The HOTEL Mawtin

The HOTEL Mawtin SERVE WITH OUR HEARTS AND SOULS! Hotel

07/03/2026

ဧည့်သည်တော်များခင်ဗျာ…

Facebook Messenger (Chat Box) မှ
ပြန်လည်ဖြေကြားရန် နှောင့်နှေးမှုများ ရှိပါသဖြင့်
Reservation ပြုလုပ်ခြင်း
Booking တင်ခြင်းများ အတွက်
09799744369 (+959799744369) သို့
ဖုံးခေါ်ဆို၍ဖြစ်စေ
Viber မှ ဖြစ်စေ
ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ…။ ။

"အလုပ် ခေါ်ယူခြင်း"ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် ရှိThe HOTEL (Mawtin) တွင်အောက်ပါ အလုပ်နေရာများအတွက်လိုအပ်တဲ့ ဝန်ထမ်း...
27/12/2025

"အလုပ် ခေါ်ယူခြင်း"

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် ရှိ
The HOTEL (Mawtin) တွင်
အောက်ပါ အလုပ်နေရာများအတွက်
လိုအပ်တဲ့ ဝန်ထမ်းများ ခန့်အပ်ရန် ရှိပါတယ်…

၁။ Bell-boy - (၄) ဦး
၂။ Waiter/Waitress - (၄) ဦး
၃။ Housekeeping - (၃) ဦး
၄။ Chef - (၁) ဦး
၅။ Chef အကူ - (၁) ဦး
၆။ Cleaner - (၂) ဦး
၇။ M & E - (၁) ဦး
၈။ Junior Accountant - (၁) ဦး

အခြေခံ အရည်အချင်း အနေနဲ့
- စိတ်ထား ကောင်းရန်
- စိတ်ဓါတ် ကောင်းရန်
- အကျင့် စာရိတ္တ ကောင်းရန်
လိုအပ်ပါမယ်…

Chef၊ M & E နှင့် Junior Accountant များအတွက်
သက်ဆိုင်သော ကျွမ်းကျင်မှု ရှိရပါမယ်…

အမှန်တကယ် အလုပ်လုပ်ချင်သူများ
- Page Messenger
- Viber: +95 9799744369
- email: [email protected]
တစ်ခုခု ဆီသို့ CV form များ ပေးပို့နိုင်ပါတယ်…
(ဖုံးဖြင့် ဆက်သွယ် စုံစမ်းလိုသူများ
မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အတွင်း ဆက်သွယ်ပေးပါ)

The HOTEL (Mawtin)
အမှတ် ၄၂၊ လမ်းသစ်လမ်း၊
လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

(Graphic credit to Original Graphic Designers)

30/06/2025

လျှပ်စစ်မီး ပြတ်တဲ့ အချိန် မှာ
ဖုံးလိုင်းတွေလည်း ပြတ်တဲ့အတွက်
09799744369 သို့ သာ
ဆက်သွယ်ပေးကြပါရန်…

30/06/2025

ရန်ကုန်မြို့ ရှိ
The HOTEL Mawtin ဟိုတယ် တွင်
တာဝန်ထမ်းဆောင်ရန်
စိတ်ဝင်စားသော သူများ
ဆက်သွယ်နိုင်ပါတယ်…

အခု အချိန်အခါ မှာ
အသက်အရွယ် ကြီးရင့်သူများ
အလုပ်အကိုင် အခက်အခဲ ရှိနေကြတဲ့အတွက်
လူငယ် မဟုတ်သော အသက်ကြီးသူများ
အလုပ်အကိုင် အခွင့်အလမ်း ရစေလိုတာကြောင့်
အသက်ကြီးသူများအားလည်း ခန့်ထားပေးမှာ ဖြစ်လို့
အသက် ၄၀ အထက် ရှိသူများလည်း
လျှောက်ထားနိုင်ပါတယ်…

