Installation & Service group

Installation & Service group Any people can connect other people.And them must be ok our security.

မဂ်လာပါခင်ဗျာIT GENERATION မှ (ELVSystem)က တစ်ခုဖြစ်တဲ့ (PABX System)လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။PABX (Private Aut...
12/07/2023

မဂ်လာပါခင်ဗျာ
IT GENERATION မှ (ELVSystem)က တစ်ခုဖြစ်တဲ့ (PABX System)လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။
PABX (Private Automatic Branch Exchange) Intercom Telephone Line system လေးပဲဖြစ်ပါတယ်။
လူကြီးမင်းတို့ business (School,Office,Factory,Restruant, Shop and small area) တို့တွင် အသုံးပြုနိုင်မည့် ကြိုးဖုန်း systemလေးပါ။ ဟုတ်ကဲ့။
PBX ဆိုတာဘာလဲ ?
-Automatic အလိုအလျောက် အသုံးပြုခြင်း
-Easy to manage စီမံခန့်ခွဲ ပီး အသုံးပြုနိုင်ခြင်း
-Flexiable ပြောင်းရ ပြင်ရ လွယ်ကူခြင်း

*PBX types
-Analog
-Digital
-IP
-Hybrid system ဆိုပီး လေးမျိုးရှိပါတယ်။

PBX ကိုအသုံးပြုခြင်းဖြင့်
-တစ်ခါ တပ်ဆက်ပီးရုံနဲ့ ဖုန်းဘေ အစရှိတဲ့ expand များသက်သာသွားခြင်း၊ လွယ်ကူလျင်မြန်စွာ ဖုန်းခေါ်ဆိုနိုင်ခြင်း၊ အသုံးပြုသူ user များအားစီမံ ခန့်ခွဲထားနိုင်ခြင်း၊
Operatorဖြင့်တွင်ကျယ်စွာ အသုံးပြုနိုင်ခြင်း၊
Disa(Welcome message),Call forward(busy to co or ext) အစရှိသည့် အခြားတော့ Function များကြောင့် လူကြီးမင်းတို့ Business အဆက်သွယ်များ တိုးတက်ကောင်းမွန်လာပါမည်။
ကျွန်တော်တို့ PBX Services များဖြစ်သော
-Cable and labeling,
-Switching and Termination ,
-Config ,
-Planing , Maintenance service များကို
First time Project (OR) Service Call ပုံစံများဖြင့်လည်းကောင်း IT Generation မှ လူကြီးမင်းတို့ businessများအား စိတ်တိုင်းကျ ပြုပြင် ဆောင်ရွက်ပေးနေပါပီခင်ဗျာ။
ကျွန်တော်တို့ IT Generation ကို သိရှိလိုသော အကြောင်းအရာများကိုလည်း အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ကျေးဇူးပါ။

Contact 09400959462 , 09977320463

 #အင်းစိန် မြို့နယ်ရှိ...Customer နေအိမ်တွင်.. 🏠HIK Vision Network Camera... 🎥တက်ဆင်ခွင့်ရလို့.. အလွန်ပင်ကျေးဇူးရှိပါတယ်...
17/11/2020

#အင်းစိန် မြို့နယ်ရှိ...Customer နေအိမ်တွင်.. 🏠
HIK Vision Network Camera... 🎥
တက်ဆင်ခွင့်ရလို့.. အလွန်ပင်ကျေးဇူးရှိပါတယ် ခင်ဗျာ... ☺
အသစ်များကိုလည်း ဖိတ်ခေါ်ပါတယ်နော်...📢
CCTV Cameras. များကို
လူကြီးမင်းတို့ ရုံး/နေအိမ်/ ခြံဝင်း / စက်ရုံ တို့မှာ အသစ်တက်ချင်သော်လည်းကောင်း? ၊ တက်ဆင်ပီးထားသော cameras များအား ထပ်တိုးချင်သော်လည်းကောင်း ? ၊ ပြင်ဆင်ချင်သော်လည်းကောင်း...?
ယုံကြည်စိတ်ချရတဲ့ ကျွန်တော်တို့ Service ကိုဆက်သွယ်လိုက်ပါ...
09400959462

Laptop💻 Service...( usb damage and window error)ဈေးနှူန်းချိုသာစွာဖြင့်💵...အိမ်အရောက် ရုံးအရောက် ဝန်ဆောင်မှူပေးပါတယ်ခင်ဗျ...
10/10/2020

