Via Myanmar Resort Project 2016/07

Via Myanmar Resort Project 2016/07 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Via Myanmar Resort Project 2016/07, No. 123. First Floor . 43 Street . Botahtaung Township, Yangon.

40% သေချာပြီဒီတခါမြေနေရာကတော့လွန်စွာမှ သဘောကျစရာကောင်းပါတယ် မကြာခင်ထူးခြားပါလိမ့်ခင်ဗျာ
01/09/2016

40% သေချာပြီ
ဒီတခါမြေနေရာကတော့လွန်စွာမှ သဘောကျစရာကောင်းပါတယ် မကြာခင်ထူးခြားပါလိမ့်ခင်ဗျာ

မျှော်လင့်သလိုမဟုတ်သော ခရီး
21/08/2016

မျှော်လင့်သလိုမဟုတ်သော ခရီး

ဒီတပတ်ဒီနေရာ သွားမယ်ဗျာ
21/08/2016

ဒီတပတ်ဒီနေရာ သွားမယ်ဗျာ

31.ရက်နေ့က ဇောင်းတူ ခရီးစဉ်ပါ
21/08/2016

31.ရက်နေ့က ဇောင်းတူ ခရီးစဉ်ပါ

20/08/2016
ကာလာစုံလေးတွေ ဘယ်လိုသဘောရလဲဗျာ
20/08/2016

ကာလာစုံလေးတွေ ဘယ်လိုသဘောရလဲဗျာ

30/07/2016

မြို့ရဲ့အပြင် ရန်ကင်းတောင်ခြေမှာ ရှိတာကြောင့် မြို့ပြအနံ့အသက်တွေကို ခဏတာ ခွာချနိုင်ပြီးအေးမြ လတ်ဆတ်တဲ့ တောတောင်ရနံ့နဲ့အတူ အေးမြလတ်ဆတ်တဲ့ လေကောင်းလေသန့် ကို တဝကြီး ရှုရှိုက်ခွင့် ရစေနိုင်ပါတယ်

26/07/2016

ဒီ Page လေးကို လုပ်ထားတာကြာပါပြီ မြန်မာပြည်တွင်းမှာ ရှိတဲ့ လူသူအရောက်ပေါက်နည်းတဲ့ ကျွန်းတွေ ရေတံခွန်တွေ ကို မှတ်သားထားတာပါ အသေးစိတ်လေ့လာကြည့်ပါ

Myanmar Base Eco Tourism , Myeik , Kayin , Kachin , Chin
Local for Camping Party in Jungle Trip Program
Citizen Only

ဒုတိယ အကြိမ် မြေနေရာရှာဖွေ လေ့လာကြခြင်း24/07/2016ကျနော်တို့ အဖွဲ့လေးကတော့ ဒီ ပြီးခဲ့ အပတ် တနင်္ဂနွေက အမြန်လမ်းဘေး တလျှောက်...
26/07/2016

ဒုတိယ အကြိမ် မြေနေရာရှာဖွေ လေ့လာကြခြင်း
24/07/2016

ကျနော်တို့ အဖွဲ့လေးကတော့ ဒီ ပြီးခဲ့ အပတ် တနင်္ဂနွေက အမြန်လမ်းဘေး တလျှောက် တောင်ကုန်းရယ် သစ်တောရယ် ရေ အိုင်ရယ် ရှိတဲ့နေရာတွေ ကို သွားရောက်လေ့လာခဲ့ကြပါတယ် Resort တခု လုပ်ဖို့ ဆိုတာ မိမိ တည်ဆောင်မဲ့ မြေနေရာ က သိပ်ကို အရေးကြီးပါတယ် ဒါကြောင့် မို့ မြေနေရာ ကို အရင် ရှာဖွေတာပါ