ဆက်သွယ်ရန်… 09799744369

The Hotel (Mawtin) ရဲ့မိတ်ဟောင်း၊ မိတ်သစ် ဧည့်သည်တော်များခုရက်ပိုင်း လှမ်းလှမ်းမေးနေကြတဲ့ အခန်းခတွေ စျေးတက်သွားလား ??? အ...
11/01/2025

The Hotel (Mawtin) ရဲ့
မိတ်ဟောင်း၊ မိတ်သစ် ဧည့်သည်တော်များ
ခုရက်ပိုင်း လှမ်းလှမ်းမေးနေကြတဲ့
အခန်းခတွေ စျေးတက်သွားလား ???
အချိန်ပြည့် မီး ရလား ???
ဆိုတဲ့ မေးခွန်းတွေ ကို
ဖြေပေးလိုက်ပါတယ်…..

ဟိုတယ် တစ်ခု အနေဖြင့်
အထွေထွေ ကုန်ကျစရိတ်တွေ
အဘက်ဘက် က ကြီးမြင့်နေတာတော့ အမှန် ပါ…
အစစ အရာရာ စျေးနှုန်း တက်လာသလို
ပစ္စည်း ဝယ်ယူရရှိမှု ကလည်း ခက်လာပါတယ်…..

ဒါပေမယ့်….

ဒါ..ပေ..မယ့်…….

ဒါ……ပေ…….မယ့်…….

The Hotel (Mawtin) ရဲ့ အခန်းခစျေးနှုန်းများ ကိုတော့
ထပ်မံ တိုးမြှင့်ပြောင်းလဲတာမျိုး
ယခုချိန်ထိ မပြုလုပ်ဘဲ ထားရှိထားပါတယ်….
(မတိုးမြှင့်ဘဲ နေလို့ရသရွေ့
လက်ရှိနှုန်းထား အတိုင်း ပဲ
ဆက်လက် သတ်မှတ်သွားဖို့လည်း
အတတ်နိုင်ဆုံး ကြိုးစားပါမယ်…)

လက်ရှိ အခန်းခ နှုန်းထားတွေ ကတော့

🏠 3 Hours Use 🤎 25,000 MMK

🏠 Day Use 🤎 40,000 MMK
(9:00 AM to 7:00PM)

🏠 Night Stay 🤎 40,000 MMK
(9:00 PM to 8:00AM)
(✖️ Breakfast is not included)

🏠 Normal Stay 🤎 65,000 MMK
(2:00 PM to 12:00 PM)
(✔️ including Breakfast)

(ရက်ရှည် တည်းခိုမယ့် ဧည့်သည်တော်များအတွက်လည်း အထူးလျှော့စျေးများဖြင့် ရက် အနည်းအများပေါ် မူတည်ပြီး ညှိနှိုင်းပေးပါတယ်။)

နောက် မေးခွန်း ဖြစ်တဲ့ မီး အချိန်ပြည့် ရလား ဆိုတာ အတွက် အဖြေ ကတော့

အနည်း နဲ့ အများ
စိတ်ဖိစီးမှု ရှိနေကြတဲ့ ဧည့်သည်တော်များ အတွက်
The Hotel (Mawtin) ကို
လာရောက် နေထိုင်နေတဲ့ တခဏ မှာတော့
ချမ်းမြေ့စွာ နားနေနိုင်စေဖို့
ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့
မီးစက် ထဲ စက်သုံးဆီ ဆီဖြည့်ချိန် နှင့်
မီးစက် အား ခေတ္တ အနားပေးချိန် မှအပ
မီးစက် မောင်းနှင်၍
မီးရရှိအောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်…….

စာနာစိတ် အပြည့် နဲ့ ဝန်ဆောင်မှု ပေးမှာမို့
The HOTEL (Mawtin) ကို
လာခဲ့ကြဖို့ ဖိတ်ခေါ် ပါရစေ…….။ ။

………………………………………………………………………………..

