Wanderlust Myanmar

Wanderlust Myanmar Wanderlust Myanmar (WDM) Travels & Tours provides:
* Fully package Tours (FIT/ Groups)
* Customized Tours
* Hotel Reservation
* Car/ Bus Rental

18/12/2023

Hello Everyone.

December အတွက်ခရီးစဉ်များ
05/12/2019

December အတွက်ခရီးစဉ်များ

27/11/2019
ပြည် အကောက်တောင်ခရီးစဉ်
22/11/2019

ပြည် အကောက်တောင်ခရီးစဉ်

အေးဆေးသွားရမယ့် တစ်ကယ် အမောအပန်းပြေမယ့်ကြား ၃ ရက် ခရီးစဥ်ပါ၇ ယောက်၀ယ်ရင် ၈ယောက်မြောက် (၁ ယောက်) အခမဲ့ Hello လုပ်လိုက်ရုံ...
24/10/2019

အေးဆေးသွားရမယ့် တစ်ကယ် အမောအပန်းပြေမယ့်
ကြား ၃ ရက် ခရီးစဥ်ပါ

၇ ယောက်၀ယ်ရင် ၈ယောက်မြောက် (၁ ယောက်) အခမဲ့

Hello လုပ်လိုက်ရုံနဲ့ အိမ်တိုင်ရာရောက် လက်မှတ် လာပို့ပေးပါတယ်။

ရုပ်ချောကြောင်း ထောက်ခံချက် (Beauty Certificate) ပြနိုင်ရင် cash back ၁၀,၀၀၀ ကျပ် ချက်ချင်း ပြန်ပေးပါမယ်

အလွန်ရုပ်ချောကြောင်း ထောက်ခံချက် (Beauty Certificate ၂ ခုထပ် ပိုပြနိုင်ရင်) cash back ၃၀,၀၀၀ ကျပ် ချက်ချင်း ပြန်ပေးပါမယ်

တစ်မိသားစုလုံး ရုပ်ချောရင် ဒီလို ရုပ်ချောအောင် မွေးနိုင်တဲ့ မာတာမိခင် (သို့) ဖခင် တစ်ဦး အခမဲ့ လိုက်ပါခွင့်🥰

မကြာခင်မှာ မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ်ကို ရောက်တော့မယ်။ပိတ်ရက်တွေကလည်းအများကြီးဆိုတော့ ခရီးထွက်ဖို့အတွက် ပြင်ဆင်ရတော့မ...
28/08/2019

မကြာခင်မှာ မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ်ကို ရောက်တော့မယ်။
ပိတ်ရက်တွေကလည်းအများကြီးဆိုတော့ ခရီးထွက်ဖို့အတွက် ပြင်ဆင်ရတော့မှာပေါ့နော်။

Admin ကတော့ပိတ်ရက်ဆိုတာနဲ့ ပြေးမြင်လိုက်တာကတော့ ခရီးထွက်ဖို့ပါဘဲ။

ဒါဆိုရင် ချစ်တို့ကော ပိတ်ရက်ဆို ဘာကိုပြေးမြင်မိလည်း?????

Bangkok ကို ၃ လ အလည်​ ဗီဇာနဲ့သွားမယ်​ဆိုရင်​ အ​သေးစိတ်​ လမ်းညွှန်​​ပေးလိုက်​တယ်​​နော်​👇👇👇👇👇👇1. Passport စာအုပ်​မရှိ​သေးရ...
23/08/2019

Bangkok ကို ၃ လ အလည်​ ဗီဇာနဲ့
သွားမယ်​ဆိုရင်​ အ​သေးစိတ်​ လမ်းညွှန်
ပေးလိုက်​တယ်​​နော်​👇👇👇👇👇👇

