Travel in Myanmar

Travel in Myanmar AGM Bangkok Travel is a tour operator based in Bangkok, Thailand. AGM Travel is a tour operator which operates both inbound and outbound tours.

We commit to differentiate ourselves with reliable service, reasonable price, informational travel consultation, easy access and responsible business conducts. Our vision is to encourage people to explore different experiences by making trips fun and easy.

03/06/2022
23/05/2022

" ခင်ဦးအလွမ်း"
•••••••••••••••••••••••••••••••••••••••••••

'အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ဘဲ မဏိစန္ဒာရယ်'လို့
အမောင် ပြောခဲ့တယ်နော်။

ရှင်းအောင်ပြောပါရစေ အမောင်။
ခင်ဦးတို့လို မိန်းမသားတွေကတော့
ကိုယ်နှလုံးသားနဲ့ချစ်တဲ့ ချစ်ဦးသူကို
ရယူပိုင်ဆိုင်ချင်ကြတာ ဆန်းသလားရှင့်။

အညာသားပီသလှတဲ့ ထွားထွားကျိုင်းကျိုင်း
ပုဂံတပ်သား အမောင့်ကိုတွေ့တော့
ခင်ဦးလေ ဘယ်လိုဖြစ်မှန်းမသိဘူး။
စတင်ပွင့်ဖူးကာစ နှလုံးသားနုနုလေးကို
အမောင် ဘယ်လိုသိမ်းပိုက်လိုက်တာလဲဟင်။

ချစ်သူ သူရဲကောင်းကြီးရဲ့
လက်မောင်းကို မှီခိုအားထား
ဘဝတစ်ခုလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေတဲ့အကြောင်း
ခင်ဦးရဲ့အိပ်မက်ထဲ မက်နေပြီအမောင်ရဲ့။

အမောင်နဲ့ခင်ဦး နှစ်ကိုယ်တူကြည်နူးနေချိန်လေ
လေပြည်ညင်းလေး ဖြူးဖြူးလေးတိုက်ခတ်နေသလို
စံပယ်နဲ့နှင်းဆီ ရနံ့ပေါင်းလေး သင်းပျံ့နေသလို
ကျေးငှက်တွေ့ရဲ့ဂီတသံစဉ် လွင့်ပျံ့လာသလို
ဟိုး... မိုးကုတ်စက်ဝိုင်းကြီးရဲ့ရောင်စုံသက်တံ့လေး
ရေးခြယ်ထားသလို ခံစားနေရတယ်။
ဘယ်သူရေးခြယ်မှန်းမသိတဲ့ ကောင်းကင်ပြာပြာအောက်မှာ တိမ်တိုက်လေးတွေက ခင်ဦးနဲ့အမောင်နဲ့ကြည်နူးနေတာကို ရှက်သွားဟန် တူပါရဲ့။

ပဒေသရာဇ်ခေတ်ရဲ့ ထုံးစံတစ်ခုက
လှပဖူးပွင့်စွင့်ကားနေတဲ့ ခင်ဦးရဲ့နှလုံးသားလေးကို
စျာပနပွဲ ကျင်းပစေတယ်လေ။
ပုဂံပြည့်ရှင် အနုရုဒ္ဓါအတွက် လက်ဆောင်ဆိုတာကိုကြည့်လေ။
ဘယ်သူမှတ်လဲ ရှင်တို့ရယ်
ဥဿာပဲခူးရဲ့ အိမ်ရှေ့စံမင်းသမီး
ထီးလှိုင်ရှင်အမောင်ရဲ့ ခင်ဦးလေ။

ခင်ဦးကို လာခိုးလှည့်ပါတော့အမောင်။
မချစ်နှစ်သက်တဲ့သူနဲ့ ရွှေနန်းတော်ကြီးမှာ
နေရတာနဲ့စာရင်
ခင်ဦးချစ်တဲ့ ထီးလှိုင်ရှင်နဲ့
ထမင်းရည်ပူ အတူတူသောက်ရအောင်နော်အမောင်။
ဘုရင့်သမီးတော် ဆိုပေမယ့်
ခင်ဦးချစ်တဲ့အမောင်နဲ့ အတူတူနေရမယ်ဆိုရင်
ကြုံတွေ့ရမယ့်လောကဒဏ်ဆိုတာကြီးကို
မိန်းမသားတန်မဲ့ ရင်ဆိုင်ရဲပါတယ်အမောင်။

