Myanmar Hoteliers Association

Myanmar Hoteliers Association Myanmar Hoteliers Association is one of the leading professional organization in Myanmar.

မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနဲ့ပြပွဲ2026ဖွင့်ပွဲအခမ်းအနားကျင်းပရန်ကုန် ဇူလိုင် ၂၇ဟိုတယ်၊ခရီးသွားလာ‌ရေးနှင့်ယဉ်‌‌ ကျေးမှ...
27/07/2026

မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနဲ့ပြပွဲ
2026ဖွင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန် ဇူလိုင် ၂၇
ဟိုတယ်၊ခရီးသွားလာ‌ရေးနှင့်ယဉ်‌‌ ကျေးမှုဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ကျင်းပသည့်မြန်မာ့ရိုးရာ အစားအစာပြိုင်ပွဲနှင့်ပြပွဲ
၂၀၂၆(Tastes of the Golden Land -2026 )ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ 25 ရက်နေ့မနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန် ကွန်ဗင်းရှင်း စင်တာ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးတက်ရောက်အမှာစကား‌
ပြောကြားသည် ။အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်
မောင်စိုး၊ ဦးထွန်းအုံနှင့်ဦး မောင်မြင့် ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ၊ ဒုတိယဝန်ကြီး ဦးဖြိုး‌ ဇော်စိုး၊ တိုင်းဒေသကြီးလွှတ် တော် ဥက္ကဌ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ၊ နိုင်ငံတကာသံရုံးများမှသံအမတ်ကြီးများနှင့်သံတမန်များ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌနှင့်ညီ နောင်အသင်းများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဌနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းဥက္ကဌနှင့်တာဝန်ရှိသူများ အကဲဖြတ်ဒိုင်များ ပြိုင်ပွဲဝင်အချက်အပြုတ်ပညာရှင်များ ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်ရောက်ကြသည် ။ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးကအမှာစကား ပြောကြားသည်။ ယင်းနောက်ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးမောင်မြင့်က မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ ၂၀၂၆ အခမ်းအနား ကျင်းပရခြင်းနှင့်စပ်လျဥ်း၍ရှင်းလင်း‌ ပြောကြားသည်။ ဆက်လက်၍ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက Main Sponsor ၊ Gold Sponsor နှင့် Silver Sponsor အဖြစ်ပံ့ပိုးကူညီ‌ ပေးခဲ့ကြသည့် လုပ်ငန်းရှင်များကိုလည်း ကောင်း၊ပြည်‌‌ ထောင်စုဝန်ကြီးများနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က Supporting Partner အဖြစ်ပံ့ပိုးကူညီပေးခဲ့ကြသည့်လုပ်ငန်းရှင်များကိုလည်းကောင်း ဂုဏ်ပြု လက်မှတ်များပေးအပ်ချီးမြှင့်ကြသည်။ထို့နောက်ဒုတိယသမ္မတသည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူပြိုင်ပွဲယှဉ်ပြိုင်နေမှုရုပ်သံကိုကြည့်ရှုအားပေးပြီးစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာပြခန်းများနှင့်ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအားကြည့်ရှုအားပေးပါသည်။
သတင်းစဉ်

Tastes of the Golden Land 2026" ပွဲမှ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ် ✨စည်ကားသိုက်မြိုက်စွာ ကျင်းပမယ့် "Tastes of the Gol...
23/07/2026

Tastes of the Golden Land 2026" ပွဲမှ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ် ✨

စည်ကားသိုက်မြိုက်စွာ ကျင်းပမယ့် "Tastes of the Golden Land 2026" ပြပွဲကြီးမှာ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) မှလည်း အတူတကွ ရှိနေမှာဖြစ်လို့ မိတ်ဆွေများအားလုံး လာရောက်လေ့လာကြဖို့ နွေးထွေးစွာ ဖိတ်ကြား အပ်ပါသည်။

📍 ပွဲကျင်းပမည့်နေရာ - YCC Hall, Yangon
📅 ရက်စွဲ - (25-26 July)
🏷️ Booth နံပါတ် - J2

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (သရေခေတ္တရာ - ပြည်ဇုံ) ၏ (၃) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ညစာစာ...
20/07/2026

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (သရေခေတ္တရာ - ပြည်ဇုံ) ၏ (၃) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ညစာစားပွဲ ကျင်းပ

​ပြည်၊ ဇူလိုင် ၂၀

​မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ သရေခေတ္တရာ (ပြည်ဇုံ) ၏ (၃) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲကို ဇူလိုင် ၁၅ ရက်က ပြည်မြို့ရှိ Prome Garden Hotel ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

​အဆိုပါ အခမ်းအနားသို့ သရေခေတ္တရာ (ပြည်ဇုံ) အတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ အသင်းဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး အသင်း၏ (၃) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် အနာဂတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