Laptop💻 Service...
( usb damage and window error)
ဈေးနှူန်းချိုသာစွာဖြင့်💵...
အိမ်အရောက် ရုံးအရောက် ဝန်ဆောင်မှူပေးပါတယ်ခင်ဗျာ..
(Southdagon)
📞09400959462

15/09/2020

Virus ကိုက်လို့ Hidden file တွေမပေါ်ရင် ပြန်ဖော်နည်း
=====================================
တစ်ခါတလေ USB, SD Card စတာတွေမှာ Data ရှိနေတဲ့ပုံမျိုးပြပီး ဖွင့်ကြည့်လိုက်တော့ ဘာမှမပေါ်ဘူး အဲ့ဒါ virus က file တွေကို hide ထားတာပါ အဲ့လိုဖြစ်ရင် ပြန်ဖော်ကြည့်ပါ့မယ်
နည်းလမ်း ------- 1
windows + R နှိပ် run box မှာ cmd လိုရိုက်ပြီး enterနှိပ် cmd ပွင့်လာရင် ကိုယ့်ရဲ့ usb, sd card ရဲ့ drive letter ကိုရိုက်ပါ ဥပမာ ကိုယ်ရဲ့ sd card က E ဆိုရင် C:\Users\ ……>ရဲ့နောက်မှာ E: လို့ရိုက်ပီး Enterနှိပ်လိုက် ပီးရင် E:\ရဲ့နောက်မှာ
attrib -s -h -r /s /d လို့ရိုက်ပီး Enterနှိပ် သို့မဟုတ်
attrib -s -h /s /d *.* လို့ရိုက်ပီး Enterနှိပ် သိုမဟုတ်
attrib -s -h -r E:/ *.* /s /d လို့ရိုက်ပီး Enter နှိပ် Eနေရာမှာ ကိုယ့် drive letter ထည့်ရမယ်ဆိုတာ သိပါ အထက်က command တွေအားလုံး space တစ်ချက်စီခြားပီး ရိုက်ပါ

နည်းလမ်း=======2
ဒီနည်းကတော့ registry ဝင်လုပ်ရမှာ မလုပ်တတ်ရင် အန္တရာယ်များပါတယ် registry ထဲက file တစ်ခုခုကို မှားဖျက်မိရင် ကွန်ပျူတာ ဂေါက်တတ်ပါတယ် registryဆိုတာ ကွန်ပျူတာတစ်ခုလုံးကို အဓိကထိန်းချုပ်ထားတဲ့ နေရာပါ registry မွှေနိုင်ရင်တော့ ကွန်ပျူတာ မျက်လှည့်ဆရာလုပ်လို့ရပြီ ကျွန်တော်လဲ အများကြီး မမွှေနိုင်သေးပါဘူး ကဲ intro ဝင်တာများသွားပြီ မကြောက်ပါနဲ့ ကျွန်တော်ပြောတဲ့အတိုင်းသာ လိုက်လုပ်ကြည့်ပါ ဘာမှမဖြစ်ပါဘူး Let we start !

registry ဖွင့်ဖို့အတွက် windows + R နှိပ် run box မှာ
regedit လို့ရိုက်ပီး okနှိပ်လိုက် ပီးရင် HKEY-LOCAL-MACHINE>Software>Microsoft>Windows>Current Version>Explorer>Advanced>Folder>
Hidden>NOHIDDEN ထိအဆင့်ဆင့်ဝင်ပြီး NOHIDDENပေါ် ကလစ်တစ်ချက်နှိပ်ပြီး ညာဘက် Panel
CheckedValueက 2, DefaultValueကလဲ 2 ဖြစ်နေရပါ့မယ် ပီးရင် ခုန NOHIDDEN ဖိုင်အောက်က SHOWALLပေါ်ကိုကလစ်တစ်ချက်နှိပ်ပီး ညာဘက် Panelက CheckedValue က 1, DefaultValueက 2 ဖြစ်နေရပါ့မယ် Virus ဝင်သွားရင် SHOWALL ရဲ့အောက်က CheckedValue ဟာ 0 ဖြစ်သွားပါတယ်
အဲလိုဖြစ်သွားရင် CheckedValueပေါ်ကို Double click နှိပ်ပြီး Value data အောက်မှာ 1 ပြန်ရိုက်ပြီး Restart ချလိုက်ပါ

