Amazing Dreams Travels & Tours

Amazing Dreams Travels & Tours Amazing Dreams Travels is a professional travel agency operating out of Yangon, Myanmar. Do you love taking pictures and capturing the natural environment?

We offer affordable tour packages to beautiful and scenic locations like Mandalay, Inle, Kyakhtiyo, ChaungThar beach, and more. Amazing Dreams Travels will handle all the logistics for you, from hotel reservations to car rentals and plane tickets, allowing you to focus on relaxing and enjoying the sights all around the country. We offer high quality tours aimed at helping photo enthusiasts get the

very best shots. Or do you prefer a laid back and relaxing time hanging out with your friends and family on the river? Our river cruise tour may be just what you’re looking for. No matter what kind of tour you’re after, our goal is to provide you with a vacation you’ll remember for years to come. Let us handle the flight ticketing and visa services and give you an affordable and unforgettable experience enjoying the rich natural landscape of Myanmar. Let us help you experience an absolutely perfect vacation through our friendly and professional service. Amazing Dreams Travel is always ready to do our best to service you every way we can.

Merry Christmas to you all🎄⛄❤️
24/12/2020

Merry Christmas to you all🎄⛄❤️

[English Below] အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆိုက်ရောက်ခွင့် ရပ်ဆိုင်းမည်။ =====...
31/03/2020

[English Below]


အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆိုက်ရောက်ခွင့် ရပ်ဆိုင်းမည်။

======================================================

ကူးစက်မြန် COVID-19 ရောဂါပြန့်ပွားမှုကာကွယ်ရေးကြိုတင်စီမံချက်အနေဖြင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ထုတ်ပြန်ချက်နှင့်အညီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မြန်မာနိုင်ငံရှိ မည်သည့် လေဆိပ်၌မဆို အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ရပ်ဆိုင်းမည်ဖြစ်သည်။

ဤကြေညာချက်သည် မတ်လ ၃၀ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီမှ စတင်၍ ဧပြီလ ၁၃ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ အကျုံးဝင်သက်ရောက်သွားမည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက https://bit.ly/2QWTpYC တွင် ဝင်ကြည့်ရှုနိုင်ပါသည်။

Landing at Yangon International Airport will not be Allowed for All International Commercial Passenger Flights

======================================================

For preventive measures of highly infectious COVID-19, the Department of Civil Aviation and the Ministry of Health and Sports advised that the landing of all international commercial passenger flights will not be allowed at Yangon International Airport (“YIA”) and any other airport in Myanmar,

This immediate notice effective from 30 March 2359 hours MST up to 13 April 2359 hours MST.

For more details, please read at https://bit.ly/2QWTpYC.

Credit : Yangon International Airport

ကမ္ဘာ့ကပ်ရောဂါ Covid-19 ကျရောက်ခြင်းဘေးမှ ကင်းဝေးပြီး အမြန်ဆုံး သက်သာပျောက်ကင်းကာ အားလုံး ကျန်းမာကြပါစေကြောင်း Amazing D...
29/03/2020

ကမ္ဘာ့ကပ်ရောဂါ Covid-19 ကျရောက်ခြင်းဘေးမှ ကင်းဝေးပြီး အမြန်ဆုံး သက်သာပျောက်ကင်းကာ အားလုံး ကျန်းမာကြပါစေကြောင်း Amazing Dreams Travels & Tours မိသားစု မှ ဆုတောင်း မေတ္တာ ပို့သ အပ်ပါတယ် ...






ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအပေါ် ချမှတ်ထားသည့် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များ ထု...
24/03/2020

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအပေါ် ချမှတ်ထားသည့် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များ ထုတ်ပြန်ခြင်း

သဘာ၀ အလှတရားများ ၊ အေးချမ်းသော ရာသီဥတု ဖြင့် လှချင်တိုင်းလှနေသော ပတ္တမြားမြေ မိုးကုတ် / ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက်...
11/03/2020

သဘာ၀ အလှတရားများ ၊ အေးချမ်းသော ရာသီဥတု ဖြင့် လှချင်တိုင်းလှနေသော ပတ္တမြားမြေ မိုးကုတ် / ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက် စိုးစံခဲ့ရာ နန်းမြို့တော် မန္တလေး / ရာဇဝင်များထဲက အင်းဝ နှင့် ကမ္ဘ့ာအံ့ဖွယ် ခေါင်းလောင်းကြီး ရှိရာ မင်းကွန်း သို့ အလည် တစ်ခေါက်

မိုးကုတ်မြို့လို့ ဆိုလိုက်တာနဲ့ နေလို့ကောင်းတဲ့ ရာသီဥတု အေးအေးလေး ရယ် တောတောင် စိမ်းစိမ်း စိုစို ထူထူလေး တွေ နဲ့ ကွေ့ကွေ့ကောက်ကောက် တောင်ပေါ်လမ်းတွေ ရယ်ကို မြင်ယောင် မိကြမှာပါ …

💓💓 ပြည်တန်ပတ္တမြားငမောက် ထွက်ရှိခဲ့တဲ့ ဂုဏ်ယူဖွယ်ရာသမိုင်းကြောင်းရှိသော မြို့ကလေး

💓💓 တိုင်းရင်းသားလူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်ကြသည့်အလျောက် မိမိတို့ ယုံကြည်သက်၀င်ရာ ဘာသာတရားများနှင့် အတူ သွေးစည်းညီညွတ်စွာ တည်ရှိနေတဲ့ အေးချမ်းလှတဲ့ မြို့ကလေး

💓💓 ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်သည့်အားလျော်စွာ တန်ခိုးကြီး တောင်ပေါ်ဘုရားများ၊ မိုးကုတ်ဆရာတော်ဘုရားကြီး တရားကျင့်ကြံ အားထုတ်ခဲ့ရာဒေသ

💓💓 အဖိုးတန် တွင်းထွက်ရတနာမျိုးစုံ ခင်းကျင်းပြသကထားပြီး မိမိတို့စိတ်ကြိုက် လေ့လာ၊ ကြည့်ရှု၊ ၀ယ်ယူနိုင်မည့် ထာပွဲ

💓💓 လွမ်းမောဖွယ်ရာ ရာဇ၀င်တွေနဲ့ ပြည့်နှက်နေတဲ့ ဒေါ်နန်းကြည်တော်ပေါ်မှ မြင်ရတဲ့မြင်ကွင်းဟာ ကိုယ်တိုင် တိမ်တွေကြားထဲ ရောက်သွားသလို ခံစားရမယ့်အပြင် မြင်ကွင်းတစ်ဆုံး ခံညားထည်ဝါလှတဲ့ တောင်တန်းကြီး တွေရဲ့ အလှ

💓💓 ညစျေးတွင်လည်း မဖြစ်မနေ မြည်းစမ်းကြည့်ရမယ့် ၀က်သားချဉ်၊ ခေါပုတ်ကင်၊ မိုးကုတ်မြီးရှည်၊ မှိုပေါင်းတို့ရဲ့ အရသာဟာ မိုးကုတ်မြို့ကို မမေ့နိုင်အောင် အမှတ်ရနေစေပါတယ်

