25/08/2021
ကျွန်းလေး မရောင်းဖြစ်ဖူးဆိုတာရယ်။
10 လပိုင်းမှာ ခရီးစဉ်တွေ ပြန်စမယ်ဆိုတာရယ် တင်ပေးတာပါ။
Bay Of Treasure Host ( ဂျိတ်လက်ကမ်းခြေ ) ကျွန်းပတ်ခရီးစဉ်များ
🏥 ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြင့် Covid-19 ရောဂါ ကာကွယ်မှုများကို လုပ်ဆောင်ထားပါသည်။
⛺️ Adventure Trip ကိုစိတ်ဝင်စားပြီး သဘာဝနှင့်ခရီးသွားခြင်းကို နှစ်သက်သော သူငယ်ချင်းတို့ကို Bay Of Treasure Host ( ဂျိတ်လက်ကမ်းခြေ ) မှ ကြိုဆိုလျှက်ရှိပါသည်။
♦️Adventure Trip ဆိုတာဘာလဲ❓
ဒီမှာဖတ်ကြည့်နော် ⬇️⬇️⬇️
https://www.facebook.com/1813363648962305/posts/2073622539603080?sfns=mo
♦️Bay Of Treasure Host ( ဂျိတ်လက်ကမ်းခြေ ) ကဘယ်မှာလဲ ❓
ဂျိတ်လက်ကမ်းခြေက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအုပ်စု၊ ဂျိတ်လက်စံပြကျေးရွာ မှာတည်ရှိပါတယ်။
GPS Location ပါ။ ⬇️⬇️⬇️
Bay Of Treasure Host
https://goo.gl/maps/BHcpbgVKbQT2
ကားလမ်းမရှိသေးတော့ နေရာဘဲကြည့်လို့ရအုံးမှာပါ။ ရှေ့နှစ်တော့ ကမ်းခြေပတ်လမ်းပေါက်ပါပြီ။ အခုဆိုင်ကယ်တွေနဲ့ သွားလို့ရနေပါပြီ။
♦️ဂျိတ်လက်ကမ်းခြေ ကိုဘယ်လိုသွားရမလဲ ❓
ချောင်းသာကနေ ၁၇ မိုင်ဝေးတဲ့နေရာမှာ ရှိပါတယ်။
🚗ချောင်းသာမှ ကျောက်မောင်နှမလမ်းအတိုင်း သဘော့ကန်ဆိပ်ကမ်းအထိ ကား ၁ နာရီစီးပြီး 🚤 လှေ ၄၅ မိနစ် ( Speed Boat မိနစ် ၂၀ ) စီးပြီးရင်ရောက်ပါပြီ။
♥️ဘယ်နည်းနဲ့မဆို Bay Of Treasure Host ( ဂျိတ်လက်ကမ်းခြေ ) ကိုရောက်အောင်လာမယ်ဆိုရင် တစ်ဦးအတွက် စားစရိတ်နဲ့ တည်းခိုစရိတ် တစ်ရက်စာ 30000/- ပါ။♥️
Keto Package လဲ 30000/- နဲ့ဘဲ စီစဉ်ထားပါတယ်။
♦️Bay Of Treasure Host ရဲ့ Tour Plan
Day 1️⃣
🕘 ည ၉ နာရီနှင့် ၁၁ နာရီ အတွင်း ဧည့်သည်တို့၏ အိမ်တိုင်ရာရောက် ကားများဖြင့်ကြိုပြီး ည ၁၁ နာရီတွင် ခရီးစဉ်စတင်ပါမည်။
လမ်းတွင် အဆာပြေသုံးဆောင်နိုင်ရန်အတွက် ပြည်ကြီးမဏ္ဍိုင်စားသောက်ဆိုင်တွင် ခေတ္တရပ်နားပြီး မနက် ၅ နာရီခန့်တွင် ချောင်းသာသို့ ရောက်ရှိပါမည်။
🕔 ချောင်းသာမှတဆင့် ရွှေသောင်ယံမြို့သို့ ခရီးဆက်ပါမယ်။ သဘော့ကန်ဆိပ်ကမ်းသို့ မိနစ် (၃၀) ခန့် ခရီးဆက်ပါမယ်။
🚤 သဘောကန်ဆိပ်ကမ်းတွင် အသင့်စောင့်ကြိုနေသော Fiber Boat နှင့် ၄၅ မိနစ်ခန့် ( Speed Boat မိနစ် ၃၀ ) စီးပြီးရင် Bay Of Treasure Host ( ဂျိတ်လက်ကမ်းခြေ ) ကိုရောက်ပါပြီ။
🍜 အသင့်ပြင်ဆင်ထားသော မနက်စာကို သုံးဆောင်ပြီး ကျွန်းပတ်ခရီးစဉ်စတင်ပါမည်။