# #အားလုံးအဆင်ပြေပါစေ မရှင်းရင်ပြန်မေးပါ

13/07/2020

💥ဖုန်းနဲ့ ကွန်ပြုတာချိတ်သုံးရင်
အင်တာနက်ဘေ သက်သာအောင်ပြုလုပ်နည်း
•••••••••••••••••••••

Chat Box မှာ တမေးတဲ့ မေးနေကြတဲ့ ဖုန်းနဲ့ Computer ကို Internet ချိပ်သုံးရင် ဘေကုန်သက်သာတဲ့ နည်းလေးကို ဝေမျှလိုက်ပါတယ်။

1️⃣ Window auto updateတွေပိတ်ရမယ် ပိတ်ဖို့သွားရမယ့် လမ်းကြောင်းကတော့
Run box -> sevices.msc -> Windows update-> Properties -> Startup Types -> Disabled -> Apply -> Services Status -> Stop -> Ok

2️⃣ နောက်တစ်ခုက Background App တွေပိတ်ထားရပါမယ်။
ပိတ်ဖို့သွားရမယ့်လမ်းကြောင်းကတော့
Settings -> Privacy -> Background app -> Off

3️⃣ Microsoft Store မှ Auto Update တွေပိတ်ရပါမယ်။
Microsoft Store -> Settings -> Auto Updates -> Off

4️⃣ Microsoft Store က Video Auto Play တွေကိုလည်းပိတ်ထားရပါမလ်

5️⃣ Live Tiles ကိုပိတ်ပေးပါ...
Icon Start Screen -> live feed app တွေပေါ် Right Click -> More -> Turn Live Tile off

6️⃣ Auto Update Offline Maps ကိုပိတ်ပေးပါ (Settings -> Offline maps -> Metered connections -> On -> Automatically update maps -> Off

ကဲ ဒါလေးတွေ လုပ်လိုက်ရင်တော့ မိတ်ဆွေတို့ အရင်ကထက် ဘေကုန်တာ သက်သာလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
----------------

လူကြီးမင်းတို့၏Computer (laptop & desktop) များအားအိမ် ရုံး စက်ရုံ အရောက် ဈေးနှူန်းချိုသာမှူပီးပြည့်စုံသော ဝန်ဆောင်မှူ နဲ့...
26/06/2020

လူကြီးမင်းတို့၏
Computer (laptop & desktop) များအား
အိမ် ရုံး စက်ရုံ အရောက်
ဈေးနှူန်းချိုသာမှူ
ပီးပြည့်စုံသော ဝန်ဆောင်မှူ နဲ့အတူ
Service warranty ပေးမည်ဖြစ်သောကြောင့် နွေးထွေးစွာဖြင့် ကျွန်တော်တို့ IT Service ..နဲ့ ဆက်သွယ်လိုက်ပါခင်ဗျာ...
IT Service
09400959462

တောင်ဒဂုံမြို့နယ် 24 ရပ်ကွက်ရှိ ​အောင်မြင်သူ အားကစားပစ္စည်းဆိုင်တွင် Dahua CCTV camera After sale service 👈 သပ်ရပ်သေချာစွ...
12/06/2020

တောင်ဒဂုံမြို့နယ် 24 ရပ်ကွက်ရှိ
အောင်မြင်သူ အားကစားပစ္စည်းဆိုင်တွင်
Dahua CCTV camera After sale service 👈
သပ်ရပ်သေချာစွာ ဝန်ဆောင်မှု ပေးခဲ့ရလို့ 👍
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ☺
ဒီထက်မက အောင်မြင်မှူတွေနဲ့ အဆင်ပြေပါစေဗျာ.....😊
🎥🖥🖨⌨👈
လူကြီးမင်းတို့၏ နေအိမ် ရုံး ဆိုင်ခန်း ခြံဝန်းတို့၌ CCTV တပ်ဆင်ထားပီး အကြောင်းအမျိုးမျိုးကြောင့်
camera တွေမလာတာ/ Recording and Backup စနစ်တွေ လုပ်ချင်တာ / Mobile phone.laptop computer များဖြင့် ကြည့်လိုမရတော့တာ / System အဆင့်မြင့်ချင်တာမျိုး / တခြားလိုအပ်တဲ့ အခက်အခဲများအတွက် စိတ်ညစ်မခံပါနဲ့😇
ကျွန်တော်တို့ IT Door to Door Service နဲ့ အမြန်ဆုံးဆက်သွယ်လိုက်ပါခင်ဗျာ....
ICT Solution
09400959462
ရိုသေလေးစားလျက်.... 😊