ကျနော်တို့မှာ အားသာချက် က ဘယ်နေရာမဆို ဝင်လေ့လာပြီး အကောင်းဆုံး ဖြစ်နိင်တဲ့နေရာ မြေ အဆင်ပြေတာနဲ့ မြေရာဇဝင်အတိုင်း ဝယ်ယူခြင်း ဌားရမ်းခြင်း အကျိုးတူ လုပ်ခြင်း အစိုးရထံ တင်ပြတောင်းခံခြင်းတွေ ကိုဆက် လက်လုပ်ဆောင်မှာ ဖြစ်ပါတယ် သွားတဲ့နေ့ကတော့ အဖွဲ့ဝင်အင်အား ၈ ဦး ကိုးဦး နဲ့ တပျော်တပါးတည်း အံစာတုံးကား တစီး ဌားရမ်းပြီး သွားကြတာပါ

ပထမ ကားတွေ တယောက်တစီး ဆိုရင် ချိတိဆက်ရတာ ခက်ခဲတာမို့ အခုကြတော့ ကားပေါ်မှာ တစုတစည်းထဲ တိုင်ပင်ပြောဆို ဆွေးနွေးတာပြီး ရှာဖွေနေတာပါ လမ်းတလျှောက် Google map ကိုကြုည့်ပြီး အဆင်ပြေလောက်တဲ့ မြေနေရာရှိရင် ကားကိုရပ် ပြီး မေးမြန်းစုံစမ်းပါတယ် အခုတခေါက်တော့ အဆင်သင့်နိင်တဲ့ မြေနေရာ ၂ ခုလောက်တွေ့ခဲ့ပါတယ် အမြန်လမ်းဘေးဆိုတော့ လမ်းသာပြီး သွားလာရ လွယ်ကူပါတယ်

ဘောနီဆည် - ဘောနက်ကြီး ဆည် - နဲ့ အမြန်လမ်းဘေးက အင်းတွေအိုင်ကြီးတွေ ဘေးကို ခြေဆန့်ခဲတာပါ ဒေသခံတွေ ဆီက မြေရာဇဝင်တွေ သစ်တောပိုင် စည်ပင်ပိုင် စစ်တပ်ပိုင် ရာဘာခြံ BOT စနစ်တွေ ကျုးကျော် အကြောင်းတွေ မြေကွက်ပေါက်ဈေးတွေ နဲ့ အခြေနေ အရပ်ရပ်ကို သိခဲ့ပါတယ်
မှော်ဘီ က မိတ်ဆွေ တွေ ရဲ့ အော်ဂန်းနစ်ခြံ တွေ ကိုလဲ ရောက်ခဲ့ပါတယ် မိုးတွေရွာပြေးကြ လွားကြ တောဝက်သား ဂျေသားနဲ့ ထမင်းတွေ စားကြ စကြ နောက်ကျ နဲ့ ပျော်စရာပါ

ကျနော်တို့ လိုအပ်နေတဲ့မြေနေရာဟာ

၁ သွားလမ်းလာလမ်းသာရမယ်
၂ သစ်ပင်ကြီး သစ်ရိပ်ဝါးရိပ်ရှိရမယ်
၃ ရေစပ်မှာ ဝါးတဲ တွေ ထိုးနိင်ဖို့ ဆည်သို့မဟုတ်ကျယ်ဝန်းတဲ့ အင်းတွေအိုင်တွေ ရှိရမယ်
၎ စမ်းချောင်းလေးတွေ ရှိမယ်
၅ တောင်ကုန်းတွေ လှိုတွေ ရှိရမယ်
၆ ပြုပြင်လို့လွယ်ကူတဲ့နေရာ ဖြစ်ရမယ်
၇ ရန်ကုန်နဲ့ မိုင် ၃၀ - ၄၀ အတွင်းဖြစ်ရမယ်
၈ မြေဧက အနည်းဆုံး ၃၀ဧက ရှိရမယ်
၉ ပတ်ဝန်းကျင်ဟာ မြို့ရွာနဲ့ မလှမ်းမကမ်း မှာရှိပီး သာယာ ရမယ်
၁၀ ဝယ်ယူရန်ဆိုရင်လည်း တဧက ကို ၁၀၀ ဝန်းကျင်ရှိရမယ်

