Camping Service Yangon

Camping Service Yangon Camping Packages Rental Services. Caravan Tour Services. Car Rental.

ကလောမြို့ကချစ်စရာဘန်ဂလိုအိမ်လေး❣️တောင်ကုန်းတောင်စောင်းပေါ်ကSweet Garden Kalaw Bangalowအိမ်လေး🏡🏞️တောင်ကုန်းတောင်စောင်းပေါ...
25/12/2022

ကလောမြို့က
ချစ်စရာဘန်ဂလိုအိမ်လေး❣️

တောင်ကုန်းတောင်စောင်းပေါ်ကSweet Garden Kalaw Bangalowအိမ်လေး🏡

🏞️တောင်ကုန်းတောင်စောင်းပေါ်မှာဆောက်ထားတဲ့ဘန်ဂလိုလေးဆိုပေမယ့် ဘန်ဂလိုရှိတဲ့နေရာကိုရောက်ပြီဆိုတာနဲ့ Viewအလှတွေ ကြည့်ပီအမောပြေသွားစေမှာအမှန်ပါ🏡

🏠Bangalow တလုံးကို လူ (၅)ဦးအထိတည်းခိုနိုင်ပါတယ် စျေးနှုန်းက( ၇၅၀၀၀)ကျပ်ပါ
Breakfast တော့မပါဝင်ပါဘူး

🏠အခန်းတွင်းမှာလဲချကက်ပြုတ်စားသောက်လို့ရအောင် Menykittchen လေးတွဲထည့်ပေးထားလို့ကိုယ်တိုင်ချက်ပြုတ်စားသောက်လို့လည်းရပါတယ်

🏠အပေါ်ထပ်တွင်(၃)ယောက်အိပ်လို့ရပြီးအောက်ထပ်တွင် (၂)ယောက်အိပ်လို့ရပါတယ် Extra ထိုးရင်တစ်ယောက်ရပါမည် Extra တစ်ယောက်အတွက် (၁၀၀၀၀)ကျပ်ကျသင့်မှာပါနော်

🏞️တောင်ကုန်းတောင်စောင်းပေါ်မှာဆောက်လုပ်ထားသောကြောင့်အတက်အဆင်းလေးတော့နည်းနည်းရှိပါတယ်

🏠ကလောမြို့အနောက်မြို့ပတ်လမ်းညောင်ပင်သာလမ်းသွယ်ချယ်ရီလမ်း Green valley hotel ဘေးချင်းကလျှက်မှာပါ

Garden Kalaw Bangalow🏠
ဆက်သွယ်မေးမြန်းရန်ဖုန်းနံပါတ်
0941003202
09982204903

Paoh Stars

crd

ရှမ်းပြည်နယ်တောင်ပိုင်းပအိုဝ်းကျေးရွာက Camp⛺ညောင်ရွှေမြို့နယ်အင်းလေးကန်ကြီးနားက Camp⛺Green Hands Farm Camp 📌Camp ရှိတဲ့ ...
18/12/2022

ရှမ်းပြည်နယ်တောင်ပိုင်း
ပအိုဝ်းကျေးရွာက Camp⛺

ညောင်ရွှေမြို့နယ်အင်းလေးကန်ကြီးနားက Camp⛺

Green Hands Farm Camp

📌Camp ရှိတဲ့ ရွာနာမည်က နမ့်လီသပြေကုန်း တဲ့။ အိမ်ခြေ နည်းနည်းနဲ့ ရိုးသားကြိုးစားပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ ပအိုဝ်းတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ရွာငယ်လေးပါ❣️

📍ဘယ်လိုလူတွေလာသင့်တာလဲ
➡️ Camping လုပ်ရတာ သဘောကျတယ်
➡️ Adventure ဆန်တဲ့ ခရီးတွေနှစ်ခြိုက်တယ်
➡️ သဘာဝဆန်ဆန် နေထိုင်ရတာကြိုက်တယ်
➡️ City escape ကိုတကယ်လုပ်ချင်တယ်
➡️ ဒေသခံတွေနဲ့ ရင်းနှီးချင်တယ် လေ့လာစပ်စုချင်တယ် ဆိုတဲ့ လူငယ် လူလတ် ခရီးသွားများအတွက် အဓိက ရည်ရွယ်ပါတယ်။

