Htoochar Total Solutions Service, Myanmar

Htoochar Total Solutions Service, Myanmar ထူးခြား ပြည့်စုံ ရလဒ် (Non-profit) Our innovative service is the value to your satisfaction.

15/07/2021

Oxygen Crisis in MYANMAR. Daily oxygen available source. oxygen ရနိုင်‌‌ ‌‌ခြေရှိသောနေရာများ‌ နေ့ ‌စဥ် စုစည်းပေးသော‌ post များ

အောက်ပါလင့် ကိုနှိပ်ပါ

15/05/2021

Project Management Institute certifies that HTS having given satisfactory evidence of qualifications and fitness, is hereby certified as a PMI-Scheduling Professional PMI-SP.

07/09/2020

Postတွေမတင်ဖြစ်တာမထင်မှတ်ပဲ ၂နှစ်လောက်ရှိသွားပြီ။ 2019 နှစ်တစ်ခုလုံး မှာ သိသာတဲ့အပြောင်းလဲတစ်ခုအဖြစ် Public Transportation Agency တစ်ခုရဲ့ construction division မှာ manager role ကို လက်ခံလိုက်ပြီး တူညီတဲ့ responsiblity တွေကို လက်ခံယူလိုက်ပါတယ်။ USD 400 million Programme လောက်ကို တာဝန်ယူထားတဲ့ ဒီconstruction ဌာနမှာ managerတစ်ယာက်အဖြစ် စတင်အလုပ်ဝင်ချိန်ကစပြီး အရင်လို technical jobတွေ သက်သက်သာမက အခြား managerial တာဝန်တွေကိုပါပူးတွဲထမ်းဆောင်ရပါတယ်။ ဒီpost မှာ စာရေးသူပြုစုထားတဲ့ ပထမတစ်နှစ်တာ research ရဲ့ findings တွေကိုတင်ပြချင်တာပါ။
အရင် စာရေးသူမတိုင်မီက ဒီဌာနမှာ engineer များကပဲ construction CPM scheduling ကို ကြီးကြပ်ခဲ့ကြပါ။ ဒီအချက်ရဲ့ အဓိကအားနည်းချက်ကတော့ project တစ်ခုရဲ့ အဆုံးရောက်ရင် ပုံမှန်ပြုလုပ်ရတဲ့ CPM schedule delay analysis ပါပဲ။ မတူညီတဲ့ အတွေးနဲ့ အုပ်ချုပ်မှုပုံစံတွေက အဆုံးသတ် delay calulation မှာ division management အတွက် ဦးနှောက် စားတဲ့ ဆုံးဖြတ်ချက်တွေကိုပြုလုပ်စေပါတယ်။ တနည်းအားဖြင့် Standard format မရှိတဲ့ transparency အားနည်းမှုက ဌာနဆိုင်ရာအကြီးအကဲတွေအတွက် contract close out လုပ်ရာမှာ ကြန့်ကြာစေတာပါပဲ။ 2019-2020 ကာလ ပထမဆုံး USD 37 million project ကို role model အဖြစ်သတ်မှတ်ပြီး စာရေးသူ ဦးဆောင်လို့ စနစ်တကျ CPM Scheduling format ကို implement လုပ်ဆောင်ခဲ့ပါတယ်။ Construction CPM scheduling ကို ex*****on period မှာ processအားဖြင့် 5 ပိုင်းခွဲထားပါတယ်။ 1) Plan - Baseline 2) Track - progress 3) monitor - current status 4) Identify/Quantify - Potential Schedule Impact (PSI) Events 5) Contract Modification. စာဖတ်သူဟာ Construction Project တစ်ခုရဲ့ စီမံခန့်ခွဲသူတစ်ယောက်ဖြစ်ရင်တော့ ဒီ CPM Scheduling Practice ဟာ အင်မတန် အသုံးဝင်ပါလိမ့်မယ်။ အသေးစိတ်လေ့လာချင်ရင် PM box ကနေ ဆက်သွယ်နိုင်ပါတယ်။ ဒီ 5ပိုင်းကို စနစ်တကျ မပြုလုပ်ခဲ့တဲ့ construction ဟာ အဆုံးမှာ မမျှော်လင့်ထားတဲ့ ငွေကြေးဆိုင်ရာဆုံးရှုံးမှုများ အပြင် owner/contractor ပါ reputation ပါထိခိုက်ပြီး litigation မှာ အဆုံးသတ်သွားနိုင်ပါတယ်။ အပိုင်း 5 ပိုင်းကို တစ်ပိုင်းစီ ခွဲပြီး အသေးစိတ်တင်ပြပါဦးမယ်။