💓💓 မုနိလေးဆူမှ ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မဟာမြတ်မုနိဘုရားကြီးကို မဖူးရလျှင် မန္တလေးမြို့သို့ မရောက် ဟုပင် ဆိုစမှတ်ပြုရလောက်အောင် တန်ခိုးကြီးထင်ရှားတဲ့ ဘုရားတစ်ဆူဖြစ်တဲ့အတွက်ကြောင့် သွားရောက် ဖူးမြော်ကြရအောင် …

💓💓 အသက်လေးရယ်တဲ့ရှည်စေလို မန်းတောင်ရိပ်ခို ဆိုသလို မန္တလေးရောက်လျှင် မဖြစ်မနေ သွားရောက်လည်ပတ် သင့်တဲ့ မန်းတောင်ကို အလည်သွားရင်း မြွေကြီးနှစ်ကောင် သွားလို့ကြည့်ရအောင်……

💓💓 သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့တဲ့ စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ကောင်းမှုတော်ဘုရားကို သွားရောက်ဖူးမြော်ရင်း မြန်မာတွင်သာမက ကမ္ဘာမှာပါ ကျော်ကြားလူသိများလှတဲ့ မင်းကွန်းခေါင်းလောင်းကြီး ၊ ဘိုးတော်ဘုရားတည်ဆောက်ခဲ့ပြီး မပြီးဆုံးသေးသော ကမ္ဘာ့အကြီးဆုံး မင်းကွန်းပုထိုးတော်ကြီး ၊ ဘိုးတော်ဘုရား၏ သမီးတော် ဆင်ဖြူမယ် ဝတ်ဆင်ခဲ့တဲ့ တစ်သိန်းတန် မြရတနာကို ဌာပနာထား ပူဇော်ခဲ့သော မြသိန်းတန်စေတီတော်ကြီး တည်ရှိရာ မင်းကွန်းမြို့သို့ သွားရောက်လည်ပတ်ကြရအောင် …

💓💓 အင်းဝ ရှေးဟောင်းယဉ်ကျေးမှုဒေသမှာရှိတဲ့ ရှေးခေတ်ပညာရှင်တို့၏ တည်ဆောက်မှုလက်ရာ ၊ ထုတည် ကြီးမားမှုတွေကို စိတ်ဝင်စားဖွယ် လေ့လာနိုင်မယ့် မိဖုရားခေါင်ကြီး နန်းမတော် မယ်နု တည်ထားသော မဟာအောင်မြေ ဘုံစံကျောင်း (သို့) မယ်နုအုတ်ကျောင်း၊ ( ၂၇ ) မီတာ အမြင့်ရှိ နန်းမြင့်မျှော်စင် စတဲ့ သမိုင်းဝင် နေရာများကို သွားရောက်လေ့လာနိုင်မယ့် အခွင့်အရေးကို လက်လွှတ် မခံဘဲ ရယူလိုက်ကြရအောင် …

ခရီးစဉ်တွင် ပါ၀င်သော ၀န်ဆောင်မှုများ အနေဖြင့် 3 Stars အဆင့်ရှိ ဟိုတယ်တွင် (၃)ညအိပ် တည်းခိုခြင်း ၊ 2+1 VIP Scania ကား ၊ ခရီးစဉ်တစ်လျှောက် နံနက်စာ၊ နေ့လည်စာ ၊ ညစာ များ ၊ တဆင့်သွားကားခများ အပါအ၀င် စိတ်ရှည်သည်းခံ ဖော်ရွှေပျူငှာပြီး ကျွမ်းကျင်သောTour Leader ရဲ့၀န်ဆောင်မှုများ ပါ၀င်မှာဖြစ်ပါတယ် ….

***********************************************************************

မိုးကုတ် - မန္တလေး - စစ်ကိုင်း - မင်းကွန်း - အင်း၀ ( ၅ည၆ရက် ခရီးစဉ်)

🗓️ ခရီးစဉ် ထွက်ခွာမည့်အချိန် - ဧပြီ ( ၁၃ ) ရက် ၂၀၂၀ ညပိုင်း

🗓️ ခရီးစဉ် ပြန်လည်ရောက်ရှိမည့်အချိန် - ဧပြီ ( ၁၈ ) ရက် ၂၀၂၀ ညပိုင်း

💰💰 တဦးနှုန်း - ၃၀၀၀၀၀ ကျပ်

***********************************************************************
Amazing Dreams Travels & Tours Co.,Ltd

Inbound License No : Kha - 1693
Company Registration No: 119166454

အမှတ်(၈၈) ၊ ဗဟိုလမ်း နှင့် မကြီးကြီးလမ်းအနီး ၊ စမ်းချောင်း ၊ ရန်ကုန် ။
၀၁ ၅၃၄၀၇၂ ၊ ၀၁ ၂၃၀၂၀၆၈ ၊ ၀၉ ၅၀၇၇၉၆၈ ၊ ၀၉ ၅၁၁၃၂၇၁ ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်...

ရုံးများ ၊ ကျောင်းများ ၊ အဖွဲ့အစည်းများ ၊ Group လိုက်ဖြစ်စေ ၊ မိသားစုလိုက်ဖြစ်စေ သီးသန့်သွားချင်သော ခရီးသွားလူကြီးမင်းများအတွက် အသက်သာဆုံးစျေးနှုန်းများဖြင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးပါသည်...

မြန်မာနိုင်ငံတွင်းအဓိကသွားလည်သင့်သောနေရာများအကြောင်းပုဂံကမ္ဘာ UNESCO မှတ်တမ်းဝင် ပုဂံဆိုသည်မှာ ကမ္ဘာ ပေါ်မှာ မြန်မာဟု လူ...
27/02/2020

မြန်မာနိုင်ငံတွင်းအဓိကသွားလည်သင့်သောနေရာများအကြောင်း

ပုဂံ

ကမ္ဘာ UNESCO မှတ်တမ်းဝင် ပုဂံဆိုသည်မှာ ကမ္ဘာ ပေါ်မှာ မြန်မာဟု လူသိများစေသော နေရာတခု ဖြစ်ပါတယ်။ ပထမမြန်မာနိုင်ငံတော်ဟု ခေါ်တွင်ခဲ့ပြီး မင်းညီမင်းသားများ နေထိုင်ခဲ့သော မင်းနေပြည်တော်ဖြစ်ခဲ့သည့် မင်းများ တည်ထားကိုးကွယ်ခဲ့သော တန်ခိုးကြီး ဘုရားများစွာ တည်ရှိနေသော နေရာတစ်ခုဖြစ်ပါတယ်။ ယခင်က စေတီပုထိုး ၄ထောင်ကျော် ရှိခဲ့ပြီး ၁၉၇၅ ပုဂံငလျင် နှင့် ၂၀၁၆ ငလျင်များကြောင့် အပျက်အစီးများစွာ ရှိခဲ့ပါတယ်။ လူသိများထင်ရှားသော ပုဂံဘုရားများမှာ-
၁. ကန်တော့ပလ္လင်
၂. သဗ်ဗညု
၃. စူဠာမနိ
၄. ရွှေဆံတော်
၅. ရွှေစည်းခုံ
၆. ထီးလိုမင်းလို
၇. ဓမ္မရံကြီး
၈. အာနန္ဒာ
၉. မနူဟာ
၁၀. လောကနန္ဒာ စသည့်ဘုရားများဖြစ်ကြပါသည်။

