18/09/2021
ကြိုးစား.. လက်လှမ်းလို့ တွဲခေါ်မယ်..
ပုံမှန်ဆိုရင်တော့..
နောက်လမှာ လုပ်ငန်းရာသီ အစ..
ဒို့ စက်မောင်းတွေ အလုပ်များကြရတော့မယ်..
ဒီနှစ်မိုးတွင်းကာလ...
ကိုဗစ် တတိယလှိုင်းကြောင့် အချို့လုပ်ဖေါ်ကိုင်ဘက် စက်မောင်းများနဲ့ မိသားစုများ ကျန်းမာရေးထိခိုက်ပြီး ဝမ်းနည်းဖွယ်ဆုံးရှုံးခဲ့ရတယ်..
အချို့ဆို ပုံမှန်လှုပ်ရှားနိုင်အောင် အားမွေးနေရဆဲဖြစ်တယ်..
လက်ရှိမှာ လုပ်ငန်းရှားပါးလာမှုကြောင့်လည်း အလုပ်အကိုင်ကလည်း မသေချာ မရေရာတွေ ရှိလာနိုင်တယ်..
လုပ်ငန်းနဲ့ ဒေသ အခြေအနေတွေကို မပြတ်လေ့လာနေပြီး အချင်းချင်း အားပေးကူညီဖို့လိုပါတယ်..
ဘယ်လို လုပ်ငန်းအမျိုးအစားမဆို နေရာ ဒေသမရွေး သွားလုပ်နိုင်ဖို့ ...
အဆင်သင့် ဖြစ်နေဖို့လိုမယ်..
ကျန်းမာစွာနေပါ..
လေ့လာကြိုးစားပါ..
အဆက်အသွယ်တွေ မပြတ်ပါစေနဲ့..
အားလုံး ခက်ခဲနေတယ်ဆိုတာ လက်ခံနားလည်ပါ..
စိတ်ဓါတ်မကျပါနဲ့..
အရင်တုန်းက...
အခုလို ခက်ခဲမှုမျိုးတွေ ကြုံဖူးတာရှိခဲ့ပါတယ်..
အဆိုးတွေကြားထဲ အကောင်းတွေ ရှိနိုင်ပါတယ်..
အကောင်းဆုံးကို မမျှော်လင့်နိုင်ပေမယ့်..
ရှင်သန်ဖို့အတွက် အခွင့်အလမ်းတွေ ရှိနိုင်ပါတယ်..
လက်ရှိ အလုပ်အဆင်ပြေသူတွေအနေနဲ့ အလုပ်ကိုတန်ဖိုးထားပါ..
အခြားသူတွေ ခက်ခဲနေပါတယ်..
ကိုယ်ရတဲ့နေရာလေးမှာ ကြိုးစားလုပ်ကိုင်ပါ..
ကိုယ့်ကျွမ်းကျင်မှုနဲ့ မသက်ဆိုင်တဲ့ အလုပ်တွေ လုပ်နေရသူတွေ ရှိသလို..
အလုပ်မရှိလို့ ငုတ်တုတ်မေ့နေသူတွေရှိပါတယ်..
စက်.. ယာဉ်နဲ့ မဖြစ်မနေလုပ်ရတဲ့အလုပ်တွေရှိလာနိုင်ပေမယ့် လုပ်ငန်းစားရိတ် မြင့်လာတဲ့အတွက် လုပ်ငန်းတွေ အင်အားပြည့် လုပ်နိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်..
ဘယ်လိုပဲ ဖြစ်စေ..
လုပ်ငန်းရှင်တွေ စက်ပိုင်တွေ စက်မောင်း စက်ပြင်နဲ့ လုပ်ငန်းဆက်နွယ်သူများ..
အလုပ်အကိုင်သစ်တွေ အဆင်ပြေပြေရရှိဖို့..
အားလုံးကြိုးစားရှာဖွေ လုပ်ကိုင်ကြပါစို့..
ကြိုးစားပါ..
လက်လှမ်း..တွဲခေါ်ပါ..
TRY TO REACH OUT!!!
Normally ..
the business season will start in next month.
So, our machine operators and supporting team have to be busy.
Unfortunately , during this monsoon season ...
the third wave of COVID-19 caused tragic loss of health to some of our fellow business owners, engineers, technicians, machine operators and their families.
Some are still struggling to move back normally.
Currently, job scarcity can lead to job uncertainty.
We need to constantly watch out the business and local situation and encourage each other.
To be able to work at anywhere for any type of business, we all need to be ready.
Please..
Stay healthy!!!
Try to learn as much as possible!!!
Do not lose contact among comrades , especially this time.
Then,
Accept that everything is difficult
Do not be discouraged.
In the past ...
We have been experienced such difficulties, haven't we?
There can be good in the midst of bad.
You can not expect the best, but ..
there may be a chance to survive.
Appreciate work you have as your own.
Others are struggling, you see.
Please work hard where you can, if you hold the job at present.
You may also notice that there are people who are doing things that are not related to their skills.
There are people who have no earning because they do not have a job for long time.
During coming working season, there may be some compulsory work with machinery, but with the rising cost of operations, it may be difficult to run the projects profitably and less usage of the equipment in the jobs.
Anyway ..
Business owners, machine owners, operators, mechanics and business related people, let try together to get more comfortable with new jobs ..
Let's all work hard.
Try it ..
Reach out .. Take it with you ..