ဒီလိုအချက်တွေ ကိုဗဟိုပြုပြီးရှာဖွေတာပါ အခုဆိုရင် အဆင်ပြေနိင်တဲ့ ၃ နေရာလောက်တော့ ရထားပီးပါပြီ ဒီလို နေရာတွေက လှည်းကူး နဲ့ အမြန်လမ်းတဝိုက်မှာပဲ ရှိပါတယ်
အဲတာမို့ ရှာဖွေတာပါ ပူးပေါင်းကူညီသူတွေ သတင်းအချက်အလက်တွေလဲ ရပါတယ် ပါဝင်တဲ့ သူတွေ အားလုံးဟာ စီးပွားရေးလုပ်ငန်းရှင်တွေ ကြီးဖြစ်ပါတယ် မအားတဲ့ကြားက အချိန်ကုန်ခံ ပြီး ရှာဖွေ တယ်ဆိုတာ အကျိုးမြတ် ငွေကြေး တခု ဆိုတာထက် အိမ်မက် တခုကိုရှာဖွေနေတာပါ

အပေါ် က အချက်နဲ့ ကိုက်ညီတဲ့နေရာရှိရင်ပြောပေးပါအုံးခင်ဗျာ
ကျနော်တို့တွေ ဆွေးနွေးတိုင်ပင်ဖို့ Group လေး လုပ်ထားပါတယ် လေ့လာလို့ရပါတယ် ခင်ဗျာ

ကိုနေစေး
Yangon Near Resort Project Group

22/07/2016

အများပိုင် ကုမ္ပဏီ နဲ့ နိင်ငံသားရင်းနှီးမြုပ်နှံမှု

ကျွန်တော်အနေနဲ့ ဒီရက်ပိုင်း အများပိုင် Resort လေးတခုအတွက် မြေနေရာသွားကြည့်လိုက် ခွင့်ပြု ချက်တွေ လုပ်ထုံးလုပ်နည်းလေးတွေ သွားရှာရင် အသိလေးတိုးခဲ့ရတာလေး ကို မျှဝေချင်လို့ပါ

အများပိုင် Company ဆိုတာကတော့ ကျနော်တို့ ရိုးရိုး Company တွေ လို အစုစပ် တွေ အချိုးကျတွေ ထည်ပြီးတည်ထောင်တဲ့ Company မဟုတ်ပါဘူး ရိုးရိုးတွေးပြရရင် Business Group တွေပါ လုပ်ငန်းတွေ များစွာ လုပ်ပါတယ် ဒီနေရာမှာ အများပိုင် Company ဆိုတာဟာ

လုပ်ငန်းကို လည်ပတ်တဲ့ Company အဖွဲ့ နဲ့ ရှယ်ယာရှင်များဆိုတာရှိပါတယ် လည်ပတ်တဲ့ Company ဟာ ယုံကြည်ရနိင်တဲ့ သူတွေ Business လုပ်ငန်း ပရိုပိုဆယ်တွေ ကိုချပြီး ရှယ်ယာတွေ ကိုထုတ်ရောင်းပါတယ် အစုရှယ်ယာတခုကို သတ်မှတ် နူန်းထား အလိုက်ပေါ့ တသိန်းကနေ သိန်း ၁၀၀ ထိရှိပါတယ် Company အနေနဲ့ CEO ကစောင့်ကြည့်ပြီး CFO က စာရင်းပိုင်းတာဝန်ခံ ရှယ်ယာရှင်တွေ ကိုမျှဝေပေးတာပါ