1. Passport စာအုပ်​မရှိ​သေးရင်
Passport စာအုပ်​ကို မိမိတို့ မြို့နယ်​/တိုင်း
အနီးစပ်​ဆုံး​နေရာမှာ အရင်​ဆုံး လုပ်​ပါ။
- အိမ်​​ထောင်​စု စာရင်း မူရင်း။
- မှတ်​ပုံတင်​။
မိမိကိုယ်​တိုင်​ Passport ရုံးကို သွားပါ။
Passport ရုံး​ရောက်​ရင်

PV👉 စာအုပ်​ လုပ်​မှာလား🤔
PV - အလည်​Passport စာအုပ်​။

PJ 👉စာအုပ်​ လုပ်​မှာလား🤔
PJ - အလုပ်​ Passport စာအုပ်​။

Ok...​ဈေးနှုန်းက​တော့ အားလုံး အပြီးအစီး
မိမိကိုယ်​တိုင်​လုပ်​ရင်​ ၃၅၀၀၀ ဘဲ ကုန်​ကျ
မည်​ဖြစ်​ပါတယ်​။

Passport စာအုပ်​​လျှောက်​တဲ့အခါ
၁၀ ရက်​​လောက်​​တော့ ​စောင့်​ရပါတယ်​။
၁၀ ရက်​ပြည့်​ရင်​ Passport ရုံးမှာ
မိမိကိုယ်​တိုင်​ စာအုပ်​ ထုတ်​ယူရမည်
ဖြစ်​ပါတယ်​။

မှတ်​ချက်​။ ​လေယာဉ်​ နဲ့ ဘန်​​ကောက်​ကို
၁၄ ရက်​ အလည်​ခရီးသွားမယ်​ဆိုရင်
ထိုင်းသံရုံးမှာ ဗီဇာ ​လျှောက်​ရန်​ မလိုပါ။
🛫 ​လေယာဉ်​ လက်​မှတ်​ တိုက်​ရိုက်
ဝယ်​ပြီး ဘန်​​ကောက်​သို့ ခရီး
ထွက်​လို့ရပါတယ်​။

2. PV Passport ရပြီဆိုရင်​ ဒုတိယ
အဆင့်​အ​နေနဲ့ ဗီဇာ ​လျှောက်​ရန်
ရန်​ကုန်​က ထိုင်းသံရုံးကို
မိမိကိုယ်​တိုင်​သွားပြီး ဗီဇာ​လျှောက်​ရပါ့မယ်​။
လိုအပ်​​သော အချက်​အလက်​ဖြည့်​ရန်
သံရုံးမှာ စာရွက်​ စာတန်း ​တောင်းလို့ရပါတယ်​...အကယ်​၍ ဘယ်​မှာ ယူရမလဲ မသိရင်
ထိုင်းသံရုံးက ဂိတ်​​စောင့်​ကို ​မေးပါ။
ကူညီ​ပေးပါလိမ့်​မယ်​။

စာရွက်​စာတန်း ဖြည့်​ပြီးရင်
- ဗီဇာ ​ကြေး ​ဒေါ်လာ US 40.
- Bank ဘဏ်​စာအုပ်​ထဲ မှာ
အနည်းဆုံး မြန်​မာ​ငွေ ၇ သိန်း ရှိ​ကြောင်း
ပြင်​ဆင်​ ထားရပါ့မယ်​။

ရန်​ကုန်​ ထိုင်းသံရုံးက
ပုံမှန်​ မနက်​ ၉ နာရီ ဆိုရင်​ စတင်​ ဖွင့်​ပါပြီ။
မနက်​ ၉ နာရီက​နေ ၁၁း၃၀ အထိ
ဗီဇာ ​လျှောက်​ ခွင့်​ ပြုထားပါတယ်​။

နေ့လည်​ ၁းဝဝ မှ ၃းဝဝ ထိ
ဗီဇာ ထုတ်​ယူခွင့်​ ပြုထားပါတယ်​။

ဗီဇာ စတင်​​လျှောက်​မယ်​ဆိုရင်
စော​စော ​လေး ကြိုတင်​ သွားပါ။

မြဝတီ ဘက်​က သွားမည့်​ သူများ
မြဝတီ ရန်​ကုန်​ အသွားအပြန်​ ကား လက်​မှတ်
မိတ္တူ,အိမ်​​ထောင်​စု စာရင်း မိတ္တူ
လိုအပ်​ပါတယ်​။