07/06/2020

👍👍👍
Windows 10 ကို ဘာ့ကြောင့် သုံးသင့်သလဲ..
----------------------------------------------------
Microsoft ကုမ္ပဏီက ထုတ်လုပ်တဲ့ Windows Operating System တွေရဲ့ ထုတ်လုပ်ခဲ့တဲ့ ဗားရှင်းတွေကို လေ့လာကြည့်မယ်ဆိုရင်
Windows 1.0, 1.02, 1.03, 1.04, 2.03, 2.10, 2.11, 3.0, 3.1,
Windows NT 3.1
Windows for Workgroups 3.11
Windows 3.2
Windows NT 3.5
Windows NT 3.51
Windows 95
Windows NT 4.0
Windows 98
Windows 2000
Windows Me
Windows XP
Windows Vista (Longhorn) (ချိုရှည်လို့ ခေါ်ရမလား)
Windows 7 (အမည်ဝှက် Blackcomb, Vienna) (ဘီးမည်းပေါ့ဗျာ)
Windows 8
Windows 8.1 (အမည်ဝှက် Blue) စသည်ဖြင့် ပြောင်းလဲ ထုတ်လုပ်လာခဲ့တာ
လက်ရှိသုံးနေကြတဲ့ Windows 10 (အမည်ဝှက် Threshold, Redstone)အထိ ရောက်လာခဲ့ပါပြီ။
အခုပြောတဲ့ ဗားရှင်းတွေက PC Version တွေပါ။ တစ်ကိုယ်ရည်သုံးဗားရှင်းတွေပေါ့။
နောက်ထပ် ဆာဗာကွန်ပျူတာအတွက် ဗားရှင်းတွေ၊ အခြား ဝင်းဒိုးစ်စနစ်သုံး Device တွေအတွက် ဗားရှင်းတွေ အများကြီး ကျန်ပါသေးတယ်။ ပို့စ်ရှည်သွားမှာစိုးလို့ မရေးတော့ဘူး။
အခုလက်ရှိအများစု သုံးနေတဲ့ သုံးလို့ အဆင်ပြေနေတဲ့ Windows 7 ကို လာမဲ့ အောက်တိုဘာလမှာ Supporting ပေးမှု ရပ်ဆိုင်းတော့မယ်လို့ Microsoft က ကြေငြာထားပါတယ်။
သူက ရပ်ဆိုင်းတော့မယ်ဆိုတော့ သုံးလို့ မရတော့ဘူးလားဆိုတော့ ရပါသေးတယ်။ နဂိုအတိုင်း ဆက်သုံးလို့လည်း ရပါသေးတယ်။ ဒါပေမဲ့ သူ့အတွက် ဘာမှ Update မရတော့ပါဘူး။
အဲဒီတော့ သိပ်မကြာတော့မီအချိန်မှာ ကျွန်တော်တို့အားလုံး Microsoft Windows 10 ကို ပြောင်းသုံးဖို့ လိုလာပါလိမ့်မယ်။
ကျွန်တော် စပြီးသုံးခဲ့စဉ်တုံးက Windows XP ကို အတော်ကြာကြာလေး မီလိုက်ပါတယ်။ နောက်ပိုင်း Windows Vista ထွက်လာသော်လည်း Graphic စားသုံးမှု များနေတယ်၊ XP နဲ့လည်း ဘာမှ မကွာခြားဘူးလို့ ခံစားရတဲ့အတွက် XP ကိုပဲ အားပြုပြီး သုံးဖြစ်ခဲ့ပါတယ်။ Windows 7 ထွက်လာတဲ့အချိန်ကျတော့ ဘယ်လိုပဲ ဖြစ်ဖြစ် Windows XP နဲ့ အများကြီးကွာခြားသွားတယ်။ အဲဒါနဲ့ အတော်လေး အသားကျလာတယ်။ Windows 8, 8.1 ထွက်လာပြန်တော့လည်း သိပ်ပြီး သဘောမကျတဲ့အချက်ကလေးတွေ ရှိနေသေးလို့ 7 ကိုပဲ ပေကပ်ပြီး သုံးနေပါသေးတယ်။ အခု Windows 10 ဆိုတာကြီး လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်က စပြီး ရင်းနှီးတဲ့အချိန်မှာ ဝင်းဒိုး 7 ထက် အများကြီး ကောင်းလာတာကို တွေ့ရတယ်။