📍ဘာတွေလုပ်လို့ရလဲ
➡️ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ နဲ့ ဒေသခံလုပ်ငန်းတွေမှာ ပါဝင်လေ့လာကြမယ်
➡️ ဒေသအစားအစာပြုလုပ်တာတွေ ကြည့်မယ်
➡️ တောင်ကုန်း တောင်တန်းတွေမှာ trekking ကြမယ်
➡️ Hass ထောပတ်သီး ကိုယ်တိုင်ခူးမယ်
➡️ Organic စိုက်ခင်းထဲကနေ အရွက်တွေခူးစားမယ်
➡️ တိမ်ပင်လယ် နဲ့ ကြယ်တွေစုံတဲ့ည ဖြတ်သန်းမယ်
➡️ Sunset နဲ့ Sunrise view ပါ ခံစားလို့ရမယ်
➡️ ပျော်စရာ Campfire ညလေးဖန်းတီးကြမယ်
Green Hands ရဲ့ Farm Camp

📍Camp ရှိတဲ့နေရာ
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်ကြီးနားက တောင်တန်းမြင့်မြင့်ကြီးပေါ်မှာရှိပါတယ်။ Camp ရှိတဲ့ ရွာနာမည်က နမ့်လီသပြေကုန်း တဲ့။ အိမ်ခြေ နည်းနည်းနဲ့ ရိုးသားကြိုးစားပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ ပအိုဝ်းတိုင်းရင်းသားတွေ နေထိုင်ကြတယ်။

📍Camp ကို ဘယ်လိုလာရမလဲ
🚗ရန်ကုန်က Camper တွေ ညောင်ရွှေ Famous ကားစီးပါ ။ ဂိတ်မှာ လာကြိုပါမယ် ။

🚗 ကိုယ်ပိုင်ကားနဲ့ လာမယ့် Camper များ ကားထားခဲ့နိုင်အောင် နေရာစီစဉ်ပေးပါမယ်။
🚗 ကားနဲ့ပမ်းလို့ လေယာဉ်နဲ့လာမယ့် Camper များ ဟဲဟိုး လေဆိပ်မှာ လာကြိုပေးမယ်။

‼️သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကြစို့ အမှိုက်ပစ်ခြင်းမှရှောင်ကြည့်စို့နော်

Paoh Stars

photo + စာ crd

🥰🥰 ရန်ကုန်ကနေ 1 နာရီဝန်းကျင်လောက်ပဲ သွားရတဲ့ ပဲခူးမြို့အဝင်က Home At Alaingi ( အလိုင်နီဆည်) 🍃🌿🤗 ဟိုတလောကမှ Page မှာ ညွှန...
09/03/2022

🥰🥰 ရန်ကုန်ကနေ 1 နာရီဝန်းကျင်လောက်ပဲ သွားရတဲ့ ပဲခူးမြို့အဝင်က Home At Alaingi ( အလိုင်နီဆည်) 🍃🌿

🤗 ဟိုတလောကမှ Page မှာ ညွှန်းပေးခဲ့ပေမယ့် ဒီတခါတော့ ညအိပ်ဝန်ဆောင်မှုပေးနေတဲ့အပိုင်းလေး Share ပေးပါမယ်ဗျ 💕

🏞️ အေးအေးချမ်းချမ်းနဲ့ သဘာဝအလှကိုခံစားချင်သူတွေအတွက် သင့်တော်တဲ့နေရာလေးဖြစ်ပြီး လက်ရှိမှာတော့ သိုင်းလောက ပညာရှင်များ မြင်တွေ့ဖူးနေကြဖြစ်တဲ့ Emperor Bell Tent တွေနဲ့အတူ ညအိပ်ဝန်ဆောင်မှုပေးနေတာမို့ ဂျင်ဂစ်ခန်ဆန်ဆန် တည်းခိုရမှာဖြစ်ပါတယ် 😛😁😁

🥰 နေ့ချင်းပြန် အပန်းဖြေလိုသူများအတွက်လည်း စီစဉ်ပေးနေပြီး ညအိပ်တည်းခိုလိုသူများအတွက် မနက်စာ နဲ့ နေ့လည်စာ အပါ 100,000 Ks အထက်နဲ့ ဝန်ဆောင်မှုပေးနေတယ်တဲ့ဗျ 💕

ကျန်ဝန်ဆောင်မှုတွေအနေနဲ့ 🚣 Kayak လှေစီးတာ
🚴 စက်ဘီးစီးတာ စတဲ့ Activities တွေလည်းလုပ်လို့ရတယ်ဗျာ

💁 အသေးစိတ်နဲ့ ဈေးနှုန်းအတိအကျအတွက်
095041399 ကို တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်နော် 💕

