Golden City Hotel

Golden City Hotel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden City Hotel, Hotel, No. 13B, Ngar Htat Kyee Pagoda Street, Yangon.

11/03/2021

In

24/12/2017
14/07/2017

*** အကြိုဆီးချို (Prediabetes) ***

Prediabetes (အကြိုဆီးချို) ဆိုသည်မှာ ဆီးချိုရောဂါမဖြစ်မီ ဆီးချိုရောဂါဖြစ်တော့မည့်အခြေအနေ တစ်မျိုးဖြစ်သည်။ ကြိုတင် သတိပေးအချက်ပြခြင်း ဟုလည်းဆိုနိုင်သည်။ သင်၏ သွေးတွင်းသကြားဓါတ် (blood sugar level)သည် ပုံမှန်ထက် အနည်းငယ်မြင့်မားနေသော်လည်း ဆီးချိုရောဂါဟု သတ်မှတ်ရလောက်သည့် ပမာဏအထိ သွေးတွင်းသကြားဓါတ်ကမများသေးပေ။
Prediabetes ဆိုသည်မှာ အကယ်၍ သင်သည်​ သင်၏နေထိုင်စားသောက်မှုပုံစံကို ပြုပြင်ပြောင်း လဲမှုမပြုလုပ်​လျှင် တချိန်ချိန်တွင်သေချာပေါက်ဆီးချိုသွေးချို ဖြစ်တော့မည့် အနေအထားဖြစ်သည်။
ကံကောင်းသည်မှာ ထိုအခြေအနေ ကိုကြိုတင်ရိပ်စားမိ၍ ကျန်းမာရေးဗဟုသုတရှိ၍ နေထိုင်စား သောက်မှုပုံစံကို ပြုပြင်ပြောင်းလဲမှုတချို့လုပ်ခဲ့လျှင် ဆီးချိုရောဂါဖြစ်မည့်ဘေးမှ လွတ်မြောက်နိုင်ပါလိမ့်မည်။

Symptoms of Prediabetes (အကြိုဆီးချို၏ လက္ခဏာရပ်များ)
ဆီးချိုရောဂါဆိုသည်မှာ မရိပ်စားမိလောက်အောင် တဖြည်းဖြည်းဖြစ်သောရောဂါတစ်မျိုး ဖြစ်သည်။ အကြိုဆီးချိုအခြေအနေတွင် သင်၏သွေးတွင်းသကြားဓါတ်မှာပုံမှန်ထက်မြင့်နေပေမည်။ မည်သည့်လက္ခဏာမျှ ထင်ထင်ရှားရှား မပြသည်ဖြစ်နိုင်သော်လည်း အောက်ပါလက္ခဏာများကို သတိပြုသင့်ပါသည်။
- ပုံမှန်ဖြစ်သင့်သည်ထက်အလွန် ဆာလောင်ခြင်း
- အစာစားသော်လည်း၊ ကိုယ်အလေးချိန်ကျလာခြင်း၊ မတက်ခြင်း
- ပုံမှန်ထက်ပို၍ ရေဆာခြင်း၊ ရေသောက်ခြင်း
- ဆီးခဏခဏသွားရခြင်း
- မောပန်းလွယ်ခြင်း၊ ခြေလက်နုံးချိနေခြင်း တို့ဖြစ်ပါသည်။

Risk factors of Prediabetes (အကြိုဆီးချို/ ဆီးချို ဖြစ်နိုင်ချေများသောသူများ)
💉Weight (အဝလွန်နေသူများ)
BMI 25နှင့် အထက်ရှိသူများသည် prediabetes ဖြစ်ဖို့အခွင့်အလန်းအလွန်နီးစပ်နေသူများ ဖြစ်သည်။ အထူးသဖြင့် အလယ်ပိုင်းဝသူများ(ဗိုက်ပူခြင်း သို့မဟုတ် ခါးတုတ်ခြင်း) သည်ပိုမိုအန္တရာယ် များသည်။ ခန္ဓာကိုယ်တွင် အဆီပိုများလေလေ၊ သကြားဓါတ်လျော့ကျစေရန်အလုပ်လုပ်ပေးသော Insulin ဟော်မုန်းကို ထိခိုက်လေလေ ဖြစ်ပါသည်။
💉Lack of physical activity (ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း)
စားသောက်လိုက်သောအချိုဓါတ်များကို သွေးမှတဆင့် ကြွက်သားများ၊ခန္ဓာကိုယ် cell များသို့ ပို့ဆောင်ပေးပြီး၊ ထိုကြွက်သားလှုပ်ရှားမှုများတွင် သကြားဓါတ်ကိုအသုံးပြုရန် Insulin ဟော်မုန်းမှ အဓိကလုပ်ဆောင်ပါသည်။ကိုယ်လက်လှုပ်ရှားမှုနည်းသူများတွင် Insulin resistance ဖြစ်ခြင်းကိုပိုမို ဖြစ်စေသဖြင့် အကြိုဆီးချိုနှင့် ဆီးချိုရောဂါများကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်စေပါသည်။
💉Family history (မျိုးရိုးလိုက်တတ်ခြင်း)
မိသားစုမျိုးရိုးတွင် ဆီးချိုဖြစ်ဖူးလျှင်ဆီးချိုဖြစ်နိုင်ချေပိုများပါသည်။
💉Age (အသက်အရွယ်)
အသက်တဖြည်းဖြည်းကြီးလာသည်နှင့် အမျှဆီးချိုဖြစ်နိုင်ချေလည်း ပိုမိုများလာပါသည်။ အသက် ၄၅နှစ်တွင် ဆီးချိုဖြစ်နိုင်ချေ စတင်မြင့်တက်လာရာ အသက်၆၅နှစ်တွင် အမြင့်ဆုံး ဖြစ်လာပါ သည်။
💉Gestational Diabetes
ကိုယ်ဝန်ဆောင်စဉ် သွေးတွင်သကြားဓါတ်များခြင်းဖြစ်ဖူးသူများသည် နောက်ပိုင်းဆီးချိုရောဂါ ဖြစ်နိုင်ချေများသည်။
သွေးတိုးခြင်းနှင့် သွေးအဆီများခြင်း
သွေးတိုးခြင်းနှင့် သွေးအဆီများခြင်း ရှိသူများသည် ဆီးချိုရောဂါ ဖြစ်နိုင်ချေများသူများ ဖြစ်သည်။