3. ထိုင်းသံရုံး မှာ ဗီဇာ ထုတ်​ယူပြီးရင်
မြဝတီ လမ်း​ကြောင်း သွားမည့်​ သူများ
အောင်​မင်္ဂလာ အ​ဝေး​ပြေး က​နေ
မြဝတီ သို့ လိုင်းကား စီးသွားပါ။
မြန်​မာ​ငွေ ၁၅၀၀၀ ကျပါမည်​။

- မြဝတီ ​ရောက်​ရင်​ Hotel တည်းမည့်​သူ
ရှိရင်​ Hotel ခက မြန်​မာ​ငွေ ၂၅၀၀၀,
၃၀၀၀၀ မနက်​စာ အပါအဝင်​ ရှိပါတယ်​။
ခဏ အနားယူပြီး မြဝတီ မြို့ အနီးတဝိုက်
ရေ​ပေါ်​ဈေး,မဲ့​ထော်​တ​လေး ​ကျေးရွာ,
ချစ်​ကြည်​​ရေးတံတား ၂ စ​သော
မြဝတီ မြို့အနီး တဝိုက်​ လည်​ပတ်​​လေ့လာနိုင်​ပါတယ်​....

- Hotel မတည်း ချင်​ဘူး ရိုးရိုးဘဲ
တည်းမည်​ဆိုပါက မြဝတီ ချစ်​ကြည်​​ရေး
တံတား ၁ ​ဘေးနားမှာ
မြန်​မာ​ငွေ ၅၀၀၀ တန်​ တည်းခိုခန်း​တွေ
ရှိပါတယ်​။

မြဝတီ မှာ မတည်းဘဲ မဲ​ဆောက်​တန်းကူးပြီး
ဘန်​​ကောက်​တန်းသွားလို့ရပါတယ်​။
ခရီးမပင်​ပန်းရင်​​ပေါ့​လေ။

4. မြဝတီ မဲ​ဆောက်​ တံတားကူး​တော့မည်
ဆိုပါက 👇👇👇👇👇
- မြန်​မာ ဘက်​အခြမ်းမှာ အရင်
လူဝင်​ကြီးကြပ်​​ရေးရုံးခန်း ​မေးပြီး
မိမိကိုယ်​တိုင်​ဝင်​သွားပါ။
ပြီးရင်​ ​တွေ့တဲ့ လူကြီးသက်​ဆိုင်​ရာကို
စာရွက်​စာတန်း မဖြည့်​တတ်​ရင်
အကူညီ​တောင်းလို့ရပါတယ်​။
အခမဲ့ကူညီ​ပေးပါလိမ့်​မည်​။

သတိထားရမှာ တစ်​ခုက ထိုင်းဘက်
လူဝင်​ကြီးကြပ်​​ရေး မဲ​ဆောက်​ဘက်
ရောက်​ရင်​ နံပါတ်​ ၁၄ ကို တိုက်​ရိုက်
သွားပါ။ PV Passport ပြပါ။
ထိုင်းလူဝင်​ကြီးကြပ်​​ရေးမှ ဖြည့်​စွပ်​ရန်
စာရွက်​ပိုင်း တို​လေး ထုတ်​​ပေးပါလိမ့်​မယ်​။
ဖြည့်​ တတ်​ရင်​ ကိုယ်​တိုင်​ ဖြည့်​ပါ။
မဖြည့်​တတ်​ရင်​ အနီးအနားက လူ​တွေကို
အကူညီ​တောင်းပါ။
မှတ်​ချက်​။ တစ်​ချို့ Bath 100 ယူပြီး အဲ့
စာရွက်​ဖြည့်​​ပေး ပြီး လုပ်​စား​နေသူ​တွေ
ရှိပါတယ်​။