💁 လမ်းညွှန် - ပဲခူး တိုးဂိတ်မရောက်ခင် တိုက်ကြီး - ဖောင်ကြီးလမ်း သို့ ကွေ့ပြီး မိနစ် 20 ခန့် မောင်းယုံဖြင့် ရောက်ရှိနိုင်ပါပြီ



I Like That & Other with Respect 🖤

ပိုးစုန်းကြူးလေးတွေ ကြည့်စမ်းကွယ်...🎵 🎶..ခြံထဲမယ် ညဖက်မှောင်ရီချိန်ဆို..မီးလေးတွေ မှိတ်တုပ်မှိတ်တုပ်နဲ့ဟိုဒီ ပျံနေကြတဲ့ ...
31/01/2021

ပိုးစုန်းကြူးလေးတွေ ကြည့်စမ်းကွယ်...🎵 🎶..
ခြံထဲမယ် ညဖက်မှောင်ရီချိန်ဆို..
မီးလေးတွေ မှိတ်တုပ်မှိတ်တုပ်နဲ့
ဟိုဒီ ပျံနေကြတဲ့ ပိုးစိမ်းကြူးလေးတွေကို...
မမြင်ဖူးတဲ့ ခလေးတွေအတွက်
"Fireflies watch night out trip" လေး
မကြာခင် ကြိုးစားလုပ်ပေးမယ်နော်...
သူတို့အကြောင်း သိရအောင်
ပြန်မျှဝေ လိုက်ပ့ါတယ်..
++++++

ကျွန်‌ဝော် တို့ပတ်ဝန်းကျင်မှာ
ပိုးစုန်းကြူးလေး တွေကို မတွေ့ရတော့ပါဘူး။

ဘာလို့လဲ?
မျိုးတုန်းကုန်တာလား?
ဒီနေ့ တနသ်ာရီဂျာနယ်မှာ ဒီအကြောင်းလေးရှင်းပြထားတာတွေ့လို့ စိတ်ဝင်စားပြီး google မှာပါရှာဖတ်ကြည့်မိတယ်။

ပိုးစုန်းကြူးတွေက နွေဦးရာသီရဲ့ပိုးကောင်လေးတွေပါ။မကြာခင်ရောက်လာတော့မယ့် နွေဦးကစလို့ June လ လောက်ထိ ပိုးစုန်းကြူးတွေ ပေါ်လာတက်တဲ့ရာသီပါပဲ။ ပိုးစုန်းကြူးမျိုးစိတ်ပေါင်း ၂,၀၀၀ ဝန်းကျင်လောက်ရှိပါတယ်တဲ့ ။အကောင်အကြီးအသေးရှိတယ်။တချို့က ပန်းဝတ်ရည်ကိုစားတယ်။ဘက်တီးရီးယားစားတယ်။ တချို့ ပိုးစုန်းကြူးတွေက အချင်းချင်းပြန်စားကြပါတယ်။

ပိုးစုန်းကြူးတွေဟာ ဒိုင်နိုဆောတွေနဲ့ခေတ်ပြိုင်လို့တောင်ပညာရှင်တွေကဆိုပါတယ်။သူတို့ ကမ္ဘာပေါ်မှာ ရှိခဲ့တာ နှစ်သန်းပေါင်း 100 ကျော်ပါပြီတဲ့။
ဒါပေမယ့် လူသားတွေအနေနဲ့ ဒီ‌သက်တမ်းရင့် ပိုးကောင်ငယ်တွေကို ထိန်းသိမ်းဖို့၊ကြင်နာဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေကိုယ်တိုင်တောင် 2018 ခုနှစ်လောက်မှ ပိုးစုန်းကြူးတွေပျောက်ကွယ်လာတာကိုအရေးတကြီး အဖြစ် သုတေသနတွေပြုကြ။ထိန်းသိမ်းဖို့ စာတမ်းတွေဖတ်ကြ။အဖွဲ့တွေဖွဲ့ကြနဲ့ လှုပ်ရှားလာခဲ့တယ်လို့ The Guardian သတင်းစာက ဆိုပါတယ်။ ဒီသုတေသနတွေလုပ်ပြီးမှပဲ ပညာရှင်တွေဟာ ပိုးစုန်းကြူးတွေအကြောင်းပိုသိလာခဲ့ပါတယ်။