မန္တလေး

မန္တလေးဟုဆိုလိုက်တာနဲ့ မဟာမြတ်မုနိဘုရားကြီး နှင့် မန္တလေးတောင် ကိုအရင်ဆုံးမြင်မိကြမယ်ထင်ပါတယ်။ ထုံးဖြူဖြူဖွေးဖွေးနှင့် ကုသိုလ်တော်ဘုရား၊ ရွှေကျောင်း၊ မြန်မာနိုင်ငံနောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့ရာ နန်းတော်ဟောင်း မန္တလေးကျုံး တို့ဟာလဲ မန္တလေးရောက်လျှင် သွားလည်သင့်တဲ့နေရာများဖြစ်ပါတယ်။ ထို့အပြင် တောင်သမန်အင်းပေါ်တွင် ကျွန်းတိုင်များဖြင့် တည်ဆောက်ထားတဲ့ ဦးပိန်တံတား ပေါ်မှာလဲ လမ်းလျှောက်ရင်း နေဝင်ဆည်းဆာ အလှကိုခံစားနိုင်ပါတယ်။

အင်းလေးကန်

ရှမ်းပြည်နယ်တောင်ပိုင်း မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရေကန်မှာ အင်းလေးကန်ဖြစ်ပါတယ်။ ထိုရေကန်ထဲတွင် အင်းသူ အင်းသားများ နေထိုင်အသက်မွေးကြပြီး ဖောင်တော်ဦးဘုရား ၊ အလိုပေါက်ဘုရား၊ ငါးဖယ်ချောင် ကျောင်း၊ ရွှေအင်းတိမ် ဘုရားများဟာလဲ အင်းလေးရောက်လျှင် မဖြစ်မနေ သွားလည်သင့်သော နေရာများဖြစ်ပါတယ်။ ချည်ထည်လုပ်ငန်းများ၊ ငွေထည်လုပ်ငန်းများ ကိုလေ့လာနိုင်ပြီး ကမ္ဘာပေါ်မှာ တစ်နေရာတည်းမှာသာ မြင်တွေ့နိုင်တဲ့ ခြေထောက်ဖြင့်လှေလှော်ခြင်း၊ ငါးဖမ်းခြင်း တို့ကိုလည်း အင်းလေးကန်ထဲမှာသာ တွေ့မြင်နိုင်ပါတယ်။ ရေပေါ်စိုက်ခင်းများ၊ ဇင်ယော်ငှက်များ နှင့် ကန်ကြီးကို ပတ်ပတ်လည် ကာရံထားတဲ့ တောင်တန်းများ၏ အလှဟာလဲ လာရောက်လည်သောသူများကို ဆီးကြို လို့နေပါတယ်။

ရန်ကုန်

ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံ၏ land Mark တစ်ခုဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီး တည်ရှိရာ စီးပွားရေးအချက်အချာ ကျသော မြို့ဖြစ်ပါသည်။ အခြားတန်ခိုးကြီးဘုရားများ ဖြစ်သော ဆူးလေဘုရား၊ ဗိုလ်တစ်ထောင်ဘုရား၊ သန်လျင်ကျောက်တန်း၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကိုးထပ်ကြီးဘုရား၊ ကမ္ဘာအေးစေတီတော်၊ စွယ်တော်မြတ်ဘုရား စသောဘုရားများစွာကို ဖူးမြှော်နိုင်ပါသည်။ ဗိုလ်ချုပ်စျေး ဟာလဲ ကမ္ဘာလှည့် ခရီးသွားများအတွက် စျေး၀ယ်လို့ ကောင်းတဲ့နေရာ တစ်နေရာအဖြစ် တည်ရှိနေပါတယ်။ မိသားစုလိုက် အပန်းဖြေချင်သူများအတွက် ကန်တော်ကြီးပန်းခြံ၊ တိရစ္ဆာန်ဥယျာဉ်၊ ပြည်သူ့ရင်ပြင်၊ အင်းယားကန်ဘောင်၊ လှော်ကားဥယျာဉ် စတဲ့ အပန်းဖြေ ဥယျာဉ် များစွာလဲ တည်ရှိလို့နေပါသည်။

ကျိုက်ထီးရိုး

မွန်ပြည်နယ် ကျိုက်ထိုမြို့အနီး ကျိုက်ထီးရိုးစေတီတော် ဟာလည်း မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့စေတီ တစ်ဆူအဖြစ် တည်ရှိနေပါတယ်။ တန်ခိုးကြီး ကျိုက်ထီးရိုးစေတီသို့ လာရောက်ဖူးမြှော်သည့် ခရီးသွားများနှင့် စည်ကား သိုက်မြိုက်လို့နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး Cable စီးရင်း သဘာ၀အလှကို ခံစားနိုင်တဲ့နေရာ တစ်ခုဖြစ်ပါတယ်။

Unicode

မြန်မာနိုင်ငံတွင်းအဓိကသွားလည်သင့်သောနေရာများအကြောင်း

ပုဂံ

ကမ္ဘာ UNESCO မှတ်တမ်းဝင် ပုဂံဆိုသည်မှာ ကမ္ဘာ ပေါ်မှာ မြန်မာဟု လူသိများစေသော နေရာတခု ဖြစ်ပါတယ်။ ပထမမြန်မာနိုင်ငံတော်ဟု ခေါ်တွင်ခဲ့ပြီး မင်းညီမင်းသားများ နေထိုင်ခဲ့သော မင်းနေပြည်တော်ဖြစ်ခဲ့သည့် မင်းများ တည်ထားကိုးကွယ်ခဲ့သော တန်ခိုးကြီး ဘုရားများစွာ တည်ရှိနေသော နေရာတစ်ခုဖြစ်ပါတယ်။ ယခင်က စေတီပုထိုး ၄ထောင်ကျော် ရှိခဲ့ပြီး ၁၉၇၅ ပုဂံငလျင် နှင့် ၂၀၁၆ ငလျင်များကြောင့် အပျက်အစီးများစွာ ရှိခဲ့ပါတယ်။ လူသိများထင်ရှားသော ပုဂံဘုရားများမှာ-
၁. ကန်တော့ပလ္လင်
၂. သဗ္ဗညု
၃. စူဠာမနိ
၄. ရွှေဆံတော်
၅. ရွှေစည်းခုံ
၆. ထီးလိုမင်းလို
၇. ဓမ္မရံကြီး
၈. အာနန္ဒာ
၉. မနူဟာ
၁၀. လောကနန္ဒာ စသည့်ဘုရားများဖြစ်ကြပါသည်။

