Sunflower Hotel

Sunflower Hotel The Sunflower Hotel is centrally located at the most strategic and convenient point of the city. There are 28 guests rooms.

It is near to Old Bogyoke Aung San Market (Scott Market), Theingyizay Big Market, Super One Market, and New Bogyoke Aung San Market, and to this all market are very near to this hotel. Sule Pagoda, Shwedagon Pagoda, Churches, Hindu Temple, Islam Mosque are all just very nearly to 3 minutes. The big very beautiful Mahabandola Garden Park is near and Myanmar Foreign Trade Bank (MFTB), City Hall, Yan

gon River, Cinema, Clinic and near to India, Chinese, Burmese Regional Cuisines, Yangon Railway Station and Bus station, for all nearly to my Sunflower Hotel. All the small business and other big shops are located near Sunflower Hotel; you can say that our hotel is located at the business center of Yangon. The rooms of the Sunflower Hotel may well be the most spacious and coziest ones in Yangon. Whether you are traveling to Yangon, Myanmar for business or holiday vacation, we, the Sunflower Hotel staff, are dedicated to make your visit a memorable one, offering unmatched value and comfort to each and every guest.

Ramadan Kareem to all those observing around the world.Sunflower Hotel family wishes you a peaceful and blessed holy mon...
18/02/2026

Ramadan Kareem to all those observing around the world.

Sunflower Hotel family wishes you a peaceful and blessed holy month ❤️☪️

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ၂၀၂၆ ခုနှစ် နှစ်သစ် (New Year 2026) အခါသမယမှ စ၍ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများ...
31/12/2025

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ၂၀၂၆ ခုနှစ် နှစ်သစ် (New Year 2026) အခါသမယမှ စ၍
ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံကာ အေးချမ်းသာယာသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေကြောင်း🙏🏻
လုပ်ကိုင်ဆောင်ရွက်သမျှသော လုပ်ငန်းဆောင်တာအဝဝတို့သည် အရှိန်အဟုန်မပြတ် အောင်မြင်ကြီးပွားတိုးတက်ပြီး အမြင့်မားဆုံးသော အောင်မြင်မှု့များ ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း🙏🏻
ဘေးအန္တရာယ်အသွယ်သွယ်အပေါင်းတို့မှ ကင်းဝေးပြီး လိုအင်ဆန္ဒဟူသမျှ တစ်လုံးတစ်ဝတည်း ပြည့်ဝကာ ချမ်းသာသုခများကို ပိုင်ဆိုင်နိုင်ပါစေကြောင်း🙏🏻
နှစ်သစ်မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ဘဝပန်းတိုင်များကို အောင်မြင်စွာ တက်လှမ်းနိုင်ပါစေကြောင်း🙏🏻
ကျေးဇူးတရားများကို အမြဲအမှတ်ရလျက် ကျွန်တော်တို့ ရိုသေလေးစားစွာဖြင့် ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါသည်🙏🏻

25/12/2025
15/07/2025

မီတာယူနစ် ဖတ်ချက် မှန် မမှန် ဘယ်လိုစစ်ဆေးကြမလဲ။

လျှပ်စစ်ဌာနကို Complain အတက်ဆုံး နှစ်ချက်ပြောပါဆိုရင် မီးမလာတာနဲ့ မီတာခများတာရယ်။ မီးကိစ္စကတော့ တတ်နိုင်သလောက် ရှင်းပြရေးပြပြီးပါပီ။ မီတာခ နည်း၊ များ ကိစ္စကတော့ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ပါဘူး။ အကျဉ်းချုံးလေး ရေးပေးပါ့မယ်။

အိမ်သုံးမီတာမှာ Analogue မီတာနဲ့ Digital မီတာဆိုပြီး အကြမ်းဖျင်း(၂)မျိုးရှိပါတယ်။ Analogue မီတာဆိုတာက ဂဏန်းပြဒိုင်ခွက်နဲ့ အောက်မယ် အဝိုင်းပြားကြီးလည်တာမျိုးပါ။

Digital မီတာက 8 Bitကို အခြေခံပြီး ဒီဂျစ်တယ်ဂဏန်းကို ပြပေးတာမျိုးပါ။ ပုံမှန်အားဖြင့် Digital မီတာတွေကို တိုင်ပေါ်မှာ (သို့) ခြံစည်းရိုး (သို့) အိမ်မှာတပ်လေ့ရှိပြီး HHUစက်ဖြင့် ဖတ်လေ့ရှိပါတယ်။