The Guardian က ပိုးစုန်းကြူးတွေပျောက်ကွယ်လာရတာကိုအချက် 3 ချက်နဲ့ထောက်ပြပါတယ်။ အားလုံးဟာ
ပိုးစုန်းကြူးတွေရဲ့ Life Cycle ဘဝစက်ဝန်းကို နားမလည်ကြတဲ့ ၊နယ်ချဲ့ချင်တဲ့ လူတွေရဲ့ အပြစ်ပါပဲ။

(၁)မြို့ပြဖွံဖြိုးလာခြင်း။

မြစ်ကမ်းလိုနေရာ။ ချောင်းဘေးမြောင်းဘေးတွေမှာ ရေနဲ့နီးတဲ့ကွင်းပြင်ကျယ်တွေမှာ ပိုးစုန်းကြူးတွေ နေပါတယ်။ ‌ဆောင်းရာသီမှာ သားလောင်း ချတယ်။Larva လို့ခေါ်တဲ့ ပိုးတီအဖြစ်နေတယ်။ နွေဦးမှ သူတို့ထွက်လာကြပါတယ်။ ပြဿနာက မီးလေးလင်းပြီး ဟိုဒီပျံနေမှ လူတွေက ပိုးစုန်းကြူးမှန်း သိကြတာပါ။ သားလောင်းအဆင့် Larva အဆင့်မှာ သူတို့ကို‌ခြေရာခံဖို့ခက်သလို တော်ယုံလည်းမမြင်ရပါဘူး။ ပြီးတော့ အဲ့အဆင့်မှာတင် လေနဲ့အတူလွင့်ပါသွားနိုင်ပါသေးတယ်။ မြို့ပြဖွံဖြိုးမှုရဲ့ နောက်မှာ သူတို့နဲ့ သဟဇာတ ဖြစ်တဲ့ ပတ်ဝန်းကျင်မရှိတော့တာ သိပ်တော့မဆန်းလှပါဘူး။

(၂)ပိုးသတ်ဆေးနဲ့ဓာတုဓါတ်ကြွင်းများ

ဒါကလည်းသိပ်မဆန်းပါဘူး။ ပိုးစုန်းကြူးဟာ Soft-bodied ပိုးကောင်ငယ်တွေဖြစ်တယ်။သူတို့ဖွဲ့စည်းပုံအရ ပိုးသတ်ဆေး‌ကို ဘယ်လိုမှခံနိုင်ရည်မရှိပါဘူး။ သူတို့မှာအကာအကွယ်ဆိုလို့ ဖင်မှာလင်းနေတဲ့ Bioluminescence လို့ခေါ်တဲ့ Cold-fire မီးတောက်အေးတွေပဲရှိပြီး ဘက်တီးရီးယားကာကွယ်ဖို့ပဲတက်နိုင်တာပါ။ ပိုးသတ်ဆေးကြောင့် သားလောင်းဘဝ၊ Larva မှာတင် ရှောကုန်ကြပြီး အကောင်ဖြစ်လာရင်လည်း မျိုးရိုးဗီဇချို့ယွင့်ပြီး အသက်မရှည်ပါဘူးတဲ့။

(၃)Light pollution အလင်းညစ်ညမ်းခြင်း

ဒါက စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုပါ။ ပိုးစုန်းကြူးတွေရဲ့ နောက်ဖင်က လင်းတဲ့ မီးက အချင်းချင်းဆက်သွယ်ဖို့၊ မိတ်လိုက်ဖို့ ၊အစာရှာဖို့၊သားကောင်မျှားဖို့ အသုံးဝင်ပါတယ်။ မျိုးဥချဖို့ ၊အစာချေဖို့၊အထီးအမဆွဲဆောင်ဖို့၊ရောဂါကာကွယ်ဖို့ စသည်ဖြင့် ဒီနောက်ဖင်မီးက ပိုးစုန်းကြူးအတွက်အရာရာပါပဲ။
မျိုးစိတ်ပေါင်း ၂၀၀၀ လောက်ရှိတဲ့ ပိုးစုန်းကြူးတွေမှာ သူ့မျိုးစိတ်နဲ့သူ မီးလင်းတဲ့ပုံစံမတူပါဘူး။ Patternကွဲပါတယ်တဲ့။ မီးလင်းတဲ့စတိုင်မတူပါဘူး။