ကျနော်တို့ အခု Resort လုပ်ဖြစ်ရင် အများပိုင် Company အနေနဲ့ သွားမှာဖြစ်ပါတယ် CEO က လုပ်ငန်း Development အတွက် တာဝန်အရှိဆုံးလူဖြစ်ပါတယ် ရှယ်ယာရှင်တွေ အနေနဲ့ ရှယ်ယာပိုင်ဆိုင်မှု ပေါ်မှုတည်ပြီး လုပ်ငန်း အသစ်တွေအတွက်အ ကြံပြု လို့ ရပါတယ် လုပ်ငန်း အကောင်ထည်ဖော်တဲ့ လုပ်ငန်း အုပ်စု ဟာ CEO - GM - ကနေ အဆင့်ဆင် လစာငွေ ရရှိပါတယ် Company ရဲ့ လုပ်ပိုင် ခွင့်နဲ့ ပတ်သက်ပြီး ရှယ်ယာရှင်တွေ က ဝင်ရောင်စွက်ဖက် ခွင့်သိပ်မရှိပါဘူး Board Of Director တွေ တော့ ရှိပါသေးတယ် ဒီ အချက်တွေဟာ အများပိုင် Company စံနူန်းတွေ ရဲ့ ဥပဒေ ပေါ်မူတည်ပြီး အမျိုးမျိုးကွဲ ပြားပါတယ်

ကျနော်တို့ အနေနဲ့ လုပ်ငန်း လုပ်ကွက် သစ်တခု စချင်လို့ ငွေ မလောက်ရင် မများ ပိုင် အနေနဲ့ သွားနိင်ပါတယ် ဦးဆောင်မယ့်သူဟာ ပွင့်လင်းမြင်သာမှု ရှိရပါမယ် ရှယ်ယာရှင် တဝက်လောက်က ယုံကြည်ထိုင်သူ ဖြစ်ရပါမယ် ဒီ အချက်တွေ ရှိမှ သာ အများ ပိုင် Company တခုဟာ အောင်မြင်နိင်ပါတယ်
အခုဆိုရင် Yangon Stock Exchange တွေပေါ်လာပြီ ဆိုတော့
သူတို့ YSX က သတ်မှတ်စည်းကမ်းများ ငွေကြေးအမောင့် ယုံကြည်ရမှု ပွင့်လင်းမြင်သာမှု ရှိမယ်ဆိုရင်ဝင်ခွင့်ပေးပါတယ် ဒီမှာတင် ကိုယ်နဲ့ မသိသူတွေ ကလည်း ဝင်လို့ ရသွားပါပြီ မိမိ လုပ်ငန်း အကျိုးအမြတ်ကို ကစားကြတဲ့ သဘောပါ ဒီ အဆင့်ရောက်ပြီဆိုရင်တော့ company ဟာတော်တော်လေး အခြေခိုင်ပြီး အောင်မြင် ဖို့ ရာနူန်းများသွားပါပြီ

နောက်ထပ် တခုက လုပ်ငန်းအသစ်တွေ အကောင်ထည်ဖော်ရာမှာ ခရိုနီတွေ ပဲ ရရ နေတယ် လို့ ဆိုပါတယ် ဟုတ်ပါတယ် သူတို့ ပဲ ရပါတယ် သူတို့ ရတယ်ဆိုတာ အရပ်ထဲကလို ဂွင်ရိုက် သလိုတော့ မဟုတ်ပါဘူး စီးပွားရေးလုပ်ငန်းစု တွေဖြစ်ပြီး ရင်းနှီးမြုပ် နှံ မှု အတိုင်းတာ များပြီး တကယ်ကို အကောင်ထည်ဖော်နိင်တာ ဖြစ်လို့ပါ နောက်တချက်က အစိုးရ က ချပေးတယ် ဆိုတာထက် Company ကြီးတွေက လုပ်ပိုင် ခွင့်တောင်းခံတာ ဖြစ်ပါတယ်

၂၀၀၃ မှ ထုတ်ထားတဲ့ နိင်ငံသားရင်းမြုပ်နှံမှု ဥပဒေ ဆိုတာ ဖတ်တဲ့သူနည်းပါတယ် အခု ကိုယ်က လုပ်ငန်းသစ်တခု အတွက် အစိုးရနဲ့ ပူးပေါင်းမယ် BOT ဌားရမ်းမယ်ဆိုရင် ဒီ ဥပဒေ အရ မြန်မာ့ရင်းနှီးမြုပ်နှံ မှု ကော်မရှင် ဆီမှာ တင်ပြ တောင်းခံ ရပါမယ် MIC ကနေ ခွင့်ပြု ချက်ရတာနဲ့ အစိုးရ အဆင့်ဆင့်ထံတင်ပြ စာချုပ်ပြီး လုပ်ငန်း တည်ထောင် လုပ်ပိုင်ခွင့် ကိုရရှိတာပါ ရင်းနှီးမြုပ် နှံမှု ဥပဒေ မှာ နိင်ငံသား နဲ့ နိင်ငံ ခြားသား ကွဲပါသေးတယ် နိင်ငံသား ပိုင်ဆိုရင် လုပ်ပိုင်ခွင်နဲ့ နူန်းထားတွေ ကွာဟ ပါတယ် နိင်ငံသားက ပိုသက်သာပါတယ်