ကိုက်သုံးရာ အကွာမှ ဖမ်းယူရရှိနိုင်တာ‌ေကြာင့် လာဖတ်တာ မတွေ့ဘူးပြောနေရေးနေကြတာ ဖြစ်ပါလိမ့်မယ်။

(၁)မီတာနံပါတ် မှန် မမှန်စစ်ဆေးပါ။
မိမိ၏ နောက်ဆုံးလ၏မီတာဘေလ်ကိုယူပါ။ မီတာအမှတ်ဆိုတာကို ကြည့်ပါ။ Analog ဆိုရင် ရှေ့မှာ အင်္ဂလိပ်အက္ခရာ တစ်လုံး သို့ နှစ်လုံး ခံပြီး နံပါတ်ရေးလေ့ရှိပါတယ်။

နံပါတ်ကြည့် သီးခြားပါတာ‌တွေလည်းရှိပါတယ်။ Digital ကတော့ ဂဏန်းတွေကြည့်ပဲများပါတယ်။ မီတာဘေလ်ပါ နံပါတ်နဲ့ မိမိတပ်ဆင်သုံးစွဲနေသော မီတာနံပါတ် မှန်မမှန် စစ်ပါ။

အရေးကြီးပါတယ်။ မှားနေတာတွေ့ရင် လွဲနေတာရှိရင် ချက်ချင်း မြို့နယ်ရုံးသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ပါ။

(၂) တရက်စာ ပျမ်းမျှယူနစ်သုံးစွဲမှုကိုတွက်ချက်ပါ။

နောက်ဆုံးလ၏မီတာဘေလ်မှာ ကွာခြားယူနစ်ဆိုတာပါ ပါတယ်။ ယခုလအသုံးထဲက ယခင်လအသုံးကို ခြားနားလိုက်ရင် ကွာခြား ယူနစ်ဟုခေါ်သော မီတာဘေလ်ပါလ၏ အသုံးယူနစ်ကို ရပါတယ်။

၎င်းသည် လူကြီးမင်း သုံးစွဲခဲ့သော တလစာယူနစ်ဖြစ်ပါသည်။ ၎င်းကွာခြားယူနစ်သည် ရက်၃၀စာဖြစ်၍ ၃၀ဖြင့် စားပါက တရက်စာအသုံးအား ရရှိနိုင်ပါသည်။

မီတာဘေလ်ပါ ကွာခြားယူနစ်၏ လသည် ၃၁ရက်ဆုံးသော လဖြစ်ပါက ၃၁ဖြင့် စား၍ တရက်စာ ပျမ်းမျှယူနစ်ကို တွက်ချက်ပါ။

တလနဲ့တလအသုံးသည် ဓာတ်အားရရှိမှု၊ ရာသီဥတုအခြေအနေ၊ အသုံးပေါ်မူတည်၍ အနည်ငယ် ကွာဟ နိုင်ပါသည်။

(၃) မီတာယူနစ် ဖတ်ချက်အား စစ်ဆေးခြင်း

မိမိပထမဆုံး ခွဲခြား၍ သိရှိရမည်မှာ Analog မီတာလား၊ ဒီဂျစ်တယ်မီတာလား ဆိုတာပါပဲ။ ပြီးနောက် တွင် ပြသောဂဏန်းအား ဓာတ်ပုံရိုက်၍ ယူပါ။

စာရွက်ပေါ်တွင် မိမိဓာတ်ပုံရိုက်ယူခဲ့သော မီတာပြဂဏန်အား ချရေးပါ။ ဒဿမကိန်းများ ထည့်သွင်းရန် မလိုအပ်ပါ။ ၎င်းနောက် နောက်ဆုံးလ၏ မီတာဘေလ်တွင် ယခုလ ဖတ်ချက်ကို ကြည့်ပါ။

မီတာဘေလ်ပါ ဂဏန်းအား ချရေး၍ မီတာပြဂဏန်းမှ နူတ်ပါ။ မိမိစစ်ဆေးသည့်နေ့အထိ သုံးစွဲနေသော ယူနစ်ပမာဏကို ရရှိပါမည်။

Analog မှာတော့ သဘောတရားအတူတူပါပဲ။ ဒါပေမဲ့ရှေ့မှာ ပတ်ဂဏန်းတချို့ရှိတတ်ပါတယ်။ မီတာ ယူနစ်ပြဒိုင်ခွက်မှာ ၄၅၀၇ဆိုကြပါစို့။