မန္တလေး

မန္တလေးဟုဆိုလိုက်တာနဲ့ မဟာမြတ်မုနိဘုရားကြီး နှင့် မန္တလေးတောင် ကိုအရင်ဆုံးမြင်မိကြမယ်ထင်ပါတယ်။ ထုံးဖြူဖြူဖွေးဖွေးနှင့် ကုသိုလ်တော်ဘုရား၊ ရွှေကျောင်း၊ မြန်မာနိုင်ငံနောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့ရာ နန်းတော်ဟောင်း မန္တလေးကျုံး တို့ဟာလဲ မန္တလေးရောက်လျှင် သွားလည်သင့်တဲ့နေရာများဖြစ်ပါတယ်။ ထို့အပြင် တောင်သမန်အင်းပေါ်တွင် ကျွန်းတိုင်များဖြင့် တည်ဆောက်ထားတဲ့ ဦးပိန်တံတား ပေါ်မှာလဲ လမ်းလျှောက်ရင်း နေဝင်ဆည်းဆာ အလှကိုခံစားနိုင်ပါတယ်။

အင်းလေးကန်

ရှမ်းပြည်နယ်တောင်ပိုင်း မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရေကန်မှာ အင်းလေးကန်ဖြစ်ပါတယ်။ ထိုရေကန်ထဲတွင် အင်းသူ အင်းသားများ နေထိုင်အသက်မွေးကြပြီး ဖောင်တော်ဦးဘုရား ၊ အလိုပေါက်ဘုရား၊ ငါးဖယ်ချောင် ကျောင်း၊ ရွှေအင်းတိမ် ဘုရားများဟာလဲ အင်းလေးရောက်လျှင် မဖြစ်မနေ သွားလည်သင့်သော နေရာများဖြစ်ပါတယ်။ ချည်ထည်လုပ်ငန်းများ၊ ငွေထည်လုပ်ငန်းများ ကိုလေ့လာနိုင်ပြီး ကမ္ဘာပေါ်မှာ တစ်နေရာတည်းမှာသာ မြင်တွေ့နိုင်တဲ့ ခြေထောက်ဖြင့်လှေလှော်ခြင်း၊ ငါးဖမ်းခြင်း တို့ကိုလည်း အင်းလေးကန်ထဲမှာသာ တွေ့မြင်နိုင်ပါတယ်။ ရေပေါ်စိုက်ခင်းများ၊ ဇင်ယော်ငှက်များ နှင့် ကန်ကြီးကို ပတ်ပတ်လည် ကာရံထားတဲ့ တောင်တန်းများ၏ အလှဟာလဲ လာရောက်လည်သောသူများကို ဆီးကြို လို့နေပါတယ်။

ရန်ကုန်

ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံ၏ land Mark တစ်ခုဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီး တည်ရှိရာ စီးပွားရေးအချက်အချာ ကျသော မြို့ဖြစ်ပါသည်။ အခြားတန်ခိုးကြီးဘုရားများ ဖြစ်သော ဆူးလေဘုရား၊ ဗိုလ်တစ်ထောင်ဘုရား၊ သန်လျင်ကျောက်တန်း၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကိုးထပ်ကြီးဘုရား၊ ကမ္ဘာအေးစေတီတော်၊ စွယ်တော်မြတ်ဘုရား စသောဘုရားများစွာကို ဖူးမြှော်နိုင်ပါသည်။ ဗိုလ်ချုပ်စျေး ဟာလဲ ကမ္ဘာလှည့် ခရီးသွားများအတွက် စျေး၀ယ်လို့ ကောင်းတဲ့နေရာ တစ်နေရာအဖြစ် တည်ရှိနေပါတယ်။ မိသားစုလိုက် အပန်းဖြေချင်သူများအတွက် ကန်တော်ကြီးပန်းခြံ၊ တိရစ္ဆာန်ဥယျာဉ်၊ ပြည်သူ့ရင်ပြင်၊ အင်းယားကန်ဘောင်၊ လှော်ကားဥယျာဉ် စတဲ့ အပန်းဖြေ ဥယျာဉ် များစွာလဲ တည်ရှိလို့နေပါသည်။

ကျိုက်ထီးရိုး

မွန်ပြည်နယ် ကျိုက်ထိုမြို့အနီး ကျိုက်ထီးရိုးစေတီတော် ဟာလည်း မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့စေတီ တစ်ဆူအဖြစ် တည်ရှိနေပါတယ်။ တန်ခိုးကြီး ကျိုက်ထီးရိုးစေတီသို့ လာရောက်ဖူးမြှော်သည့် ခရီးသွားများနှင့် စည်ကား သိုက်မြိုက်လို့နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး Cable စီးရင်း သဘာ၀အလှကို ခံစားနိုင်တဲ့နေရာ တစ်ခုဖြစ်ပါတယ်။
Zawgyi

ကယားပြည်နယ်၏အထင်ကရ ကြတ်ဂူ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၅၀ မြင့်သည့် လွိုင်ကော်မြို့နယ်သည် ဒဏ္ဍာရီလာ ငွေတောင် သုဓနုဇာတ်လမ...
26/02/2020

ကယားပြည်နယ်၏အထင်ကရ ကြတ်ဂူ

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၅၀ မြင့်သည့် လွိုင်ကော်မြို့နယ်သည် ဒဏ္ဍာရီလာ ငွေတောင် သုဓနုဇာတ်လမ်းကြောင့် ငွေတောင်ပြည်အဖြစ် ထင်ရှားကာ မြို့နယ်အတွင်း ကယားလူမျိုး၊ ဗမာလူမျိုးနှင့် ရှမ်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။

လွိုင်ကော်မြို့နယ်သည် မြေပြန့်လွင်ပြင်နည်းပါးပြီး တောတောင်၊ သစ်တောများ ထူထပ်ကာ သီရိမင်္ဂလာတောင်တော် (တောင်ကွဲ)၊ ရွှေတောင်၊ တောင်သုံးလုံး၊ မြကလပ်တောင်နှင့် ရွှေလက်ဝါးတောင်တို့သည် မြို့နယ်အတွင်း အထင်ရှားဆုံး တောင်များဖြစ်ကြသည်။ ဘီလူးချောင်းသည် လွိုင်ကော်မြို့နယ်၏ အဓိက ရေအရင်း အမြစ်ဖြစ်ပြီး ဘီလူးချောင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး(လောပိတ) သည် မြန်မာနိုင်ငံရှိ မြို့ရွာအနှံ့သို့ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးလျက်ရှိသည်။

ယခင်က လွိုင်ကော်မြို့သို့ ရောက်ရှိလာသူများသည် တောင်ကွဲစေတီ၊ လောပိတ နှင့် ငွေတောင်ဆည်သို့သာ သွားရောက်လည်ပတ်လေ့ရှိကြသော်လည်း ယခုအခါတွင် ကြတ်ဂူသို့ပါ သွားရောက်လည်ပတ်လာကြသည်။ ကြတ်ဂူရှိသည့်တောင်ကို ဒေသခံများက ကယားဘာသာစကားဖြင့် ရာစုကူဟု ခေါ်ဆိုခဲ့ကြသည်။