လုပ်ငန်းတခုကို တည်ထောင်မယ် အများပိုင်လုပ်မယ် Business Group ကြီးတခုကို သွားမယ်ဆို ဒီအချက်တွေ သိရမှာဖြစ်ပါတယ် ဒါတွေက သိပ်ကြီးကျယ်လို့ တပိုင်တနိင်သမားတွေ အတွက်ရော ရှိရဲ့လားဆိုရင် ဟုတ်ကဲ့ ရှိပါသေးတယ် အခုဆို SME အသေးစား စက်မှုလက်မှု လုပ်ငန်းတွေ အနေနဲ့ တည်ထောင်ပြီး အခွန်ကင်းလွတ်ခွင့် နဲ့ အစိုးရ ဆီကနေ တောင်းခံ နိင်တာတွေရှိပါတယ် လုပ်ငန်းပေါ်မှုတည်ပြီး ပြောင်းသွားမှာ

အခု ပိုအဆင်ပြေတာက အရင်က လိုဂေါက် ရိုက်ပြီး တောင်းစရာမလိုပါ ဥပဒေ လမ်းကြောင်းကတဆင့် ကိုယ်က ဝင်ရောက်နိင်ပါတယ် ဒီ အချက်ဟာ အခုအစိုးရ သစ် လကိထက်မှ မဟုတ်ပါ ၂၀၁၂ ထဲ ကရရှိနေတာ ကြာပါပြီ သေချာ မထုတ်ပြန်တာရယ် မလေ့လာသူတွေများနေလို့ သာဖြစ်ပါတယ် ကိုယ်က စီးပွားရေးအကြောင်းလေ့လာမယ်ဆိုရင် မြန်မာနိင်ငံက ထုတ်တဲ့ ဥပဒေ တွေ ကိုလေ့လာရမှာပါ သတ္တု တွေ ကျောက်မျက်တွေ အရာ အားလုံး လုပ်ကွက် တိုင်းမှာ ဥပဒေ များရှိပါတယ် နည်းနည်းလေ့လာရင်တောင် အကျိုးများမှာပါ

နောက် တချက်က ဌာန ဆိုင်ရာ အခက်ခဲ တွေ အကျပ်တည်းတွေ ကိုဖြေလျော့ ဖို့ နိင်ဖို့ ကုန်သည် အသင်းတွေ နဲ့ ချိတ်ဆက်ပြီး အစိုးရ ကို ညိနိုင်းရပါတယ် အခွန်တခုဟာ များနေမယ် ဆိုရင် စီမံဘဏ္ဍာ ကို ပြောရပါမယ် ဘယ်ကနေ ပြောရလဲ ဆိုရင် တဦးတည်းစကားက ဘောင်မဝင်ပါ ဒါကြောင့်မို့ လုပ်ငန်းတူသူတွေ စုထားတဲ့ အသင်းအဖွဲ့တွေက တင်ပြ ညိနိုင်းရပါတယ် UmFcci မှာတော့ ဒီလိုပြသနာတွေ ကိုဖြေရှင်းနိင်ပါတယ် မြန်မာနိင်ငံက စီးပွားရေး လုပ်ငန်းရှင်တယောက်ဟာ အခွန်ဆောင်ထားသူ ဖြစ်ကြောင့် အစိုးရဟာ လိုက်လျော ဖြေလျော့ပေးရရပါတယ်