***သံသယရှိလျှင် စစ်ကြည့်ပါ။ ကြိုတင် ကာကွယ်ပါ။
🔬Fasting blood suger (FBS)
FBS ဆိုသည်မှာ မနက်အစာ မစားမီ သွေးဖောက်၍စစ်ကြည့်ခြင်း ဖြစ်သည်။ ၈နာရီလောက် အစာနဲ့ဝေးဖို့ လိုအပ်ပါသည်။ အကယ်၍ 100mg မှ 125mg/dl ဖြစ်ခဲ့လျှင် Prediabetetes အကြို ဆီးချို ရှိနေပါသည်။ 125mg/dl ကျော်လျှင် ဆီးချိုရှိတာ ဖြစ်နိုင်ပါသည်။
🔬OGTT (oral glucose tolerance test)
၈နာရီလောက် ဘာမှမစားထားဖို့လိုသည်။ မနက်စောစော အစာမစားမီအချိန်တွင် သကြား 75g သောက်ပြီး 2နာရီအကြာတွင်​140mg မှ 199mg/dl ကြားဖြစ်ခဲ့လျှင် prediabetes ဖြစ်ပါသည်။ 200mg/dl အထက်တွင်ရှိလျှင် ဆီးချိုရှိတာ ဖြစ်နိုင်ပါသည်။