ဘာတွေ ကောင်းလာသလဲ၊ ဘာ့ကြောင့် သုံးသင့်လဲ ဆိုတာလေးကို မိတ်ဆက်ပေးပါရစေ။
နံပါတ်(၁)အချက်ကတော့ လုံခြုံမှုစနစ် ကောင်းလာပါတယ်။ Windows ရဲ့ Firewall စနစ်လည်း တောင့်တင်းခိုင်မာတဲ့အတွက် Website တွေကို ဝင်ရောက်ကြည့်ရှုတဲ့အချိန်မှာ စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ တစ်ခုတော့ ရှိတယ်ဗျ။ အန္တရာယ်ရှိတဲ့ ဝက်ဘ်ဆိုက်တွေကို ဝင်မိရင် Firewall က ဘလော့လိုက်တာတွေဘာညာ အဲလိုတော့ ရှိတယ်၊ ဇွတ် အတင်းသွားဝင်ရင်တော့ ထိနိုင်တာပေါ့။
နံပါတ်(၂)အချက်က Virus Protection ပိုင်းပဲ။ Windows 7 မှာ ဗိုင်းရပ်စ်တွေကို ကာကွယ်ဖို့အတွက် AntiVirus မဖြစ်မနေ၊ မရှိမဖြစ်ကို လိုအပ်တယ်။ လိုင်စင်နဲ့ ဝယ်သုံးလို့ရတဲ့ AV တွေကို မသုံးနိုင်ဘူးဆိုရင် Microsoft ကနေ ထုတ်တဲ့ Microsoft Security Essential ဆိုတာကို ဒေါင်းလုဒ်လုပ်ရတယ်။ ဆိုတော့ကာ Built-In မပါဘူးပေါ့။ ဒါပေမဲ့ Windows 8 ကစမယ်ထင်တယ်၊ Windows Defender ဆိုတာလေး အော်တိုပါလာတယ်။ သူ့ကို တစ်ပတ်တစ်ခါလောက် အင်တာနက်ချိတ်ပြီး Update လုပ်လိုက်ရင်ကို တော်ရုံဗိုင်းရပ်စ်လောက်ကတော့ ကြောက်စရာ မလိုပါဘူး။ ကျွန်တော် လက်ရှိ ဝင်းဒိုးစ်ကို တင်ထားတာ ၂ နှစ် နီးပါး ရှိပါပြီ။ ဗိုင်းရပ်စ် မကိုက်သေးဘူး။ ဗိုင်းရပ်စ်ပါရင်လည်း တန်းသိတယ်။ အဖွင့်ကို မခံတာ။ တန်း ဘလော့ပစ်လိုက်ရော၊ အဲလောက်ထိ ကြမ်းတယ်။ တစ်ခုတော့ ရှိတယ်။ ဝင်းဒိုးတင်ပြီးပြီးချင်း Antivirus က Update မဖြစ်တဲ့အတွက် အင်တာနက်ချိတ်ပြီး Update လုပ်ထားဖို့တော့ လိုသေးတယ်။ အချို့က ရှိတယ်။ Antivirus အကောင်းစား Kaspersky တစ်ခွေဝယ်ပြီးရင် တစ်သက်လုံးသုံးလို့ရမယ် ထင်နေတာမျိုး။ Update မဖြစ်ရင် စက်လေးတာပဲ ရှိတယ်။
နံပါတ်(၃)အချက်က User Friendly ဖြစ်တယ်။ သုံးရတာ ပိုလွယ်သလို ခံစားရတယ်။ စသုံးကာစမှာတော့ မူလ Windows7 နဲ့ မတူတဲ့အတွက် ကမောက်ကမ ဖြစ်နိုင်ပေမဲ့ သုံးတာ ကြာလာရင် ပိုလွယ်လာတယ်။ Folder Option လိုဟာမျိုးအတွက် အဆင့်ဆင့် လုပ်နေစရာ မလိုတော့ဘဲ ဘားပေါ်မှာတင် ကိုယ်လုပ်ချင်တဲ့ဟာကို အသင့် တင်ပေးထားတယ်။
နံပါတ်(၄)အချက်ကတော့ Net FrameWork လိုဟာမျိုး တစ်ခါတည်း ပါလာပြီးသား။ အသစ်တင်စရာ တော်ရုံ မလိုဘူး။ Program ရေးသားမဲ့သူတွေအတွက် အဆင်ပြေတာပေါ့။
နံပါတ်(၅)အချက်ကတော့ AI System အသုံးပြုထားတယ်။ Voice Recognition တွေဘာတွေ ကောင်းကောင်းသုံးလို့ ရတယ်။