တခါတလေကျနော် တို့ဟာ လုပ်ပိုင်ခွင့်တွေ အစိုးရ လုပ်ထုံးလုပ်နည်းတွေ က ကိုယ်မစွမ်း နိင်ဘူး လို့ ထင်ပါတယ်မှားပါတယ် ကျနော် ပြောဆို တင်ပြ ခွင့် တောင်းခံ လုပ်ပိုင် ခွင့်ရှိပါတယ် အခုဆို ကျနော်တို့ အပန်းဖြေ စခန်းတည်ဆောက် ဖို့ လုပ်နေတဲ့ အပိုင်းကို ပွင့်လင်းမြင်သာစွာ ချပြပြီး ဖြစ်ပါတယ် ကျနော်တို့ အနေနဲ့ အများပိုင် တခုဖြစ်ဖို့ ရည်မှန်းချက် ထားတာမို့ အခု ထဲကကျနော် တည်ဆောက်နေပုံ ကို ပွင့်လင်းမြင်သာစွာ ချပြ အသိပေးတာဖြစ်ပါတယ် လုပ်ငန်းစတင် လည်ပတ် တာနဲ့ ရှယ်ယာ ပါဝင်လိုသူများကို ဥပဒေ နဲ့ အညီ လက်ခံ သွားမှာပါ ကျနော်တို့ အဖွဲ့ ကိုစောင့်ကြည့်စေချင်ပါတယ် တယောက်အာနဲ့ မစွမ်းရင် အများအားနဲ့ စွမ်းပါတယ် ခင်ဗျာ

ကိုနေစေး
Yangon near Resort Project 2016

18/07/2016

မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းလေးခုတွင် နိုင်ငံတကာအဆင့်မီဘန်ဂလိုများ မြိတ်အများပိုင်ကော်ပိုရေးရှင်း ဆောက်လုပ်ရန်အဆိုပြုတင်ပြ
========================================
ယဉ်ယဉ်လှ
ရန်ကုန် ဇန်နဝါရီ ၂၄
========================================

မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းလေးခု တွင် နိုင်ငံတကာအဆင့်မီဘန်ဂလို များဆောက်လုပ်သွားရန် အဆိုပြု တင်ပြထားပြီးဖြစ်ကြောင်း ဒါရိုက် တာအဖွဲ့ဝင် ဦးစိုးစိုးက ပြည်ထောင်စု နေ့စဉ်သို့ ပြောသည်။

အဆိုပါ အပန်းဖြေစခန်းများ တည်ဆောက် မည့် ကျွန်းများမှာ ကွမ်းသီးကျွန်း (ကဘူဇာကျွန်း)၊ အရှေ့စူဠာကျွန်း၊ လငန်းကျွန်းစုနှင့် တနင်္သာရီကျွန်း တို့ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေ သကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာ ရေးဝန်ကြီးဦးအောင်ကျော်ကျော်ဦး က ပြည်ထောင်စုနေ့စဉ်သို့ ပြော သည်။

''အဆိုပြု တင်ပြထားပါသေး တယ်။ တည်ဆောက်မယ့်နေရာမှာ ဒေသခံတွေရဲ့ ထိခိုက်မှုရှိမရှိ၊ ပြီး တော့ သဘာဝပတ်ဝန်းကျင်ထိခိုက် မှုမရှိအောင်လုပ်ရမယ်။ ဂေဟစနစ် မပျက်စီးရဘူး။ သစ်တောထိန်းသိမ်း ရေးနယ်မြေတွေနဲ့လွတ်ကင်းရမယ်။ ဒီအပေါ်မှာ ကြည့်ပြီးခွင့်ပြုပေးသွား မှာဖြစ်တယ်။ ထိုအပြင်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေး မယ်ဆိုရင် ဦးစားပေးသွားမယ် ''ဟု စည်ပင်သာယာရေးဝန်ကြီးက ပြောသည်။

