09/10/2023
❣️ရွှေမြန်အောင်ဝန်ထမ်းများ၏ စဉ်ဆက်မပြတ်လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ အဆင့်မြှင့် တိုးတက်နိုင်စေရန် ရည်ရွယ်၍ Shwe Myan Aung Co., Ltd မှ Matrix Institute of Professionals နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီမှုလက်မှတ်ရေးထိုးခြင်း
ယခုလို အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရွှေမြန်အောင်ကုမ္ပဏီ ဝန်ထမ်းများသည် Finance, Accounting ဆိုင်ရာ သင်တန်းများကို Special Discount ဖြင့် ရရှိခံစားခွင့်ရမှာဖြစ်ပြီး Matrix Institute of Professionals ကျောင်းမှ စီစဉ်ကျင်းပပေးမည့် Free Seminar, Workshop လေးတွေမှာ ဦးစားပေးအနေဖြင့် တက်ရောက်ခွင့် ရမှာဖြစ်ပါတယ်။
လူ့စွမ်းအားအရင်းအမြစ်ဌာနအနေနှင့် ကုမ္ပဏီ၏ လစ်လပ်ရာထူးနေရာများအတွက် Collaboration ပြုလုပ်ထားသော ကျောင်း၏ Official page တွင် ကြေညာခြင်းများ ပြုလုပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်!
ရွှေမြန်အောင် ကုမ္ပဏီအနေဖြင့်လည်း အခုလို Matrix Institute of Professionals နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက် ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါတယ်ရှင့်!