🕧 နေ့လည် ၁၂ နာရီတွင် နေ့လည်စာအဖြစ် ကိုတံငါရဲ့ဖက်ထမင်းဖြင့် ဧည့်ခံ ကျွေးမွေးပြီး ခေတ္တအနားယူပြီးနောက် Bay Of Treasure Host တည်ရှိရာ ဇီးဂျိုင်ကမ်းခြေတွင် ညနေဆည်းဆာ နေဝင်ချိန် အလှကို ကြည့်ရှုပြီး အပန်းဖြေပါမည်။
🕕 ညနေ ၆ နာရီတွင် ညစာဖြင့် ဧည့်ခံကျွေးမွေးပြီး အိပ်စက်အနားယူပါမည်။
Day 2️⃣ (၁ ညအိပ် ၂ ရက် ခရီးစဉ်အတွက်)
🕖 မနက် ၇ နာရီတွင် မနက်စာသုံးဆောင်ပြီး အနီးနားကမ်းခြေများ (OR) ဂျိတ်လက်ကမ်းခြေ၏ အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ပါမည်။
🕧 နေ့လည် ၁၂ နာရီတွင် နေ့လည်စာသုံးဆောင်ပြီးနောက် အိမ်ပြန်ခရီးအတွက် အသင့်စီစဉ်ထားသောလှေဖြင့် သဘော့ကန်ဆိပ်ကမ်းသို့ ပြန်လည်ပို့ဆောင်ပေးပြီး၊ အသင့်စောင့်ကြိုနေသော ကားဖြင့် အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးပါမည်။ (အခါကြီး၊ ရက်ကြီးများတွင်ညစုရပ်သို့သာ ပို့ဆောင်ပေးပါမည်။)
Day 2️⃣
🕖 မနက် ၇ နာရီတွင် မနက်စာသုံးဆောင်ပြီး အနီးနားကမ်းခြေများရှိ Snorkeling Site များသို့ သွားရောက်၍ ရေအောက် သဘာဝ အလှတရားများကို ကြည့်ရှုပါမည်။
🕧 နေ့လည် ၁၂ နာရီတွင် နေ့လည်စာစားသောက်ပြီးနောက် ရေတိုက်စားထားသော သဘာဝကျောက်ဆောင်ကြီးများနှင့် ငွေဗျိုင်းဖြူတို့ အိပ်စက်နားခိုရာ ဗျိုင်းကျွန်း သို့သွားရောက်လည်ပတ်ပါမည်။
🕕ညနေ ၆ နာရီတွင် ညနေစာဖြင့် ဧည့်ခံ ကျွေးမွေးပြီး အိပ်စက် အနားယူပါမည်။
Day 3️⃣
🕖 မနက် ၇ နာရီတွင် မနက်စာသုံးဆောင်ပြီး အနီးနားကမ်းခြေများ (OR) ဂျိတ်လက်ကမ်းခြေ၏ အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ပါမည်။
🕧 နေ့လည် ၁၂ နာရီတွင် နေ့လည်စာသုံးဆောင်ပြီးနောက် အိမ်ပြန်ခရီးအတွက် အသင့်စီစဉ်ထားသောလှေဖြင့် သဘော့ကန်ဆိပ်ကမ်းသို့ ပြန်လည်ပို့ဆောင်ပေးပြီး၊ အသင့်စောင့်ကြိုနေသော ကားဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးပါမည်။
♦️Package Plan မှာဘာတွေပါမလဲ ❓
🚌 ရန်ကုန်-ချောင်းသာ-သဘော့ကန် ၇ ယောက်စီး၊ ၁၃ ယောက်စီး၊ ၁၅ ယောက်စီး၊ အယောက် ၃၀ စီး ကားခ များ၊ ( အခါကြီး ရက်ကြီးတွင် ယာဉ်လိုင်ပေါ်တင်မူတည်ပြီး ဈေးအပြောင်းအလဲ ရှိနိုင်ပါသည်။)
🛥 သဘော့ကန် ဆိပ်ကမ်း မှ ဂျိတ်လက် ကမ်းခြေ အထိ လှေ ( Fiber Boat ) ကြို/ပို့၊
🚤 ဂျိတ်လက် ကမ်းခြေ မှ အခြား ကမ်းခြေများနှင့် ကျွန်းများသို့ သွားရောက် လည်ပတ် သောလှေခများ၊
🐠 Snockling အတွက် မျက်မှန်၊ Life Jacket နှင့် အသက်ကယ် ဘောကွင်းများ၊
🥘 သန့်ရှင်းလတ်ဆတ်သော ပင်လယ်စာ ဖြင့် Breakfast, Lunch & Dinner.