ကမ္ဘာမြေရဲ့ထူးခြားတဲ့ ဘူမိဖြစ်စဉ်တွေ ကြောင့် ကျွန်ုပ် မြန်မာနိုင်ငံမှာ ပေါ်ထွန်းခဲ့တဲ့ တောင်စွယ် တောင်တန်းများထဲမှ ရှမ်းရိုးမနှင့် ဆက်နေသည့် တောင်တန်းများသည် ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှသည် တနင်္သာရီဒေသအထိ ရောက်ရှိနေပါသည်။ တောင်တန်းများ၏ အချို့နေရာများ တွင် သဘာ၀ လိုဏ်ဂူများဖြစ်ပေါ်နေကြရာ ရှမ်းတောင်တန်း၏ တောင်ဘက်အစွယ်ဖြစ်သည့် ကယားပြည်နယ်ရှိ ကြတ်ဂူသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

သဘာဝလိုဏ်ဂူများတွင်ရှိတတ်သည့် ကျောက်စက်ပန်းဆွဲများ၊ သဘာ၀ရေစီး ကြောင်းများ၊ ရှေးဟောင်းဆင်းတုရုပ်ပွားများ၊ အုတ်ခွက်ဘုရားများ စသည်တို့ကြောင့် ခရီးသွားများက စိတ်ဝင်တစားသွားရောက်လည်ပတ် လေ့ရှိပါသည်။ ကြတ်ဂူတွင် ဂူအတွင်းရှိ အခေါင်းပျက်များဟု ယူဆကြသည့် သစ်သားစများ ကြောင့် လူအများက စိတ်ဝင်စားခဲ့ကြပြီး လာရောက်လည်ပတ်သူ များပြားလာခဲ့သည်။ ကြတ်ဂူသည် ကယားပြည်နယ်တွင် အထင်ကရနေရာ တစ်ခုဖြစ်လာပြီး မြန်မာ့ခရီးသွားနယ်မြေတစ်ခု အဖြစ် ထင်ရှားလာခဲ့သည် ။

-----------------------------------------------------------------------------------------------------------

ကယားျပည္နယ္၏အထင္ကရ ၾကတ္ဂူ

ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ ၂၉၅၀ ျမင့္သည့္ လြိဳင္ေကာ္ၿမိဳ႕နယ္သည္ ဒ႑ာရီလာ ေငြေတာင္ သုဓႏုဇာတ္လမ္းေၾကာင့္ ေငြေတာင္ျပည္အျဖစ္ ထင္႐ွားကာ ၿမိဳ႕နယ္အတြင္း ကယားလူမ်ိဳး၊ ဗမာလူမ်ိဳးႏွင့္ ႐ွမ္းလူမ်ိဳးမ်ား အမ်ားဆုံးေနထိုင္ၾကသည္။

လြိဳင္ေကာ္ၿမိဳ႕နယ္သည္ ေျမျပန္႔လြင္ျပင္နည္းပါးၿပီး ေတာေတာင္၊ သစ္ေတာမ်ား ထူထပ္ကာ သီရိမဂၤလာေတာင္ေတာ္ (ေတာင္ကြဲ)၊ ေ႐ႊေတာင္၊ ေတာင္သုံးလုံး၊ ျမကလပ္ေတာင္ႏွင့္ ေ႐ႊလက္ဝါးေတာင္တို႔သည္ ၿမိဳ႕နယ္အတြင္း အထင္႐ွားဆုံး ေတာင္မ်ားျဖစ္ၾကသည္။ ဘီလူးေခ်ာင္းသည္ လြိဳင္ေကာ္ၿမိဳ႕နယ္၏ အဓိက ေရအရင္း အျမစ္ျဖစ္ၿပီး ဘီလူးေခ်ာင္း ေရအားလွ်ပ္စစ္ထုတ္လုပ္ေရး(ေလာပိတ) သည္ ျမန္မာႏိုင္ငံ႐ွိ ၿမိဳ႕႐ြာအႏွံ႔သို႔ လွ်ပ္စစ္ဓာတ္အားမ်ား ပို႔လႊတ္ေပးလ်က္႐ွိသည္။

ယခင္က လြိဳင္ေကာ္ၿမိဳ႕သို႔ ေရာက္႐ွိလာသူမ်ားသည္ ေတာင္ကြဲေစတီ၊ ေလာပိတ ႏွင့္ ေငြေတာင္ဆည္သို႔သာ သြားေရာက္လည္ပတ္ေလ့႐ွိၾကေသာ္လည္း ယခုအခါတြင္ ၾကတ္ဂူသို႔ပါ သြားေရာက္လည္ပတ္လာၾကသည္။ ၾကတ္ဂူ႐ွိသည့္ေတာင္ကို ေဒသခံမ်ားက ကယားဘာသာစကားျဖင့္ ရာစုကူဟု ေခၚဆိုခဲ့ၾကသည္။
ကမ႓ာေျမရဲ႕ထူးျခားတဲ့ ဘူမိျဖစ္စဥ္ေတြ ေၾကာင့္ ကြၽႏ္ုပ္ ျမန္မာႏိုင္ငံမွာ ေပၚထြန္းခဲ့တဲ့ ေတာင္စြယ္ ေတာင္တန္းမ်ားထဲမွ ႐ွမ္း႐ိုးမႏွင့္ ဆက္ေနသည့္ ေတာင္တန္းမ်ားသည္ ကရင္ ျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔မွသည္ တနသၤာရီေဒသအထိ ေရာက္႐ွိေနပါသည္။ ေတာင္တန္းမ်ား၏ အခ်ိဳ႕ေနရာမ်ား တြင္ သဘာ၀ လိုဏ္ဂူမ်ားျဖစ္ေပၚေနၾကရာ ႐ွမ္းေတာင္တန္း၏ ေတာင္ဘက္အစြယ္ျဖစ္သည့္ ကယားျပည္နယ္႐ွိ ၾကတ္ဂူသည္လည္း တစ္ခုအပါအဝင္ျဖစ္သည္။

သဘာဝလိုဏ္ဂူမ်ားတြင္႐ွိတတ္သည့္ ေက်ာက္စက္ပန္းဆြဲမ်ား၊ သဘာ၀ေရစီး ေၾကာင္းမ်ား၊ ေ႐ွးေဟာင္းဆင္းတု႐ုပ္ပြားမ်ား၊ အုတ္ခြက္ဘုရားမ်ား စသည္တို႔ေၾကာင့္ ခရီးသြားမ်ားက စိတ္ဝင္တစားသြားေရာက္လည္ပတ္ ေလ့႐ွိပါသည္။ ၾကတ္ဂူတြင္ ဂူအတြင္း႐ွိ အေခါင္းပ်က္မ်ားဟု ယူဆၾကသည့္ သစ္သားစမ်ား ေၾကာင့္ လူအမ်ားက စိတ္ဝင္စားခဲ့ၾကၿပီး လာေရာက္လည္ပတ္သူ မ်ားျပားလာခဲ့သည္။ ၾကတ္ဂူသည္ ကယားျပည္နယ္တြင္ အထင္ကရေနရာ တစ္ခုျဖစ္လာၿပီး ျမန္မာ့ခရီးသြားနယ္ေျမတစ္ခု အျဖစ္ ထင္႐ွားလာခဲ့သည္ ။

သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုသည်မှာ ‘ဘယ်သူဘာလုပ်လုပ်ထိန်းထိန်းသိမ်းသိမ်းနဲ့ အများ အကျိူးမထိခိုက်အောင် ကိုယ်ချင်းစာပြ...
25/02/2020

သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုသည်မှာ

‘ဘယ်သူဘာလုပ်လုပ်ထိန်းထိန်းသိမ်းသိမ်းနဲ့ အများ အကျိူးမထိခိုက်အောင် ကိုယ်ချင်းစာပြီးမှ အကျိူးစီးပွားဖြစ်အောင် လုပ်ဖို့ ဆောင်ရွက်ခြင်းဖြစ်သည်’ လို့ ရေးသားထားကို ဖတ်ခဲ့ဖူးပါတယ် ….