အို...
ဘာတဲ့
'အရှင်မိဖုရားတဲ့'
ခင်ဦးနားတွေ ကန်းသွားပါရစေ။

ပြောတဲ့သူကို ကြည့်လိုက်တော့
ခင်ဦးသိပ်ချစ်တဲ့ အမောင်ပါလား၊
နေရာကြည့်တော့ ပုဂံပြည်နဲ့ဥဿာကြား။
အနေအထားက ဒူးထောက်ပြီး ခစားလို့။
ခစားသူက ထီးလှိုင်ရှင်ကျန်စစ်။
ခစားခံရသူက အမောင်ရဲ့ခင်ဦးလေ။

ကြာခဲ့ပါပြီလေ။
အတိတ်ဆိုတာ သမိုင်းမှာ လွန်ခဲ့ပါပြီ။
အမောင်လည်း ပုဂံနန်းတော်ကနေ ပျောက်သွားခဲ့ပြီ။
အမောင်ထွက်သွားတော့ ခင်ဦးသတိရလိုက်တာအမောင်။
အနုရုဒ္ဓါက ခင်ဦးနဲ့တွေ့တော့ တောင်းပန်စကားဆိုပုံက ခပ်ဆန်းဆန်းရယ်။

၀သန်ကာလမို့ အချိန်မှန်မိုးရွာသွန်းတော့
သီးနှံစိုက်ပျိုးမယ့်တောသူတောင်သားတွေက ပျော်ရွှင်ကြသလို ရာသီမှန်လို့ တိုင်းပြည်အေးချမ်းပါရဲ့။
ဒါပေမယ့်...
ကောင်းကင်ကနေ အရှိန်ပြင်းစွာကျလာတဲ့ မိုးရေစက်တွေကြောင့်
ပန်းပင်လေးတွေခမျာ ပျက်စီးသူက ပျက်စီး၊ ငိုယိုသူက မျက်ရည်စီးကျနဲ့
ဒုက္ခတွေ့တော့ သစ်ပင်ပန်းမန်လေးတွေက မိုးကို ကျိန်ဆိုကြတယ်။

ဒီအခါ မိုးက ပန်းပင်လေးတွေ ခွင့်လွတ်ဖို့အတွက်
တောင်းပန်တဲ့အနေနဲ့ မိုးရွာခါနီးအချိန် မိုးခြိမ်းပြီးတော့ မိုးရွာတော့မယ့်အကြောင်း အသိပေးတောင်းပန်လေရဲ့ဆိုပြီး
ဘုရင်တစ်ပါးက မိဖုရားတစ်ယောက်ကို တောင်းပန်လေရဲ့။

ပထမမြန်မာနိုင်ငံကို တည်ထောင်သူလည်း အနားယူသွားခဲ့ပါပြီ။
တစ်ချိန်က ခင်ဦးသိပ်ချစ်ခဲ့ရတဲ့အမောင်လည်း
မဏိစန္ဒာရဲ့ကျန်စစ်မင်းအနေနဲ့ တိုင်းပြည်ခေါင်းဆောင်ဖြစ်နေပါပြီလေ။

အရာအားလုံး အချိန်တန် ပြီးခဲ့ပါပြီ။
မဏိစန္ဒာတစ်ဖြစ်လည်း ခင်ဦးအနေနဲ့ အရာအားလုံး ခွင့်လွှတ်တတ်ခဲ့ပါပြီ။
ပုဂံပြည်လည်း ဗုဒ္ဓသာသနာ နေလိုလလို ထွန်းလင်းခဲ့ပါပြီ။

ခင်ဦးရဲ့တစ်ချိန်ကအလွမ်းတွေအတွက်
ကံကြမ္မာကို ယိုးမယ်ဖွဲ့ပြီး
အပြစ်မတင်ရက်တော့ပါဘူး အမောင်ရယ်.။