The HOTEL (Mawtin)
အမှတ် ၄၂, လမ်းသစ်လမ်း (မော်တင်လမ်း),
(Junction Mawtin အနီး),
အ​နော်ရထာလမ်း နှင့် ကမ်းနားလမ်းကြား,
လမ်းမ​တော်မြို့နယ်, ရန်ကုန်မြို့ ပါ
ဖုံး - 012303176, 012303177, 09799744369

page Messenger မှ
ဆက်သွယ်ရန် အခက်အခဲ ရှိပါက
Hotline ဖုံးနံပါတ် +95 9799744369 သို့
ဖုံး ခေါ်ဆို၍ ဖြစ်စေ
Viber မှ ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်…..။ ။

10/01/2025

လမ်းမတော်မြို့နယ် လမ်းသစ်လမ်းထဲရှိ The Hotel Mawtin
တွင် အောက်ပါ၀န်ထမ်းများ ခေါ်ယူနေပါသည်။

M & E (ပြုပြင်ထိန်းသိမ်းရေး) Male - 1 Post

Housekeeping (Male/Female) - 3 Post

သက်ဆိုင်ရာလုပ်ငန်းအတွေ့ကြုံရှိရမည်။
Teamwork ဖြင့် အလုပ်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
နေ့ဆိုင်း/ညဆိုင်း အလှည့်ကျဆင်းနိုင်ရမည်။

Interview တွင်လစာညှိနှိုင်းနိုင်ပါသည်။

လာရောက်လျှောက်ထားလိုပါက အမှတ် (42) / လမ်းသစ်လမ်း / လမ်းမတော်မြို့နယ် / ရန်ကုန် သို့ လာရောက်လျှောက်ထားနိုင်ပါသည်။

Ph - 012303176 / 012303177 / 012303178 / 01221983 / 09799744369

Viber - 09799744369 သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။

Mail ဖြင့်လျှောက်ထားလိုပါကလည်း [email protected] သို့ လျှောက်ထားနိုင်ပါသည်။

The HOTEL (Mawtin) ၏ ဧည့်သည်တော်ကြီးများ နှင့် မိတ်ဆွေများ…..The HOTEL (Mawtin) သို့Facebook Messenger မှတဆင့်ဆက်သွယ်ရန်...
01/06/2024

The HOTEL (Mawtin) ၏
ဧည့်သည်တော်ကြီးများ နှင့် မိတ်ဆွေများ…..

The HOTEL (Mawtin) သို့
Facebook Messenger မှတဆင့်
ဆက်သွယ်ရန် အဆင်မပြေပါက

ဖုံးနံပါတ် +95 9 799744369 သို့
ဖုံးခေါ်ဆို၍ ဖြစ်စေ
SMS ပေးပို့၍ ဖြစ်စေ
Viber သုံး၍ ဖြစ်စေ
ဆက်သွယ် နိုင်ပါကြောင်း
အသိပေးအပ်ပါတယ်…..။ ။

09/04/2023

ယမန်နေ့ (၈.၄.၂၀၂၃) ညနေ ၆:၃၀ အချိန်ခန့် မှ စ၍
လျှပ်စစ်မီး ရရှိမှု ပြတ်တောက် သွားပါသဖြင့်
မီးစက် မောင်းနှင် ၍ မီးပေးလျက် ရှိပါတယ်…။
မီးစက် ဆီဖြည့်စဉ် အချိန် နှင့်
ခေတ္တ အနားပေးချိန် များမှ အပ
မီးရရှိအောင် မောင်းနှင်ပေးနေပါတယ်။

ဒါ့အပြင်
လျှပ်စစ်မီး ပြတ်တောက်မှုကြောင့်
မြို့နယ် ဧရိယာအတွင်း
တယ်လီဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ ပါ
ချိတ်ဆက်မှု အခက်အခဲ ဖြစ်ပေါ်လျက် ရှိပါတယ်။