မီတာဘေလ်မှာက ၁၄၅၀၇ဆိုရင် ရှေ့က ၁ သည် ပတ်ဂဏန်းဖြစ်ပါသည်။ ပတ်ဂဏန်းရှိပါက ထည့်သွင်းခြားနားပေးရမည်ဖြစ်ပါသည်။

ယနေ့ထိ ကွာခြားယူနစ်= မီတာပြဂဏန်း - မီတာဘေလ်ပါ ဂဏန်း

(၄) စစ်ဆေးတွက်ချက်ခြင်း
မိမိ၏ မီတာတရက်တာ မီတာအသုံးယူနစ်အား မိမိစစ်ဆေးသည့် ရက်၏အရေအတွက်နှင့် မြှောက်ပါ။

မိမိသည် ၂၀ရက်နေ့ စစ်ဆေးသည်ဆိုပါက အကြမ်းဖျင်းအားဖြင့် ၂၀ရက်စာ အသုံးဖြစ်၍ ၂၀နှင့် မြှောက်၍ ယနေ့ထိ အသုံးယူနစ်ကို ရှာပါ။ ၁၅ရက်နေ့တွင် စစ်ဆေးပါက ၁၅ဖြင့် မြှောက်ရမည်ဖြစ်ပါသည်။

(၅)သုံးသပ်ခြင်း
မီတာပြဂဏန်းအရ ယနေ့ထိ အသုံးယူနစ်နှင့် မီတာဘေလ်ပါ တလစာအသုံးမှရရှိသော ယနေ့ထိ အသုံးယူနစ်သည်။

ပျမ်းမျှအားဖြင့် ညီမျှနေမည်ဖြစ်ပါသည်။ ကွာဟချက်သည် တလစာအသုံး၏ တ‌ဝက်ကျော်ကွာဟနေခြင်း လျော့နည်းနေခြင်းများ ဖြစ်ပေါ်နေပါက မြို့နယ်ရုံးသို့ အသိပေးအကြောင်းကြားသင့်ပါသည်။

အချုပ်ပြောရရင် မီတာပုံမှန် ဖတ်သလား၊ မဖတ်ဘူးလား အကြမ်းဖျင်း စစ်ဆေးဖို့ရာ မခက်ပါဘူး။ မိမိမီတာမှန် မမှန် စစ်ဆေးပါ။

ပြီးရင် မီတာပြဂဏန်းအရ ယနေ့ထိအသုံးနဲ့ တလစာအသုံးအရ ခန့်မှန်းတွက်ချက်ထားသော ယနေ့ထိ အသုံးကို ယှဉ်ကြည့်ရင် ရပါပြီ။

ပုံမှန်အခြေအနေအရ စစ်ဆေးသည့် ပုံစံကို ရှင်းလင်းဖော်ပြထားတာပါ။

ဓာတ်အား သုံးစွဲခ စစ်ဆေးရန် - MESC https://share.google/FijvFvpw4s1V1hkA5

ဓာတ်အားခ ကျသင့်‌ငွေတွက်ချက်ရန် https://moep.gov.mm/mm/ignite/page/648

ကေအက်(ခွဲမှူး)

Credit _ Original Uploader

မြန်မာ့ရိုးရာနှစ်သစ်ကူးမှစ၍ ရောဂါဘယဘေး ၊ သဘာဝ ဘေးအန္တာရာယ် ၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးမှစ အခက်အခဲ၊ အကြပ်အတည်းများ...
17/04/2025

မြန်မာ့ရိုးရာနှစ်သစ်ကူးမှစ၍

ရောဂါဘယဘေး ၊ သဘာဝ ဘေးအန္တာရာယ် ၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးမှစ အခက်အခဲ၊ အကြပ်အတည်းများအားလုံးမှ လွတ်ကင်းပြီး
ကိုယ် စိတ် (၂)ဖြာ ကျန်းမာချမ်းသာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

30/03/2025

သုံးရေ အခက်အခဲဖြစ်နေသူများအတွက် ‼️‼️

ရန်ကုန်မြို့မှာ လျှပ်စစ်မီး အခက်ခဲ / ငလျင်ကြောင့် ရေအခက်အခဲကြောင့် သုံးရေလိုအပ်ပါက အခမဲ့ လာရောက်ယူနိုင်ပါတယ်ခင်ဗျာ ။