- ပြီးရင်​ ထိုင်း​ငွေ ပမာဏ Bath - 20000
ပြရပါ့မယ်​။

အကယ်​၍ မိမိ မှာ ထိုင်း​ငွေ မရှိခဲ့ရင်​& ​ငွေမလုံ​လောက်​ခဲ့ရင်
အနီးအနားမှာ Bath ​ငွေ 20000 ကို
ထိုင်းဘတ်​ 150 ​ပေးပြီး ခဏ
ဌားလို့ရပါတယ်​။

5. Ok... အထက်​​ဖေါ်ပြ ပါ အဆင့်
4 ဆင့်​ ပြီးသွား ရင်​ ဘန်​​ကောက်​ကို
ခရီးဆက်​ဖို့ မဲ​ဆောက်​ ဘန်​​ကောက်​သွား
တဲ့ ကားဂိတ်​ကို သွားရပါမယ်​။
- ဆိုင်​ကယ်​နဲ့ သွားရင်​ ဘတ်​ ၈၀။
- လိုင်းကားနဲ့သွားရင်​ ဘတ်​ ၃ဝ ။

မိမိကြိုက်​နှစ်​သက်​ရာ ​ရွေးချယ်​နိုင်​ပါတယ်​။

6. မဲ​ဆောက်​ ဘန်​​ကောက်​ ကားဂိတ်
ရောက်​ရင်
👉 ရိုးရိုး Travel Bus ဆိုရင်
374 Bath 🚃.

👉VIP Air Travel Bus ဆိုရင်
580 Bath 🚋
မနက်​စာ Coffee နဲ့မုန့်​ အစာ​ပြေ ​ရေသန့်​။
နေ့လည်​စာ အစားအ​သောက်​ လက်​မှတ်
တွဲ ပါပြီးသားပါ။
ထိုင်​ခုံက မိမိလိုအပ်​သလို အတိုးအ​လျှော့
လုပ်​နိုင်​သည့်​အပြင်​ ​ညောင်းရင်​ အနှိပ်​ ခလုပ်​နှိပ်​ပြီး ဇိမ်​ယူလို့ရတယ်​​နော်​။
ကားစီး​နေတဲ့အချိန်​ ခရီးလမ်းတစ်​​လျှောက်
သီချင်းအကျယ်​ကြီးဖွင့်​ထားတာမျိုး​တွေ
လုံးဝမရှိပါ တည်​ငြိမ်​​အေးချမ်း
ဘန်​​ကောက်​သို့ ခရီးဆက်​မှာ ဖြစ်​ပါတယ်​။
ကား​ပေါ်မှာ ​ကော်​ဖီ ​ဖျော်​​ပေးတာ​တွေ
လိုအပ်​တာ​တွေ လုပ်​​ပေးဖို့ Guide
မိန်းခ​လေး တစ်​​ယောက်​ က ကူညီ​ပေးပါလိမ့်​မယ်​။

ဘန်​​ကောက်​ ​မော်​ချစ်​မှာ ဂိတ်​ဆုံးမှာ
ဖြစ်​ပါတယ်​။

ကဲ အစအဆုံး ကုန်​ကျ စရိတ်​​လေး​တွေ
တွက်​ကြည့်​ ရ​အောင်

👉စာအုပ်​​ကြေး ၃၅၀၀ဝ.
👉 ဗီဇာ ​ကြေး ၆၀၀၀၀ US 40.
👉 ရန်​ကုန်​မြဝတီ ကားခ ၁၅၀၀၀.
👉 မြဝတီ တည်းခိုခန်းခ ၅၀၀၀.
👉 ထိုင်း​ငွေ ပမာဏ ပြ ​ငွေဌားခ ၁၄၀၀၀.
👉 မဲ​ဆောက်​ ဘန်​​ကောက်​ ရိုးရိုးကားခ
၁၇၈၀၀.
All Total ၁၃၂၀၀၀
အ​ထွေ​ထွေ အသုံးစာရိတ်​ အပါအဝင်
၁၅၀၀၀၀ နဲ့ ဘန်​​ကောက်​ မှာ
အနည်း ဆုံး ၂ လမှ ၃ လအထိ
နေထိုင်​လည်​ပတ်​ခွင့်​ရရှိမှာ ဖြစ်​ပါတယ်​။

Crd.

