24/01/2024
အတွေးမှသည် ပန်တိုင်စီ
ဒီအလုပ်လေးလုပ်ဖြစ်ပုံနဲ့ဒီ pageလေး လုပ်ရတဲ့အတွေးနဲ့ဖြစ်ချင်တဲ့ ပန်းတိုင်အကြောင်းလေးပေါ့
သာမန်လူတွေ တစ်နည်းအားဖြင့် Passport ရုံးတွေ မြောက်ဒဂုံပင်လုံရုံးတွေ မရောက်ဘူးရင်မသိကြပေမယ့် တစ်ခါတစ်လေ ရောက်ဖူးရင်တောင် အော်ကြည့်စမ်း များလိုက်တာလို့ ပြောနေပေမယ် နေ့တိုင်းနည်းပါးရောက်ဖူးရင်တော့ တူညီတဲ့အသံတစ်သံ ထွက်လာလိမ့်မယ် ငါတို့နိုင်ငံ လူတောင်ကျန်ပါ့မလားပေါ့ ဒါကရောက်ဖူးလို့မြင်လို့ အတွေးပဲရှိသေးတာ သူတို့နဲ့ပက်သက်ရတဲ့ လူတွေရဲ့အတွေးကိုယ်စီက မတူပြန်ဘူး ဘာလို့လဲဆိုတော့ ပါ့စပို့လုပ်တာကစရရင် လုပ်ပေးတဲ့ပွဲစားက နေ့တိုင်းလူများများလာပါစေ ဆုတောင်းနေသလို မကောင်းတဲ့ပွဲစားကလဲ ဘယ်ကောင့်ဂျင်းထည့်ရမလဲ ကျားချောင်းချောင်းနေပြန်ရော ဒါပေမယ့်သူတို့မသိတဲ့နောက်ကွယ်က အဖြစ်မှန်က သူတို့ရမယ် ပွဲစားခက 5သောင်းအပြင်မပိုသလို ပါ့စပို့လုပ်တဲ့ ကုန်ကျငွေကလဲ 5သောင်းအပြင်မကုန်ပါဘူး ဒါပေမယ့်နယ်ကတတ်လာတဲ့ သူတွေရဲ့စာရိတ်က 5သိန်းအထက်မှာရှိကြတယ် တစ်ချို့တွေအဆင်ပြေပေမယ့် တစ်ချို့တွေ အတိုးနဲ့ချေးကြရတယ် ဒါကအစပေါ့ နိုင်ငံခြားဆိုတာဝေလာဝေး စာအုပ်အဆင့်မှာတင် သူတို့ကုန်ကြရပြီ အမှန်တိုင်းဝန်ခံရရင် မိမိဝမ်းရေးအတွက် ပျော်ခဲ့ဘူးပါတယ် ဒါပေမယ့် မိမိအကျိုးဆောင်ခကလွဲရင် မတော်မတရားတော့ မလုပ်ခဲ့ဘူးပါဘူး မှတ်ချက်နော် အရင်ကဈေးတွေနော် အခုပါ့စပို့တစ်ခါလုပ်ဖို့ဆို ဆယ်ဂဏန်းလောက်ကုန်နေကြပါပြီ ကျွန်တော်လဲ မလုပ်တော့ပါဘူး ပထမပိုင်းပေါ့