ယခုခေတ်မှာ နည်းပညာတွေခေတ်မှီ တိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးက ရွာကြီးသဖွယ် ဖြစ်လာပါပြီ …. မြန်မာနိုင်ငံ ဟာဆိုရင် လည်း ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ထွန်းကားတဲ့နိုင်ငံ ၊သစ်ပင်ပန်းပင် သစ်တော စိမ်းစိမ်းစိုစိုတွေနဲ့ သဘာ၀အတိုင်း လှပတဲ့ နိုင်ငံ ၊ဘုရားစေတီပုထိုးတွေကို သပ္ပါယ်စွာ ဖူးမြင်ရတဲ့ နိုင်ငံအဖြစ် ကမ္ဘာ့ ခရီးသွားတွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ နိုင်ငံ တခုအဖြစ်ပါ၀င်လာပြီ ဖြစ်ပါတယ် ….

အဲ့အတွက်ကြောင့် ပြည်သူတွေကလည်း သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုး တတ်ဖို့ကလည်း အရေးကြီးတဲ့ ကဏ္ဍတခု ဖြစ်လာပါတယ်….

ညီမတို့ မြန်မာနိုင်ငံမှာ ရင်သပ်ရှုမောဖွယ်ရာ အလှတရားတွေရှိတဲ့ သွားရောက်လည်ပတ် သင့်တဲ့ နေရာတွေ အများကြီး ရှိပါတယ် ….

အကြံပြုချင်တာကတော့ အဲ့နေရာဒေသတွေကို သွားရောက်လည်ပတ်တဲ့အခါ အဲ့ဒေသမှာရှိတဲ့ အလှတရားတွေကို စွန့်ပစ်ပစ္စည်းတွေနဲ့ မဖုံးလွှမ်းအောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ် ….

သွားရောက်လည်ပတ်ပြီးတဲ့ အခါမှာ မိမိတို့ အမှိုက်ကို ပြန်ယူသွားကြမယ် ဒါမှမဟုတ် သတ်မှတ်ပေးထားတဲ့ နေရာတွေမှာ စနစ်တကျ ပစ်ကြမယ်ဆိုရင် သဘာ၀ ပတ်ဝန်းကျင်ကို မြတ်နိုး ထိန်းသိမ်းရာ ရောက်ပါတယ်နော် ….

‘ကမ္ဘာကြီးကို ဝိုင်းဝန်းအလှဆင်ရင်းနဲ့ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရအောင်’

-----------------------------------------------------------------------------------------------------------

သဘာ၀ပတ္ဝန္းက်င္ထိန္းသိမ္းျခင္းဆိုသည္မွာ
‘ဘယ္သူဘာလုပ္လုပ္ထိန္းထိန္းသိမ္းသိမ္းနဲ႔ အမ်ား အက်ိဴးမထိခိုက္ေအာင္ ကိုယ္ခ်င္းစာၿပီးမွ အက်ိဴးစီးပြားျဖစ္ေအာင္ လုပ္ဖို႔ ေဆာင္ရြက္ျခင္းျဖစ္သည္’
လို႔ ေရးသားထားကို ဖတ္ခဲ့ဖူးပါတယ္ ….

ယခုေခတ္မွာ နည္းပညာေတြေခတ္မွီ တိုးတက္လာတာနဲ႔အမၽွ ကမၻာႀကီးက ရြာႀကီးသဖြယ္ ျဖစ္လာပါၿပီ ….ျမန္မာနိုင္ငံ ဟာဆိုရင္ လည္း ကမၻာေပၚမွာ ဗုဒၶဘာသာ ယဥ္ေက်းမွု ထြန္းကားတဲ့နိုင္ငံ ၊သစ္ပင္ပန္းပင္ သစ္ေတာ စိမ္းစိမ္းစိုစိုေတြနဲ႔ သဘာ၀အတိုင္း လွပတဲ့ နိုင္ငံ ၊ဘုရားေစတီပုထိုးေတြကို သပၸါယ္စြာ ဖူးျမင္ရတဲ့ နိုင္ငံအျဖစ္ ကမၻာ့ ခရီးသြားေတြရဲ့ အာ႐ုံကို ဖမ္းစားနိုင္တဲ့ နိုင္ငံ တခုအျဖစ္ပါ၀ငါလာၿပီ ျဖစ္ပါတယ္ ….

အဲ့အတြက္ေၾကာင့္ ျပည္သူေတြကလည္း သဘာ၀ပတ္ဝန္းက်င္ကို ထိန္းသိမ္းေစာင့္ေရွာက္ၿပီး မိမိေနထိုင္တဲ့ ပတ္ဝန္းက်င္ကို ခ်စ္ျမတ္နိုး တတ္ဖို႔ကလည္း အေရးႀကီးတဲ့ က႑တခု ျဖစ္လာပါတယ္….

ညီမတို႔ ျမန္မာနိုင္ငံမွာ ရင္သပ္ရွုေမာဖြယ္ရာ အလွတရားေတြရွိတဲ့ သြားေရာက္လည္ပတ္ သင့္တဲ့ ေနရာေတြ အမ်ားႀကီး ရွိပါတယ္ ….

အႀကံျပဳခ်င္တာကေတာ့ အဲ့ေနရာေဒသေတြကို သြားေရာက္လည္ပတ္တဲ့အခါ အဲ့ေဒသမွာရွိတဲ့ အလွတရားေတြကို စြန႔္ပစ္ပစၥည္းေတြနဲ႔ မဖုံးလႊမ္းေအာင္ ကာကြယ္ထိန္းသိမ္းေစာင့္ေရွာက္ရမွာ ျဖစ္ပါတယ္ ….

သြားေရာက္လည္ပတ္ၿပီးတဲ့ အခါမွာ မိမိတို႔ အမွိုက္ကို ျပန္ယူသြားၾကမယ္ ဒါမွမဟုတ္ သတ္မွတ္ေပးထားတဲ့ ေနရာေတြမွာ စနစ္တက် ပစ္ၾကမယ္ဆိုရင္ သဘာ၀ ပတ္ဝန္းက်င္ကို ျမတ္နိုး ထိန္းသိမ္းရာ ေရာက္ပါတယ္ေနာ္ ….