Writing style credit to

ခင်ဦးအလွမ်းလေးနဲ့လွမ်းပြီးသွားရင် MARCOS အနေနဲ့၁ခုမှာချင်ပါတယ်။
လူကြီးမင်းတို့ ပုဂံဌာနေ လာရာကပြီဆိုရင် ပုဂံရဲ့သမိုင်းကြောင်းတွေ ၊ ပုဂံရဲ့ ဗိသုကာတွေအကြောင်း အသေးစိတ် ကျကျ ရှင်းပြပြောပြပေးပြီး ဓာတါပုံလှလှလေးတွေ ရိုက်ပေးမယ့် local guide ပုဂံသားလေး MARCOS ရှိပါတယ်ခင်ဗျာ။
ပုဂံသားလေး MARCOS ကိုပုဂံခရီးစ၍်အတွက် local guide ငှားရမ်းချင်ပြီဆိုရင်ဖြင့် ☎09-880178849 ကိုချက်ချင်းသာဆက်သွယ်ပေးပါခင်ဗျာ။
(Page ရဲ့ messenger မှာလဲလာရောက်မေးမြန်းနိုင်ပါတယ်ဗျ) 🙇‍♂🙇‍♂🙆‍♂

**Customer များ အဆင်ပြေစေရန် အစဉ်အမြဲအလေးထားလျက် **

08/10/2018

Celebrating for Myanmar 😍😍😍

MERIT MAKING WEEKENDS IN YANGON - 99 USD – 2D1N================================💥 Service Grade: 5***** (Sedona Hotel Yan...
03/10/2018

MERIT MAKING WEEKENDS IN YANGON - 99 USD – 2D1N
================================
💥 Service Grade: 5***** (Sedona Hotel Yangon)
💥 Tour cost only 99USD
💥 Included: Accommodation, Airport Transfers and Transportation for Sightseeing
💥 Departure: DAILY....
💥 Duration: 2 days / 1 night
💥 Tour type: Private tour
================================
Brief itinerary:
Day 1: On arrival - Pick up by private car from Hotel or Airport and sightseeing at Yangon.
Day 2: Yangon Sightseeing and departure.

Suggested place to visit:
Day 1 : Kyauk Taw Gyi Pagoda, Ngar Htet Gyi Pagodas ,Chauk Htet Gyi Pagoda,Sule Pagoda and Shwe Dagon Pagoda.
Day 2 : Botahtaung Pagoda , Scott Market

==========================================
Contact : AGM Travels & Tours
Add: No.5, 5th floor, Myittar Road, South Okkalapa , Yangon
Email: [email protected]
Tel : + 959 771777 880
Hotline: +959 771777 880
Line :+959 771777 880 / Viber : +959 771777 880 / What App : +959 771777 880

🍂ချင်းပြည်နယ် နတ်မတောင်(ခေါ်)Mt.Victoria ကို   ထဲနဲ့ သွားကြစို.လား 🍂  ထဲဆိုတော့Christmas ကာလမှာ ခရီးသွားစရိတ်တွေ တက်လွန်း...
13/12/2017

🍂ချင်းပြည်နယ် နတ်မတောင်(ခေါ်)Mt.Victoria ကို ထဲနဲ့ သွားကြစို.လား 🍂

ထဲဆိုတော့Christmas ကာလမှာ ခရီးသွားစရိတ်တွေ တက်လွန်းလို.ခရီးထွက်ဖို.စိတ်ညစ်နေစရာမလိုတော့ဘူးနော်

ဒီဇင်ဘာလ မှာသွားလို.အကောင်းဆုံးနေရာထဲကတစ်ခုဖြစ်တဲ့ ချင်းပြည်နယ် နတ်မတောင်ခရီးစဉ်လေးမှာ
အမြင့်ပေ ၁၀၂၀၀ ရှိပြီး သဘာဝကပေးတဲ့ အမွေအနှစ်တွေတည်ရာ ၊ အာဆီယံ ဒေသလုံးဆိုင်ရာ အမွေအနှစ် အဖြစ်သတ်မှတ်ခံထားရတဲ့ နတ်မတောင် မှာ ရဲရဲနီအောင်လှနေတဲ့ တောင်ဇလပ်ပန်းပင်တွေ၊🌸 🍁🍁ပုဇွန်ဆီရောင် သန်းနေတဲ့ ချယ်ရီပန်းပင်တွေ တွေ.ရမယ့်အပြင်🌸🍂🍂
ရှားပါးငှက်မျိုးစိတ်တွေကိုပါလေ့လာနိုင်မယ် ၊ ဆီးနှင်းဖျောက်ဖျောက်သံတွေကြားအိပ်စက်ကြရမယ်🐧🐧
မီးပုံပွဲဘေးမှာ ရိုးရာခေါင်ရည် သောက်ရင်း ချင်းပြည်နယ်ရဲ့ရိုးရာည ကိုဖြတ်သန်းကြမယ့်အစီစဉ်တွေရယ်
ဒေသခံ တိုင်းရင်းသားတွေရဲ့ထူးခြားတဲ့ဓလေ့ တွေကိုလေ့လာနိုင်မယ် ၊အပြန်လမ်းပေါ်မှာရှိတဲ့ ဆုတောင်းပြည့်ဘုရားတွေဝင်ဖူးမယ့် အစီစဉ်တွေပါဝင်တဲ့အတွက် ရသမျိုးစုံပေးနိုင်တဲ့ခရီးစဉ်လေးဖြစ်လို.လက်လွတ်မခံသင့်ဘူးနော်။✌️
🚗ခရီးစဉ်စထွက်မယ့်ရက်လေးကတော့ 25 Dec 2017 ဖြစ်ပြီး 3 ညအိပ် 4ရက်ခရီးစဉ်လေးပါ။🚗