မေမြို့-​နောင်​ချို - သီ​ပေါ ခရီးစဉ်​သွားမည်​သူများ သတိထားကြပါ။
15/08/2019

မေမြို့-​နောင်​ချို - သီ​ပေါ ခရီးစဉ်​သွားမည်​သူများ သတိထားကြပါ။

ကရင်တို့ရဲ့ မြို့တော်ဘားအံ ပျော်ရွှင်ဖွယ် ခရီးစဉ် (နေ့ချင်းပြန်)  👣👣👣👣👣👣👣👣👣👣👣👣👣👣👣👣👣👣👣👣👣🎵🎵🎵ဖားစည်သံ နားထဲချိုပျံလွင့်လား ခ...
28/01/2019

ကရင်တို့ရဲ့ မြို့တော်ဘားအံ ပျော်ရွှင်ဖွယ် ခရီးစဉ် (နေ့ချင်းပြန်) 👣👣👣👣👣👣👣👣👣👣👣👣👣👣👣👣👣👣👣👣👣
🎵🎵🎵ဖားစည်သံ နားထဲချိုပျံလွင့်လား ချစ်ညီအကိုတို့ဇွဲကပင်မြေ🎵🎵🎵🎵 ဒီသီချင်းလေးကြားရင် ကရင်ပြည်နယ်ကိုခရီးသွားချင်စိတ်ကို အလိုလိုဖြစ်ပေါ်လာတယ်……..😄😄😄

👉👉👉ကရင်ပြည်နယ် ရဲ့ အထင်ကရ နေရာတွေကို သွားရောက် လည်ပတ်ချင်ပေမယ့် ရက်မပေးနိုင်တဲ့ သူတွေ၊ အချိန်မရပါဘူး ဆိုတဲ့ သူတွေအတွက် နေ့ချင်းပြန် ခရီးစဉ် လေး လာပါပြီ။

👉👉👉နေ့ချင်းပြန်ဆိုရင် နေရာစုံအောင် ရောက်ပါ့မလား။ နေရာစုံအောင် ရောက်ရင်လည်း ဖုတ်ပူမီးတိုက် သွားရမှာမလား? တစ်ရက်တည်းဆိုတော့ ပင်ပန်းတယ်😔. ရေမချိုးရ😔. အကျီ င်္မလဲရ😔ဆိုတော့ စိတ်ကြိုက် ဓာတ်ဖမ်းလို့ မရဘူး.. လို့ ပြောကြမယ့်သူတွေအတွက်

နေရာစုံလား မစုံလား သွားမယ့် နေရာတွေက
👉သဘာဝဂူက (၅)ဂူ၊
👉သဘာဝ ရေပူစမ်း (၁)ခု၊
👉ဥယျာဉ် ပန်းခြံ က (၂)ခု၊
👉ရေကူးကန် (၁)ခု၊
👉ဘားအံမြို့ဖြစ်ပေါ်လာရတဲ့ ဖ နဂါးက ဖားမင်းကို ပြန်အံရာ သမိုင်းဝင် ရွှေရင်မျှော် ဘုရား၊
👉သာမညတောင်ဆရာတော် ဘုရားကြီးတည်ထားခဲ့တဲ့ ကျောက်ကလပ်စေတီ စတဲ့ အထင်ကရ နေရာတွေကို စုံစုံလင်လင် ရောက်ရှိမှာ ဖြစ်ပါတယ်။