နံပါတ်(၆)အချက်ကတော့ Driver အတော်များများ တစ်ခါတည်းပါလာတယ်။ ဒါ့ကြောင့် ဝင်းဒိုးစ်တင်ပြီးတာနဲ ဟိုဒရိုက်ဗာ ရှာ၊ ဒီဒရိုက်ဘာ တင် လုပ်ရတဲ့ အလုပ်က အထိုက်အလျောက် ကင်းတာပေါ့။ အဓိက လိုအပ်တဲ့ SoundCard Driver.. Graphic Driver တွေ တစ်ခါတည်းပါလာတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Card တွေက သူ့ထက် မြင့်နေတယ်ဆိုရင်တော့ သက်ဆိုင်ရာ Driver ခွေနဲ့ တင်မှ အဆင်ပြေမယ်။
နံပါတ်(၇)အချက်ကတော့ App Store ပါတယ်။ အဲဒီဟာက Windows 8 မှာကတည်းက ပါတယ်ထင်ပါတယ်။
နံပါတ်(၈)အချက်ကတော့ Touch စနစ်ကို အထောက်အပံ့ ပေးထားတယ်။ မိတ်ဆွေတို့ရဲ့ ကွန်ပျူတာ မော်နီတာကြီးကသာ Touch စနစ် သုံးလို့ ရတယ်ဆိုရင် Windows 10 ကို မဖြစ်မနေ ရွေးသင့်တယ်။
နံပါတ်(၉)အချက်က မြန်မာစာစနစ် တစ်ခါတည်းပါလာပြီးသားဗျ။ ဒါပေမဲ့ Language တော့ မြန်မာလို သုံးလို့ မရသေးဘူး။ မြန်မာ Language ထည့်ပေးရအောင်ကလည်း မြန်မာနိုင်ငံက ဝင်းဒိုးစနစ်ကို ပိုက်ဆံအပြည့်ပေးပြီး ဝယ်သုံးတာ ရှားတာကိုး။ များသောအားဖြင့် Crack Version တွေကိုပဲ သုံးကြတာ များတယ်လေ။ ဥပမာ ပြောရရင် Adobe Page Maker 7.0 ဆို မြန်မာနိုင်ငံရဲ့ ဘယ်နေရာကအခွေကို ဝယ်ပြီး Install လုပ်လုပ် Serial No. 103911212998758673887545 ဆိုပြီးသာ ရိုက်ထည့်လိုက် အိုခေ။ အလွတ်ကို ရနေတော့တာ။ အဲဒီ Software တစ်ခွေတည်း ဝယ်ပြီးများ တစ်နိုင်ငံလုံး ဖြန့်လိုက်လား စဉ်းစားမိတယ်။
နောက်ပြီး သူ့ရဲ့ UI က Windows 7 နဲ့ မတူတော့ဘူး။ Windows 7 မှာ Areo Effect တွေကြောင့် နည်းနည်း လေးတယ်။ ဒီမှာတော့ အဲဒီလိုတွေ မလေးတဲ့ အပြင် မျက်စိထဲမှာ အမြင်ဆန်းပြီး ရှင်းလင်းသပ်ရပ်နေတယ်။
ကျန်တဲ့အချက်အလက်တွေလည်း အများကြီး ရှိနေပါသေးတယ်။
ကျွန်တော့်ကတော့ အပေါ်က အချက်တွေကြောင့် ကြိုက်တာပါပဲ။ တစ်ကမ္ဘာလုံးက Windows User တွေရဲ့ Feedback တွေလည်း အများကြီးပါပဲ။ Myanmar User တွေထဲမှာလည်း သုံးတဲ့သူတွေ အတော်များလာပါပြီ။
ဒါ့ကြောင့် Windows 10 ကို စမ်းပြီးသုံးကြည့်ဖို့ အကြံပြုလိုက်ရပါတယ်ဗျား။

Credit… Aung- Technology

Address

No. 2150, 3 Street, 13 Ward, Tharkayta Township
Yangon

Telephone

+959400959462

Alerts

Be the first to know and let us send you an email when Installation & Service group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Installation & Service group:

Share