ခရီးစဉ်အသေးစိတ်ကို Message Box ကဖြစ်စေ ၊ AGM Travels & Tours ဖုန်းတွေကိုဆက်ပြီးဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️AGM Travels & Tours ဖုန်း နံပါတ်တွေကတော့ 0978888 9487 /097 8888 2050 /097 8888 2060 တို.ပဲဖြစ်ပါတယ်။☎️

ကဲအခုပဲ AGM Travels & Tours ကိုဆက်သွယ်ပြီးခရီးသွားလိုက်ကြရအောင်။😉

  ONLY for Christmas and New Year trips!!!Christmas နဲ. New Year ပိတ်၇က်တွေအတွက် အရမ်းခောတ်စားနေတဲ့ မြိတ်ကျွန်းစုခရီးစဉ်...
09/12/2017

ONLY for Christmas and New Year trips!!!

Christmas နဲ. New Year ပိတ်၇က်တွေအတွက် အရမ်းခောတ်စားနေတဲ့ မြိတ်ကျွန်းစုခရီးစဉ် လေးကို အသက်သာဆုံးဈေးနဲ.စီစဉ်ပေးထားပါတယ်။

၂ညအိပ် ၃ ရက် ခရီးစဉ်လေးအတွက် တစ်ဦးလျှင် - ၁၉၀၀၀၀ ကျပ်ပဲကျမှာနော်။

ပုံမှန် အခန်းခတွေ ၂ဆ ဈေးတက်တဲ့ ပိတ်ရက်တွေမှာ ဒီဈေးနဲ.မြိတ်ကျွန်းစုကိုမြည်းစမ်းခွင့်ရမှာဆိုတော့ လက်လွတ်ခံလို.မရဘူးနော်။

ဒီခရီးစဉ်လေးရဲ့ထူးခြားချက်ကတော့ အလွန်လှပတဲ့ မြိတ်ကျွန်းစုတွေကို ရင်သက်ရှုမောဖွယ် လည်ပတ်ရုံမကဘဲ..............

မြိတ်ကျွန်းစုရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ ဆလုံလူမျိုးတို. နေထိုင်ရာ ညောင်မှိုင်းကျေးရွာမှာ ဆလုံလူမျိုးတို.ရဲ. နေထိုင်မှုပုံစံ၊အသက်မွေးဝမ်းကြောင်း ပညာရပ်များကိုလေ.လာခွင့်လည်းရမှာပါ။

သဘာဝပင်လယ်ရေလယ်တွင် ဒုံးကျွန်းပေါ်မှ ရေချိုအသွယ်သွယ်စီးဆင်းနေသော ရေတံခွန်မှာရေချိုးပြီး

ဖြူဖွေးနေသော သဲသောင်ပြင်၊ ကြည်လင်နေသော ပင်လယ်ရေပြင်နှင့် တစ်မူထူးခြားသောကျောက်လုံးကမ်းခြေတို့ကြောင့်နာမည်ကြီးလူသိများသောစမန့်ကျွန်းခေါ် ပါပန်းကျွန်းသို့လည်ပတ်ခွင့်လည်းပါတယ်နော်။

မြိတ်မြို.မှာရှိတဲ့နာမည်ကြီးဘုရားတွေဖူးပြီး ငှက်သိုက်အိမ်ကြီးနဲ. စိတ်ဝင်စားဖွယ်လုပ်ငန်းတွေကို လေ့လာခွင့်ပါရရှိမယ့် ဒီခရီးစဉ်လေးကို စိတ်ဝင်စားရင်တော့ ဖုန်းလေးဆက်ပြီး လူမပြည့်ခင် မြန်မြန်ဘွတ်ကင်တင်လိုက်ပါနော်.....