‘ကမၻာႀကီးကို ဝိုင္းဝန္းအလွဆင္ရင္းနဲ႔ သဘာ၀ပတ္ဝန္းက်င္ကို ထိန္းသိမ္းၾကရေအာင္’

Start Journey, Alive Your Dreams ...

မိုးကုတ် ( မြန်မာ့ ပတ္တမြားမြေ ) မိုးကုတ်မြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် 3858 ပေ အထက်တွင် တည်ရှိပြိး မြန်မာနိုင်ငံ၏ အက...
24/02/2020

မိုးကုတ် ( မြန်မာ့ ပတ္တမြားမြေ )

မိုးကုတ်မြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် 3858 ပေ အထက်တွင် တည်ရှိပြိး မြန်မာနိုင်ငံ၏ အကောင်းဆုံး ပတ္တမြားထွက်ရှိသော အထင်ကရမြို့ တစ်မြို့ဖြစ်ပါသည် ။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် တွင်ပါ၀င်သော မိုးကုတ်မှာ ဗြိတိသျှ တို့သိမ်းပိုက်စဉ် ကာလ တွင် မိုးကုတ်မှ ခရိုင် ဖြစ်ပြီး ပတ္တမြားခရိုင် ဟုလည်းခေါ်တွင်ခဲ့ဖူးသည်။

တောင်ပတ်လမ်းပေါင်း 999 ပတ်ရှိပြီး တောင်းတန်းများ ၀န်းရံထားပြီး အေးချမ်းလှသော မြို့ လေးတစ်မြို့ ဖြစ်သည့် မိုးကုတ်မြို့ဟာ သမိုင်းကြောင်း အရ အစဉ် အလာ ကြီးမားခဲ့သော မြို့လေးဟု ပြောလျှင်လည်းမှားနိုင်မည် မဟုတ်ပေ ။

“ကိတ် နဂါး ကြွက် သုံးဖော်ယှက် ကျောက်မျက်ရတနာပေါ်ထွက်လာ ဂန္ဒာလတိုင်း သမိုင်းးပွင့်ဆန်း ပင်သဖန်းဟု မော်ကွန်းထိုးထုတ် မြို့ မိုးကုတ် “ ရှေးဟောင်းတဘောင် အရ ကိတ် 9 နဂါး 7 ကြွက် 5 က်ု ပြောင်းပြန်ယူသော် 579 ဖြစ်ပြီး ထိုနှစ်တွင် သဖန်းပင်ရွာကို အရင်းတည်ပြီးနောက် မိုးကုတ်မြို့ကို တည်ခဲ့ခြင်းဖြစ်သည် ။

မိုးကုတ်မြို့ဟာ ရျေးအစဉ်အဆက် မြန်မာနိုင်ငံ၏ စီးပွားရေး အရင်းအမြစ် အဖြစ် တည်ရှိခဲ့သော မြို့ တစ်မြို့ဖြစ်သည် ။

မင်းတုန်းမင်းလက်ထက်တွင် မိုးကုတ်မှ ပတ္တမြားတိို့ကို တူးဖော်စေပြီး အနောက်နိုင်ငံသားများနှင့် အရောင်းအဝယ်ပြုလုပ် စေခဲ့သည် ။

သီပေါမင်းလက်ထက်တွင် ပြင်သစ်တို့သည် မိုးကုတ်တွင် ပတ္တမြားတူးဖော်လုပ်ကိုင်ခွင့် တောင်းဆိုရာသဘောတူခွင့်ပြုချက် ရသည့် အချိန်တွင် အင်္ဂလိပ်တို့သည် ပြင်သစ် တို့ ခြယ်လှယ်မည်ကို စိုးရိမ်ခဲ့ ကြသည်။

မိုးကုတ် ဟုဆင်းသက်လာ ခြင်းကို ရှမ်းဘာသာ စကားဖြင့် 3 မျိုး ခွဲ ခြား ထား ပါ သည် ။

မိုးကုတ် အမည်မှာ မြို့အေးဟု အဓိပ္ပာယ်ရသည် ။

ရှမ်းဘာသာစကားမိုင်းကွတ်မှ ဆင်းသက်လာပြီး မြို့ခမောက် ၊ မြို့ဒယ်အိုး ဟုအဓိပ့ာယ် ရသည်။

မိန်းကု - ရှမ်းဘာသာစကားဖြစ်သည်။ (မိန်း- မြို့ ) (ကု - ခမောက် ) ခမောက်နှင့်တူသော မြို့ ဟုလည်းကောင်း / တောင်တန်းများ ကာရ့ထားသော ချိုင့်ဝှမ်းကြီးအတွင်းရှိ ခမောက်တစ်ခု ကို ပက်လက်လန်ထားသောကြောင့် ယခုကဲ့သို့ ခေးခြင်းဖြစ်သည်ဟု သိရျိရသည် ။

မိန်းကွတ် - ရှမ်းဘာသာ စကားဖြစ်သည် ။ မိန်းမှာ မြို့ ၊ ကွတ် မှာ ကွေ့ကောက်ခြင်း ဖြစ်သည် ။

ကွေ့ကောက်သော မြို့ဟု ဆိုလိုပါသည် ၊၊ မိုးကုတ်သို့ သွားရာလမ်းမှာ ကောက်ကွေ့သည့်တောင်ပတ်လမ်းများဖြစ်သည်က တစ်ကြောင်း ၊ မြို့တည်နေပုံက ကောက်ကွေ့သည့် အနေအထားတွင် ရှိိိသောကြောင့် မိန်းကွတ်ဟုခေါ်ရာမှ မိုးကုတ်ဖြစး်ပေါ်လာသည်။

မိန်းကတ် - ရှမ်းဘာသာ စကားဖြစ်ပြီး (မိန်း - မြို့) ကတ် - ချမ်းအေးသည် ဖြစ်ပြီး အလွန်ချမ်းအေးသည့် မြို့ဟု ဆိုလိုပါသည်။
ရေခဲသည်အထိ အေးဖူးသည့်နှစ်များရှိခဲ့ဖူးသည် ။

မိုးချုပ် - မြန်မာစကားဖြစး်သည် ။ မိုးစောစော ချုပ်သည့် အတွက် မိုးချုပ်ဟုခေါ်တွင်ရာမှ မိုးကုတ် ဖြစ်လာရခြင်း ဖြစ်သည် ။

မိုးကုတ် မြို့လေးသည် လွန်စွာ အေးချမ်းပြီး မြန်မာနိုင်ငံရဲ့ ပတ္တမြားမြေအဖြစ် ကမ္ဘာ က ပါ အသိအမှတ်ပြုထားသည့် အထင်ကရနေရာလေး တစ်ခု အဖြစ်ထင်ရှားနေဆဲ ဖြစ်ပါသည် ..