သို့ဖြစ်ပါ၍
ဟိုတယ် သို့ ဖုံးခေါ်ပြီး ဆက်သွယ်မေးမြန်းခြင်း၊
Messenger မှ တဆင့် ဆက်သွယ်စုံစမ်းခြင်း များအား
ချက်ချင်း အကြောင်းပြန် ဖြေဆိုနိုင်ခြင်း မရှိခဲ့ပါက
ခေတ္တ သည်းခံ စောင့်ဆိုင်း ပေးကြပါရန်
အနူးအညွတ် တောင်းပန်အပ်ပါတယ်။

အမြန်ဆုံးလည်း ပြန်လည် ဖြေကြားပေးနေပါတယ်
ခင်ဗျာ…။

The HOTEL Mawtin မိသားစု

မင်္ဂလာပါ The Hotel Mawtin ရဲ့ မိတ်ဟောင်း၊ မိတ်သစ် ဧည့်သည်တော်များအတွက် လာမယ့် Valentine's day အတွက် promotion လေးလုပ်ပေ...
03/02/2023

မင်္ဂလာပါ
The Hotel Mawtin ရဲ့ မိတ်ဟောင်း၊ မိတ်သစ် ဧည့်သည်တော်များအတွက် လာမယ့် Valentine's day အတွက် promotion လေးလုပ်ပေးထားပါတယ်ရှင့်။

လက်ရှိအခန်းခလေးတွေကတော့
Normal Stay (ပုံမှန်တစ်နေ့တာ တည်းခိုခြင်း) အတွက်ဆိုရင်
Superior Double - 40,000 MMK
Superior Twin - 40,000 MMK
check-in က နေ့လည် ၂ နာရီပါရှင့်။
ဒါပေမယ့် အခန်း ပြည့်မပြည့် အခြေအနေပေါ် မူတည်ပြီး early check-in ကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးပါ့မယ်နော်။
check-out ကတော့ နောက်နေ့နေ့လည် ၁၂ နာရီပါရှင့်။
Normal stay လေးအတွက်က A La Carte breakfast လေးပါဝင်ပါတယ်။

Day Use နေ့ပိုင်းအနားယူလိုသူများအတွက် (7:00 AM to 7:00 PM) ဆိုရင်
Superior Double - 30,000 MMK
Superior Twin - 30,000 MMK

Night Stay ညပိုင်းအနားယူလိုသူများအတွက် (8:00 PM to 8:00 AM) ဆိုရင်
Superior Double - 30,000 MMK
Superior Twin - 30,000 MMK
Night Stay လေးအတွက်ကတော့ breakfast မပါဝင်ပါဘူးရှင့်။

3 Hours Use အချိန်ပိုင်းအနားယူလိုသူများအတွက်ဆိုရင်
Superior Double - 20,000 MMK
Superior Twin - 20,000 MMK ပါရှင့်။
3 Hours Use ကတော့ မနက် ၇နာရီကနေ ညနေ ၆နာရီအတွင်းပဲရပါတယ်ရှင့်။

လာမယ့် Feb 14 ရဲ့ Valentine's day အတွက်ဆိုရင်တော့ ခုဖော်ပြထားတဲ့အခန်းခလေးတွေကိုမှ 10% discount ထပ်မံလျှော့ပေးမှာဖြစ်ပါတယ်ရှင့်။အခန်းလေးတွေကအပြည့်မြန်လို့ မြန်မြန်လေးကြိုပြီး booking လုပ်ထားလိုက်တော့နော်။

Page messenger ကနေပဲဖြစ်ဖြစ် ဖုန်းကနေတစ်ဆင့်ပဲဖြစ်ဖြစ် booking လေးတွေတင်လို့ရပါတယ်။
လာရောက် တည်းခိုမယ့်
မိတ်ဟောင်း မိတ်သစ် အားလုံးကို
ကြိုဆိုပါတယ်နော် ......!!!

The HOTEL (Mawtin)
အမှတ် ၄၂, လမ်းသစ်လမ်း (မော်တင်လမ်း),
(Junction Mawtin အနီး),
အနော်ရထာလမ်း နှင့် ကမ်းနားလမ်းကြား,
လမ်းမတော်မြို့နယ်, ရန်ကုန်မြို့
ဖုန်း - 012303176, 012303177, 012303178, 01221983, 09799744369.