ဖုန်းတွေကတော့ 09 788882050 /09 78888 2060 / 09 78888 9487

ပါဝင်သောဝန်ဆောင်မှုများ

- ခရီးစဉ်တစ်လျောက်လုံးအတွက် သီးသန်.ကား အကြိုအပို.
- ဟိုတယ်အခန်း (၂ ညစာ)
- အမြန်ရေယာဉ် ၊ဒေသခံ ရေကြောင်းဧည့်လမ်ညွှန်း
- နံနက်စာ၊ နေ.လည်စာ၊ ညစာ နှင့် သောက်ရေသန်.
- Life Jacket, ရေငုပ်ကိရိယာနှင်. အရေးပေါ်ဆေးသေတ္တာ

မပါဝင်သောဝန်ဆောင်မှုများ

- လေယာဉ်လတ်မှတ် အသွားအပြန် (သို့) ကားလက်မှတ် အသွားအပြန်
- ရေပေါ် နှင့်ရေအောက် ကင်မရာ
- ဆေးဝါးအသုံးစရိတ်
- အရက်နှင့်ဒေသထွက်လက်ဆောင်ဝယ်ယူမှုအသုံးစရိတ်များ

ယူဆောင်ရန် ။ ။နေကာမျက်မှန်၊ဦးထုတ်၊နေရောင်ခြည်ကာခရင်မ်၊အ၀တ်အစားအပို၊သင့်လျော်သောရေကူးဝတ်စုံ၊မျက်နှာသုတ်ပ၀ါနှင့်လူကြီးမင်းတို.အတွက်လိုအပ်သည်များ။

မှတ်ချက် ။ ။ ကျွန်းခရီးစဉ်သည် စုပေါင်းခရီးစဉ်ဖြစ်ပြီး ပင်လယ်ရေအတက်အကျနှင့် မိုးလေ၀သ အခြေအနေအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်သည်။

AGM Travels & Tours မှ မလေးရှားနိုင်ငံနေ တရုတ် လူမျိုး ၂၂ ဦး ဖြင့်  27 Nov 2017 မှ 05 Dec 2017 အထိ  ပုဂံ ၊ မန္တလေး ၊ ပြည...
09/12/2017