နေရာတစ်နေရာမှာ 📷📷📷ဓာတ်ဖမ်းဖို့ ⌚⌚⌚အချိန်လုံလုံလောက်လောက် အပိုရတဲ့အပြင် အဓိဌာန်၊ ပုတီး၊ ပဌားန် အကျယ် ရွတ်ချင်သူများပါ ရွတ်ဖို့ အချိန် လောက်လောက်ငှငှ ရပါတယ်။
တစ်ရက်ခရီးဆိုပြီး အကျီ င်္(၁)စုံထဲနဲ့တော့ မလာနဲ့နော်👕။ အနည်းဆုံး (၃) စုံလောက် ထည့်ခဲ့ပါ👕👕👕။ ရောဂါဘယ၊ စိတ်ဖိစီးခြင်း၊ စိတ်ပင်ပန်း၊ နွမ်းနယ်ခြင်းများကို ပြေပျောက်စေဖို့အတွက် သဘာဝ ရေပူစမ်းမှာ ရေစိမ်၊ ရေချိုး ရေကူးကြမယ်။ 💅👰ပြီးသွားရင် အလှပြင်မယ်၊ အကျီ င်္လဲမယ်။ လန်းသွားရင်တော့ 📷ဓာတ်ဖမ်းမယ် ဗျာ။
ပင်ပန်းနွမ်းနယ်တာတွေကို လစ်ခိုင်းလိုက်လို့ ရပြီလေ။ ရေပူစမ်းမှာ ရေစိမ်ပြီး အားမရဘူးဆိုတဲ့သူတွေအတွက်လည်း ရေကူးကန်ကို လိုက်ပို့ပေးအုံးမယ်ဗျာ။ 🏊🏊🏊ရေကူးလို့ ရပါသေးတယ်။

🌁🌄🗻တောတောင်ရေမြေသဘာဝအလှတရားနဲ့ ပြည့်စုံနေတဲ့ကရင်ပြည်နယ်ကို အခုချိန်မှာ သွားဖို့ အဆင်ပြေဆုံးပါဘဲ။

🌇ဘားအံမြို့မှာဆိုရင် လွမ်းမောစရာကောင်းလှတဲ့ တောတောင်တွေကလဲရှိနေတော့ ကရင်ပြည်နယ်ကို ခြေချပြီဆိုတာနဲ့ တစ်ခုခုကို လွမ်းမောစေမှာပါ။

👭👭👭ကရင်လူမျိုးတွှေရဲ့ ချစ်စရာကောင်းတဲ့ဓလေ့ထုံးစံနဲ့ ရိုးသားဖော်ရွေသော လူနေမှုစရိုက်ကိုပါတပြိုင်တည်း တွေ့ရမှာပါ။

ဒီခရီးစဉ်မှာ တောင်ကတုံးလေးတွေ တက်ရတာတွေ၊ လျှိုတွေ ဂူတွေထဲ လျှောက်သွားရတာတွေ၊ ဂူအောက် သဘာဝရေကန်ထဲ လှေစီးရတာတွေ၊ ပန်းပေါင်းမျိုးစုံကြားထဲ လျှောက်သွားရတာတွေ၊ စိတ်ပင်ပန်း၊ စိတ်ဖိစီးမှုတွေ ပြေပျောက်စေတဲ့ သဘာဝရေပူ စိမ်ရတာတွေကိုပါ စုံစုံလင်လင် လုပ်နိုင်မယ့် ဒီခရီးစဉ်လေးကို လိုက်ပါချင်တယ်ဆိုရင်တော့…👉👉👉

မြန်မာ့ခရီးသည်👈👈👈 ကို အခုပဲဆက်သွယ် လက်မှတ်ဝယ်ယူလိုက်ပါ။

👍👍👍ပထမဆုံး လက်မှတ်ဝယ်ယူသူ👤👤👤👤👤 (၅) ဦးကို ၁၀% လျော့ပေးပါမယ်။

အပေါ်က ပြောထားတာတွေကို လိုက်ပါ လုပ်ဆောင်ဖို့ တစ်ဦးကို မြန်မာငွေ (၄၇၀၀၀) ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။