17/01/2018

ရန်ကုန်မြို့ရဲ့ အခြားစိတ်ဝင်စားစရာ စီမံကိန်းတစ်ခုကတော့ အမြန်လမ်းပါပဲ။ အမြန်လမ်း ဆိုတာကတော့ တိုးပွားလာတဲ့ လူဦးရေနဲ့ အတူ ကားသုံးစွဲမှုများပြားလာမှု ကြောင့်ဖြစ်ပေါ်လာတဲ့ ယာဉ်ကြောပိတ်ဆို့မှု ကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခု လို့ နိုင်ငံတကာမှာ အသိအမှတ်ပြုထားတဲ့ Express way network ပါ။ Express way အမြန်လမ်းကြောင့် မြို့နေပြည်သူတွေရဲ့ နေ့စဉ်ခရီးသွားအချိန်ကုန်မှု သက်သာစေမှာ သေချာပါတယ်။ မြန်မာနိုင်ငံပြင်ပထွက်လိုက်မယ် ဆိုရင်ဖြင့် ထိုင်းနိုင်ငံဘန်ကောက်ရောက်ပြီဆို တာနဲ့ အမြန်လမ်း အသုံးပြုမှု ကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ အမြန်လမ်း အသုံးပြုမှု အတွက် အခငွေကို နိုင်ငံ အလိုက် ဒေသအလိုက် ကောက်ခံပုံ မတူညီကြပါဘူး။ အခြေခံကျတဲ့ အကြောင်းအရာ တစ်ခုကတော့ ဆောက်လုပ်မှု ကုန်ကျစရိတ်ပါပဲ။ နိုင်ငံအများစုမှာ အသုံးများတဲ့ စနစ်တစ်ခုကတော့ Public Private Partnership (P3) လို့ ပြောလို့ရပါတယ်။ P3 စနစ်မှာ ကုန်ကျစရိတ်ကို အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းမှ ပူးပေါင်းကျခံပြီး သင့်တင့်တဲ့ အခငွေကို အသုံးပြုသူတွေဆီမှ ပြန်လည် ကောက်ခံပါတယ်။ အခု ဖော်ပြပါ proposal အရဆိုရင်တော့ Other Funding Sources (အစိုးရမဟုတ်တဲ့) ငွေကြေးသုံးစွဲမှာဖြစ်ပါတယ်။ ဒီနောက်ဆက်စွဲ သိသာတဲ့ အချက်ကတော့ သုံးစွဲခပိုမိုများနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ အစိုးရမှ အချိုးကျခံပေးမှု မပါလို့ပါပဲ။ ထိုနည်းတူစွာ ချည်းကပ်လမ်းနဲ့ ပတ်သက်တဲ့ အချက်တစ်ခု ကတော့ design perspective ပါပဲ။ နိုင်ငံတကာမှာတော့ လက်ရှိအချိန်ထိ ဘေးလျက် ချည်းကပ်လမ်း ပုံစံကို အသုံးပြု တာများပါတယ်။ ဗဟိုပြု ချည်းကပ်လမ်းကတော့ သိပ် အသုံးမများသလို video file အရ elevated design ဆိုရင် ကုန်ကျစရိတ်က လည်း အဆမတန် ပိုမိုနိုင်ပါတယ်။ အဲ့အတွက် သုံးစွဲသူမှ အခငွေမှာ ထပ်စောင်းပေးရမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေဖြင့် project ဟာ financially high risk ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ developer အနေနဲ့ ကပ်လျက်ချည်းကပ်လမ်း စနစ်ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ ကနဦးလေ့လာ တွေ့ရှိချက်အရ ၆၉၈ အိမ်ထောင်စု ဟာ မြေယာ ရွေ့ပြောင်းမှု အတွက် ဖိအားပေးခံရနိုင်ပါတယ်။ အားလုံးကံကောင်းကြပါစေ။

22/07/2017

ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းကို ယခုနှစ် မိုးရာသီအကုန်တွင် မြေပြင် အကောင်အထည် ဖော်ခြင်းများ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