ရယ်ရခက် Factတစ်ခုရှိတယ်။

ဒီထဲမှာ Photurisလို့ခေါ်တဲ့ ပိုးစုန်းကြူးမျိုးစိတ် အမ တွေဟာ Photinus လို့ခေါ်တဲ့ ပိုးစုန်းကြူးမျိုးစိတ်တွေ မီးလင်းတဲ့ ပုံစံအတိုင်းအတုခိုးနိုင်ပါတယ်တဲ့။ အဲ့လို
မျိုးတူသယောင်မီးလင်းပြပြီးတော့ မိတ်လိုက်ဖို့လာတဲ့ အထီးတွေကိုစားပစ်ပါသတဲ့။ အော် မိန်းမ။

ဆိုတော့ ဖင်မီးဟာ အရာရာဖြစ်နေတဲ့ပိုးစုန်းကြူးတွေဟာ လူသားတွေထွန်းတဲ့အလင်းရောင်ကြောင့် အများကြီးဒုက္ခရောက်ပါသတဲ့။ မီးရောင်တွေကြားမှာ သူတို့မဆက်သွယ်နိုင်ပါဘူး၊မိတ်မလိုက် မျိုးမပွားနိုင်တော့ပါဘူး။ ဒီလိုနည်းနဲ့ သူတို့ကို ကျွန်တော်တို့ဆုံးရှုံးရတာပါ။

ပိုပြီးဆိုးတာက LEDမီးတွေပါ။ Blue Ray ပါဝင်တဲ့ LED စနစ်မီးရောင်ကို ဒီကောင်တွေပိုပြီးမခံနိုင်ပါဘူး။မူးဝေတာတွေ နေမကောင်းတာတွေတောင်ဖြစ်တယ်လို့ သိပ္ပံပညာက အတိအကျဆိုပါတယ်။ နဂိုမူလကိုက အနက်ရောင်အမှောင်ကိုခုံမင်တဲ့ ပိုးစုန်းကြူးတွေက လူသားတွေ ပယောဂကြောင့်ဖြစ်တဲ့ အလင်းညစ်ညမ်းမှု
ကို ဘယ်လိုမှမခံနိုင်ပါဘူး။

($) သူတို့ဘယ်လိုထိန်းသိမ်းကြလဲ။

၁၉၂၀ လောက်က ဂျပန်နိုင်ငံမှာ ‌တောထဲရွာထဲရှိတဲ့ ပိုးစုန်းကြူးတွေဖမ်းပြီး မြို့တော်တိုကျိုကို ပို့ကြပါသတဲ့။ မြို့တော်လှစေဖို့ပါ။ အဲ့လိုနဲ့ ပိုးစုန်းကြူးအရေအတွက်နည်းလာတဲ့အခါ 2010လောက်မှာဂျပန်ပညာရှင်တွေဟာ ပိုးစုန်းကြူးကိုစတင်ထိန်းသိမ်းလာကြပါတယ်။ အမေရိကန်ဟာ 2018မှာ ပညာရှင်တွေဖွဲ့ပြီး ပိုးစုန်းကြူးထိန်းလာလိုက်တာ အခုဆိုရင် မျိုးစိတ် 200 လောက်ကို အမေရိကမှာတွေနိုင်ပါသေးတယ်။ အဓိကက Citizen Science ဆိုတဲ့ လူထုအခြေပြုအဖွဲ့တွေဖွဲ့ပြီး Knowledgeရှဲတယ်၊အဖွဲ့တွေဖွဲ့တယ် ပိုးစုန်းကြူးအုပ်တွေ့ရင်သတိထားထိန်းသိမ်းကြတယ်။ အာရှမှာတော့ မလေးရှားနိုင်ငံကလွဲရင် တခြားနိုင်ငံ‌တွေမှာ ပိုးစုန်းကြူးမျိုးတော်တော်များများ မျိုးတုံးကုန်ကြပါပြီ။

ရန်ကုန်မှာတော့ ပိုးစုန်းကြူးတွေမတွေ့ရတာကြာပါပြီ။
ပိုးစုန်းကြူးဟာ နှစ်လိုဖွယ်ရာပိုးကောင်တွေပါ။ ကမ္ဘာမြေရဲ့အမွေအနှစ်လည်းဖြစ်ပါတယ်။ သူတို့ပျောက်ကွယ်သွားမှာတော့မလိုလားစရာပါပဲ။
Guardianသတင်းစာကတော့ အကြံတစ်ခုပေးပါတယ်။ တက်နိုင်သလောက် အလင်းညစ်ညမ်းမှုလျော့ချဖို့ပါ။ ညဘက်‌တွေမှာ မလိုအပ်ပဲ မီးခလုတ်တွေကို မဖွင့်လိုက်ပါနဲ့တဲ့



https://www.cnn.com/2020/02/03/world/fireflies-extinction-risk-scn/index.html

Inspiration for Today.  .. .
24/01/2021

Inspiration for Today. .. .