AGM Travels & Tours မှ မလေးရှားနိုင်ငံနေ တရုတ် လူမျိုး ၂၂ ဦး ဖြင့် 27 Nov 2017 မှ 05 Dec 2017 အထိ ပုဂံ ၊ မန္တလေး ၊ ပြည်ဦးလွင် ၊အင်းလေး ၊ ရန်ကုန် ၈ ညအိပ် ၉ရက်ခရီးစဉ်လေးထွက်ဖြစ်ခဲ့ပါတယ်။
ခရီးစဉ် တစ်လျှောက် အတွေ.အကြုံလေးတွေကို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
ဒီခရီးစဉ်လေးကတော့ ရန်ကုန်ကနေ စထွက်ထဲက တောက်လျောက် တစ်မြို.နဲ့တစ်မြို.ကို ကားနဲ့ပဲခရီးဆုံးထိသွားတဲ့အတွက် နည်းနည်းတော့ပင်ပန်းပါတယ်။ ၂၇ ရက်နေ.နေ.ခင်းလောက်ထဲက ရန်ကုန်ကနေ ညောင်ဦး ကို တန်းသွားပါတယ် ညစာ ကိုတော့ ဟိုတယ်(Floral Breeze) မှာပဲ စားဖြစ်ပါတယ် ။ ခရီးစဉ်ပင်ပန်းလာပေမယ့် သူတို.ပြင်ဆင်ပေးထားတဲ့ညစာလေးကိုကြည့်ပြီးအမောပြေရပါတယ်။ Outdoor Dinner လေးမို. Candle Light လေးတွေနဲ့ ရေကူးကန်လေးဘေးနားမှာ စားရတော့ နည်းနည်းတောင် Romantic ဆန် သွားတယ်။ နောက်တစ်နေ့မနက်မှာတော့ မြင်းလှည်းလေးတွေနဲ့ နေ့တစ်ဝက်လည်ပြီး နေ့လည်ပိုင်းကိုတော့ကားနဲ့ပဲလည်ဖြစ်ခဲ့ပါတယ်။ မြင်းလှည်းပေါ်ရောက်တော့ ဧည့်သည်တွေတော်တော်လေးပျော်ကြပါတယ်။ လှည်းဝင်ရိုးသံတစ်ညံညံ ပုဂံဘုရားပေါင်း ဆိုသလို များပျားလှတဲ့ပုဂံဘုရားတွေ နဲ့မြင်းလှည်းလေးတွေကတစ်ကယ်ကိုလိုက်ဖက်တဲ့ရှုခင်းလေးလို.လည်းမြင်မိပါတယ် နောက်တစ်ချက်က မြင်ူလှည်းလေးတွေနဲ့လည်တော့ Local people တွေအတွက်လဲ ၀င်ငွေတိုး တဲ့အပြင်မြင်းလေးတွေလည့်းအစာပိုစားရတာပေါ့နော်။မြင်းလှည်းမောင်းတဲ့ဦးကြီးတွေကလည်းစိတ်ရှည်ပြီးသဘောကောင်းကြပါတယ်။မြင်းလှည်းစီးရင် မနက်အစောပိုင်းစီးရတာပိုကောင်းပါတယ် ဆောင်းတွင်းဘက်မှာသိပ်မသိသာပေမယ့် နွေဘက်စီးမယ်ဆိုရင် နေ.ခင်းနေ.လည်ပူပါတယ်။ ဘူးဘုရား ဖူးရင်း ပုဂံရဲ့ နေ၀င်ချိန်ဆည်းဆာအလှကို ကြည်.ရှုခံစား ခဲ့ပါတယ်။ ဧရာဝတီ မြစ်ကြီးထဲကိုသွားပြီတော့လည်း နေ၀င်ချိန်ကိုကြည့်ရှုခံစားလို.ရပါတယ်။ဘူးဘုရားလှေဆိပ်ကနေ လှေငှားရင် နေ၀င်ချိန်ပြီးတဲ့အထိကို ၂၅၀၀၀ နဲ့ငှားလို.ရပါတယ်။ညစာအတွက်ကတော့ Nandar Restaurant မှာ Puppet Show ကြည့်ရင်းစားဖြစ်ခဲ့ပါတယ်။အစားအသောက်တွေလည်းကောင်းသလို ဆိုင်ကလည်းသန်.ရှင်းပါတယ်။ နောက်တစ်နေ.မှာတော့ပုဂံကနေ Mandalay ကိုထွက်ခွာခဲ့ပါတယ်။ မြို.အ၀င် ကျောက်စိမ်းဘုရားကြီးကိုဝင်ရောက်ဖူးမျှော်ခဲ့ပါတယ် ဘုရားကြီးကို လှည့်ပတ်ဖူးမျှော်ရင်း မြန်မာလူမျိုးတို.ရဲ့ထက်သန်လှတဲ့စေတနာ သဒ္ဒါတစ်ရားကိုမြင်လာမိပါတယ်။ တစ်ခုရှိတာက ပန်းရောင်းတဲ့ဈေးသည်တွေ အတင်းကြီးထိုးမရောင်းကြရင်ကောင်းမယ် ၀ယ်စေချင်တာလည်းဝယ်စေချင်တာပေါ့ အတင်းကြီးထိုးရောင်းကြတော့ဝယ်ချင်တဲ့သူတောင်စိတ်ရှုပ်ကြပါတယ်။ရောင်းတဲ့ပန်းလေးတွေကဈေးနှုန်းတန်တော့ အတင်းမရောင်းရင်တောင်ဝယ်ကြမှာပါ။အခုလိုကားပေါ်ကဆင်းတဲ့အပေါက်ပိတ်တဲ့အထိတော့ထိုးမရောင်းစေချင်တာအမှန်ပဲ။ မန်းမြေမှာ သဘောအကျဆုံးနေရာကိုပြောပြပါဆိုရင်တော့ ရွှေကျောင်းပါပဲ ကျောင်းတော်ရဲ့နေရာတစ်ခုမလပ် လက်ရာမြောက်လှတဲ့ပန်းပုတွေနဲ့ အသေးစိတ်အလှဆင်ထားတာဟာ ဒါဟာမြန်မာလို့ပြောပြနေသယောင်ပါ။ ဦးပိန်ရဲ့ညနေဆည်းဆာကတော့ ပြောပြစရာမလိုအောင်လှပလွန်းခဲ့ပါတယ်။ ငှက်လှေကလေးတွေစီးတဲ့သူကစီး တံတားအောက် တံတားအပေါ် ဓတ်ပုံရိုက်သူတွေက ရိုက်နဲ့ စည်ကားလှတဲ့ ဈေးဆိုင်တန်းလေးတွေနဲ့လှပတဲ့ ဦးပိန်ရဲ့ညနေဆည်းဆာပါပဲ။