26/03/2017

Written by Myanmar Builders Guide

ရန်​ကုန်​-ဒလ တံတားစီမံကိန်း  -Dala-Bridge ဟာ ရန်​ကုန်​မြို့ အတွက်​ အလွန်​အ​ရေးပါပြီး ​ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိ...
22/03/2017

ရန်​ကုန်​-ဒလ တံတားစီမံကိန်း -Dala-Bridge ဟာ ရန်​ကုန်​မြို့ အတွက်​ အလွန်​အ​ရေးပါပြီး ​ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်​မှု အတွက်​ အခရာကျတဲ့ strategic asset လို့​ပြောလို့ရပါတယ်။ ရန်​ကုန်​-ဒလ တံတားရှိရင်​ပြည်​သူ​တွေအတွက်​ အကျိုးများစွာရှိမှာ ဖြစ်​ပါတယ်​။ လူလတ်​ နဲ့ အ​ခြေခံ လုပ်​သားထု ရင်​ဆိုင်​​နေရတဲ့ အဆမတန်​မြင့်​မားလှတဲ့ ရန်​ကုန်​မြို့ ​နေထိုင်​စရိတ်​ ပြသနာကို တစ်​စိတ်​တစ်​ပိုင်း ​ဖြေရှင်း​ပေးနိုင်​မှာလည်း ဖြစ်​ပါတယ်​။
ဤတံတားနဲ့ ပတ်​သက်​လို့ ပထမဆုံး သတိထားမိတဲ့ အချိန်​က​တော့ စာ​ရေးသူ အလယ်​တန်း​ကျောင်းတက်​စဉ်​ဖြစ်​ပြီး စီမံကိန်းအ​ကောင်​အထည်​ ​စတင်​​ဖော်​​ဆောင်​တယ်​လို့ ကြားမိပါတယ်​။ ဒါနဲ့ပဲ ဒလတစ်​ဖက်​ကမ်းက ​မြေ​ဈေးများရုတ်​ချည်း ၁၀ဆ မက မြင့်​တက်​သွားပါတယ်​။ စီမံကိန်းကို လမ်းမ​တော်​ ဘုန်းကြီးလမ်း မှ ​နေ၍ အခြား တစ်​ဖက်​ကမ်း ဆိပ်​ကြီးခ​နောင်​သို သို့ concept design ရှိထားသည်​ ဟု သတင်းများထွက်​​ပေါ်ခဲ့ပါတယ်​။ ဒီ​နောက်​ မှုန်​ဝါးဝါးတံတားကြီး​ပျောက်​ကွယ်​သွားခဲ့ပါတယ်​။ ​နောက်​တစ်​ကြိမ်​ ထပ်​မံ ကြားရတဲ့ အချိန်​က ​တော့ ၂၀၁၃ကာလ ပြည်​သူ​ဆောက်​လုပ်​​ရေးမှ MD နဲ့ ပုဂ္ဂလိက ​ဆောက်​လုပ်​​ရေးလုပ်​ငန်းရှင်​တစ်​ဦး ပထမအကြိမ်​ မြန်​မာ အင်​ဂျင်​နီယာ အသင်း နဲ့ ASEAN Engineer award အခမ်းအနားမှာပါ။ ​ပြောကြဆိုကြတာ​တော့ approved design ရပြီးလို့ S.Korea က fund နဲ့ ၂၀၁၃နှစ်​ကုန်​ မှာ တည်​​ဆောက်​​ရေးကို စတင်​နိုင်​မယ်​လိုကြားလိုက်​ရပြန်​တယ်​။ အဲ့ နှစ်​ အပိုင်းအခြားမှာ ပဲ ဒလ​မြေ​ဈေး အဆ​ပေါင်းများစွာ မြင့်​တက်​သွားခဲ့ပြီး ​မျှော်​လင့်​ချက်​များစွာဖြင့်​ လယ်​​မြေများကို ပင်​ ဝယ်​မှုများ ပြုလုပ်​လာတာ​တွေ့မိရပြန်​တယ်​။ ဒါနဲ့ပဲ အ​ကြောင်းတရားများစွာဖြင့်​ စီမံကိန်း ကြီး ​နှောင့်​​နှေးလို့ အခုတစ်​ဖန်​ ပြန်​လည်​​ပေါ်ထွက်​လာပြန်​ပါပြီ။ ရန်​ကုန်​ဒလ တံတားရှိရင်​ ပြည်​သူ​တွေအတွက်​ အကျိုးများစွာ ရှိမှာ ဖြစ်​ပါတယ်​။ လူလတ်​နဲ့ အ​ခြေခံလုပ်​သားထုရဲ့အဓိကအခက်​အခဲဖြစ်​တဲ့ ရန်​ကုန်​မြို့ရဲ့ ငှါးရမ်းခ အဆမတန်​မြင့်​မှုကို တစ်​ဆိတ်​တစ်​ပိုင်း​ဖြေရှင်း​ပေးနိုင်​မှာလည်း ဖြစ်​ပါတယ်​။