ယခုလက်ရှိတွင် အဆိုပါအများ ပိုင်ကုမ္ပဏီမှ ကျွန်းမြေပြင် ကွင်း ဆင်းလေ့လာခြင်းကို ဆောင်ရွက် နေပြီး အခြေအနေများကို တင်ပြပြီး ဖြစ်ကြောင်း ဒါရိုက်တာအဖွဲ့ဝင် ဦးစိုးစိုးကပြောသည်။ ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံရာ၌လည်း မြိတ်-မော တောင်လမ်းပြီးသွားပါက ခရီးသွား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ မည့်အတွက် ကြိုတင်ရင်းနှီးမြှုပ်နှံ လိုခြင်းဖြစ်ကြောင်း ၄င်းကပြော သည်။

လက်ရှိတွင် ရေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တည် ဆောက်ရေးလုပ်ငန်းများ၊ စက်မှု လုပ်ငန်းများ၊ အဆင့်မြင့်အိမ်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်လာ ပြီး မောတောင်နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်ခြင်းနှင့် အတူကုန်သွယ် မှုလုပ်ငန်းများလည်း တိုးတက်လာ နေပြီဖြစ်ကြောင်း သိရသည်။ ထို့ ကြောင့် မြိတ်ဒေသသို့ ကုန်သွယ်မှု လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ ဖြင့် အလည်အပတ်လာရောက်မည့် ဧည့်သည်များအား အပန်းပြေစေရန်၊ ရေမြေတောတောင် ကျွန်းများနှင့် ဂေဟစနစ် မပျက်စီးသေးသည့် သန္တာကျောက်တန်းများ၏ သဘာဝ အလှများကို ကြည့်ရှုခံစားနိုင်စေ ရန်အတွက် ကျွန်းအပန်းဖြေစခန်း များကို မြိတ်အများပိုင်ကော်ပိုရေး ရှင်းလီမိတက်က တည်ဆောက်လို ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်ဦးစိုးစိုးက ပြောသည်။

''အခုကတော့ကွင်းဆင်းကြည့် တဲ့အဆင့်ပါပဲ၊ အဓိကကတော့ရေ ချိုရမယ်၊ ပြီးတော့ မီးမရပေမယ့်လဲ ကိုယ်ပိုင်မီးစက်တွေနဲ့ ဆောင်ရွက် ရင်တော့ရပါတယ်၊ ၂ဝ၁၅လောက် မှာတော့ စတင်ဆောင်ရွက်ဖြစ် မယ်''ဟု ၄င်းကပြောသည်၊၊လက် ရှိတွင် အဆိုပါ ကျွန်းများကို သစ် တောဌာန၊ မြေစာရင်း၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြိတ်အများပိုင် ကော်ပိုရေးရှင်းမှတာဝန်ရှိသူများ က သွားရောက်လေ့လာခဲ့ပြီးဖြစ် ကြောင်းသိရသည်။

ယခုကဲ့သို့ ဟိုတယ်များတည် ဆောက်မည်ဆိုပါက မြေပိုင်ဆိုင်မှု ကသာ အရေးကြီးကြောင်း၊ ထို့ နောက်မှသာ တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ကြီးဌာနတို့ထံသို့ တင် ပြရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာတင်ရွှေ က ပြောသည်။

တည်းခိုခန်း ဆိုရင်တော့ စည်ပင် နဲ့ပြီးပါတယ်။ သို့သော် နိုင်ငံခြား သား လက်ခံမယ်ဆိုရင်တော့ ဟို တယ်/ ခရီးကို တင်ပြရမှာဖြစ်တယ်၊ ဟိုတယ်/ခရီး အနေနဲ့ကလဲ မြန်မြန် ဆန်ဆန်နဲ့ ဆောင်ရွက်ပေးသွားမှာ ပါ။ တကယ်လဲ လိုအပ်နေတာဖြစ် တယ်''ဟု ဒုတိယဝန်ကြီးဒေါက်တာ တင်ရွေကပြောကြားသည်။

ပြည်ထောင်စုနေ့စဉ် သတင်းစာမှ ကူးယူ ဖော်ပြပါသည်။

15/07/2016

Address

No. 123. First Floor . 43 Street . Botahtaung Township
Yangon
00289

Alerts

Be the first to know and let us send you an email when Via Myanmar Resort Project 2016/07 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share