Myanmar Sunflower Company ကနေပီးတော့ ရန်ကုန်မြိုမှာ သုံးရေ အခက်အခဲဖြစ်နေတဲ့သူတွေ သုံးရေ အခမဲ့လာရောက်ယူဆောင်နိုင်ပါတယ် ။

* သောက်ဖို့ရေမဟုတ်ပါ ။ သုံးရေပါနော် *‼️‼️

ရေထည့်ဖို ဘူး ပစ္စည်း တော့ မဖြစ်မနေယူခဲ့ကြပါနော် ။

( လူဦးရေ နဲ့ ပုံးခွံလေးတော့ ကန့်သတ်ထားပါတယ် ) လူတဦး liter 40 ခန့်သာ ယူဆောင်ခြင်းဖြင့် ကျန်တဲ့သူများ အတွက်လည်း ဦးစားပေးစေချင်ပါတယ် )

မီးစက်နဲ့မောင်းရတဲ့အတွက်လိုသလောက် မရနိုင်တာကို တော့ နားလည်ပေးစေချင်ပါတယ် ။

လာရောက်ယူဆောင်ရမည့်လိပ်စာ -
အမှတ် ၃၆/၃၈ အလံပြဘုရားလမ်း Park Royal Hotel ရှေ့ခြံ ( Sun Arowana အလှမွေး ငါးဆိုင်တွင် ) နံနက် ၉ နာရီ မှ ၉ နာရီ အထိ လာရောက်ယူဆောင်နိုင်ပါသည် ။

လမ်းညွှန်အတွက် - ၀၁၃၉၃၄၁၁

#ငလျင် #ရေကုသိုလ်

28/03/2025

ယနေ့ ဖြစ်ပွားခဲ့တဲ့ မြေငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ မြန်မာနိုင်ငံသားများအားလုံးအတွက် Sunflower Hotel မိသားစုမှ စိတ်မကောင်းဖြစ်ရပြီး အထူးဝမ်းနည်းကြောင်း ဖော်ပြအပ်ပါတယ်။ 😔

အထူးသဖြင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း နဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အတွက်လည်း ကျနော်တို့ရဲ့ ဆုတောင်းမေတ္တာတွေကို ပေးပို့လိုက်ပါတယ်။ 💖

ဒီခက်ခဲတဲ့အချိန်မှာ ပြည်သူများအားလုံး စိတ်ဓာတ်မကျဘဲ ခွန်အားတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အတူတကွ ကြိုးစားလုပ်ဆောင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ 🙏 ဘေးဒုက္ခကြုံတွေ့နေရသူများအတွက် တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးကြဖို့လည်း Sunflower Hotel မိသားစုမှ တိုက်တွန်းအပ်ပါတယ်။ 🤝

🙏






💪

သီတင်းကျွတ်လပြည့်နေ့ 🌕🎇 မှာ ဘေးဘယာကင်းကွာ၍ ကျန်းမာပျော်ရွှင်ကြပါစေကြောင်း 𝗦𝘂𝗻flower Hotel မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတ...
17/10/2024

သီတင်းကျွတ်လပြည့်နေ့ 🌕🎇 မှာ ဘေးဘယာကင်းကွာ၍ ကျန်းမာပျော်ရွှင်ကြပါစေကြောင်း 𝗦𝘂𝗻flower Hotel မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...
09/10/2022

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...

Sunflower မှ လုပ်ငန်းခွဲ ကြေငြာပ်ု့စ် ဖြစ်ပါသည် ။ Lucky Fish ငါးများ အမျိုးအစားမျိုးစုံ နှင့် အရွယ်အစားဆိုဒ်မျိုးစုံ တနေ...
12/06/2022

Sunflower မှ လုပ်ငန်းခွဲ ကြေငြာပ်ု့စ် ဖြစ်ပါသည် ။

Lucky Fish ငါးများ အမျိုးအစားမျိုးစုံ နှင့် အရွယ်အစားဆိုဒ်မျိုးစုံ တနေရာထဲတွင် Instock စိတ်တိုင်းကျ လာရောက်ရွေးချယ် ဝယ်ယူနိုင်ပါသည် ။ ( ရန်ကုန် )

( ပိတ်ရက်မရှိ )

https://www.facebook.com/102542505478854/posts/174839421582495/?d=n

Address

Anawrahta Road
Yangon
00966

Alerts

Be the first to know and let us send you an email when Sunflower Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sunflower Hotel:

Share

Category