နောက်နေ.ပြည်ဦးလွင်အတက်မှာတော့ လမ်းတွေပြင်နေတဲ့အတွက်ကားတွေအတော်ပိတ်ပါတယ်။ပြည်ဦးလွင်ရောက်ရောက်ချင်း ဓတ်တော်ချိုင့်ရေတံခွန် ရဲ့ အလှကို အဝေးကနေ လှမ်းမြင်နေနိုင်မယ့်The View Resort ကိုဝင်ခဲ့ပါတယ် ၀င်ကြေးတစ်ယောက်ကို ၁၀၀၀ ပေးရပါတယ် ရလာတဲ့လတ်မှတ်ကို The View မှာပဲ အအေးသောက်ရင်းပြန်သုံးလို.ရပါတယ်။ နေ.လည်စာကိုတော့ပန်းတော်ဝင်ဆိုတဲ့စားသောက်ဆိုင်လေးမှာ စားဖြစ်ခဲ့ပါတယ်။ ဆိုင်အပြင်အဆင်လေးက သပ်ရပ်ပြီး ပန်းပျိုးပင်လေးတွေနဲ့အလှဆင်ထားတဲ့အတွက် ဆိုင်လေးက ဓတ်ပုံရိုက်လို.လဲကောင်းပါတယ်။ အစားအသောက်လဲကောင်းတဲ့အပြင်ခြံထွက်ကော်ဖီမွှေးမွှေးလေးပါရရှိနိုင်ပါတယ်။ပြည်ဦးလွင်ကန် ကန်တော်ကြီး ကိုတော့နေ.ခင်း ၂နာရီ လောက်မှစ၀င်ခဲ့ပါတယ်။ ပန်းပွဲတော်အတွက် ပန်းတွေပြင်ဆင် စိုက်နေချိန်မို. ပန်းလေးတွေကို အမိုးလေးတွေနှင့်ကာထားတဲ့အတွက် ဓတ်ပုံရိုက်လို.တော့သိပ်မလှခဲ့ပါဘူး။ တံတားကလဲပိတ်ထားတဲ့အတွက် ကန်အနားတစ်ဝိုက်ပဲ လည်ပတ်ပြီး ပြန်လာခဲ့ပါတယ်။ အပြန်မှာတော့ကားလမ်းတွေပိတ်တဲ့အတွက် မန္တလေးကို အ၀င်တော်တော်နောက်ကျပါတယ်။ လမ်းပြင်နေစဉ်ကာလအတွင်း ကားပိတ်ချိန်ကိုကြိုတွက်ပြီးသွားရင်ပိုကောင်းပါတယ်။နောက်တစ်နေ.မနက်မှာတော့အင်းလေးကန်ရှိရာညောင်ရွှေမြို.သို.ထွက်ခွာခဲ့ပါတယ်။ အင်းလေးကန်ထဲကိုတော့ည၆နာရီလောက်မှ ရောက်တဲ့အတွက်လှေစီးရတာ အခက်ခဲရှိမယ် ထင်ခဲ့ပေမယ့် မောင်းပို.ပေးတဲ့ စက်လှေသမားတွေ ရဲ့စိတ်ရှည်ကျွမ်းကျင်မှုကြောင့် အကုန်အဆင်ပြေပါတယ်။ အင်းလေးကိုရောက်တိုင်းနေ.ခင်းဘက်တွေပဲလှေစီးဖြစ်ခဲ့တော့ အခုလိုညဘက်လှေစီးရတာအတွေ.ကြုံသစ်ပါ။ပြီးတော့ ညဘက်စီးရတာကိုလဲပိုနှစ်သက်မိပါတယ် လရောင်ဖွေးဖွေး ရေဖွေးဖွေး လေအေးအေးလေးပေါ့ ကန်ထဲကရေကိုစမ်းကြည့်မိတော့နွေးနေတယ်။
ဟိုတယ်ရောက်တော့ညစာစား ပြီးနားကြတယ်။ နောက်တစ်နေ့အင်းလေးရဲ့မနက်ခင်းကတော့ပန်းချီကားတစ်ချက်လိုပါပဲ။မြူဆိုင်းနေတဲ့တောင်တန်းတွေရယ် ကန်ရေပြင်ရယ် ဇင်ယော်ငှက်လေးတွေရယ်နဲ့ အရမ်းကို အသက်ဝင်လှပလွန်းလှပါတယ်။အင်းထဲမှာတော့ ဖောင်တော်ဦးဘုရား၊အလိုတော်ပေါက်ဘုရား၊ ရိုးရာ ကြာသင်္ကန်း နှင့်ရိုးရာယက္ကန်းစင်၊ငွေပန်းထိန်၊ ကယန်း ရွာ နှင့်လှေဆောက်လုပ်ရေးနေရာတွေကိုနေ.တစ်ဝက်လည်ပတ်ပြီး ပင်းတယသို.ဆက်လက်ထွက်ခွာခဲ့ပါတယ်။
ဆင်းတုတော်ပေါင်းထောင်ချီနဲ့တင့်တယ်စွာလှပနေတဲ့ ပင်းတယ လှိုင်ဂူတော်ကို ၀င်ရောက်ဖူးမျှော်ပြီးတဲ့အခါမှာတော့ရန်ကုန်မြို.သို.ပြန်လည်ထွက်ခွာခဲ့ပါတယ်။ ရန်ကုန်ရဲ့ အထိန်းအမှတ် ရွှေတိဂုန် ဘုရား ၊ ဗိုလ်ချုပ်ဈေး တို.ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ နောက်တစ်နေ.မှာတော့ကျိုက်ထီးရိုးဆံတော်ရှင်စေတီသို.နေ.ချင်းပြန်ခရီးစဉ်သွားခဲ့ပါတယ်။ တောင်တက်ကားစီးရတာ ဧည့်သည်တွေတော်တော်ပျော်ကြပါတယ် Cable Car စီးချင်လို.လဲပူဆာကြပါသေးတယ်။ တောင်ပေါ်ရောက်တော့အထမ်းလေးတွေ စီးပြီး တရုတ်ပြည်က ဝေါယဉ်စီးတယ်ဆိုပြီး ပျော်ပျော်ပါးပါး စနောက် ကာ ရင်ပြင်တော်သို.ဆက်တက်ခဲ့ကြပါတယ်။တောင်ပေါ်ရောက်တော့ဘုရားဖူး ဓတ်ပုံရိုက်ကြနဲ့ တောင်ပေါ်မှာအိပ်တဲ့ဘုရားဖူးတွေအကြောင်းလဲမေးကြပါသေးတယ်။ နောက်တစ်နေ.မှာတော့ ရန်ကုန်မြို.မှတစ်ဆင့် မလေးရှားနိုင်ငံသို. ပြန်လည်ထွက်ခွာကာ ခရီးစဉ်အောင်မြင်စွာပြီးဆုံးပါတယ်။