-----------------------------------------------------------------------------------------------------------

မိုးကုတ္ ( ျမန္မာ့ ပတၱျမားေျမ )

မိုးကုတ္ၿမိဳ႕သည္ ပင္လယ္ေရ မ်က္ႏွာျပင္အထက္ 3858 ေပ အထက္တြင္ တည္႐ွိၿပိး ျမန္မာႏိုင္ငံ၏ အေကာင္းဆုံး ပတၱျမားထြက္႐ွိေသာ အထင္ကရၿမိဳ႕ တစ္ၿမိဳ႕ျဖစ္ပါသည္ ။

မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခ႐ိုင္ တြင္ပါ၀င္ေသာ မိုးကုတ္မွာ ၿဗိတိသွ် တို႔သိမ္းပိုက္စဥ္ ကာလ တြင္ မိုးကုတ္မွ ခ႐ိုင္ ျဖစ္ၿပီး ပတၱျမားခ႐ိုင္ ဟုလည္းေခၚတြင္ခဲ့ဖူးသည္။

ေတာင္ပတ္လမ္းေပါင္း 999 ပတ္႐ွိၿပီး ေတာင္းတန္းမ်ား ၀န္းရံထားၿပီး ေအးခ်မ္းလွေသာ ၿမိဳ႕ ေလးတစ္ၿမိဳ႕ ျဖစ္သည့္ မိုးကုတ္ၿမိဳ႕ဟာ သမိုင္းေၾကာင္း အရ အစဥ္ အလာ ႀကီးမားခဲ့ေသာ ၿမိဳ႕ေလးဟု ေျပာလွ်င္လည္းမွားႏိုင္မည္ မဟုတ္ေပ ။

“ကိတ္ နဂါး ႂကြက္ သုံးေဖာ္ယွက္ ေက်ာက္မ်က္ရတနာေပၚထြက္လာ ဂႏၵာလတိုင္း သမိုင္းးပြင့္ဆန္း ပင္သဖန္းဟု ေမာ္ကြန္းထိုးထုတ္ ၿမိဳ႕ မိုးကုတ္ “ ေ႐ွးေဟာင္းတေဘာင္ အရ ကိတ္ 9 နဂါး 7 ႂကြက္ 5 က္ု ေျပာင္းျပန္ယူေသာ္ 579 ျဖစ္ၿပီး ထိုႏွစ္တြင္ သဖန္းပင္႐ြာကို အရင္းတည္ၿပီးေနာက္ မိုးကုတ္ၿမိဳ႕ကို တည္ခဲ့ျခင္းျဖစ္သည္ ။

မိုးကုတ္ၿမိဳ႕ဟာ ေ႐်းအစဥ္အဆက္ ျမန္မာႏိုင္ငံ၏ စီးပြားေရး အရင္းအျမစ္ အျဖစ္ တည္႐ွိခဲ့ေသာ ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္သည္ ။

မင္းတုန္းမင္းလက္ထက္တြင္ မိုးကုတ္မွ ပတၱျမားတိိဳ႕ကို တူးေဖာ္ေစၿပီး အေနာက္ႏိုင္ငံသားမ်ားႏွင့္ အေရာင္းအဝယ္ျပဳလုပ္ ေစခဲ့သည္ ။

သီေပါမင္းလက္ထက္တြင္ ျပင္သစ္တို႔သည္ မိုးကုတ္တြင္ ပတၱျမားတူးေဖာ္လုပ္ကိုင္ခြင့္ ေတာင္းဆိုရာသေဘာတူခြင့္ျပဳခ်က္ ရသည့္ အခ်ိန္တြင္ အဂၤလိပ္တို႔သည္ ျပင္သစ္ တို႔ ျခယ္လွယ္မည္ကို စိုးရိမ္ခဲ့ ၾကသည္။

မိုးကုတ္ ဟုဆင္းသက္လာ ျခင္းကို ႐ွမ္းဘာသာ စကားျဖင့္ 3 မ်ိဳး ႃခြဲခားထားသည္

မိုးကုတ္ အမည္မွာ ၿမိဳ႕ေအးဟု အဓိပာယ္ရသည္ ။

႐ွမ္းဘာသာစကားမိုင္းကြတ္မွ ဆင္းသက္လာၿပီး ၿမိဳ႕ခေမာက္ ၊ ၿမိဳ႕ဒယ္အိုး ဟုအဓိပ့ာယ္ ရသည္။

မိန္းကု - ႐ွမ္းဘာသာစကားျဖစ္သည္။ (မိန္း- ၿမိဳ႕ ) (ကု - ခေမာက္ ) ခေမာက္ႏွင့္တူေသာ ၿမိဳ႕ ဟုလည္းေကာင္း / ေတာင္တန္းမ်ား ကာရ႕ထားေသာ ခ်ိဳင့္ဝွမ္းႀကီးအတြင္း႐ွိ ခေမာက္တစ္ခု ကို ပက္လက္လန္ထားေသာေၾကာင့္ ယခုကဲ့သို႔ ေခးျခင္းျဖစ္သည္ဟု သိ႐်ိရသည္

ုမိန္းကြတ္ - ႐ွမ္းဘာသာ စကားျဖစ္သည္ ။ မိန္းမွာ ၿမိဳ႕ ၊ ကြတ္ မွာ ေကြ႕ေကာက္ျခင္း ျဖစ္သည္ ။

ေကြ႕ေကာက္ေသာ ၿမိဳ႕ဟု ဆိုလိုပါသည္ ၊၊ မိုးကုတ္သို႔ သြားရာလမ္းမွာ ေကာက္ေကြ႕သည့္ေတာင္ပတ္လမ္းမ်ားျဖစ္သည္က တစ္ေၾကာင္း ၊ ၿမိဳ႕တည္ေနပုံက ေကာက္ေကြ႕သည့္ အေနအထားတြင္ ႐ွိိိေသာေၾကာင့္ မိန္းကြတ္ဟုေခၚရာမွ မိုးကုတ္ျဖစး္ေပၚလာသည္။

မိန္းကတ္ - ႐ွမ္းဘာသာ စကားျဖစ္ၿပီး (မိန္း - ၿမိဳ႕) ကတ္ - ခ်မ္းေအးသည္ ျဖစ္ၿပီး အလြန္ခ်မ္းေအးသည့္ ၿမိဳ႕ဟု ဆိုလိုပါသည္။
ေရခဲသည္အထိ ေအးဖူးသည့္ႏွစ္မ်ား႐ွိခဲ့ဖူးသည္ ။

မိုးခ်ဳပ္ - ျမန္မာစကားျဖစး္သည္ ။ မိုးေစာေစာ ခ်ဳပ္သည့္ အတြက္ မိုးခ်ဳပ္ဟုေခၚတြင္ရာမွ မိုးကုတ္ ျဖစ္လာရျခင္း ျဖစ္သည္ ။

မိုးကုတ္ ၿမိဳ႕ေလးသည္ လြန္စြာ ေအးခ်မ္းၿပီး ျမန္မာႏိုင္ငံရဲ႕ ပတၱျမားေျမအျဖစ္ ကမ႓ာကပါ အသိအမွတ္ျပဳထားသည့္ အထင္ကရေနရာေလး တစ္ခု အျဖစ္ထင္႐ွားေနဆဲ ျဖစ္ပါသည္ ..

Address

Yangon
11191

Telephone

095113271

Website

Alerts

Be the first to know and let us send you an email when Amazing Dreams Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Amazing Dreams Travels & Tours:

Share