ငွေဆောင်ဟိုတယ်ဇုန်၌ တရုတ်အစားအစာ ချက်ပြုတ်နည်း သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်​ငွေဆောင်၊ ဇူလိုင် ၂၀​ဟိုတယ်နှင့် ခရီးသွားလာရ...
20/07/2026

ငွေဆောင်ဟိုတယ်ဇုန်၌ တရုတ်အစားအစာ ချက်ပြုတ်နည်း သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

​ငွေဆောင်၊ ဇူလိုင် ၂၀

​ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဖူးကျင့် နိုင်ငံတကာဘာသာစကားသင်တန်းကျောင်း (Kunming Vocational University of Science and Technology) တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် တရုတ်အစားအစာ ချက်ပြုတ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကိုဇူလိုင်လ(၁၈)ရက်နံနက် ၉ နာရီက ငွေဆောင်ဟိုတယ်ဇုန်ရှိ ယမုံနာဦးဟိုတယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

​အခမ်းအနားတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်သူဦးက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။

​ထို့နောက် တရုတ်နိုင်ငံ ကူမင်း သိပ္ပံနှင့်နည်းပညာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ တက္ကသိုလ်မှ နိုင်ငံတော်အဆင့် စားဖိုမှူး သင်တန်းနည်းပြ Mr. Feng Jian Lin (ဖုန်းကျန့်လင်) က အမှတ်တရ စကားပြောကြားခဲ့ပါသည်။ယင်းနောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းနည်းပြများအား ကျေးဇူးတင်လွှာ ပေးအပ်ခဲ့ပြီး၊ ငွေဆောင်ဟိုတယ်ဇုန် ဟိုတယ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးလှိုင်မွန်နှင့် ကမ်းခြေလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်အောင်လင်းတို့က သင်တန်းနည်းပြများအား ဒေသထွက် အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

17/07/2026
ငွေဆောင်ကမ်းခြေ၌ တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ​ငွေဆောင်၊ ဇူလိုင် ၁၄​ဟိုတယ်နှင့်ခရီးသွားလာရေးဝ...
14/07/2026

ငွေဆောင်ကမ်းခြေ၌ တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

​ငွေဆောင်၊ ဇူလိုင် ၁၄

​ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ Kunming Vocational University of Science and Technology နှင့် ဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို(ဇူလိုင် ၁၃ ရက်) နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်ဟိုတယ်ဇုန်ရှိ ယမုံနာဦးဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်စန်းချစ်က သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံးမှ ဖွင့်လှစ်ခဲ့သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ၏ မှတ်တမ်းတင် Video Clip အား ပြသခဲ့ပြီး၊ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ငွေဆောင်ဇုန်) အတွင်းရေးမှူး ဦးလှိုင်မွန်၊
ကမ်းခြေလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင် ဟိုတယ် General Manager (GM) မန်နေဂျာများ၊
သင်တန်းသား/သင်တန်းသူ (၇၃) ဦး အပါအဝင် စုစုပေါင်း ဧည့်သည်တော် (၁၀၇) ဦး တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

“Training Fair” (မြန်မာ့အလုပ်အကိုင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားခြင်းဆိုင်ရာအခွင့်အလမ်းများ ပြပွဲ) ကျင်းပ၊ မြန်မာနိုင်ငံ...
14/07/2026

“Training Fair” (မြန်မာ့အလုပ်အကိုင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားခြင်းဆိုင်ရာအခွင့်အလမ်းများ ပြပွဲ) ကျင်းပ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်

​ရန်ကုန်၊ ဇူလိုင် ၁၄

​အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် “Training Fair” (မြန်မာ့အလုပ်အကိုင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားခြင်းဆိုင်ရာ အခွင့်အလမ်းများ ပြပွဲအခမ်းအနား) ကို ဇူလိုင်လ ၁၂ ရက် (တနင်္ဂနွေနေ့) က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းRecreation Centre ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

​အဆိုပါပြပွဲကို နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ရက် ၁၀၀ စီမံချက်အရ လူငယ်လူရွယ်များနှင့် အလုပ်အကိုင်ရှာဖွေနေသူများအတွက် သင်တန်းများ တက်ရောက်နိုင်မည့် အခွင့်အလမ်းများကို သိရှိနိုင်စေရန်၊ သင်တန်းကျောင်းများနှင့် သင်တန်းတက်ရောက်လိုသူများအကြား တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ရန်၊ လုပ်ငန်းခွင်လိုအပ်ချက်များနှင့် ကိုက်ညီသည့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ရန်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
ယင်းပြပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းလင်းသောင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးမင်းအောင်ကျော်နှင့် တွဲဖက်ဘဏ္ဍာရေးမှူး ဦးအောင်သန်းတို့တက်ရောက်ခဲ့ကြပြီး ပြပွဲအတွင်း ခင်းကျင်းပြသထားသည့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
သတင်းစဉ်