အခုလိုအခွင့်​အခါ​ကောင်း အစပြုချိန်​မှာ အုပ်​ချုပ်​သူအဏာပိုင်​ အစိုးရအ​နေဖြင့်​ စနစ်​​ကောင်း​ကောင်းတစ်​ခုကို သိတတ်​နားလည်​ တက်​ကျွမ်းတဲ့ ပညာရှင်​များနဲ့ ပူး​ပေါင်း အ​ကောင်​အထည်​​ဖော်​ ​ဆောက်​ရွက်​လို့ တံတား အပြင်​ ဒလမြို့ ကိုပါ အဆင်​မြင့်​ မြို့​တော်​တစ်​ခု ဖြစ်​​အောင်​ စနစ်​တစ်​ကျ စတင်​တည်​​ဆောက်​နိုင်​ပါတယ်​။ ဥပမာ၊ မြို့ Haungpu River တစ်​ဖက်​ကမ်းက မြို့ လိုပါ။ စာ​ရေးသူအ​တွေအကြုံအရ အခု လို စီမံကိန်းကြီးများ ကို အ​ကောင်​အထည်​​ဖော်​ ​ဆောင်​ရွက်​တဲ့ အခါ Vision တစ်​ခုရှိရုံနဲ့ မလုံ​လောက်​ပါဘူး။ အုပ်​ချုပ်​သူ နဲ့ Juridiction ကို ကိုယ်​စားပြုတဲ့ 3rd party Progr​am level management လိုအပ်​ပါတယ်​။ Program Management team ဟာဆိုရင်​ ဆိုင်​ရာ တည်​​ဆောက်​​ရေးစီမံကိန်းများစွာမှာ အ​တွေ့အကြုံ များစွာရှိပြီးသား Experts, Professionals ​တွေကို စုစည်းထားတဲ့ team ဖြစ်​ပါတယ်​။ ဥပမာ၊ လက်​ရှိ California Train Modernization Program (Est. 5 billion) မှာ ပါဝင်​တဲ့ program team player​တွေမှာဆိုရင်​ဖြင့်​ specific areas အတွက်​ USA မှာရှိတဲ့ ပညာရှင်​များသာမက highspeed train နဲ့ ပတ်​သက်​လို့ နိုင်​ငံအ​တွေ့အကြုံ များစွာ ရှိတဲ့ ပြည်​ပက ပညာရှင်​များပါ ပါဝင်​ပါတယ်​။ ဆိုလိုတာက စီမံကိန်းတစ်​ခုကို ​အောင်​မြင်​​ရေးမှာ Program Management ကို ထည့်​သွင်းစဉ်းစားထားဖို့ လိုပါတယ်​။

တံတားကြီး ကြီး တကယ်​စတင်​လို့ ပြည်​သူ​တွေ လမ်းပန်းဆက်​သွယ်​​ရေး အဆင်​​ပြေပါ​စေလို့ ​မျှော်​လင့်​လျက်​ပါ။

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ဒလတံတားတည်ဆောက်ရေးစီမံကိန်းအား ၂၀၁၇ ခုနှစ် ဧပြီလတွင် စတင်နိုင်ရန် စီစဉ်ဆောင် ရွက်ထားကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

The Landmark to the Yoma Central.
17/02/2017

The Landmark to the Yoma Central.

The mixed-use development will include residences, offices, retail space and a luxury hotel.

09/02/2017

Engineering firm AECOM Singapore was awarded the contract at a tender price of S$24.6 million.

Address

Yangon

Alerts

Be the first to know and let us send you an email when Htoochar Total Solutions Service, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htoochar Total Solutions Service, Myanmar:

Share