08/03/2026
Residence North Dagon
Client: Private.
Scope: Architectural Exterior Design, Interior Design and Architectural Design Supervision.
Site Location: Yangon.
Project Duration: 2024 January to 2026 June.
Principal in Charge: Zawko Aung & Devi.
Project Area: ~4,500 sq-ft
Project Architect: Khine Thazin Htut.
Interior Design Team: Khine Thazin Htut.
Structure Design: U Thet Phyo Wai.
Construction: ATY Construction Co.Ltd.
Design Description
'ရိုးရှင်းသော မိသားစုအနားယူရာအိမ်' အဖြစ် အခြေခံ စဥ်းစားထားပါသည်။ မိသားစုအတူ နေထိုင်နိုင်သော နေရာများကို အိမ်တွင်း နှင့်အိမ်ပြင်နေရာများ ( Indoor & Outdoor Spaces) နှင့်အားကောင်းစေရန် စဥ်းစားထားပါသည်။
မြေညီထပ် ဧည့်ခန်း နှင့် တဆက်ထဲ နေရာအတွက် အိမ်ရှေ့ရှိ Outdoor Living Space ၊ အိမ်ဘေးရှိ ထမင်းစားခန်း နှင့် တဆက်စပ်ထဲ Outdoor Dining Space နှင့် ပထမထပ် မိသားစုခန်း Family Room နှင့် Master Bedroom မှထွက်နိုင်သော Outdoor Space များအပြင် အပေါ်ဆုံးထပ် Penthouse တွင် ကျယ်ပြောသော Outdoor Space ကိုထားရှိပြီး မိသားစုအတွက်နားနေရာ ဝေမျှရာနေရာများစွာကို ဖန်တီးထားရှိပါသည်။
Site မှပေးသော သဘာဝလက်ဆောင်ဖြစ်သော ခြံရှေ့မှမြင့်မားသော ပိတောက်ပင်၏ သဘာဝ landscape အလှကို ကျယ်ပြောသောအပေါ်ဆုံးထပ် balcony မှ ရာသီရပ်ဝန်း တလျှောက်လုံး ခံစားရရှိနိုင်ပါသည်။
Architectural Photography by Ko Saw Zaw Zaw(Mdy).