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကျင်းပဇူလိုင် ၁၂အမျိုးသားခရီးသွား...
12/07/2026

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကျင်းပ
ဇူလိုင် ၁၂
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ(၉)ရက်၊နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိ ပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဌဦးသိန်းဝင်းတို့တက်‌ေရာက်ခဲ့ကြပြီး၊တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်‌ ရောက်ခဲ့ကြပါသည်။

ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါ်နန်းနီနီအေးက ယနေ့ အစည်းအဝေးကျင်းပသည့် ရည်ရွယ်ချက်မှာ ပြီးခဲ့သည့် (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးမှ ထွက်ပေါ်လာသည့် ဆွေးနွေးတင်ပြချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေ များကိုသိရှိသုံးသပ်နိုင်ရန်နှင့် မိမိတို့တာဝန်ယူနေသည့် အစိုးရကာလအတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို အခြားနိုင်ငံများနည်းတူ ထိထိရောက်ရောက် ပြန်လည်ဖွံ့ဖြိုးတိုး တက်စေရန်အတွက် လုပ်ငန်းစဉ်များကို ဆွေးနွေးဖော်ထုတ်နိုင်ရန်စသဖြင့်
ပြောကြားပါသည်။ထို့နောက်အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဒုတိယ ဥက္ကဋ္ဌ ကိုယ်စားလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ၏ လက်ရှိအခြေအနေများ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး တင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဗဟိုကော်မတီ(၁/၂၀၂၅) ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ဆောင်ရွက်ဆဲကိစ္စရပ် များနှင့် ဗဟိုကော်မတီသို့ တင်သွင်းလာသည့် အမှာစာများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

ရန်ကုန်မြို့၌ Gastronomy Tourism မြှင့်တင်ရန် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း ဖွင့်လှစ်ရန်ကုန်၊ ဇူလိုင် ၈​မြန်မာနိုင်ငံ...
08/07/2026

ရန်ကုန်မြို့၌ Gastronomy Tourism မြှင့်တင်ရန် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း ဖွင့်လှစ်
ရန်ကုန်၊ ဇူလိုင် ၈
​မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း (Gastronomy Tourism) ကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၆)ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗိုလ်ဆွန်ပက်လမ်းရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုံ) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Kunming Vocational University of Science and Technology တို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်ခြင်းဖြစ်သည်။အဆိုပါသင်တန်းဖွင့်ပွဲအခမ်းသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုးများနှင့်တာဝန်ရှိသူများ၊မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရန်ကုန်ဇုန်)မှ ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းအုပ်အောင်ပိုင်နှင့် တွဲဖက်အတွင်းရေးမှူး ဦးသန့်နိုင်ထွန်း၊
အသင်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Kunming Vocational University of Science and Technology မှ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။
သင်တန်းဖွင့်ပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင်က အဖွင့်အမှာစကား ပြောကြားရာ၌ တရုတ်ဟင်းလျာများကို နည်းစနစ်တကျ ချက်ပြုတ်တတ်စေပြီး မူရင်းအရသာမပျက် အဆင့်မီဝန်ဆောင်မှုပေးနိုင်မည့် အရည်အသွေးမြင့် ပညာရှင်များ ပေါ်ထွက်လာစေရန်။
မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်ခရီးသွားဧည့်သည်များကို အစားအသောက်ပိုင်းဖြင့် စိတ်ကျေနပ်မှုပေးကာ မြန်မာ့ခရီးသွားဈေးကွက်ကို မြှင့်တင်ရန်။Gastronomy Tourism သည် ခရီးစဉ်ဒေသရွေးချယ်မှု၏ အဓိကမောင်းနှင်အားဖြစ်သဖြင့် မိမိတို့ဒေသ၏ ရိုးရာချက်ပြုတ်နည်းများကို တရုတ်စားဖိုမှူးကြီးများအား ပြန်လည်မျှဝေကာ အစားအသောက်ယဉ်ကျေးမှုကို အပြန်အလှန် ဖလှယ်မြှင့်တင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၂) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁) ပတ် ကြာမြင့်မည်ဖြစ်သည်။
အလားတူ တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းများကို ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် စတင်ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ကာ၊ ဆက်လက်၍ ဇူလိုင်လအတွင်း ပြင်ဦးလွင်၊ တောင်ကြီးနှင့် ငွေဆောင် ဒေသများတွင်လည်း ထပ်မံဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

“ဟိုတယ်သမားတို့ရဲ့ လက်ဖက်ရည်ကြမ်းဝိုင်း” (Talk Show) အွန်လိုင်းဆွေးနွေးပွဲ (၄) ကြိမ်မြောက်အထိ အောင်မြင်စွာကျင်းပပြီးစီး​...
08/07/2026

