက်ဖူးသေးကြောင်း ဝန်ခံပါရစေ။ ဒီထက် ပိုပြီး လှပလွန်းတဲ့ နေရာတွေလဲ များစွာ ကျန်ရှိ နေမှာ ဖြစ်ပါတယ်။ အားလုံးဝိုင်းဝန်းပြီး လည်ပတ်စရာနေရာများကို ထပ်ဖြည့် ကာ နှစ်သက်ရာနေရာတွေ သွားရောက်နိုင်ရန် ရည်ရွယ်ပါတယ်။ ခရီးတစ်ခုအတွက် ဘာတွေလိုအပ်လဲဆိုတာကိုလဲ ဝိုင်းဝန်း အကြံပေးပြောပြစေလိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ နေရာအတော်များများကိုလဲ ထပ်မံဖြည့်စွက်ပါဦးမည်။


#မောင်စွယ်စုံကျမ်း
#ခရီးသွားလမ်းညွှန်
#မြန်မာနိုင်ငံ

08/10/2016
06/10/2016
ကယားပြည်နယ် မော်ချီးသတ္တုတွင်း အနီးရှိ တလန်းလော့ ဂူ
05/10/2016

ကယားပြည်နယ် မော်ချီးသတ္တုတွင်း အနီးရှိ တလန်းလော့ ဂူ

Address

No. 45, Latha Street (Lower), Latha Township
Yangon
11131

Telephone

+959252790909

Website

Alerts

Be the first to know and let us send you an email when Triumph Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share