အကယ်၍သင့်မှာ prediabetes (အကြိုဆီးချို) ရှိခဲ့လျှင် ဘယ်လိုကုသမလဲ?
အမေရိကန် ဆီးချိုအဖွဲ့အစည်း (American Diabetes Association) ၏အဆိုအရ prediabetes အခြေနေတွင် အစားအသောက်အနေအထိုင် ပြုပြင်ပြောင်းလဲခြင်းသည် ဆီးချိုဖြစ်ခြင်း မှကာကွယ်နိုင်ကြောင်း တွေ့ရှိရသည်။
🍏Eat well (ကျန်းမာရေးနှင့် ညီညွတ်စွာစားပါ)
အကယ်၍ ဖြစ်နိုင်လျှင် အဟာရကျွမ်းကျင်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး လူတစ်ဦးခြင်း၏ ကျန်းမာရေးအခြေနေ၊ ကိုယ်လက်လှုပ်ရှားမှုနှင့် မိမိနှစ်သက်သော အစားစာပေါ်မူတည်၍ စားသောက် မှုပုံစံတစ်ခုကို ရွေးချယ်ရပါမည်။အကြမ်းဖျင်းအားဖြင့် အသီးအရွက်နှင့် အဆီမပါသော အသားငါးများကိုများများစားသင့်ပြီး ဆန်၊ ဂျုံ၊ ကောက်ညှင်း ဖြင့်ပြုလုပ်သောအစာများ၊ ကိုတတ်နိုင် သလောက်လျော့စားရပါမည်။ အချိုပါသော အစားအစာများကို ရှောင်ကြဉ်ရပါမည်။
ထမင်းတစ်ပန်းကန်တွင် အသီးအရွက် 50% ပါဝင်သင့်ပြီး အသား 25%နှင့် ထမင်း 25% ပါဝင် အောင်စားသုံးသင့်ပါသည်။ ညအိပ်ယာမဝင်မှီ အစာစားခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ ဆီကြော်မုန့် များ၊ အသင့်အစားစာများ စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
👉Exercise (လေ့ကျင့်ခန်းလုပ်ခြင်း)
အကယ်၍ သင်လေ့ကျင့်ခန်းများများ လုပ်လျှင်၊ သွေးထဲတွင်ပိုလျှံနေသောသကြားဓါတ်များကို ကြွယ်သားလှုပ်ရှားမှုများတွင် အသုံးချခြင်းဖြင့် သွေးထဲတွင်ပိုလျှံနေသော သကြားဓါတ်များကို လျော့နည်းစေပါသည်။ ထို့အပြင် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုခြင်းက Insulin ဟော်မုန်း၏ စွမ်းဆောင်ရည်ကိုပိုမိုကောင်းစေပြီး ဆီးချိုရောဂါ၏အဓိက ပြဿနာတစ်ခုဖြစ်သော Insulin ကောင်း စွာအလုပ်မလုပ်ခြင်းမှ ကာကွယ်ပေးပါသည်။
လေ့ကျင့်ခန်းလုပ်ခြင်းသည် သကြားဓါတ်ကိုထိန်းညှိပေးသည့်အပြင် ကိုယ်အလေးချိန် ပုံမှန်ဖြစ်စေသည်။ နှလုံးကျန်းမာစေသည်။ နှစ်ခြိုက်စွာအိပ်ပျော်စေသည့်အပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာစေသည်။ American Diabetes Associationက တပါတ်လျှင် အနည်းဆုံး မိနစ် 150 (တစ်ရက်လျှင်မိနစ်30xတပါတ်၅ရက်) လေ့ကျင့်ခန်းလုပ်သင့်ကြောင်း အကြံပြုထားသည်။
👉Lose weigh and keep healthy weight
အကယ်၍ သင်ကိုယ်အလေးချိန် များနေလျှင်(ဗိုက်ပူ၊ ခါးတုတ်ဖြစ်နေလျှင် )ကိုယ်အလေးချိန် ကိုလျော့ချဖို့ ပြင်ဆင်ပါ။ အကြံဥာဏ်ရယူပါ။ ကြိုးစားပါ။ ကိုယ်အလေးချိန်ကို 5%မှ 10%ထိလျော့ချ ခြင်းက ဆီးချိုရောဂါဖြစ်ပွားမှုကို များစွာလျော့နည်စေကြောင်း တွေ့ရှိရသည်။ အထက်တွင်ဖော်ပြထား သောအစားသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်လျှင် သင့်၏ကိုယ်အလေးချိန် လျော့ကျလာ ပါလိမ့်မည်။ ထို့ပြင် ကျန်းမာသောကိုယ်အလေးချိန်ကို လည်းထိန်းသိမ်းထားနိုင် ပါလိမ့်မည်။
ပြန်လည်စစ်ဆေးပါ
အစားအသောက်အနေအထိုင်ပြုပြင်ပြောင်းလဲပြီး သင်၏သွေးတွင်းသကြားဓါတ်ကို ပြန်လည် ဖောက်ကြည့်စစ်ဆေးခြင်းမျိုး ပြုလုပ်ပါ။ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။
“ဆီးချိုရောဂါမှ ကင်းဝေးပါစေ”
Dr.Thura
Senior Medical Office (DOC)

အောက်ဖော်ပြပါ link မှလည်း Doctor On Call application ကို down ပြီး ဆောင်းပါးများကို ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ

https://play.google.com/store/apps/details?id=com.digitalabs.doctoroncall&hl=en

04/07/2017

ဆေးနည်း.... ၁။လက်ဖက်ခြောက်ကောင်းကောင်း(၁၀)ကျပ်သား ၂။နနွင်းမှုန့် စစ်စစ် (၁၀)ကျပ်သား ၃။ဆားသန့်သန့်အမှုန့်(၅)ကျပ်သား တို့ကိုအမှုန့်ပြုလုပ်၍ ၄။ပ...

30/06/2017

(၁) အစာခြေစနစ်ကျန်းမာခြင်း မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေ ပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေ...

30/06/2017

ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော...

30/03/2017

ရှေးနှစ်ပေါင်း ၆ဝ ကျော်က ထုတ်ဝေသော မြိုင်နံ့သာ ဆေးမြီးတိုကျမ်း စာအုပ်တွင် ဆေးမစားဘဲနှင့် ကျန်းမာစွာ အသက်ရှည်၍ နေလိုပါက အောက်ပါ အချက်များကို အတိအကျ လိုက်နာပါ ဟု ဖော်ပြထားသည်-

၁။ အသားစားရှောင်ပါ။
၂။ အသီးအရွက်များများစားပါ။
၃။ အိပ်ရေးဝအောင်အိပ်ပါ။
၎။ ကိုယ်လက် လှုပ်ရှားမှု နံနက်၊ ညနေတိုင်...

Address

No. 13B, Ngar Htat Kyee Pagoda Street
Yangon
11021

Telephone

+95 1 540 640

Website

Alerts

Be the first to know and let us send you an email when Golden City Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden City Hotel:

Share

Category