၄၇၀၀၀ ကျပ်ထဲမှာတော့
(၁) Air conditioned ကား🚐🚐🚐
(၂) ထမင်း ၃ နပ်🍚🍜🍲
(၃) တဆင့်သွား လှေခ🚣🚣🚣၊
(၄) ဥယျာဉ်ဝင်ခ🌻🌹🍀
(၅) ရေသန့်ဗူး🍶🍶🍶၊ Wet tissue၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာ

👉👉👉အပြန်လမ်းမှာတော့ လိုက်ပါသူ 👤(၁)ဦးကို ဂိမ်းဆော့ မဲနှိုက်ပြီး လက်မှတ် (၁)စောင်ကို 😃😃😃Cash back ပြန်ပေးအုံးမှာဖြစ်ပါတယ်။

အခုပဲ ၀ယ်ယူလိုက်ပါတော့လို့စ့်….
📞📞📞09-30911030
📞📞📞09-30911040
📞📞📞09-30911050
📧📧📧[email protected]

ခရီးထွက်ရတာ ကြိုက်နှစ်သက်တဲ့ ကိုကို မမတွေအတွက် ကိုယ့်ခရီးစဉ်မှာ ကုန်ကျမဲ့ ဘတ်ဂျက် ဘယ်လိုတွက်ချက်ရမလဲ အကြံပေးလိုက်ပါတယ်။၁...
04/12/2018

ခရီးထွက်ရတာ ကြိုက်နှစ်သက်တဲ့ ကိုကို မမတွေအတွက် ကိုယ့်ခရီးစဉ်မှာ ကုန်ကျမဲ့ ဘတ်ဂျက် ဘယ်လိုတွက်ချက်ရမလဲ အကြံပေးလိုက်ပါတယ်။

၁)ခရီးစဉ်ကိုရွေးချယ်ပါ။

အရင်ဆုံးကိုသွားချင်တဲ့ နေရာကိုရွေးပါ။ ကိုယ်သွားမယ့်ခရီးစဉ်ကိုရွေးချယ်ပြီးရင်တော့ ခရီးစဉ်ကုန်ကျစရိတ်ကို တစ်ခါတည်းတွက်ချက်နိုင်ပါတယ်။

၂)သွားမဲ့ အချိန်ကို ကြိုတင်သတ်မှတ်ပါ။

နေရာဒေသတွေက သူ့ရဲ့ ပွဲတော်များအလိုက် လူများကြပါတယ်။ ပွဲတော်ရာသီရောက်ရင်လဲ တည်းခိုစရိတ်၊စားစရိတ်တွေလည်း တတ်လာတာဖြစ်လို့ သွားမည့်အချိန်ကိုလည်း ကြိုတင်သတ်မှတ်ပါ။

၃) ခရီးစဉ်အတွက် ကုန်ကျမဲ့ ဘတ်ဂျက်ကို တွက်ချက်ပါ။

အပေါ်ကနှစ်ချက်ကို တွက်ချက်ပြီးရင်တော့ ခရီးစဉ်အတွက်ကြိုတင်တွက်ချက်နိုင်ပါပြီ။

၎)ကုန်ကျမဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး တစ်နေ့ (သို့မဟုတ်) တစ်လ ဘယ်လောက်စုမလဲဆိုတာကို ဆုံးဖြတ်ပါ။

နောက်ဆုံးမှာတော့ ကုန်ကျစရိတ်ကို ခန့်မှန်းနိုင်ပြီ ဖြစ်လို့ တစ်နေ့ဘယ်လောက်စုမယ်ဆိုပြီး ဆုံးဖြတ်နိုင်ပါပြီ။

Address

No. 14, Shwe La Win Street
Yangon
11111

Alerts

Be the first to know and let us send you an email when Wanderlust Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wanderlust Myanmar:

Shortcuts

Share