19/09/2024
Aquatabs ဆိုတာကရေသန့်စင်ဆေးပြား(ပိုးသတ်ပေးခြင်း) ဖြစ်ပါတယ်။
🚨ဆေးအရောင်းပိုစ်၊ကြော်ငြာ မဟုတ်ပါ။
သိထားသောအကြောင်းအရာများ ကိုအများအတွက်ပြန်လည်
မျှဝေပေးခြင်းဖြစ်ပါတယ်။
အရေးပေါ်အခြေအနေအတွက်အရမ်းအသုံးဝင်တဲ့ဆေးပြားလေးဖြစ်ပါတယ်။
အသုံးပြုပုံလေးကတော့ပုံ ထဲမှာပါ ပါတယ်။
မကြည်လင်သောရေ၊ နောက်နေသောရွှံ့ရေ များအတွက်က
ရွှံ့များအနည်ထိုင်အောင်စောင့်ပြီး ပိတ်လေးနဲ့ စစ်ပြီးတာနဲ့
ဆေးပြားလေးထည့်ပြီး ၃၀မိနစ် စောင့်ကာ သောက်သုံးနိုင်ပါတယ်။
၁၀လီတာ ကို ဆေးပြား67mg (၁)ပြားဖြင့်သန့်စင်(ပိုးသတ်)နိုင်ပါတယ်။
လူ (၁)ယောက်ကို (၁)ရက် -(၄)လီတာနှုန်းဖြင့်
(၁)ပြားဆိုရင် လူ(၂)ယောက်အတွက် (၁)ရက်စာလုံလောက်မှုရရှိနိုင်ပါတယ်။