Camping အတွက်ဆို ဘာလိုလို. . 🏞🎑🌌🌃 Mr. Camping ရှိပါတယ်ဆို. .. .❤❤ Camping trip တွေ ခေတ်စားချိန်မှာ ချစ်ရသူတွေနဲ့ ပေါ့ပေါ...
22/01/2021

Camping အတွက်ဆို ဘာလိုလို. . 🏞🎑🌌🌃

Mr. Camping ရှိပါတယ်ဆို. .. .❤❤

Camping trip တွေ ခေတ်စားချိန်မှာ ချစ်ရသူတွေနဲ့ ပေါ့ပေါ့ပါးပါး camp trip လည်း ထွက်ချင်တယ်..

Camp site တွေကလည်း ကြိုတင် booking တွေနဲ့မို့ ကိုယ့်စိတ်ကြိုက်နေရာလေးတွေ ကိုယ်ဘာသာ ရှာဖွေသွားမယ်. ..

Camping Gear တွေလည်း စျေးကြီးပေးဝယ်ပီး တခါသုံးပီး ဝယ်မသိမ်းထားချင်ဘူး . ..

Day Trip အတွက်ရော Overnight အတွက်ပါ Camper တွေအတွက် မဖြစ်မနေ လိုအပ်မယ့် camping gear များ စီစဥ်ပေးထားပီး ကိုယ့်အဝတ်အစားနဲ့ တကိုယ်ရေသုံးအတွက်ပဲကိုယ့်ဘာသာထည့်ယုံ. . .

Camp packages စုံစုံလင်လင်ကို တူနှစ်ကိုယ် အတွက်ရော ၊ အဖွဲ့လိုက် ၊ မိသားစုများအတွက်...

Ready to use' camping gear rental packages များကို အသုံးပြုချင်တယ် ဆိုရင်တော့.....

ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ. ...

Mr. Camping ' Camping Gear Rental Services
Ph. 0973131914 , 09 793084737
No. 1, 151st,Tamwe,Yangon.










#ရွက်ဖျင်တဲ

https://www.facebook.com/279323645789375/posts/1540616779660049/

Camping အတွက်ဆို ဘာလိုလို. . 🏞🎑🌌🌃 Mr. Camping ရှိပါတယ်ဆို. .. .❤❤ Camping trip တွေ ခေတ်စားချိန်မှာ ချစ်ရသူတွေနဲ့ ပေါ့ပေါ...
20/01/2021

Camping အတွက်ဆို ဘာလိုလို. . 🏞🎑🌌🌃

Mr. Camping ရှိပါတယ်ဆို. .. .❤❤

Camping trip တွေ ခေတ်စားချိန်မှာ ချစ်ရသူတွေနဲ့ ပေါ့ပေါ့ပါးပါး camp trip လည်း ထွက်ချင်တယ်..

Camp site တွေကလည်း ကြိုတင် booking တွေနဲ့မို့ ကိုယ့်စိတ်ကြိုက်နေရာလေးတွေ ကိုယ်ဘာသာ ရှာဖွေသွားမယ်. ..

Camping Gear တွေလည်း စျေးကြီးပေးဝယ်ပီး တခါသုံးပီး ဝယ်မသိမ်းထားချင်ဘူး . ..

Day Trip အတွက်ရော Overnight အတွက်ပါ Camper တွေအတွက် မဖြစ်မနေ လိုအပ်မယ့် camping gear များ စီစဥ်ပေးထားပီး ကိုယ့်အဝတ်အစားနဲ့ တကိုယ်ရေသုံးအတွက်ပဲကိုယ့်ဘာသာထည့်ယုံ. . .

Camp packages စုံစုံလင်လင်ကို တူနှစ်ကိုယ် အတွက်ရော ၊ အဖွဲ့လိုက် ၊ မိသားစုများအတွက်...

Ready to use' camping gear rental packages များကို အသုံးပြုချင်တယ် ဆိုရင်တော့.....

ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ. ...

Mr. Camping ' Camping Gear Rental Services
Ph. 0973131914 , 09 793084737
No. 1, 151st,Tamwe,Yangon.










#ရွက်ဖျင်တဲ

Address

151st Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+95973131914

Alerts

Be the first to know and let us send you an email when Camping Service Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category