(Photo credit: www.peakpx.com)

STOP COVID YELLOW CAMPAIGN!ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့်ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်းဆေ...
26/01/2021

STOP COVID YELLOW CAMPAIGN!

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့်
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တို့
ပူးပေါင်းဆောင်ရွက်သည့်
STOP COVID အဝါရောင် စည်းရုံးလှုံ့ဆော်ရေး လှုပ်ရှားမှု တွင်
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) နှင့်အတူ
The HOTEL Mawtin ကလည်း
ပါဝင် လှုပ်ရှား ဆောင်ရွက်ခဲ့ပါတယ်။

မင်္ဂလာပါ......! 🙏Covid-19 ကပ်ရောဂါ အခြေအနေကြောင့်၉ လ တာ ကာလခန့် ပိတ်ထားခဲ့တဲ့The HOTEL Mawtin အားနှစ်သစ်အစ  ၁.၁.၂၀၂၁ ရက...
28/12/2020

မင်္ဂလာပါ......! 🙏
Covid-19 ကပ်ရောဂါ အခြေအနေကြောင့်
၉ လ တာ ကာလခန့် ပိတ်ထားခဲ့တဲ့
The HOTEL Mawtin အား
နှစ်သစ်အစ ၁.၁.၂၀၂၁ ရက်နေ့မှ စပြီး
ပြန်လည် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်......။

ဧည့်သည် လက်ခံခြင်းအား
ခေတ္တ ရပ်နားထားခဲ့တဲ့ ကာလမှာလည်း
ဟိုတယ်တွင်း သန့်ရှင်းမှု၊ ဘေးအန္တရာယ် ကင်းရှင်းစေမှု၊
Covid-19 ရောဂါ လုံခြုံစိတ်ချရစေမှု တို့အတွက်
စဉ်ဆက်မပြတ် ဆောင်ရွက်ထားရှိခဲ့ပါတယ်......။

The HOTEL Mawtin အနေဖြင့်
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန မှ ချမှတ်ထားသော
Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများ နှင့်
ကိုက်ညီမှု ရှိအောင် ပြင်ဆင်ထားကြောင်း ကို
ရန်ကုန်တိုင်းဒေသကြီး ခရီးသွား ကော်မတီ၊
Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ၊
ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တို့မှ
စစ်ဆေး အသိအမှတ်ပြုလက်မှတ် ကို
ရရှိခဲ့ပြီး ဖြစ်ပါတယ်.....။

ဒါကြောင့်
တည်းခို နားနေမယ့် ဧည့်သည်တော်များ
စိတ်ချ လုံခြုံစွာ လာရောက်နိုင်ပြီ ဖြစ်ပါကြောင်း
အသိပေး အကြောင်းကြားဖိတ်ခေါ်ပါရစေ.....။

ကြိုဆိုပါတယ်ခင်ဗျာ......။

The HOTEL (Mawtin)
အမှတ် ၄၂, လမ်းသစ်လမ်း (မော်တင်လမ်း),
(Junction Mawtin အနီး),
အ​နော်ရထာလမ်း နှင့် ကမ်းနားလမ်းကြား,
လမ်းမ​တော်မြို့နယ်, ရန်ကုန်မြို့ ပါ
ဖုံး - 012303176, 012303177
ကို ဆက်သွယ်လို့ ရပါတယ်။

အခန်းပုံစံများ ကို
အောက်ပါ Link များ မှာ ဝင်ကြည့်လို့ရပါတယ်။

https://www.facebook.com/208838439623694/posts/223238774850327/?d=n

https://www.facebook.com/208838439623694/posts/223239524850252?sfns=mo

Address

No. 42, Lanthit Street (formerly Mawtin Street), Between Strand Road And Anawratha Road, Lanmadaw Tsp
Yangon
13040

Telephone

959799744369

Website

Alerts

Be the first to know and let us send you an email when The HOTEL Mawtin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The HOTEL Mawtin:

Share

Category