⛺️ တည်းခိုရန် Bungalow, Double Layer Tent, Luxury Bell Tent များ ( No Aircon ),
💡 ၂၄ နာရီ Solar လျှပ်စစ်မီး၊
💊 ကျန်းမာရေး စောင့်ရှောက်မှု၊
🚀 Drone ( DJI P4 Pro Plus ),
🐟 ရေအောက် Camera ( GoPro ),
📷 Professional Camera များနှင့် ဧည့်သည်များအား မှတ်တမ်းတင်ပေးခြင်းများ၊
စသည်တို့ပါဝင်ပါမည်။
🛑🚨ကျွန်တော်တို့ဝန်ဆောင်မှုတွင် သောက်ရေသန့်ဖိုးအပါအဝင် မည်သည့်အဖိုးအခကိုမှ ထပ်မံတောင်းခံမည် မဟုတ်ပါ။ 🚨🛑
🥃🍾 ပုလင်းကတော့ ကိုယ်တိုင်ယူဆောင်ခဲ့ပါ။
♦️ဂျိတ်လက်ကမ်းခြေရောက်ရင် ဘယ်တွေသွားရမလဲ ❓
ဘယ်သူနဲ့ဘဲလာလာ ဒီနေရာတွေကို သွားဖြစ်အောင်သွားပါ။
ကျွန်း (၃) ကျွန်း 🏝
1️⃣ ပန်းတမော့ကျွန်း
2️⃣ မျောက်လေပွေကျွန်း
3️⃣ ဗျိုင်းကျွန်း
အနီးနား ကမ်းခြေများ 🏖
1️⃣ အောင်ဆုပန်စေတီနှင့် ရွာတံတား
2️⃣ ဖော့မော် အုန်းခင်းနှင့် ကမ်းခြေ
3️⃣ ဂျိုင်ကြီး ကမ်းခြေ
4️⃣ ဂျိတ်လက် ကမ်းခြေ
5️⃣ ပုလ္လင်ငူ ကမ်းခြေ
6️⃣ တောင်နီမော် ကမ်းခြေ
7️⃣ ညောင်ပင်ဂျိုင် ကမ်းခြေ
8️⃣ အိမ်ဂျိုင် ကမ်းခြေ
9️⃣ ဖိုးထိုးဂျိုင် ကမ်းခြေ
🔟 ဇီးဂျိုင်ကမ်းခြေ ( Bay Of Treasure Host ) စသည်ဖြင့် လည်ပတ်စရာ နေရာတွေ စုံလင်လှပါတယ်။
ဂျိတ်လက် ကမ်းခြေကိုရောက်ရင် (၄/၅) ရက်နေမှ နေရာစုံရောက်ပါမယ်။ တစ်ခုနဲ့တစ်ခု မိနစ် အနည်းငယ်စီသာ သွားရတယ်ဆိုပေမယ့် နေရာတွေများလို့ပါ။
♦️Package စျေးနှုန်းတွေက ဘယ်လောက်လဲ ❓
Bungalow OR Double Layer Tent + Fiber Boat Package
၂ ညအိပ် ၃ ရက် ( စရိတ်ငြိမ်း )
ရန်ကုန် ➡️ ဂျိတ်လက် 150000/- + ကားခ
သဘော့ကန် ➡️ ဂျိတ်လက် 150000/-
Luxury Bell Tent 8M + Speed Boat Package
၂ ညအိပ် ၃ ရက် ( စရိတ်ငြိမ်း )
ရန်ကုန် ➡️ ဂျိတ်လက် 240000/- + ကားခ
သဘော့ကန် ➡️ ဂျိတ်လက် 240000/-
🧮 ၁ ရက်တိုး ၁ရက်လျှော့လျှင် ၃၀၀၀၀/- အပေါင်း/အနှုတ်ဘဲဖြစ်ပါမယ်။
♥️ Keto Diet လုပ်နေတဲ့ ဧည့်သည်တွေအတွက် အ အထူး Keto Diet Package Plan ကို ပင်လယ်စာ သီးသန့်ဖြင့် စီစဉ်ထားပါတယ်။ ♥️
😍 ဧည့်သည်တွေရဲ့ Review လေးတွေလဲ ဖတ်စေချင်ပါတယ်။ 😍
သူငယ်ချင်းတို့ သွားမယ်ဆိုရင် 📲📱
09779999099, 09970478282, 09980777003, 09980777011 09973369963 ကို ဆက်သွယ်လိုက်ပါ။
🚨ဧည့်သည်တို့၏ တောင်းဆိုမှု၊ ရာသီဥတု အခြေအနေ၊ ပင်လယ်ဒီရေ အတက်/အကျ ပေါ်မူတည်ပြီး ခရီးစဉ်များ အပြောင်းလဲရှိပါမည်။ 🚨
https://www.facebook.com/thetreasurehostadventureandcampingsite/