“ဟိုတယ်သမားတို့ရဲ့ လက်ဖက်ရည်ကြမ်းဝိုင်း” (Talk Show) အွန်လိုင်းဆွေးနွေးပွဲ (၄) ကြိမ်မြောက်အထိ အောင်မြင်စွာကျင်းပပြီးစီး

​ရန်ကုန်၊ ဇူလိုင်၈

​မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ အသင်းသားရေးရာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် “ဟိုတယ်သမားတို့ရဲ့ လက်ဖက်ရည်ကြမ်းဝိုင်း” (Talk Show) အွန်လိုင်းဆွေးနွေးပွဲများကို Zoom Application မှတစ်ဆင့် ပထမအကြိမ်မှ စတုတ္ထအကြိမ်အထိ စုစုပေါင်း (၄) ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

​အဆိုပါ Talk Show ဆွေးနွေးပွဲများကို ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ဆောင်မှုအပိုင်းဆိုင်ရာ အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး အကြိမ်အလိုက် ဆွေးနွေးပွဲများကို အောက်ပါအတိုင်း ကျင်းပခဲ့ကြသည်။
ပထမအကြိမ်ဆွေးနွေးပွဲကို (၇-၂-၂၀၂၆) ရက်၊ စနေနေ့ မွန်းလွဲ (၂) နာရီတွင် “First Impression Matter: The Art of Foundational Hospitality Service” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ဆွေးနွေးပွဲဦးဆောင်သူများအဖြစ် ဦးအောင်စန်းကြိုင်၊ ဦးအောင်ဇော်ဇော်ဝင်း၊ ဒေါ်ကေသီနိုင်နှင့် ဦးထွန်းဝင်းလှိုင် @ William တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး စိတ်ပါဝင်စားသည့် အလုပ်အမှုဆောင်များ၊ ဟိုတယ်ဝန်ထမ်းများနှင့် တက်ရောက်သူ စုစုပေါင်း (၈၆) ဦး ရှိခဲ့သည်။
ဒုတိယအကြိမ်ဆွေးနွေးပွဲကို (၃-၃-၂၀၂၆) ရက်၊ အင်္ဂါနေ့ မွန်းလွဲ (၂) နာရီတွင် “From Complaint to Compliments: Turning Challenges into Opportunity” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဦးအောင်စန်းကြိုင်၊ ဦးအောင်ဇော်ဇော်ဝင်း၊ ဒေါ်ကေသီနိုင်နှင့် ဒေါက်တာနေဇော်အောင်တို့က ကဏ္ဍအလိုက် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြရာ တက်ရောက်သူ စုစုပေါင်း (၃၅) ဦး ရှိခဲ့သည်။
တတိယအကြိမ်ဆွေးနွေးပွဲကို (၁၄-၅-၂၀၂၆) ရက်၊ ကြာသပတေးနေ့ မွန်းလွဲ (၂) နာရီတွင် “High Tech, High Touch: Balancing Technology with Human Connection” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ ဦးအောင်စန်းကြိုင်၊ ဦးအောင်ဇော်ဇော်ဝင်း၊ ဒေါ်မကေသီနိုင်နှင့် ဒေါက်တာစိုးဟိန်း တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်သူ စုစုပေါင်း (၄၅) ဦး ရှိခဲ့သည်။
စတုတ္ထအကြိမ်ဆွေးနွေးပွဲကို (၂၆-၆-၂၀၂၆) ရက်၊ သောကြာနေ့ မွန်းလွဲ (၂) နာရီတွင် “Leading Service Excellence: Cultivating a Culture of Hospitality Service” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲတွင် ဦးအောင်စန်းကြိုင်၊ ဦးအောင်ဇော်ဇော်ဝင်း၊ ဒေါ်ကေသီနိုင်နှင့် ဒေါက်တာသုတအောင် တို့က ပါဝင်ဆွေးနွေးခဲ့ကြကာ ဟိုတယ်ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း (၆၇) ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲများတွင် ဖိတ်ကြားထားသည့် အတွေ့အကြုံရင့် ပညာရှင်များက သတ်မှတ်ခေါင်းစဉ်များအလိုက် ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချနိုင်မည့် အကြောင်းအရာများကို အသေးစိတ် မျှဝေဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသည့် အသင်းအမှုဆောင်များနှင့် ဟိုတယ်ဝန်ထမ်းများကလည်း သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် ဆွေးနွေးပွဲများသို့ စုစုပေါင်း တက်ရောက်သူဦးရေ (၂၃၃) ဦး ရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

Address

Room No. (101), Aye Yeik Thar (1) Street, Shwe Than Lwin Condo, Bahan Township
Yangon

Alerts

Be the first to know and let us send you an email when Myanmar Hoteliers Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share