ဒီလိုဈေးနှုန်းချိုသာပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ခရီးစဉ်လေးတွေကိုဖန်တီးချင်ရင်တော့ AGM Travels & Tours ကိုဆက်သွယ်လိုက်နော်။
ဖုန်း 09 788882050 , 09 788882060 ။

สนใจติดต่อสอบถามได้นะคะ 063-8939500 หรือ inbox เข้ามาได้ทางข้อความเพจเลยคะ : )
10/04/2017

สนใจติดต่อสอบถามได้นะคะ
063-8939500 หรือ inbox เข้ามาได้ทางข้อความเพจเลยคะ
: )

Vintage Luxury Yacht HotelIf you are interested, can contact to 063-8935900,022534314,0951242717or inbox: )
09/04/2017

Vintage Luxury Yacht Hotel
If you are interested, can contact to 063-8935900,022534314,0951242717
or inbox
: )

Royal Nadi ResortIf you are interested, can contact to 063-8935900,022534314,0951242717or inbox: )
09/04/2017

Royal Nadi Resort
If you are interested, can contact to 063-8935900,022534314,0951242717
or inbox
: )

Hotel Marvel MandalayIf you are interested, can contact to 063-8935900,022534314,0951242717or inbox: )
09/04/2017

Hotel Marvel Mandalay
If you are interested, can contact to 063-8935900,022534314,0951242717
or inbox
: )

Address

No. 5, 5th Floor, Myittar Road, 12th Block, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:30 - 18:00
Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00
Saturday 09:30 - 13:00

Telephone

+959 771 777 880

Alerts

Be the first to know and let us send you an email when Travel in Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travel in Myanmar:

Share